[Zawgyi]

ေအာင္လအန္ဆန္ (Aung La N Sang) ဟာ ဘာေၾကာင့္ ပထမအခ်ီမွာပဲ အလဲထုိးႏုိင္ခဲ့တာလဲ

ျမန္မာ့စပါးအုံးေျမြ (Burmese Python) လုိ႔ တင္စားၾကတဲ့ ပရိသတ္အခ်စ္ေတာ္ ေအာင္လအန္ဆန္ (Aung La N Sang) ကေတာ့ ဘရာဇီးႏုိင္ငံသား အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado) ကုိ ပထမအခ်ီ (၅၆) စကၠန္႔မွာပဲ အျမင့္ကန္ခ်က္နဲ႔ အလဲထုိးအႏုိင္ယူလုိက္ပါၿပီ။ ဒါ့ေၾကာင့္ သူဟာ One Championship ရဲ႕ လုိက္ဟဲဗီးဝိတ္တန္းခ်န္ပီယံ (Light Heavyweight World Champion) ျဖစ္လာခဲ့ပါတယ္။ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံ (Middleweight World Champion) ေအာင္လအန္ဆန္အတြက္ေတာ့ ဝိတ္တန္းႏွစ္ခုမွာ ခ်န္ပီယံဘြဲ႕ရသြားပါၿပီ။

 ေအာင္လအန္ဆန္ (Aung La N Sang) နဲ႔ အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado)

ေအာင္လအန္ဆန္ (Aung La N Sang) နဲ႔ အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado)

ဝိတ္တန္းႏွစ္ခုမွာ ကမၻာ့ခ်န္ပီယံျဖစ္ခဲ့တဲ့အတြက္ ေအာင္လအန္ဆန္အတြက္ေရာ ျမန္မာႏုိင္ငံအတြက္ပါ ဂုဏ္ယူစရာျဖစ္ခဲ့ရပါတယ္။ ျမန္မာ့စပါးအုံးေျမြဟာ လုိက္ဟဲဗီးဝိတ္တန္း (၂၂၅ ေပါင္) မွာ ထုိးသတ္ရမွာျဖစ္တဲ့အတြက္ ေပါင္ (၂ဝဝ) ေက်ာ္နဲ႔ ပြဲထြက္လာခဲ့ပါတယ္။ ဟဲဗီးဝိတ္တန္းမွာ ကစားေနတဲ့ အလက္ဇန္းဒါး မာခ်ာဒုိအေနနဲ႔လည္း ဝိတ္အနည္းငယ္ခ်ၿပီး ယွဥ္ၿပိဳင္လာတဲ့အတြက္ ကစားသမားႏွစ္ေယာက္ကုိ ႏႈိင္းယွဥ္ရင္ ခႏၶာကုိယ္အေနအထားက မသိသာပါဘူး။

ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ (Aung La N Sang)

ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ (Aung La N Sang)

ပြဲအေၾကာင္းကုိ ျပန္သုံးသပ္ရမယ္ဆုိရင္ ပထမအခ်ီမွာ ကစားသမားႏွစ္ေယာက္လုံးက ‘ေျမစမ္း ခရမ္းပ်ိဳး’ စေနတယ္။ တစ္ေယာက္အေျခအေနကုိ တစ္ေယာက္က အကဲခတ္ေနၾကတယ္။ အလက္ဇန္းဒါး မာခ်ာဒုိကေတာ့ ဘရာဇီး ဂ်ဴဂ်စ္ဆု (Brazilian Jiu-Jitsu) ကုိ ခါးပတ္နက္အထိ ေပါက္ေရာက္ထားတဲ့သူျဖစ္ပါတယ္။ (သူက ကစ္ေဘာက္ဆင္မွာ အားနည္းပါတယ္။) ထူးျခားတာက အပူးအခ်ဳပ္ေကာင္းလြန္းလုိ႔ ျမန္မာ့စပါးအုံးေျမြလုိ႔ တင္စားရတဲ့ ေအာင္လအန္ဆန္ဟာ ခ်ဳပ္သုိင္းနဲ႔ မကစားဘဲ ကစ္ေဘာက္ဆင္နည္းနဲ႔သာ တုိက္စစ္ဆင္ခဲ့တာပါ။ (ဒီအခ်က္ဟာ ၿပိဳင္ဘက္ရဲ႕ အားသာခ်က္၊ အားနည္းခ်က္ကုိ သိလုိ႔ျဖစ္ပါတယ္။) ေအာင္လအန္ဆန္ရဲ႕အျမင့္ကန္ခ်က္ဟာ အလက္ဇန္းဒါး မာခ်ာဒုိရဲ႕ေဂ်ာကုိ ထိၿပီး အလဲထုိးပြဲျဖစ္သြားရတာပါ။

ကမၻာ့ခ်န္ပီယံေအာင္လအန္ဆန္

ကမၻာ့ခ်န္ပီယံေအာင္လအန္ဆန္

ျမန္မာပရိသတ္ေတြက ေအာင္လအန္ဆန္ပြဲ အားေပးမယ္ဆုိၿပီး ည (၇) နာရီေလာက္တည္းက ဖန္သားျပင္ေရွ႕မွာ ေစာင့္ေနၾကတယ္။ (တခ်ိဳ႕ကေတာ့ လက္ဖက္ရည္ဆုိင္မွာေပါ့) ေရွ႕ထြက္ပြဲက (၈) ဆုိင္းေတာင္ရွိတဲ့အတြက္ ေခါင္ပြဲ (Main Fight) ေရာက္တဲ့အခ်ိန္မွာ (၁ဝ) နာရီ (၄၃) မိနစ္ေတာင္ ရွိေနပါၿပီ။ ကုိယ့္လူမ်ိဳးကုိ ခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႔ တီဗီဖန္သားျပင္ေရွ႕မွာ ဇြဲရွိရွိနဲ႔ ထုိင္ေစာင့္ေနရတဲ့ ျမန္မာပရိသတ္ေတြပါ။ (ကြင္းထဲအထိ သြားေပးၾကတဲ့ ပရိသတ္ေတြကလည္း ေလးစားစရာေကာင္းပါတယ္။) ေလးနာရီနီးပါး ဖင္ပူေအာင္ ထုိင္ေစာင့္ေနၿပီးမွ ေအာင္လအန္ဆန္ပြဲဟာ ပထမအခ်ီမွာပဲ အဆုံးသတ္သြားတဲ့အတြက္ အားမလုိအားမရျဖစ္သြားတဲ့ ပရိသတ္ေတြရဲ႕ ခံစားခ်က္ကုိ နားလည္ေပးလုိ႔ရပါတယ္။ (ကြ်န္ေတာ့္ေဘးက ပရိသတ္တစ္ေယာက္ဆုိ ေအာင္လအန္ဆန္ပြဲလာခါနီး မေအာင့္ႏုိင္ေတာ့လုိ႔ အိမ္သာခဏေျပးၿပီး အေပါ့သြားလုိက္တာ၊ သူျပန္ထြက္လာတဲ့အခ်ိန္မွာ ပြဲက ၿပီးသြားၿပီ။ သူဆုိရင္ ၄နာရီနီးပါး ေစာင့္လုိက္ရၿပီး ေအာင္လအန္ဆန္ပြဲကုိ မၾကည့္လုိက္ရဘူး။)

ဝိတ္တန္းႏွစ္ခုရဲ႕ ကမၻာ့ခ်န္ပီယံ

ဝိတ္တန္းႏွစ္ခုရဲ႕ ကမၻာ့ခ်န္ပီယံ

ပထမအခ်ီမၿပီးေသးခင္မွာပဲ ပြဲအေျဖေပၚသြားတဲ့အတြက္ ေအာင္လအန္ဆန္ပြဲကုိ ေစာင့္ေမ်ွာ္အားေပးရတဲ့ ျမန္မာပရိသတ္ေတြအေနနဲ႔ မခ်င့္မရဲျဖစ္ၾကေပမယ့္ ကုိယ့္လူမ်ိဳးအႏုိင္ရတဲ့အတြက္ ေျဖသာႏုိင္ပါတယ္။) ေအာင္လအန္ဆန္ဟာ ၿပိဳင္ဘက္ကစားသမားရဲ႕အေျခအေနကုိ အခ်ိန္တုိအတြင္း အကဲခတ္ႏုိင္တဲ့အတြက္ အခ်ိန္တုိအတြင္း ပြဲသိမ္းသြားတာပါ။ အားကစားပြဲေတြမွာ ကုိယ့္ဘက္က အခ်ိန္အၾကာႀကီး ၾကည့္ရမယ္လုိ႔ ေမ်ွာ္လင့္ထားေပမယ့္ အခုလုိ ျမန္ျမန္ဆန္ဆန္ၿပီးဆုံးသြားတဲ့ ပြဲေတြကလည္း အမ်ားႀကီးပါ။ (ဒီလုိပြဲမ်ိဳးက အလိန္းဂါလာနီ (Alain Ngalani) နဲ႔တုန္းကလည္း ၾကံဳဖူးပါတယ္။ ေအာင္လန္အန္ဆန္း အႏုိင္ရခဲ့တဲ့အေၾကာင္းေတြကေတာ့ ၿပိဳင္ဘက္အားနည္းခ်က္ကုိ အသုံးခ်ႏုိင္မႈ၊ ပါးနပ္မႈေတြနဲ႔ ျမန္မာပရိသတ္အားေတြေၾကာင့္ပဲျဖစ္ပါတယ္။

Photo Credit – ONE Championship

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အောင်လအန်ဆန် (Aung La N Sang) ဟာ ဘာကြောင့် ပထမအချီမှာပဲ အလဲထိုးနိုင်ခဲ့တာလဲ

မြန်မာ့စပါးအုံးမြွေ (Burmese Python) လို့ တင်စားကြတဲ့ ပရိသတ်အချစ်တော် အောင်လအန်ဆန် (Aung La N Sang) ကတော့ ဘရာဇီးနိုင်ငံသား အလက်ဇန်းဒါး မာချာဒို (Alexandre Machado) ကို ပထမအချီ (၅၆) စက္ကန့်မှာပဲ အမြင့်ကန်ချက်နဲ့ အလဲထိုးအနိုင်ယူလိုက်ပါပြီ။ ဒါ့ကြောင့် သူဟာ One Championship ရဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ (Light Heavyweight World Champion) ဖြစ်လာခဲ့ပါတယ်။ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ (Middleweight World Champion) အောင်လအန်ဆန်အတွက်တော့ ဝိတ်တန်းနှစ်ခုမှာ ချန်ပီယံဘွဲ့ရသွားပါပြီ။

 အောင်လအန်ဆန် (Aung La N Sang) နဲ့ အလက်ဇန်းဒါး မာချာဒို (Alexandre Machado)

အောင်လအန်ဆန် (Aung La N Sang) နဲ့ အလက်ဇန်းဒါး မာချာဒို (Alexandre Machado)

ဝိတ်တန်းနှစ်ခုမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့အတွက် အောင်လအန်ဆန်အတွက်ရော မြန်မာနိုင်ငံအတွက်ပါ ဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။ မြန်မာ့စပါးအုံးမြွေဟာ လိုက်ဟဲဗီးဝိတ်တန်း (၂၂၅ ပေါင်) မှာ ထိုးသတ်ရမှာဖြစ်တဲ့အတွက် ပေါင် (၂ဝဝ) ကျော်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဟဲဗီးဝိတ်တန်းမှာ ကစားနေတဲ့ အလက်ဇန်းဒါး မာချာဒိုအနေနဲ့လည်း ဝိတ်အနည်းငယ်ချပြီး ယှဉ်ပြိုင်လာတဲ့အတွက် ကစားသမားနှစ်ယောက်ကို နှိုင်းယှဉ်ရင် ခန္ဓာကိုယ်အနေအထားက မသိသာပါဘူး။

ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် (Aung La N Sang)

ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် (Aung La N Sang)

ပွဲအကြောင်းကို ပြန်သုံးသပ်ရမယ်ဆိုရင် ပထမအချီမှာ ကစားသမားနှစ်ယောက်လုံးက ‘မြေစမ်း ခရမ်းပျိုး’ စနေတယ်။ တစ်ယောက်အခြေအနေကို တစ်ယောက်က အကဲခတ်နေကြတယ်။ အလက်ဇန်းဒါး မာချာဒိုကတော့ ဘရာဇီး ဂျူဂျစ်ဆု (Brazilian Jiu-Jitsu) ကို ခါးပတ်နက်အထိ ပေါက်ရောက်ထားတဲ့သူဖြစ်ပါတယ်။ (သူက ကစ်ဘောက်ဆင်မှာ အားနည်းပါတယ်။) ထူးခြားတာက အပူးအချုပ်ကောင်းလွန်းလို့ မြန်မာ့စပါးအုံးမြွေလို့ တင်စားရတဲ့ အောင်လအန်ဆန်ဟာ ချုပ်သိုင်းနဲ့ မကစားဘဲ ကစ်ဘောက်ဆင်နည်းနဲ့သာ တိုက်စစ်ဆင်ခဲ့တာပါ။ (ဒီအချက်ဟာ ပြိုင်ဘက်ရဲ့ အားသာချက်၊ အားနည်းချက်ကို သိလို့ဖြစ်ပါတယ်။) အောင်လအန်ဆန်ရဲ့အမြင့်ကန်ချက်ဟာ အလက်ဇန်းဒါး မာချာဒိုရဲ့ဂျောကို ထိပြီး အလဲထိုးပွဲဖြစ်သွားရတာပါ။

ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်

ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်

မြန်မာပရိသတ်တွေက အောင်လအန်ဆန်ပွဲ အားပေးမယ်ဆိုပြီး ည (၇) နာရီလောက်တည်းက ဖန်သားပြင်ရှေ့မှာ စောင့်နေကြတယ်။ (တချို့ကတော့ လက်ဖက်ရည်ဆိုင်မှာပေါ့) ရှေ့ထွက်ပွဲက (၈) ဆိုင်းတောင်ရှိတဲ့အတွက် ခေါင်ပွဲ (Main Fight) ရောက်တဲ့အချိန်မှာ (၁ဝ) နာရီ (၄၃) မိနစ်တောင် ရှိနေပါပြီ။ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ တီဗီဖန်သားပြင်ရှေ့မှာ ဇွဲရှိရှိနဲ့ ထိုင်စောင့်နေရတဲ့ မြန်မာပရိသတ်တွေပါ။ (ကွင်းထဲအထိ သွားပေးကြတဲ့ ပရိသတ်တွေကလည်း လေးစားစရာကောင်းပါတယ်။) လေးနာရီနီးပါး ဖင်ပူအောင် ထိုင်စောင့်နေပြီးမှ အောင်လအန်ဆန်ပွဲဟာ ပထမအချီမှာပဲ အဆုံးသတ်သွားတဲ့အတွက် အားမလိုအားမရဖြစ်သွားတဲ့ ပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်ပေးလို့ရပါတယ်။ (ကျွန်တော့်ဘေးက ပရိသတ်တစ်ယောက်ဆို အောင်လအန်ဆန်ပွဲလာခါနီး မအောင့်နိုင်တော့လို့ အိမ်သာခဏပြေးပြီး အပေါ့သွားလိုက်တာ၊ သူပြန်ထွက်လာတဲ့အချိန်မှာ ပွဲက ပြီးသွားပြီ။ သူဆိုရင် ၄နာရီနီးပါး စောင့်လိုက်ရပြီး အောင်လအန်ဆန်ပွဲကို မကြည့်လိုက်ရဘူး။)

ဝိတ်တန်းနှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံ

ဝိတ်တန်းနှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံ

ပထမအချီမပြီးသေးခင်မှာပဲ ပွဲအဖြေပေါ်သွားတဲ့အတွက် အောင်လအန်ဆန်ပွဲကို စောင့်မျှော်အားပေးရတဲ့ မြန်မာပရိသတ်တွေအနေနဲ့ မချင့်မရဲဖြစ်ကြပေမယ့် ကိုယ့်လူမျိုးအနိုင်ရတဲ့အတွက် ဖြေသာနိုင်ပါတယ်။) အောင်လအန်ဆန်ဟာ ပြိုင်ဘက်ကစားသမားရဲ့အခြေအနေကို အချိန်တိုအတွင်း အကဲခတ်နိုင်တဲ့အတွက် အချိန်တိုအတွင်း ပွဲသိမ်းသွားတာပါ။ အားကစားပွဲတွေမှာ ကိုယ့်ဘက်က အချိန်အကြာကြီး ကြည့်ရမယ်လို့ မျှော်လင့်ထားပေမယ့် အခုလို မြန်မြန်ဆန်ဆန်ပြီးဆုံးသွားတဲ့ ပွဲတွေကလည်း အများကြီးပါ။ (ဒီလိုပွဲမျိုးက အလိန်းဂါလာနီ (Alain Ngalani) နဲ့တုန်းကလည်း ကြုံဖူးပါတယ်။ အောင်လန်အန်ဆန်း အနိုင်ရခဲ့တဲ့အကြောင်းတွေကတော့ ပြိုင်ဘက်အားနည်းချက်ကို အသုံးချနိုင်မှု၊ ပါးနပ်မှုတွေနဲ့ မြန်မာပရိသတ်အားတွေကြောင့်ပဲဖြစ်ပါတယ်။

Photo Credit – ONE Championship

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။