[Zawgyi]

Microsoft နဲ႔ ARM ေပါင္းျပီး Intel ကို ခဝါခ်ဖို႔ ျပင္ဆင္ေနျပီလား

အရင္တစ္ေခါက္ ေဒၚလာ ၄၀၀ တန္ Surface Go တက္ဘလက္ မိတ္ဆက္လိုက္တုန္းက Pentium Gold Processor နဲ႔ ပြဲထြက္လာခဲ့တာ မွတ္မိဦးမယ္ ထင္ပါတယ္။ နဂိုကတည္းက Intel Partner ဆိုေတာ့ ဘာ Laptop ၊ ဘာ Tablet ပဲထုတ္ထုတ္ Intel Processor သုံးေနတာ မဆန္းပါဘူးေလ။ ဒါမယ့္လည္း ေစ်းလည္းသက္သာ စြမ္းေဆာင္ရည္လည္းေကာင္းတဲ့ Tablet ထုတ္ဖုိ႔ Microsoft စဥ္းစားမိတဲ့အခ်က္ကို Intel ေကာင္းေကာင္းရိပ္မိခဲ့တယ္ ထင္ပါတယ္။

Microsoft Surface Go Tablet

အဲ့ဒါက ၁၀ လက္မ အရြယ္စားရွိတဲ့ Surface Tablet ထဲ Qualcomm ထုတ္ Snapdragon Processor နဲ႔ ARM CPU သုံးဖို႔ Microsoft ျပင္ဆင္ေနခဲ့တယ္ဆိုတဲ့ အခ်က္ပါ။ ဒါမယ့္လည္း သူတလူ၊ ငါတမင္း ၾကီးစိုးေနတဲ့ Intel Processor ပဲ သုံးဖို႔ Microsoft ဘာေၾကာင့္ ေရြးခ်ယ္ခဲ့လည္း မသိရေပမယ့္ Windows Computer ေတြမွာ ARM Processor ျမင္ရလာဖို႔ နီးကပ္ေနပါျပီ။ အခုလို တျခား Processor ေျပာင္သုံးလာခဲ့မယ္ဆိုရင္ေတာ့ Intel ဦးက်ိဳးသြားတာနဲ႔ အတူတူပါပဲ။ Laptop တလုံး လိုအပ္တဲ့ Processor စြမ္းေဆာင္ရည္မ်ိဳး ARM နဲ႔ Qualcomm မပိုင္ဆိုင္ၾကေသးေပမယ့္ Intel ကို ယွဥ္ဖို႔က အေတာ့္ကို မလြယ္ေသးတဲ့ ကိစၥပါ။

Always connected Qualcomm PC

Microsoft အေနနဲ႔လည္း ARM နဲ႔ Qualcomm Processor ေတြကို Windows နဲ႔ ပိုျပီး Compatible ျဖစ္လာေအာင္ အစြမ္းကုန္ ေဆာင္ရြက္ေနသလို ARM ကလည္း သူ႔ရဲ႕ Cortex -A76 Processor က Core i5-7300U နဲ႔ Low Power Mode မွာ စြမ္းေဆာင္ရည္ခ်င္း မတိမ္းမယိမ္းရွိေနတယ္လို႔ ခ်ျပလိုက္ပါျပီ။ ဒီလိုဆိုရင္ေတာ့ Intel Processor ေသဆုံးဖို႔ ပိုနီးစပ္လာသလို သူ႔ရဲ႕ အၾကီးမားဆုံးျပိဳင္ဖက္ AMD ကလည္း ေကာင္းေကာင္းထိုးႏွက္ဦးမွာပါ။

i5-7300U vs Cortex-A76

လာမယ္ ေႏြဦးရာသီ ကာလေတြမွာလည္း Snapdragon 850 Processor အသစ္ကို Windows Device အတြက္ ထုတ္လုပ္ေတာ့မယ္လို႔ ေၾကညာလိုက္သလို စြမ္းေဆာင္ရည္ပိုင္း ပိုေကာင္းလာမယ္လို႔ Qualcomm ေၾကြးေၾကာ္ေနပါျပီ။ ဒီလိုပဲ ARM ကလည္း ၂ ႏွစ္အတြင္း ထုတ္လုပ္သြားမယ့္ Processor Road-map ထဲမွာ Cortex-A76 CPU ဒီဇိုင္းပါဝင္လာခဲ့ျပီး Laptop တလုံး လိုအပ္မယ့္  Processing Power အျပည့္ဝ ေထာက္ပံ့ထားႏိုင္မယ္လို႔ ေျပာဆိုေနပါျပီ။ ဒီလိုဆိုရင္ေတာ့ Intel အရႈိက္ ေကာင္းေကာင္း ထိုးႏွက္ပစ္လိုက္တာနဲ႔ အတူတူပဲလို႔ ေျပာႏိုင္သလို စမတ္ဖုန္း Processor လိုပဲ စြမ္းအင္သုံးစြဲမႈရွိမယ့္အခ်က္က Platform ခ်င္း လုံးဝကြဲထြက္ေနတဲ့ AMD ကို ေရာ စိန္ေခၚလိုက္တာပါ။

Nevertheless, Intel still a King

အခုလို Processor တိုက္ပြဲ ျပင္းထန္လာေနျပီဆိုေတာ့ Intel ဘယ္လို ေရွ႕ဆက္မလဲ မသိရေပမယ့္ ၂၀၁၉ က် ျမင္ေတြ႔လာရမယ့္ 10nm Cannon Lake Chip ထုတ္ဖို႔ေတာင္ အၾကပ္တည္းနဲ႔ ရင္ဆိုင္ေနရေသးပါတယ္။ ေနာက္ျပီး ေဒတာစင္တာထဲမွာ Intel Processor အစား ARM CPU ေျပာင္းသုံးဖို႔ Microsoft စဥ္းစားေနတဲ့အခ်က္က Intel ေျခလွမ္း ပိုျပီးေႏွးေကြးသြားေစတာနဲ႔ အတူတူပါပဲ။ Processor တိုက္ပြဲမွာ Platform ခ်င္းမတူတဲ့ Qualcomm နဲ႔ ARM ေၾကာင့္ အေရးနိမ့္ေနရသလို Graphics ပိုင္းမွာလည္း AMD နဲ႔ Nvidia ကို အေဖေခၚေနရတုန္းမလို႔ လာမယ့္ အနာဂတ္တိုက္ပြဲမွာ Intel ဘယ္လို ေကာင္းေကာင္းျပင္ဆင္ထားသင့္ျပီလဲလို႔ နိမိတ္ျပေနတာနဲ႔ အတူတူပါပဲ။

2B (Akhayar)

www.akhayar.com

[Unicode]

Microsoft နဲ့ ARM ပေါင်းပြီး Intel ကို ခဝါချဖို့ ပြင်ဆင်နေပြီလား

အရင်တစ်ခေါက် ဒေါ်လာ ၄၀၀ တန် Surface Go တက်ဘလက် မိတ်ဆက်လိုက်တုန်းက Pentium Gold Processor နဲ့ ပွဲထွက်လာခဲ့တာ မှတ်မိဦးမယ် ထင်ပါတယ်။ နဂိုကတည်းက Intel Partner ဆိုတော့ ဘာ Laptop ၊ ဘာ Tablet ပဲထုတ်ထုတ် Intel Processor သုံးနေတာ မဆန်းပါဘူးလေ။ ဒါမယ့်လည်း ဈေးလည်းသက်သာ စွမ်းဆောင်ရည်လည်းကောင်းတဲ့ Tablet ထုတ်ဖို့ Microsoft စဉ်းစားမိတဲ့အချက်ကို Intel ကောင်းကောင်းရိပ်မိခဲ့တယ် ထင်ပါတယ်။

Microsoft Surface Go Tablet

အဲ့ဒါက ၁၀ လက်မ အရွယ်စားရှိတဲ့ Surface Tablet ထဲ Qualcomm ထုတ် Snapdragon Processor နဲ့ ARM CPU သုံးဖို့ Microsoft ပြင်ဆင်နေခဲ့တယ်ဆိုတဲ့ အချက်ပါ။ ဒါမယ့်လည်း သူတလူ၊ ငါတမင်း ကြီးစိုးနေတဲ့ Intel Processor ပဲ သုံးဖို့ Microsoft ဘာကြောင့် ရွေးချယ်ခဲ့လည်း မသိရပေမယ့် Windows Computer တွေမှာ ARM Processor မြင်ရလာဖို့ နီးကပ်နေပါပြီ။ အခုလို တခြား Processor ပြောင်သုံးလာခဲ့မယ်ဆိုရင်တော့ Intel ဦးကျိုးသွားတာနဲ့ အတူတူပါပဲ။ Laptop တလုံး လိုအပ်တဲ့ Processor စွမ်းဆောင်ရည်မျိုး ARM နဲ့ Qualcomm မပိုင်ဆိုင်ကြသေးပေမယ့် Intel ကို ယှဉ်ဖို့က အတော့်ကို မလွယ်သေးတဲ့ ကိစ္စပါ။

Always connected Qualcomm PC

Microsoft အနေနဲ့လည်း ARM နဲ့ Qualcomm Processor တွေကို Windows နဲ့ ပိုပြီး Compatible ဖြစ်လာအောင် အစွမ်းကုန် ဆောင်ရွက်နေသလို ARM ကလည်း သူ့ရဲ့ Cortex -A76 Processor က Core i5-7300U နဲ့ Low Power Mode မှာ စွမ်းဆောင်ရည်ချင်း မတိမ်းမယိမ်းရှိနေတယ်လို့ ချပြလိုက်ပါပြီ။ ဒီလိုဆိုရင်တော့ Intel Processor သေဆုံးဖို့ ပိုနီးစပ်လာသလို သူ့ရဲ့ အကြီးမားဆုံးပြိုင်ဖက် AMD ကလည်း ကောင်းကောင်းထိုးနှက်ဦးမှာပါ။

i5-7300U vs Cortex-A76

လာမယ် နွေဦးရာသီ ကာလတွေမှာလည်း Snapdragon 850 Processor အသစ်ကို Windows Device အတွက် ထုတ်လုပ်တော့မယ်လို့ ကြေညာလိုက်သလို စွမ်းဆောင်ရည်ပိုင်း ပိုကောင်းလာမယ်လို့ Qualcomm ကြွေးကြော်နေပါပြီ။ ဒီလိုပဲ ARM ကလည်း ၂ နှစ်အတွင်း ထုတ်လုပ်သွားမယ့် Processor Road-map ထဲမှာ Cortex-A76 CPU ဒီဇိုင်းပါဝင်လာခဲ့ပြီး Laptop တလုံး လိုအပ်မယ့်  Processing Power အပြည့်ဝ ထောက်ပံ့ထားနိုင်မယ်လို့ ပြောဆိုနေပါပြီ။ ဒီလိုဆိုရင်တော့ Intel အရှိုက် ကောင်းကောင်း ထိုးနှက်ပစ်လိုက်တာနဲ့ အတူတူပဲလို့ ပြောနိုင်သလို စမတ်ဖုန်း Processor လိုပဲ စွမ်းအင်သုံးစွဲမှုရှိမယ့်အချက်က Platform ချင်း လုံးဝကွဲထွက်နေတဲ့ AMD ကို ရော စိန်ခေါ်လိုက်တာပါ။

Nevertheless, Intel still a King

အခုလို Processor တိုက်ပွဲ ပြင်းထန်လာနေပြီဆိုတော့ Intel ဘယ်လို ရှေ့ဆက်မလဲ မသိရပေမယ့် ၂၀၁၉ ကျ မြင်တွေ့လာရမယ့် 10nm Cannon Lake Chip ထုတ်ဖို့တောင် အကြပ်တည်းနဲ့ ရင်ဆိုင်နေရသေးပါတယ်။ နောက်ပြီး ဒေတာစင်တာထဲမှာ Intel Processor အစား ARM CPU ပြောင်းသုံးဖို့ Microsoft စဉ်းစားနေတဲ့အချက်က Intel ခြေလှမ်း ပိုပြီးနှေးကွေးသွားစေတာနဲ့ အတူတူပါပဲ။ Processor တိုက်ပွဲမှာ Platform ချင်းမတူတဲ့ Qualcomm နဲ့ ARM ကြောင့် အရေးနိမ့်နေရသလို Graphics ပိုင်းမှာလည်း AMD နဲ့ Nvidia ကို အဖေခေါ်နေရတုန်းမလို့ လာမယ့် အနာဂတ်တိုက်ပွဲမှာ Intel ဘယ်လို ကောင်းကောင်းပြင်ဆင်ထားသင့်ပြီလဲလို့ နိမိတ်ပြနေတာနဲ့ အတူတူပါပဲ။

2B (Akhayar)

www.akhayar.com