[Zawgyi]

ကိုယ့္အနားမွာ ဘာလို႔ သူငယ္ခ်င္းေကာင္း (BFF) မရွိရတာလဲ

ေပါင္းသင္းဆက္ဆံေရးေကာင္းတဲ့သူက သူငယ္ခ်င္းအေပါင္းအသင္းမ်ားၿပီး ခင္သူ၊ ခ်စ္သူေတြကလည္း ဝိုင္းဝုိင္းလည္ေနတတ္ပါတယ္။ ကိုယ္ကလည္း သူမ်ားအေပၚ ခင္တတ္၊ ခ်စ္တတ္ေပမယ့္ ဘာလို႔ လူေတြက ကိုယ့္ကိုမခင္ၾကတာလဲဆိုတာကေတာ့ အခုေဖာ္ျပေပးမယ့္ အခ်က္ေတြနဲ႔ ၿငိစြန္းေနလို႔ပါ။ ဒီအခ်က္ေတြအတိုင္း သင္ျပဳမူေနမိတယ္ဆိုရင္ေတာ့ အခ်ိန္မီျပင္ဆင္သင့္ေနပါၿပီေနာ္။

(၁) ပတ္ဝန္းက်င္ကန္႔သတ္မႈေတြေၾကာင့္

လူဆိုးေတြ၊ အေပအေတေတြနဲ႔ အေပါင္းအသင္းမလုပ္ရဘူး၊ ဘယ္သူဘယ္ဝါနဲ႔ အေပါင္းအသင္း မလုပ္ရဘူးဆိုတဲ့ မိဘတစ္ခ်ိဳ႕ရဲ႕ တားျမစ္ခ်က္ေတြက သင့္ဆီမွာ အေပါင္းအသင္းနည္းေနရျခင္းရဲ႕ အခ်က္တစ္ခ်က္ပါပဲ။ တစ္ခါတစ္ရံမွာ ဒီတားျမစ္ခ်က္ေတြေၾကာင့္ လူေၾကာက္စိတ္ဝင္သြားၿပီး ေတာ္ရံုလူဆို မခင္ရဲတာမ်ိဳး ျဖစ္ေနတတ္ပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

(၂) အျငင္းသန္သူလား

သင္က လူၾကားသူၾကားထဲမွာဆို အျငင္းသန္တဲ့ လူစားမ်ိဳးဆိုရင္ေတာ့ သင့္ကို အေပါင္းအသင္းမလုပ္ခ်င္ၾကေတာ့ပါဘူး။ ကိစၥရပ္တိုင္းမွာ Complain တက္ၿပီး ၿပိဳင္ျငင္းတာက လူၾကားသူၾကားမွာ သင္က စိတ္ရႈ႔ပ္္စရာ လူျဖစ္ေနတတ္ပါတယ္။ ဒီအခ်က္ကိုလည္း ဆင္ျခင္ရပါမယ္။

(၃) တစ္ကိုယ္ေကာင္းဆန္တတ္သလား

တစ္ကုိယ္ေကာင္းဆန္ၿပီး ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္သူဆိုရင္လည္း လူအမ်ားက မခင္ခ်င္ၾကပါဘူး။ တကယ္လို႔ သင့္မသိစိတ္ကပဲျဖစ္ျဖစ္ တစ္ကိုယ္ေကာင္းဆန္တဲ့စိတ္ နည္းနည္းေလးရွိေနရင္ေတာင္ ခ်က္ခ်င္းျပင္ဆင္လိုက္ပါ။

(၄) ဂရုမစိုက္တတ္သူလား

ကုိုယ္ခင္ရတဲ့သူအေပၚမွာလည္း ဂရုစိုက္မႈေတြ ေပးသင့္ပါတယ္။ သူတုိ႔ဘာျဖစ္ေနလဲ ေနမေကာင္း တာလား စသျဖင့္ ဂရုစိုက္မႈေတြ ျပဳလုပ္ေပးသင့္ပါတယ္။ လူတုိင္းကေတာ့ ဂရုစိုက္ခံခ်င္ၾကတာေတြ ခ်ည္းပါပဲ။ ဂရုမစိုက္တတ္တဲ့သူေတြနဲ႔ဆို ဘယ္သူမွ အေပါင္းအသင္း မလုပ္ခ်င္ၾကပါဘူး။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

(၅) သင္ကအၿမဲၿငီးတြားတတ္သူလား

ၿငီးတြားလြန္းတဲ့ သူအနားမွာလည္း ဘယ္သူမွ ၾကာၾကာမေနခ်င္ၾကပါဘူး။ လူတိုင္းမွာ ကိုယ့္ျပႆနာနဲ႔ ကိုယ္စီရွိၾကတာဆိုေတာ့ သင့္ရဲ႕ျပႆနာေတြ၊ အခက္အခဲေတြကို ေန႔စဥ္နဲ႔အမွ် ၿငီးျငဴေျပာဆိုေနမယ္ဆိုရင္ ဘယ္သူမွ အေပါင္းအသင္း မလုပ္ခ်င္ၾကေတာ့ဘဲ ေဝးေဝးေရွာင္သြားၾကမွာပါ။ ဒီအခ်က္ကိုလည္း အခ်ိန္မီျပင္ဆင္လိုက္ပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကိုယ့်အနားမှာ ဘာလို့ သူငယ်ချင်းကောင်း (BFF) မရှိရတာလဲ

ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူက သူငယ်ချင်းအပေါင်းအသင်းများပြီး ခင်သူ၊ ချစ်သူတွေကလည်း ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။ ကိုယ်ကလည်း သူများအပေါ် ခင်တတ်၊ ချစ်တတ်ပေမယ့် ဘာလို့ လူတွေက ကိုယ့်ကိုမခင်ကြတာလဲဆိုတာကတော့ အခုဖော်ပြပေးမယ့် အချက်တွေနဲ့ ငြိစွန်းနေလို့ပါ။ ဒီအချက်တွေအတိုင်း သင်ပြုမူနေမိတယ်ဆိုရင်တော့ အချိန်မီပြင်ဆင်သင့်နေပါပြီနော်။

(၁) ပတ်ဝန်းကျင်ကန့်သတ်မှုတွေကြောင့်

လူဆိုးတွေ၊ အပေအတေတွေနဲ့ အပေါင်းအသင်းမလုပ်ရဘူး၊ ဘယ်သူဘယ်ဝါနဲ့ အပေါင်းအသင်း မလုပ်ရဘူးဆိုတဲ့ မိဘတစ်ချို့ရဲ့ တားမြစ်ချက်တွေက သင့်ဆီမှာ အပေါင်းအသင်းနည်းနေရခြင်းရဲ့ အချက်တစ်ချက်ပါပဲ။ တစ်ခါတစ်ရံမှာ ဒီတားမြစ်ချက်တွေကြောင့် လူကြောက်စိတ်ဝင်သွားပြီး တော်ရုံလူဆို မခင်ရဲတာမျိုး ဖြစ်နေတတ်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

(၂) အငြင်းသန်သူလား

သင်က လူကြားသူကြားထဲမှာဆို အငြင်းသန်တဲ့ လူစားမျိုးဆိုရင်တော့ သင့်ကို အပေါင်းအသင်းမလုပ်ချင်ကြတော့ပါဘူး။ ကိစ္စရပ်တိုင်းမှာ Complain တက်ပြီး ပြိုင်ငြင်းတာက လူကြားသူကြားမှာ သင်က စိတ်ရှု့ပ်စရာ လူဖြစ်နေတတ်ပါတယ်။ ဒီအချက်ကိုလည်း ဆင်ခြင်ရပါမယ်။

(၃) တစ်ကိုယ်ကောင်းဆန်တတ်သလား

တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်သူဆိုရင်လည်း လူအများက မခင်ချင်ကြပါဘူး။ တကယ်လို့ သင့်မသိစိတ်ကပဲဖြစ်ဖြစ် တစ်ကိုယ်ကောင်းဆန်တဲ့စိတ် နည်းနည်းလေးရှိနေရင်တောင် ချက်ချင်းပြင်ဆင်လိုက်ပါ။

(၄) ဂရုမစိုက်တတ်သူလား

ကိုယ်ခင်ရတဲ့သူအပေါ်မှာလည်း ဂရုစိုက်မှုတွေ ပေးသင့်ပါတယ်။ သူတို့ဘာဖြစ်နေလဲ နေမကောင်း တာလား စသဖြင့် ဂရုစိုက်မှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ လူတိုင်းကတော့ ဂရုစိုက်ခံချင်ကြတာတွေ ချည်းပါပဲ။ ဂရုမစိုက်တတ်တဲ့သူတွေနဲ့ဆို ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြပါဘူး။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

(၅) သင်ကအမြဲငြီးတွားတတ်သူလား

ငြီးတွားလွန်းတဲ့ သူအနားမှာလည်း ဘယ်သူမှ ကြာကြာမနေချင်ကြပါဘူး။ လူတိုင်းမှာ ကိုယ့်ပြဿနာနဲ့ ကိုယ်စီရှိကြတာဆိုတော့ သင့်ရဲ့ပြဿနာတွေ၊ အခက်အခဲတွေကို နေ့စဉ်နဲ့အမျှ ငြီးငြူပြောဆိုနေမယ်ဆိုရင် ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြတော့ဘဲ ဝေးဝေးရှောင်သွားကြမှာပါ။ ဒီအချက်ကိုလည်း အချိန်မီပြင်ဆင်လိုက်ပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။