[Zawgyi]

Queen အဖြဲ႔က Freddie Mercury က သူ႔သြားေတြကို ဘာ့ေၾကာင့္ မျပဳျပင္ခဲ့တာလဲ

Freddie Mercury ရဲ႕ အတၳဳပတၱိျဖစ္တဲ့ Bohemian Rhapsody မွာ Brian May နဲ႔ Roger Taylor တို႔ရဲ႕ Band ျဖစ္တဲ့ Smile ျပိဳကြဲအျပီးမွ Freddie Mercury က သူတို႔နဲ႔ လက္တြဲအလုပ္လုပ္ျပီး သူတို႔ Band ရဲ႕ အဆုိေတာ္ျဖစ္ခ်င္ပါတယ္လို႔ ခ်ဥ္းကပ္ခဲ့ပါတယ္။ ဒီအခါမွာ Brian May တို႔က Freddie ကို “ဒီသြားေတြနဲ႔ေတာ့ မျဖစ္ဘူးေဟ့”လို႔ ေျပာခဲ့ျပီး ဒီအခ်က္က Freddie Mercury ကို နာက်င္ေစခဲ့ပါတယ္။

Freddie Mercury ငယ္ငယ္က

Freddie Mercury ငယ္ငယ္က

ဒါေပမယ့္ Freddie ကခ်က္ခ်င္းတံု႔ျပန္ခဲ့ျပီး ” ေရွ႕သြားအပိုေလးေခ်ာင္းက ငါ့မွာ ေမြးတည္းက ပါလာတာျဖစ္ျပီး ငါ့ခံတြင္းက ပိုက်ယ္သြားတဲ့အတြက္ Range လည္း ပိုက်ယ္တယ္” လို႔ ဆုိခဲ့ပါတယ္။ ဒါတင္မဟုတ္ သူတို႔ေရွ႕မွာ သီခ်င္းဆိုျပျပီးမွ Mercury ဟာ Queen ရဲ႕ အေရးၾကီးတဲ့ ေနရာကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

တကယ့္ဘဝမွာေတာ့ Freddie Mercury ဟာ သူ႔ရဲ႕ ေရွ႕သြားေတြေၾကာင့္ ရွက္ရြ႔ံခဲ့ျပီး ပိတ္ကားေရွ႕မွာဆုိရင္ သူ႔သြားေတြကို အေပၚႏႈတ္ခမ္းနဲ႔ ဖံုးထားတာ ျဖစ္ျဖစ္၊ ဒါမွမဟုတ္ သူ႔လက္ကို ေျမွာက္ျပီး ကာကာထားတတ္ပါတယ္။ ၁၉၉၁ ခုႏွစ္ ေသဆံုးခ်ိန္မွာ အသက္ ၄၅ ႏွစ္ရွိျပီျဖစ္တဲ့ Freddie Mercury ဟာ အဲဒီအခ်ိန္က ေဒၚလာသန္း ၆၀ ေလာက္ အသားတင္ၾကြယ္ဝမႈရွိေနျပီး သြားျပဳျပင္ဖို႔အတြက္ ေငြေၾကးအလံုအေလာက္ရွိခဲ့ပါတယ္။ ခံတြင္းထဲမွာ သြားအပိုေလးေခ်ာင္းရွိတဲ့အတြက္ ေရွ႕သြားေတြကို အျပင္ကို တြန္းထုတ္သလို ျဖစ္ျပီး  စားရေသာက္ရတဲ့အခါမွာလည္း တစ္ခါတစ္ေလ အခက္အခဲေတြ႔ႏုိင္ပါတယ္။

ဒါေပမယ့္ Freddie Mercury ဟာ ဘာလို႔ သူ႔သြားေတြကို မျပင္ဆင္ခဲ့ပါသလဲ။ သူအေပၚမွာ ေျပာခဲ့သလိုပဲ တကယ္ကို Vocal Range ပိုက်ယ္ေစတယ္လုိ႔ ယံုၾကည္ခဲ့လို႔ ျဖစ္ပါတယ္။ တကယ္လို႔မ်ားသူ႔သြားေတြကို ျပင္ဆင္လိုက္လို႔ရွိရင္ သူ႔ရဲ႕ အသံကို သြားထိခုိက္မွာ ၊ ပ်က္သြားမွာကို စိုးေနခဲ့တာပါ။ သူဟာ သူ႔အသံကို သူ႔ရုပ္ရည္သြင္ျပင္ထက္ ပိုအေလးထားခဲ့ပါတယ္။

Mercury မွာ Four-octave Vocal Range ရွိတယ္လို႔ သတ္မွတ္ထားၾကတဲ့အတြက္ ဒီလို သူစိတ္ပူတာဟာလည္း အက်ိဳးအေၾကာင္းအရ မွန္ကန္ပါတယ္။ ဒါေပမယ့္ သြားဆရာဝန္ေတြဘက္ကေတာ့ သြားကို ခြဲစိတ္ျပဳျပင္ျပီးရင္ မ်ားေသာအားျဖင့္ ရလဒ္ေကာင္းေတြ ထြက္တာ မ်ားပါတယ္။ သြားေတြ ေျဖာင့္တန္းသြားတဲ့အတြက္ သီခ်င္းဆိုရင္ Tone အျပည့္နဲ႔ အသံလည္း ပိုထြက္ႏုိင္တယ္လို႔ ေခ်ပခဲ့ပါတယ္။

ဘယ္လိုပဲ ျဖစ္ျဖစ္ Freddie Mercury က သူ႔အယူအဆနဲ႔ သူ သြားေတြကို မျပဳျပင္သြားခဲ့ပါဘူး။ ဒါေၾကာင့္ Bohemian Rhapsody ကို ရုိက္ကူးတဲ့အခါ Freddie ေနရာက သရုပ္ေဆာင္တဲ့ မငး္သား Rami Malek ဟာလည္း သြားအတု စြပ္ျပီး သရုပ္ေဆာင္ခဲ့ရတာ ျဖစ္ပါတယ္။

လာမယ့္ ေသာၾကာေန႔ (၂.၁၁.၂၀၁၈) မွာလည္း Freddie Mercury အေၾကာင္းဇာတ္ကား ‘Bohemian Rhapsody’ တင္ေတာ့မွာ ျဖစ္တဲ့အတြက္ သူ႔အေၾကာင္း တစ္စိတ္တစ္ပိုင္းကို မွ်ေဝေပးလိုက္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : ultimateclassicrock.com

[Unicode]

Queen အဖွဲ့က Freddie Mercury က သူ့သွားတွေကို ဘာ့ကြောင့် မပြုပြင်ခဲ့တာလဲ

Freddie Mercury ရဲ့ အတ္ထုပတ္တိဖြစ်တဲ့ Bohemian Rhapsody မှာ Brian May နဲ့ Roger Taylor တို့ရဲ့ Band ဖြစ်တဲ့ Smile ပြိုကွဲအပြီးမှ Freddie Mercury က သူတို့နဲ့ လက်တွဲအလုပ်လုပ်ပြီး သူတို့ Band ရဲ့ အဆိုတော်ဖြစ်ချင်ပါတယ်လို့ ချဉ်းကပ်ခဲ့ပါတယ်။ ဒီအခါမှာ Brian May တို့က Freddie ကို “ဒီသွားတွေနဲ့တော့ မဖြစ်ဘူးဟေ့”လို့ ပြောခဲ့ပြီး ဒီအချက်က Freddie Mercury ကို နာကျင်စေခဲ့ပါတယ်။

Freddie Mercury ငယ်ငယ်က

Freddie Mercury ငယ်ငယ်က

ဒါပေမယ့် Freddie ကချက်ချင်းတုံ့ပြန်ခဲ့ပြီး ” ရှေ့သွားအပိုလေးချောင်းက ငါ့မှာ မွေးတည်းက ပါလာတာဖြစ်ပြီး ငါ့ခံတွင်းက ပိုကျယ်သွားတဲ့အတွက် Range လည်း ပိုကျယ်တယ်” လို့ ဆိုခဲ့ပါတယ်။ ဒါတင်မဟုတ် သူတို့ရှေ့မှာ သီချင်းဆိုပြပြီးမှ Mercury ဟာ Queen ရဲ့ အရေးကြီးတဲ့ နေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

တကယ့်ဘဝမှာတော့ Freddie Mercury ဟာ သူ့ရဲ့ ရှေ့သွားတွေကြောင့် ရှက်ရွံ့ခဲ့ပြီး ပိတ်ကားရှေ့မှာဆိုရင် သူ့သွားတွေကို အပေါ်နှုတ်ခမ်းနဲ့ ဖုံးထားတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့လက်ကို မြှောက်ပြီး ကာကာထားတတ်ပါတယ်။ ၁၉၉၁ ခုနှစ် သေဆုံးချိန်မှာ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ Freddie Mercury ဟာ အဲဒီအချိန်က ဒေါ်လာသန်း ၆၀ လောက် အသားတင်ကြွယ်ဝမှုရှိနေပြီး သွားပြုပြင်ဖို့အတွက် ငွေကြေးအလုံအလောက်ရှိခဲ့ပါတယ်။ ခံတွင်းထဲမှာ သွားအပိုလေးချောင်းရှိတဲ့အတွက် ရှေ့သွားတွေကို အပြင်ကို တွန်းထုတ်သလို ဖြစ်ပြီး  စားရသောက်ရတဲ့အခါမှာလည်း တစ်ခါတစ်လေ အခက်အခဲတွေ့နိုင်ပါတယ်။

ဒါပေမယ့် Freddie Mercury ဟာ ဘာလို့ သူ့သွားတွေကို မပြင်ဆင်ခဲ့ပါသလဲ။ သူအပေါ်မှာ ပြောခဲ့သလိုပဲ တကယ်ကို Vocal Range ပိုကျယ်စေတယ်လို့ ယုံကြည်ခဲ့လို့ ဖြစ်ပါတယ်။ တကယ်လို့များသူ့သွားတွေကို ပြင်ဆင်လိုက်လို့ရှိရင် သူ့ရဲ့ အသံကို သွားထိခိုက်မှာ ၊ ပျက်သွားမှာကို စိုးနေခဲ့တာပါ။ သူဟာ သူ့အသံကို သူ့ရုပ်ရည်သွင်ပြင်ထက် ပိုအလေးထားခဲ့ပါတယ်။

Mercury မှာ Four-octave Vocal Range ရှိတယ်လို့ သတ်မှတ်ထားကြတဲ့အတွက် ဒီလို သူစိတ်ပူတာဟာလည်း အကျိုးအကြောင်းအရ မှန်ကန်ပါတယ်။ ဒါပေမယ့် သွားဆရာဝန်တွေဘက်ကတော့ သွားကို ခွဲစိတ်ပြုပြင်ပြီးရင် များသောအားဖြင့် ရလဒ်ကောင်းတွေ ထွက်တာ များပါတယ်။ သွားတွေ ဖြောင့်တန်းသွားတဲ့အတွက် သီချင်းဆိုရင် Tone အပြည့်နဲ့ အသံလည်း ပိုထွက်နိုင်တယ်လို့ ချေပခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် Freddie Mercury က သူ့အယူအဆနဲ့ သူ သွားတွေကို မပြုပြင်သွားခဲ့ပါဘူး။ ဒါကြောင့် Bohemian Rhapsody ကို ရိုက်ကူးတဲ့အခါ Freddie နေရာက သရုပ်ဆောင်တဲ့ မင်းသား Rami Malek ဟာလည်း သွားအတု စွပ်ပြီး သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

လာမယ့် သောကြာနေ့ (၂.၁၁.၂၀၁၈) မှာလည်း Freddie Mercury အကြောင်းဇာတ်ကား ‘Bohemian Rhapsody’ တင်တော့မှာ ဖြစ်တဲ့အတွက် သူ့အကြောင်း တစ်စိတ်တစ်ပိုင်းကို မျှဝေပေးလိုက်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : ultimateclassicrock.com