[Zawgyi]

အလွျပင္ပစၥည္းေတြက ေခြးေလးေၾကာင္ေလးေတြကို ေသေစႏိုင္တာလား

ေကာင္မေလးတို႔ေရ အိမ္မွာ ေခြးေလး၊ ေၾကာင္ေလးေတြေမြးထားတယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ အလွျပင္ပစၥည္းေတြကို ေသခ်ာထိန္းသိမ္းဖို႔ လိုအပ္ေနၿပီေနာ္။ သိတဲ့အတိုင္းပဲ ဒီေကာင္ဆိုးေလးေတြက ေတြ႕ကရာအကုန္ကိုက္ျဖတ္ေနတာဆိုေတာ့ ေစ်းႀကီးေပးထားရတဲ့ ကိုယ့္ရဲ႕ အလွျပင္ပစၥည္းေလးေတြနဲ႔ မိတ္ကပ္၊ ႏႈတ္ခမ္းနီေတြကိုမ်ား ကိုက္လိုက္မယ္ဆိုရင္ အသည္းေတြကြဲေနရဦးမယ္ေနာ္။

တကယ္ေတာ့ အခုလို Cosmetics ပစၥည္းေတြကို ေသခ်ာသိမ္းခုိင္းေနတာက ပ်က္စီးသြားမွာတစ္ခုတည္းအတြက္နဲ႔ေတာ့ မဟုတ္ပါဘူး။ ဒီအရာေတြဟာ သူတို႔ကို အႏၱရာယ္ရွိလာေစလို႔ပါေနာ္။ ေၾကာက္စရာေကာင္းပါတယ္။ Makeup ေတြ၊ Cream ေတြ၊ Shampoo ေတြထဲမွာ ေတြ႕ရတဲ့ဓာတုေဆး၀ါးေတြက ေခြးေတြနဲ႔ ေၾကာင္ေတြကို ေနမေကာင္းျဖစ္ေစပါတယ္။

New York State Department of Health က ေလ့လာသူေတြကေတာ့ ေခြးေလးေတြနဲ႔ ေၾကာင္ေလးေတြကို အႀကိမ္ေပါင္းမ်ားစြာ စမ္းသပ္ခဲ့ၾကၿပီး သူတို႔ေတြ႕ရွိခဲ့ၾကတာကေတာ့ အကယ္လို႔သာ ေခြးေလးေတြဟာ Parabens လို႔ေခၚတဲ့ Cosmetics ပစၥည္းေတြထဲမွာ ပါ၀င္တဲ့ဓာတုပစၥည္းကို စားမိမယ္ဆိုရင္ အသက္အႏၱရာယ္ေတာင္ စိုးရိမ္ရတယ္လို႔ ေျပာခဲ့ပါတယ္။

သူတို႔ေလးေတြဟာ Parabens အဆိပ္သင့္တဲ့အခါ လူေတြမွာျဖစ္တတ္တဲ့ ဆီးခ်ိဳေရာဂါလိုမ်ိဳးေတြျဖစ္လာတတ္ၿပီး သိုင္းရြိဳက္နဲ႔ပတ္သက္တဲ့ေရာဂါေတြနဲ႔ ေက်ာက္ကပ္ေရာဂါေတြကို ခံစားရႏိုင္ပါတယ္။ တကယ္ေၾကာက္စရာေကာင္းပါတယ္ေနာ္။

ကိုယ့္ရဲ႕ အိမ္က သားသားမီးမီး ေခြးေလးေတြနဲ႔ ေၾကာင္ေလးေတြကို အသက္ရွည္ရွည္ေနႏိုင္ဖုိ႔ ကိုယ့္ရဲ႕ မိတ္ကပ္နဲ႔ ႏႈတ္ခမ္းနီေတြကို ေသခ်ာသိမ္းၾကရေအာင္ေနာ္။ မဟုတ္ရင္ တန္ဖိုးႀကီးတာေတြလည္း ပ်က္စီး၊ သူတို႔ေလးေတြလည္း ဒုကၡေရာက္သြားႏိုင္လို႔ သတိေပးေနတာပါေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

အလှပြင်ပစ္စည်းတွေက ခွေးလေးကြောင်လေးတွေကို သေစေနိုင်တာလား

ကောင်မလေးတို့ရေ အိမ်မှာ ခွေးလေး၊ ကြောင်လေးတွေမွေးထားတယ်ဆိုရင်တော့ ကိုယ့်ရဲ့ အလှပြင်ပစ္စည်းတွေကို သေချာထိန်းသိမ်းဖို့ လိုအပ်နေပြီနော်။ သိတဲ့အတိုင်းပဲ ဒီကောင်ဆိုးလေးတွေက တွေ့ကရာအကုန်ကိုက်ဖြတ်နေတာဆိုတော့ ဈေးကြီးပေးထားရတဲ့ ကိုယ့်ရဲ့ အလှပြင်ပစ္စည်းလေးတွေနဲ့ မိတ်ကပ်၊ နှုတ်ခမ်းနီတွေကိုများ ကိုက်လိုက်မယ်ဆိုရင် အသည်းတွေကွဲနေရဦးမယ်နော်။

တကယ်တော့ အခုလို Cosmetics ပစ္စည်းတွေကို သေချာသိမ်းခိုင်းနေတာက ပျက်စီးသွားမှာတစ်ခုတည်းအတွက်နဲ့တော့ မဟုတ်ပါဘူး။ ဒီအရာတွေဟာ သူတို့ကို အန္တရာယ်ရှိလာစေလို့ပါနော်။ ကြောက်စရာကောင်းပါတယ်။ Makeup တွေ၊ Cream တွေ၊ Shampoo တွေထဲမှာ တွေ့ရတဲ့ဓာတုဆေးဝါးတွေက ခွေးတွေနဲ့ ကြောင်တွေကို နေမကောင်းဖြစ်စေပါတယ်။

New York State Department of Health က လေ့လာသူတွေကတော့ ခွေးလေးတွေနဲ့ ကြောင်လေးတွေကို အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ကြပြီး သူတို့တွေ့ရှိခဲ့ကြတာကတော့ အကယ်လို့သာ ခွေးလေးတွေဟာ Parabens လို့ခေါ်တဲ့ Cosmetics ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ဓာတုပစ္စည်းကို စားမိမယ်ဆိုရင် အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်လို့ ပြောခဲ့ပါတယ်။

သူတို့လေးတွေဟာ Parabens အဆိပ်သင့်တဲ့အခါ လူတွေမှာဖြစ်တတ်တဲ့ ဆီးချိုရောဂါလိုမျိုးတွေဖြစ်လာတတ်ပြီး သိုင်းရွိုက်နဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ ကျောက်ကပ်ရောဂါတွေကို ခံစားရနိုင်ပါတယ်။ တကယ်ကြောက်စရာကောင်းပါတယ်နော်။

ကိုယ့်ရဲ့ အိမ်က သားသားမီးမီး ခွေးလေးတွေနဲ့ ကြောင်လေးတွေကို အသက်ရှည်ရှည်နေနိုင်ဖို့ ကိုယ့်ရဲ့ မိတ်ကပ်နဲ့ နှုတ်ခမ်းနီတွေကို သေချာသိမ်းကြရအောင်နော်။ မဟုတ်ရင် တန်ဖိုးကြီးတာတွေလည်း ပျက်စီး၊ သူတို့လေးတွေလည်း ဒုက္ခရောက်သွားနိုင်လို့ သတိပေးနေတာပါနော်။

Moethaesay (Akhayar)

www.akhayar.com