[Zawgyi]

ဘာလို႔ ငလွ်င္အႏၲရာယ္ကို တိုင္းတာဖို႔ မလြယ္ကူတာလဲ

ငလွ်င္ကို ကမာၻေပၚမွာရွိေနတဲ့ ျပတ္ေ႐ြ႕ႀကီးေတြ လႈပ္ရွားလို႔ျဖစ္တယ္လို႔ သိၿပီးသားျဖစ္ၾကမွာပါ။ ဒါဆိုရင္ အဲ့ဒီ ျပတ္ေ႐ြ႕ေတြ ဘာလို႔ လႈပ္ရွားရသလဲ၊ မေရမတြက္ႏိုင္ေအာင္ မ်ားျပားလြန္းတဲ့ ျပတ္ေ႐ြ႕ေတြနဲ႔ ပတ္သက္လို႔ ပစိဖိတ္မီးကြင္း ဆိုတဲ့ နာမည္ကိုလည္း ၾကားဖူးၾကမွာပါ။ ေနာက္ၿပီး ငလွ်င္ဆိုတာ သတိမေပးဘဲ ဝင္ေရာက္လာတဲ့ ကပ္ေဘးအႏၲရာယ္မလို႔ သုေတသီေတြ ေခတ္မွီနည္းပညာနဲ႔ အကာအကြယ္ေပးဖို႔ မလြယ္ကူသလဲဆိုတာ ဗဟုသုတ အေနနဲ႔ တင္ဆက္သြားပါ့မယ္။

Different Layers of Earth

ဒါဆို ငလွ်င္အေၾကာင္းမေျပာေသးခင္ ကမာၻႀကီးကို ဘယ္လိုဖြဲ႕စည္းထားလည္း အရင္ေျပာပါ့မယ္။ ပထမဦးဆုံး ကမာၻကို ၾကက္ဥတစ္လုံးလို ျမင္ေယာင္ၾကည့္ပါ။ အထဲက အႏွစ္ရယ္၊ အရည္ၾကည္ရယ္၊ အျပင္ဘက္ အခြံရယ္ဆိုၿပီး ၾကက္ဥထဲမွာ အလႊာ ၃ လႊာ ပါဝင္တာ သတိထားမိမွာပါ။ ဒီလိုပဲ ကြၽန္ေတာ္တို႔ ေနထိုင္ေနတဲ့ ကမာၻႀကီးကိုလည္း အလႊာေတြနဲ႔ ဖြဲ႕စည္းထားတာပါ။ အတြင္းဘက္ ႏွစ္လႊာကို Inner Core နဲ႔ Outer Core လို႔ ေခၚဆိုသမုတ္သလို ၾကက္ဥအႏွစ္လို အဝါေရာင္အရည္ရွိေနတဲ့ ေနရာကို Inner Core လို႔ ရည္ၫြန္းၿပီး ေခ်ာရည္ပူေတြ အၿမဲကိန္းေအာင္းေနတဲ့ အလႊာလည္း ျဖစ္ပါတယ္။

Different Layers of Earth

ဒီ ေခ်ာရည္ပူရဲ႕ မ်က္ႏွာျပင္ေပၚမွာ ႀကီးမားက်ယ္ျပန္တဲ့ အလႊာအထပ္ထပ္ကို Jigsaw Puzzle လို တစ္ခုနဲ႔တခု အဆင့္ဆင့္ထပ္ ခ်ိတ္ဆက္ဖြဲ႕စည္းထားတာလို႔ နားလည္ထားလို႔ရပါတယ္။ ပုံမွာေဖာ္ျပထားတဲ့အတိုင္း မညီမညာ ျဖစ္ေနတဲ့ Outer Core အထက္မွာ Mantle အလႊာရွိေသးသလို ေက်ာက္ျဖာႀကီး ၇ ျဖာက အေပၚဘက္ဆုံးအလႊာမွာ ခိုင္မာေတာင့္တင္းေအာင္ ထပ္ၿပီး ဖုံးအုပ္ထားပါေသးတယ္။ ဒီလိုဆိုေတာ့ ကြၽန္ေတာ္တို႔ဟာ အျပင္ဘက္ဆုံးအလႊာမွာ ေနေနၾကတယ္လို႔ ေျပာလို႔ရသလို Lithosphere လို႔လည္း ေခၚတဲ့ အလႊာထဲမွာ ေလထု၊ ေရထုနဲ႔ ေျမထု ေတြလည္းပါဝင္ေနပါတယ္။

This is how we live on Earth’s Lithosphere

ဒါဆိုရင္ ဘာလို႔ ငလွ်င္လုပ္သလဲ။ Jigsaw Puzzle ဆိုတဲ့အတိုင္း ေက်ာက္ျဖာေတြကို မတူညီတဲ့ ႐ုပ္ပုံေလးေတြကို ႐ုပ္လုံးမေပၚမခ်င္း ခ်ိတ္ဆက္ထားသလိုမ်ိဳး သေဘာတရား အတူတူပဲမလို႔ ခိုင္ၿမဲတယ္၊ ေတာင့္တင္းတယ္လို႔ ေျပာမရပါဘူး။ ဒါ့အျပင္ Lithosphere ထဲမွာ ပါဝင္ေနတဲ့ ေက်ာက္ျဖာ ၇ ျဖာဟာ အၿမဲလိုလို ေ႐ြ႕လွ်ားေနတာမလို႔ ငလွ်င္အမ်ားစုဟာ ကမာၻ႔ေျမမ်က္ႏွာျပင္ေပၚမွာပဲ ျဖစ္ပြားေလ့ရွိတာပါ။ ဘာလို႔လဲဆို ေက်ာက္ျဖာတစ္ခုနဲ႔တခု ပြတ္တိုက္မိတဲ့အခါမ်ိဳး၊ တစ္ခုနဲ႔တခုထပ္သြားတဲ့အခါမ်ိဳးမွာ ျဖစ္ေပၚလာတဲ့ တန္ျပန္သက္ေရာက္အားေတြေၾကာင့္ ငလွ်င္ဆိုတာ ျဖစ္ေပၚလာရတာပါ။

Earth’s Curst

ဒါဆို တုံ႔ျပန္သက္ေရာက္အား အဓိပၸာယ္ သေဘာေပါက္သြားေအာင္ စားပြဲခုံမ်က္ႏွာျပင္ေပၚ လက္ညႇိးနဲ႔ မ်က္ႏွာမူရာအတိုင္း တြန္းၾကည့္ၾကည့္ပါ။ ေခ်ာေမြ႕တဲ့စားပြဲမ်က္ႏွာျပင္က လက္ညိဳးေပၚသက္ေရာက္ေနတဲ့အားကို တုံ႔ျပန္ထားတာ ေတြ႕ရမွာပါ။ ဒါက Newton အဓိပၸာယ္ဖြင့္ဆိုခဲ့တဲ့ Law of Action and Reaction ေၾကာင့္မလို႔ မလိုအပ္ပဲ အားစိုက္တြန္းေနရတာပါ။ အဲ့ဒါထက္ သက္ေရာက္ေနတဲ့ Resistance Force ေၾကာင့္ လက္ညိဳးနဲ႔ စားပြဲမ်က္ႏွာျပင္ ထိေနတဲ့ေနရာမွာ Friction ဆိုတဲ့ ပြတ္ဆြဲအား ထပ္ၿပီးျဖစ္ေပၚလာလို႔ အပူစြမ္းအင္ ထပ္ထြက္လာတာ သတိထားမိမွာပါ။ စားပြဲတစ္ခုလုံးကိုပါ တြန္းခ်င္ေသးတယ္ဆိုရင္ေတာ့ သူ႔ရဲ႕အေလးခ်ိန္နဲ႔ ဘယ္ေလာက္အားစိုက္ထုတ္ဖို႔ လိုမလဲဆိုတာ ျဖည့္သာေတြးၾကည့္ပါ။

How friction exists between 2 different forces

ဘာလို႔ ဒီလိုေျပာရသလဲဆိုရင္ ေက်ာက္ျဖာလို ၾကမ္းတမ္းေနတဲ့မ်က္ႏွာျပင္ ႏွစ္ခုပြတ္တိုက္မိၿပီဆိုရင္ေတာ့ အခုေျပာျပတဲ့ ဥပမာထက္ သက္ေရာက္အားေတြ အဆေပါင္းမ်ားစြာ ကြာျခားသြားၿပီမလို႔ပါ။ Friction ဆိုတာကလည္း အရာဝတၳဳရဲ႕ မ်က္ႏွာျပင္အလိုက္ အားသက္ေရာက္မႈရွိေသးတာေၾကာင့္ မ်က္ႏွာျပင္ၾကမ္းတမ္းေလ Resistance Force ပိုမ်ားေလ၊ စြမ္းအင္ပိုထြက္ေလ ျဖစ္ေနမွာပါ။ ေနာက္ၿပီး Newton Law of Motion အရ အလ်င္တစ္ခုနဲ႔ သြားေနတဲ့ အရာဝတၳဳအရွိန္ ဆိုတာကလည္း အေလးခ်ိန္နဲ႔ ထပ္ေပါင္းေသးတာမလို႔ ေက်ာက္ျဖာလို ႀကီးမားတဲ့အရာဝတၳဳ ၂ ခု စုံတဲ့အခါ၊ တိုက္တဲ့အခါ ဘယ္ေလာက္ျပင္းထန္မလဲဆိုတာ ေတြးၾကည့္႐ုံနဲ႔ သိႏိုင္ပါတယ္။

It can hold such devastating power

ဒါေၾကာင့္ ေက်ာက္ျဖာ ၂ ခ်ပ္၊ ၃ ခ်ပ္ စုံၿပီေဟ့၊ တိုက္ၿပီေဟ့ဆိုရင္ေတာ့ Law of Motion အရ Potential Energy ျဖစ္ေပၚၿပီး ငလွ်င္စြမ္းအား အနည္းငယ္သက္ေရာက္မႈရွိမွာပါ။ အဲ့ဒီမွာ မ်က္ႏွာျပင္ၾကမ္းတမ္းေလ Resistance Force ပိုမ်ားေလ၊ စြမ္းအင္ပိုထြက္ေလဆိုတဲ့အတိုင္း Seismic Force ဆိုတဲ့ ငလွ်င္လႈိင္းေတြ ပြတ္ဆြဲအားေၾကာင့္ အစပ်ိဳးေနပါၿပီ။ ဒီအခ်ိန္မွာ ငလွ်င္မလုပ္ေသးဘူးဆိုမယ့္ မၾကာခင္လုပ္ေတာ့မယ္ဆိုတဲ့ ေရွ႕ေျပး ငလွ်င္လႈိင္းေတြ စတင္ေနၿပီမလို႔ သိပၸံပညာရွင္ေတြအေနနဲ႔ ေထာက္လွမ္းလို႔ရေနပါၿပီ။

An earthquake occurred in Japan

အဲ့ဒီမွာ အရွိန္ျပင္းျပင္း ေဆာင့္တိုက္လိုက္တာျဖစ္ျဖစ္၊ ေဆာင့္ဆြဲလိုက္တာျဖစ္ျဖစ္ Elasticity လို႔ ေခၚတဲ့ ႐ုန္းျပန္သတၱိ ထိေတြ႕မိတဲ့ အရာဝတၳဳ ၂ ခုလုံးမွာ ျဖစ္ေပၚလာမွာပါ။ ဒါကို ဘာလို႔ ထပ္ေျပာရသလဲဆိုရင္ ေက်ာက္တုံးလို မာေက်ာတဲ့ အရာဝတၳဳတစ္ခုကို တူနဲ႔ အရွိန္ျပင္းျပင္း ထုခ်ပစ္လိုက္ပါ။ ေက်ာက္တုံးရဲ႕ အ႐ြယ္အစားနဲ႔ Resistance Force က ထု႐ိုက္လိုက္တဲ့ အားထက္မ်ားေနရင္ ျပန္ကန္ထြက္သြားမွာပါ။ ဒါေပမယ့္ အားတခုသက္ေရာက္လိုက္တာမလို႔ အဲ့ဒီစြမ္းအင္ဟာ ေပ်ာက္ပ်က္မသြားဘဲ Potential Energy အေနနဲ႔ေတာ့ က်န္ေနခဲ့ပါေသးတယ္။ အဲ့သလို မဟုတ္ဘဲ ခံႏိုင္ရည္အားလည္း နည္းေနမယ္၊ အ႐ြယ္အစားလည္း ေသးငယ္ေနမယ္ဆိုရင္ေတာ့ Potential Energy က ေက်ာက္တုံးတတုံးလို ေၾကမြသြားတဲ့အထိ အားသက္ေရာက္သြားမယ္လို႔ ျမင္ေယာင္ၾကည့္လိုက္ပါ။

This rubber band is showing good elasticity

ဘာလို႔ ဒီလိုျဖစ္ရတာလဲဆိုတာကို ႐ူပေဗဒသဘာတရားနဲ႔ နည္းနည္းထပ္ေျပာပါ့မယ္။ ေက်ာက္တုံးကို ထု႐ိုက္လိုက္တဲ့ အားေၾကာင့္ မ်က္ႏွာျပင္ေပၚမွာ Potential Energy ကို ခုခံထားတဲ့ Normal Stress တစ္ခု ျဖစ္ေပၚလာမွာပါ။ ဒါေပမယ့္ ေတာင့္ခံႏိုင္တဲ့ ပမာဏေက်ာ္လြန္သြားခဲ့ရင္ ႐ုပ္ဂုဏ္သတၱိပ်က္စီးသြားမွာျဖစ္သလို Elasticity ဆိုတဲ့ ႐ုန္းျပန္သတၱိလည္း မရွိေတာ့လို႔ အစိတ္စိတ္အမႊာမႊာကြဲသြားတဲ့အထိ ျဖစ္သြားႏိုင္တာမလို႔ပါ။ ဒါေၾကာင့္ ေက်ာက္ျဖာ ၂ ခ်ပ္၊ ၃ ခ်ပ္စုံလို႔၊ တိုက္လို႔ အားသက္ေရာက္ေနတဲ့အခါမ်ိဳးမွာ Elastic Limit ေက်ာ္သြားတဲ့အထိ ျပင္းထန္လြန္းရင္ေတာ့ ငလွ်င္လုပ္ပါၿပီ။ အဲ့လို ျဖစ္ခဲ့မယ္ဆိုရင္ ေက်ာက္ျဖာ ၂ ခုတိုက္မိတဲ့ ျပင္းအားေၾကာင့္ ေရွးလူႀကီးေတြေျပာသလို ငလွ်င္မလာခင္ ေတာလွည္းသံႀကီး အရင္လာသလို ေၾကာက္စရာေကာင္းတဲ့ အသံႀကီးအရင္ဆုံးထြက္ေပၚလာမွာပါ။

How seismic waves are radiated from epicenter

အသံၾကားရၿပီး ၁ မိနစ္၊ ၂ မိနစ္ေလာက္ဆိုတာနဲ႔ ငလွ်င္လိုင္းေတြ လာေတာ့မယ္လို႔ သိထားလို႔ရပါၿပီ။ ငလွ်င္ဗဟိုနဲ႔ ေဝးရင္ေတာ့ အခ်ိန္ပိုၾကာတတ္ၿပီး ဗဟိုခ်က္နဲ႔ နီးေနရင္ေတာ့ ျဖစ္လာမယ့္ အက်ိဳးဆက္က မေတြးဝံ့စရာပါ။ ဒါေၾကာင့္ ငလွ်င္လို သဘာဝေဘးအႏၲရာယ္မ်ိဳးဟာ အခုခ်ိန္ထိ တိုင္းတာဖို႔မလြယ္ကူဘူးဆိုတာ သေဘာေပါက္ေလာက္ၿပီ ထင္ပါတယ္။ ငလွ်င္ လႈပ္ႏိုင္မယ့္ ျပတ္ေ႐ြ႕လို ေက်ာက္ျဖာေတြတစ္ခုနဲ႔တခု ဆက္စပ္ေနတဲ့ ေနရာကို အႏၲရာယ္ဇုန္လို႔ သတ္မွတ္ထားေပမယ့္ သတိေပးတာမ်ိဳးေလာက္ပဲ နည္းပညာရွိပါေသးတယ္။

Pacific Ring o Fire

အေပၚမွာေျပာခဲ့တဲ့ ပစိဖိတ္မီးကြင္းဆိုတာကလည္း ပစိဖိတ္ေက်ာက္ျဖာက က်န္တဲ့ ေက်ာက္ျဖာ ၆ ခ်ပ္ကို ဖိထားတဲ့ အေနအထားမွာရွိေနပါတယ္။ ဒီလို  ပစိဖိတ္ျပတ္ေ႐ြ႕ႀကီး ဒါမွမဟုတ္ မီးလိုပဲ အႏၲရာယ္ရွိတာမလို႔ ဒုတိယငလွ်င္ အမ်ိဳးစားထဲ ထည့္သြင္းထားပါတယ္။ အခုလို ေက်ာက္ျဖာေတြတိုက္လို႔ ငလွ်င္လုပ္တာမ်ိဳးထက္ ေခ်ာရည္ပူေတြ ထိုးထြက္လာလို႔ Outer Shell နဲ႔ Mantle အလႊာမွာ လႈိင္ေခါင္းေတြအျဖစ္က်န္ရစ္ခဲ့ၿပီး အေပၚကဝိတ္နဲ႔ ကြၽံ႕ၾကတာမ်ိဳးျဖစ္ခဲ့မယ္ဆိုရင္ တတိယငလွ်င္အမ်ိဳးအစားျဖစ္လာႏိုင္ပါတယ္။ အဲ့ဒါထက္ သုမၵရာၾကမ္းျပင္ေအာက္ ငလွ်င္သြားလုပ္မယ္ဆိုရင္လည္း ဆူနာမီလို ေနာက္ဆက္တြဲ ဆိုးက်ိဳးျဖစ္လာဦးမွာမလို႔ သတိေပးခ်ိန္ ေတာင္မရလိုက္ဘဲ ဆုံးရႈံးသြားခဲ့ရတဲ့ အသက္၊ အိုးအိမ္၊ စည္းစိမ္ေတြလဲ မေရမတြက္ႏိုင္ေတာ့ပါဘူး။

ငလွ်င္နဲ႔ ပတ္သက္လို႔ ဒုတိယနဲ႔ တတိယ အမ်ိဳးအစား ၂ ခု နားလည္သြားေအာင္ ေျပာျပဖို႔လိုေသးသလို ငလွ်င္လႈပ္တဲ့အခါ ျဖစ္ေပၚေနတဲ့ သေဘာသဘာဝကိုလည္း ဆက္လက္တင္ျပသြားပါဦးမယ္။ ေနာက္ၿပီး ငလွ်င္လုပ္တဲ့အခါ အေရးႀကီးဆုံး လုပ္ေဆာင္ရမယ့္ အခ်က္ေတြကိုလည္း ဗဟုသုတအေနနဲ႔ တင္ဆက္ေပးသြားပါဦးမယ္။

2B (Akhayar)

www.akhayar.com

[Unicode]

ဘာလို့ ငလျှင်အန္တရာယ်ကို တိုင်းတာဖို့ မလွယ်ကူတာလဲ

ငလျှင်ကို ကမ္ဘာပေါ်မှာရှိနေတဲ့ ပြတ်ရွေ့ကြီးတွေ လှုပ်ရှားလို့ဖြစ်တယ်လို့ သိပြီးသားဖြစ်ကြမှာပါ။ ဒါဆိုရင် အဲ့ဒီ ပြတ်ရွေ့တွေ ဘာလို့ လှုပ်ရှားရသလဲ၊ မရေမတွက်နိုင်အောင် များပြားလွန်းတဲ့ ပြတ်ရွေ့တွေနဲ့ ပတ်သက်လို့ ပစိဖိတ်မီးကွင်း ဆိုတဲ့ နာမည်ကိုလည်း ကြားဖူးကြမှာပါ။ နောက်ပြီး ငလျှင်ဆိုတာ သတိမပေးဘဲ ဝင်ရောက်လာတဲ့ ကပ်ဘေးအန္တရာယ်မလို့ သုတေသီတွေ ခေတ်မှီနည်းပညာနဲ့ အကာအကွယ်ပေးဖို့ မလွယ်ကူသလဲဆိုတာ ဗဟုသုတ အနေနဲ့ တင်ဆက်သွားပါ့မယ်။

Different Layers of Earth

ဒါဆို ငလျှင်အကြောင်းမပြောသေးခင် ကမ္ဘာကြီးကို ဘယ်လိုဖွဲ့စည်းထားလည်း အရင်ပြောပါ့မယ်။ ပထမဦးဆုံး ကမ္ဘာကို ကြက်ဥတစ်လုံးလို မြင်ယောင်ကြည့်ပါ။ အထဲက အနှစ်ရယ်၊ အရည်ကြည်ရယ်၊ အပြင်ဘက် အခွံရယ်ဆိုပြီး ကြက်ဥထဲမှာ အလွှာ ၃ လွှာ ပါဝင်တာ သတိထားမိမှာပါ။ ဒီလိုပဲ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးကိုလည်း အလွှာတွေနဲ့ ဖွဲ့စည်းထားတာပါ။ အတွင်းဘက် နှစ်လွှာကို Inner Core နဲ့ Outer Core လို့ ခေါ်ဆိုသမုတ်သလို ကြက်ဥအနှစ်လို အဝါရောင်အရည်ရှိနေတဲ့ နေရာကို Inner Core လို့ ရည်ညွန်းပြီး ချောရည်ပူတွေ အမြဲကိန်းအောင်းနေတဲ့ အလွှာလည်း ဖြစ်ပါတယ်။

Different Layers of Earth

ဒီ ချောရည်ပူရဲ့ မျက်နှာပြင်ပေါ်မှာ ကြီးမားကျယ်ပြန်တဲ့ အလွှာအထပ်ထပ်ကို Jigsaw Puzzle လို တစ်ခုနဲ့တခု အဆင့်ဆင့်ထပ် ချိတ်ဆက်ဖွဲ့စည်းထားတာလို့ နားလည်ထားလို့ရပါတယ်။ ပုံမှာဖော်ပြထားတဲ့အတိုင်း မညီမညာ ဖြစ်နေတဲ့ Outer Core အထက်မှာ Mantle အလွှာရှိသေးသလို ကျောက်ဖြာကြီး ၇ ဖြာက အပေါ်ဘက်ဆုံးအလွှာမှာ ခိုင်မာတောင့်တင်းအောင် ထပ်ပြီး ဖုံးအုပ်ထားပါသေးတယ်။ ဒီလိုဆိုတော့ ကျွန်တော်တို့ဟာ အပြင်ဘက်ဆုံးအလွှာမှာ နေနေကြတယ်လို့ ပြောလို့ရသလို Lithosphere လို့လည်း ခေါ်တဲ့ အလွှာထဲမှာ လေထု၊ ရေထုနဲ့ မြေထု တွေလည်းပါဝင်နေပါတယ်။

This is how we live on Earth’s Lithosphere

ဒါဆိုရင် ဘာလို့ ငလျှင်လုပ်သလဲ။ Jigsaw Puzzle ဆိုတဲ့အတိုင်း ကျောက်ဖြာတွေကို မတူညီတဲ့ ရုပ်ပုံလေးတွေကို ရုပ်လုံးမပေါ်မချင်း ချိတ်ဆက်ထားသလိုမျိုး သဘောတရား အတူတူပဲမလို့ ခိုင်မြဲတယ်၊ တောင့်တင်းတယ်လို့ ပြောမရပါဘူး။ ဒါ့အပြင် Lithosphere ထဲမှာ ပါဝင်နေတဲ့ ကျောက်ဖြာ ၇ ဖြာဟာ အမြဲလိုလို ရွေ့လျှားနေတာမလို့ ငလျှင်အများစုဟာ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာပဲ ဖြစ်ပွားလေ့ရှိတာပါ။ ဘာလို့လဲဆို ကျောက်ဖြာတစ်ခုနဲ့တခု ပွတ်တိုက်မိတဲ့အခါမျိုး၊ တစ်ခုနဲ့တခုထပ်သွားတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ တန်ပြန်သက်ရောက်အားတွေကြောင့် ငလျှင်ဆိုတာ ဖြစ်ပေါ်လာရတာပါ။

Earth’s Curst

ဒါဆို တုံ့ပြန်သက်ရောက်အား အဓိပ္ပာယ် သဘောပေါက်သွားအောင် စားပွဲခုံမျက်နှာပြင်ပေါ် လက်ညှိးနဲ့ မျက်နှာမူရာအတိုင်း တွန်းကြည့်ကြည့်ပါ။ ချောမွေ့တဲ့စားပွဲမျက်နှာပြင်က လက်ညိုးပေါ်သက်ရောက်နေတဲ့အားကို တုံ့ပြန်ထားတာ တွေ့ရမှာပါ။ ဒါက Newton အဓိပ္ပာယ်ဖွင့်ဆိုခဲ့တဲ့ Law of Action and Reaction ကြောင့်မလို့ မလိုအပ်ပဲ အားစိုက်တွန်းနေရတာပါ။ အဲ့ဒါထက် သက်ရောက်နေတဲ့ Resistance Force ကြောင့် လက်ညိုးနဲ့ စားပွဲမျက်နှာပြင် ထိနေတဲ့နေရာမှာ Friction ဆိုတဲ့ ပွတ်ဆွဲအား ထပ်ပြီးဖြစ်ပေါ်လာလို့ အပူစွမ်းအင် ထပ်ထွက်လာတာ သတိထားမိမှာပါ။ စားပွဲတစ်ခုလုံးကိုပါ တွန်းချင်သေးတယ်ဆိုရင်တော့ သူ့ရဲ့အလေးချိန်နဲ့ ဘယ်လောက်အားစိုက်ထုတ်ဖို့ လိုမလဲဆိုတာ ဖြည့်သာတွေးကြည့်ပါ။

How friction exists between 2 different forces

ဘာလို့ ဒီလိုပြောရသလဲဆိုရင် ကျောက်ဖြာလို ကြမ်းတမ်းနေတဲ့မျက်နှာပြင် နှစ်ခုပွတ်တိုက်မိပြီဆိုရင်တော့ အခုပြောပြတဲ့ ဥပမာထက် သက်ရောက်အားတွေ အဆပေါင်းများစွာ ကွာခြားသွားပြီမလို့ပါ။ Friction ဆိုတာကလည်း အရာဝတ္ထုရဲ့ မျက်နှာပြင်အလိုက် အားသက်ရောက်မှုရှိသေးတာကြောင့် မျက်နှာပြင်ကြမ်းတမ်းလေ Resistance Force ပိုများလေ၊ စွမ်းအင်ပိုထွက်လေ ဖြစ်နေမှာပါ။ နောက်ပြီး Newton Law of Motion အရ အလျင်တစ်ခုနဲ့ သွားနေတဲ့ အရာဝတ္ထုအရှိန် ဆိုတာကလည်း အလေးချိန်နဲ့ ထပ်ပေါင်းသေးတာမလို့ ကျောက်ဖြာလို ကြီးမားတဲ့အရာဝတ္ထု ၂ ခု စုံတဲ့အခါ၊ တိုက်တဲ့အခါ ဘယ်လောက်ပြင်းထန်မလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

It can hold such devastating power

ဒါကြောင့် ကျောက်ဖြာ ၂ ချပ်၊ ၃ ချပ် စုံပြီဟေ့၊ တိုက်ပြီဟေ့ဆိုရင်တော့ Law of Motion အရ Potential Energy ဖြစ်ပေါ်ပြီး ငလျှင်စွမ်းအား အနည်းငယ်သက်ရောက်မှုရှိမှာပါ။ အဲ့ဒီမှာ မျက်နှာပြင်ကြမ်းတမ်းလေ Resistance Force ပိုများလေ၊ စွမ်းအင်ပိုထွက်လေဆိုတဲ့အတိုင်း Seismic Force ဆိုတဲ့ ငလျှင်လှိုင်းတွေ ပွတ်ဆွဲအားကြောင့် အစပျိုးနေပါပြီ။ ဒီအချိန်မှာ ငလျှင်မလုပ်သေးဘူးဆိုမယ့် မကြာခင်လုပ်တော့မယ်ဆိုတဲ့ ရှေ့ပြေး ငလျှင်လှိုင်းတွေ စတင်နေပြီမလို့ သိပ္ပံပညာရှင်တွေအနေနဲ့ ထောက်လှမ်းလို့ရနေပါပြီ။

An earthquake occurred in Japan

အဲ့ဒီမှာ အရှိန်ပြင်းပြင်း ဆောင့်တိုက်လိုက်တာဖြစ်ဖြစ်၊ ဆောင့်ဆွဲလိုက်တာဖြစ်ဖြစ် Elasticity လို့ ခေါ်တဲ့ ရုန်းပြန်သတ္တိ ထိတွေ့မိတဲ့ အရာဝတ္ထု ၂ ခုလုံးမှာ ဖြစ်ပေါ်လာမှာပါ။ ဒါကို ဘာလို့ ထပ်ပြောရသလဲဆိုရင် ကျောက်တုံးလို မာကျောတဲ့ အရာဝတ္ထုတစ်ခုကို တူနဲ့ အရှိန်ပြင်းပြင်း ထုချပစ်လိုက်ပါ။ ကျောက်တုံးရဲ့ အရွယ်အစားနဲ့ Resistance Force က ထုရိုက်လိုက်တဲ့ အားထက်များနေရင် ပြန်ကန်ထွက်သွားမှာပါ။ ဒါပေမယ့် အားတခုသက်ရောက်လိုက်တာမလို့ အဲ့ဒီစွမ်းအင်ဟာ ပျောက်ပျက်မသွားဘဲ Potential Energy အနေနဲ့တော့ ကျန်နေခဲ့ပါသေးတယ်။ အဲ့သလို မဟုတ်ဘဲ ခံနိုင်ရည်အားလည်း နည်းနေမယ်၊ အရွယ်အစားလည်း သေးငယ်နေမယ်ဆိုရင်တော့ Potential Energy က ကျောက်တုံးတတုံးလို ကြေမွသွားတဲ့အထိ အားသက်ရောက်သွားမယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။

This rubber band is showing good elasticity

ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတာကို ရူပဗေဒသဘာတရားနဲ့ နည်းနည်းထပ်ပြောပါ့မယ်။ ကျောက်တုံးကို ထုရိုက်လိုက်တဲ့ အားကြောင့် မျက်နှာပြင်ပေါ်မှာ Potential Energy ကို ခုခံထားတဲ့ Normal Stress တစ်ခု ဖြစ်ပေါ်လာမှာပါ။ ဒါပေမယ့် တောင့်ခံနိုင်တဲ့ ပမာဏကျော်လွန်သွားခဲ့ရင် ရုပ်ဂုဏ်သတ္တိပျက်စီးသွားမှာဖြစ်သလို Elasticity ဆိုတဲ့ ရုန်းပြန်သတ္တိလည်း မရှိတော့လို့ အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့အထိ ဖြစ်သွားနိုင်တာမလို့ပါ။ ဒါကြောင့် ကျောက်ဖြာ ၂ ချပ်၊ ၃ ချပ်စုံလို့၊ တိုက်လို့ အားသက်ရောက်နေတဲ့အခါမျိုးမှာ Elastic Limit ကျော်သွားတဲ့အထိ ပြင်းထန်လွန်းရင်တော့ ငလျှင်လုပ်ပါပြီ။ အဲ့လို ဖြစ်ခဲ့မယ်ဆိုရင် ကျောက်ဖြာ ၂ ခုတိုက်မိတဲ့ ပြင်းအားကြောင့် ရှေးလူကြီးတွေပြောသလို ငလျှင်မလာခင် တောလှည်းသံကြီး အရင်လာသလို ကြောက်စရာကောင်းတဲ့ အသံကြီးအရင်ဆုံးထွက်ပေါ်လာမှာပါ။

How seismic waves are radiated from epicenter

အသံကြားရပြီး ၁ မိနစ်၊ ၂ မိနစ်လောက်ဆိုတာနဲ့ ငလျှင်လိုင်းတွေ လာတော့မယ်လို့ သိထားလို့ရပါပြီ။ ငလျှင်ဗဟိုနဲ့ ဝေးရင်တော့ အချိန်ပိုကြာတတ်ပြီး ဗဟိုချက်နဲ့ နီးနေရင်တော့ ဖြစ်လာမယ့် အကျိုးဆက်က မတွေးဝံ့စရာပါ။ ဒါကြောင့် ငလျှင်လို သဘာဝဘေးအန္တရာယ်မျိုးဟာ အခုချိန်ထိ တိုင်းတာဖို့မလွယ်ကူဘူးဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ငလျှင် လှုပ်နိုင်မယ့် ပြတ်ရွေ့လို ကျောက်ဖြာတွေတစ်ခုနဲ့တခု ဆက်စပ်နေတဲ့ နေရာကို အန္တရာယ်ဇုန်လို့ သတ်မှတ်ထားပေမယ့် သတိပေးတာမျိုးလောက်ပဲ နည်းပညာရှိပါသေးတယ်။

Pacific Ring o Fire

အပေါ်မှာပြောခဲ့တဲ့ ပစိဖိတ်မီးကွင်းဆိုတာကလည်း ပစိဖိတ်ကျောက်ဖြာက ကျန်တဲ့ ကျောက်ဖြာ ၆ ချပ်ကို ဖိထားတဲ့ အနေအထားမှာရှိနေပါတယ်။ ဒီလို  ပစိဖိတ်ပြတ်ရွေ့ကြီး ဒါမှမဟုတ် မီးလိုပဲ အန္တရာယ်ရှိတာမလို့ ဒုတိယငလျှင် အမျိုးစားထဲ ထည့်သွင်းထားပါတယ်။ အခုလို ကျောက်ဖြာတွေတိုက်လို့ ငလျှင်လုပ်တာမျိုးထက် ချောရည်ပူတွေ ထိုးထွက်လာလို့ Outer Shell နဲ့ Mantle အလွှာမှာ လှိုင်ခေါင်းတွေအဖြစ်ကျန်ရစ်ခဲ့ပြီး အပေါ်ကဝိတ်နဲ့ ကျွံ့ကြတာမျိုးဖြစ်ခဲ့မယ်ဆိုရင် တတိယငလျှင်အမျိုးအစားဖြစ်လာနိုင်ပါတယ်။ အဲ့ဒါထက် သုမ္ဒရာကြမ်းပြင်အောက် ငလျှင်သွားလုပ်မယ်ဆိုရင်လည်း ဆူနာမီလို နောက်ဆက်တွဲ ဆိုးကျိုးဖြစ်လာဦးမှာမလို့ သတိပေးချိန် တောင်မရလိုက်ဘဲ ဆုံးရှုံးသွားခဲ့ရတဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေလဲ မရေမတွက်နိုင်တော့ပါဘူး။

ငလျှင်နဲ့ ပတ်သက်လို့ ဒုတိယနဲ့ တတိယ အမျိုးအစား ၂ ခု နားလည်သွားအောင် ပြောပြဖို့လိုသေးသလို ငလျှင်လှုပ်တဲ့အခါ ဖြစ်ပေါ်နေတဲ့ သဘောသဘာဝကိုလည်း ဆက်လက်တင်ပြသွားပါဦးမယ်။ နောက်ပြီး ငလျှင်လုပ်တဲ့အခါ အရေးကြီးဆုံး လုပ်ဆောင်ရမယ့် အချက်တွေကိုလည်း ဗဟုသုတအနေနဲ့ တင်ဆက်ပေးသွားပါဦးမယ်။

2B (Akhayar)

www.akhayar.com