[Zawgyi]

က်ပ္သိန္းႏွစ္ေထာင္ေက်ာ္အထိကုန္တဲ့ Reflection ဇာတ္ကားရိုက္ဖုိ႔ လူမင္းကို ဘာေၾကာင့္ေရြးခ်ယ္တာလဲ

Reflection ရုပ္ရွင္ဇာတ္ကားႀကီးဟာ သုျဒာရုပ္ရွင္ထုတ္လုပ္ေရးရဲ႕ ပြဲဦးထြက္ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ႕ ပရိုဂ်ဴဆာျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္ကို ဒီကားရဲ႕ ဒါရိုက္တာအျဖစ္ အကယ္ဒမီလူမင္းကို ဘာေၾကာင္ေရြးခ်ယ္ရိုက္ကူးျဖစ္ရသလဲဆိုတာကို ေမးျမန္းျဖစ္ခဲ့ပါတယ္။

“မင္းသမီးေတြပဲ အသားေပးၿပီး ရိုက္ခ်င္တာ နံပါတ္တစ္အခ်က္ေပါ့။ ရိုက္တဲ့အခါမွာ ဘယ္လို Trend မ်ိဳးနဲ႔ သြားမလဲေပါ့။ ဟာသသြားမွာလား။ ဟာသဆိုရင္ သိပ္မကြဲထြက္ဘူးေပါ့။ မိန္းကေလးေတြျဖစ္တဲ့အတြက္ေၾကာင့္ ဖက္ရွင္ကို နည္းနည္းဦးစားေပးမယ္။ ကိုယ္တိုင္ကလည္း ဖက္ရွင္ကို စိတ္၀င္စားတယ္။ ၀ါသနာလည္းပါေတာ့ ဖက္ရွင္လည္းပါရမယ္။ ဖက္ရွင္ႀကီးပဲဆိုရင္လည္း စိတ္၀င္စားမႈေလ်ာ့မယ္။ အက္ရွင္လည္းပါရမယ္လို႔ အဲဒီလိုေလးစဥ္းစားလိုက္မိတယ္။ အန္ကယ္ေလးကို ေရြးခ်ယ္ရတာက်ေတာ့ အခုဒီကားရဲ႕ Taste မ်ိဳးက အန္ကယ္ေလးပိုင္တယ္ဆိုတာ သိတယ္။ ဘာျဖစ္လို႔လဲဆိုရင္ အေရွ႕မွာသူရိုက္ခဲ့တဲ့ကားေတြ အကုန္ၾကည့္ဘူးတယ္ေလ။ ဖက္ရွင္အျမင္ရိွတဲ့သူမ်ိဳးရိုက္ရင္ ပိုအဆင္ေျပမယ္ဆိုၿပီး အန္ကယ္ေလးနဲဲ႔ ရိုက္ျဖစ္လိုက္တာပါ”လို႔ ဆိုပါတယ္။ ဒီဇာတ္ကားရဲ႕ ပြဲဦးထြက္ Red Carpet Show ကိုေတာ့ သမၼတရုပ္ရွင္ရံုမွာ ဧၿပီ ၅ ရက္ေန႔မွာ ထူးထူးျခားျခား ေမာ္ဒယ္ရိႈးအသြင္နဲ႔ မင္းသမီးေလးလက္ပါ၀င္ၿပီး က်င္းပျပဳလုပ္ခဲ့ပါတယ္။

www.akhayar.com

[Unicode]

ကျပ်သိန်းနှစ်ထောင်ကျော်အထိကုန်တဲ့ Reflection ဇာတ်ကားရိုက်ဖို့ လူမင်းကို ဘာကြောင့်ရွေးချယ်တာလဲ

Reflection ရုပ်ရှင်ဇာတ်ကားကြီးဟာ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ပရိုဂျူဆာဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကို ဒီကားရဲ့ ဒါရိုက်တာအဖြစ် အကယ်ဒမီလူမင်းကို ဘာကြောင်ရွေးချယ်ရိုက်ကူးဖြစ်ရသလဲဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။

“မင်းသမီးတွေပဲ အသားပေးပြီး ရိုက်ချင်တာ နံပါတ်တစ်အချက်ပေါ့။ ရိုက်တဲ့အခါမှာ ဘယ်လို Trend မျိုးနဲ့ သွားမလဲပေါ့။ ဟာသသွားမှာလား။ ဟာသဆိုရင် သိပ်မကွဲထွက်ဘူးပေါ့။ မိန်းကလေးတွေဖြစ်တဲ့အတွက်ကြောင့် ဖက်ရှင်ကို နည်းနည်းဦးစားပေးမယ်။ ကိုယ်တိုင်ကလည်း ဖက်ရှင်ကို စိတ်ဝင်စားတယ်။ ဝါသနာလည်းပါတော့ ဖက်ရှင်လည်းပါရမယ်။ ဖက်ရှင်ကြီးပဲဆိုရင်လည်း စိတ်ဝင်စားမှုလျော့မယ်။ အက်ရှင်လည်းပါရမယ်လို့ အဲဒီလိုလေးစဉ်းစားလိုက်မိတယ်။ အန်ကယ်လေးကို ရွေးချယ်ရတာကျတော့ အခုဒီကားရဲ့ Taste မျိုးက အန်ကယ်လေးပိုင်တယ်ဆိုတာ သိတယ်။ ဘာဖြစ်လို့လဲဆိုရင် အရှေ့မှာသူရိုက်ခဲ့တဲ့ကားတွေ အကုန်ကြည့်ဘူးတယ်လေ။ ဖက်ရှင်အမြင်ရှိတဲ့သူမျိုးရိုက်ရင် ပိုအဆင်ပြေမယ်ဆိုပြီး အန်ကယ်လေးနဲ့ ရိုက်ဖြစ်လိုက်တာပါ”လို့ ဆိုပါတယ်။ ဒီဇာတ်ကားရဲ့ ပွဲဦးထွက် Red Carpet Show ကိုတော့ သမ္မတရုပ်ရှင်ရုံမှာ ဧပြီ ၅ ရက်နေ့မှာ ထူးထူးခြားခြား မော်ဒယ်ရှိုးအသွင်နဲ့ မင်းသမီးလေးလက်ပါဝင်ပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။

www.akhayar.com