ေအာင္လအန္ဆန္ (Aung La N Sang) ဘာေၾကာင့္ အႏုိင္ရခဲ့တာလဲ

Why Burmese Python Aung La N San Defeat Alain Ngalani
Why Burmese Python Aung La N San Defeat Alain Ngalani

[Zawgyi]

ေအာင္လအန္ဆန္ (Aung La N Seng) ဘာေၾကာင့္ အႏုိင္ရခဲ့တာလဲ

ျမန္မာ့စပါးအုံးေျမြ (Burmese Python) လုိ႔ တင္စားၾကတဲ့ ေအာင္လအန္ဆန္ (Aung La N Sang) ဟာ အလိန္းဂါလာနီ (Alain Ngalani) နဲ႔ ပထမအခ်ီ ၄မိနစ္၃၁စကၠန္႔မွာပဲ လည္ပင္းခ်ဳပ္ကြက္နဲ႔ အႏုိင္ယူခဲ့တာျဖစ္ပါတယ္။ ကခ်င္တုိင္းရင္းသား ေအာင္လအန္ဆန္ကုိ အားေပးေနတဲ့ ျမန္မာပရိသတ္ေတြအေနနဲ႔ တန္ေဆာင္မုန္းလျပည့္ညဟာ ေပ်ာ္စရာအတိျဖစ္ခဲ့ရပါတယ္။ ပုံမွန္အေျခအေနမွာ (၁၈၅) ေပါင္သာရွိတဲ့ ေအာင္လအန္ဆန္ဟာ ဒီပြဲမွာ ဝိတ္တင္ၿပီး ေပါင္ (၂ဝဝ) ဝန္းက်င္နဲ႔ ပြဲထြက္လာခဲ့သလုိ ၂၂၉ ေပါင္ (၁ဝ၃.၈၇ ကီလုိဂရမ္) ရွိတဲ့ အလိန္းဂါလာနီကလည္း ဝိတ္အနည္းငယ္ေလ်ာ့ၿပီး ရင္ဆုိင္ခဲ့တာပါ။

အလိန္းဂါလာနီဟာ ကစ္ေဘာင္ဆင္ပြဲေပါင္း (၃၅) ပြဲထိ ကစားခဲ့ၿပီး (၂၅) ပြဲအႏုိင္ယူခဲ့ပါတယ္။ သူ႕ရဲ႕အေကာင္းဆုံးအခ်ိန္ေတြကုိ ကစ္ေဘာင္ဆင္ေလာကမွာပဲ အခ်ိန္ကုန္ခဲ့သူပါ။ အဲဒီေနာက္မွာ ေမြထုိင္းပြဲေတြ ထုိးသတ္ခဲ့တာပါ။ ၂ဝ၁၃ခုႏွစ္ေရာက္မွ MMA ေလာကထဲ ဝင္ေရာက္ခဲ့တာပါ။ ဘဝတစ္ေလ်ွာက္လုံး ကစ္ေဘာင္ဆင္နဲ႔ ေမြထုိင္းလုိ Stand Fight ေတြကုိသာ ကစားဖူးတဲ့ အလိန္းဂါလာနီဟာ ၾကမ္းျပင္ေပၚမွာ အပူးအခ်ဳပ္ကုိ အဓိကထားရတဲ့ Ground Fight ကုိေတာ့ အားနည္းမွာပါပဲ။ ဒါ့ေၾကာင့္လည္း ေအာင္လအန္ဆန္ဟာ ခြန္အားဗလႀကီးမားၿပီး Stand Fight ေကာင္းတဲ့ အလိန္းဂါလာနီကုိ အပူးအခ်ဳပ္ေတြနဲ႔သာ ကစားခဲ့ပါတယ္။

Stand Fight ေကာင္းတဲ့ အလိန္းဂါလာနီ (Alain Ngalani)
Stand Fight ေကာင္းတဲ့ အလိန္းဂါလာနီ (Alain Ngalani)

ေအာင္လအန္ဆန္ဟာ အမိေျမမွာ ဝိတ္တန္းမတူတဲ့ၿပိဳင္ဘက္နဲ႔ ထုိးသတ္ရမွာျဖစ္တဲ့ အေကာင္းဆုံးျပင္ဆင္လာမွန္း သိသာခဲ့ပါတယ္။ ပြဲစၿပီး ၁မိနစ္ေလာက္မွာ အလိန္းဂါလာနီဟာ အားသုံးၿပီး အေပၚကေန အပုိင္အႏုိင္ထုိးသတ္ဖုိ႔ ႀကိဳးစားေပမယ့္ ေအာင္လအန္ဆန္ဟာ သူကြ်မ္းက်င္တဲ့ ဘရာဇီးဂ်ဴဂ်စ္ဆုနည္းကုိ အေကာင္းဆုံးအသုံးခ်သြားတာပါ။ ဒီအခ်ိန္မွာ အေပၚကျဖစ္တဲ့ အလိန္းဂါလာနီဟာ ေအာက္ကက်ေနတဲ့ ေအာင္လအန္ဆန္ကုိ ဘာေၾကာင့္အလဲမထုိးႏုိင္ရတာလဲလုိ႔ ေမးစရာရွိပါတယ္။ အားကစားမွာ လူေကာင္ႀကီးတုိင္း အႏုိင္ယူရတာ မဟုတ္ပါဘူး။ လူေကာင္ေသးေပမယ့္ ပြဲအေတြ႕အၾကံဳ၊ ကုိယ္လက္ၾကံ့ခုိင္မႈနဲ႔ နည္းစနစ္ေပါင္းစပ္လုိက္ရင္ “ေၾကြတစ္လွည့္ ၾကက္တစ္ခုန္” ပါပဲ။

ေအာင္လအန္ဆန္ဟာ အရပ္အျမင့္ ၁၈၅ စင္တီမီတာ (၆ေပ ၁လက္မ) ရွိပါတယ္။ အလိန္းဂါလာနီကေတာ့ ၁၈ဝ စင္တီမီတာ (၅ေပ ၁ဝလက္မ) သာရွိပါတယ္။ ႏွစ္ဦးခ်င္းရင္ဆုိင္ထုိးတဲ့အခ်ိန္မွာ အလိန္းဂါလာနီရဲ႕ေမးဟာ ေအာင္လအန္ဆန္ရဲ႕ပုခုံးေလာက္မွာပဲ ရွိပါတယ္။ (ဒီအေနအထားမွာ ေအာင္လအန္ဆန္ဟာ အနည္းငယ္ယုိင္ေနတဲ့အတြက္ ျဖစ္ပါတယ္။) ေအာင္လအန္ဆန္ဟာ လည္ပင္းကုိ ေသခ်ာခ်ဳပ္ၿပီးတာနဲ႔ ၾကမ္းျပင္ေပၚကုိ ေလ်ာခ်လုိက္တဲ့သေဘာပါပဲ။ ဒါကုိ အားကစားမွာ Guillotine Choke လုိ႔ ေခၚပါတယ္။ ဒီအခ်ိန္မွာ အလိန္းဂါလာနီတစ္ေယာက္ ဘာမွမတက္ႏုိင္ဘဲနဲ႔ အသက္ရႈၾကပ္သြားၿပီး အရႈံးေပးလုိက္ရတာျဖစ္ပါတယ္။ ဒီအေျခအေနမွာ (၁) မိနစ္ေလာက္ၾကာသြားမယ္ဆုိရင္ အလိန္းဂါလာနီ ေသဆုံးသြားႏုိင္ပါတယ္။

Guillotine Choke ပြဲသိမ္းတုိက္ကြက္
Guillotine Choke ပြဲသိမ္းတုိက္ကြက္

ပထမအခ်ီမၿပီးေသးခင္မွာပဲ ပြဲအေျဖေပၚသြားတဲ့အတြက္ ေအာင္လအန္ဆန္ပြဲကုိ ေစာင့္ေမ်ွာ္အားေပးရတဲ့ ျမန္မာပရိသတ္ေတြအေနနဲ႔ မခ်င့္မရဲျဖစ္ၾကေပမယ့္ ကုိယ့္လူမ်ိဳးအႏုိင္ရတဲ့အတြက္ ေျဖသာႏုိင္ပါတယ္။ အားကစားပြဲေတြမွာ ကုိယ့္ဘက္က အခ်ိန္အၾကာႀကီး ၾကည့္ရမယ္လုိ႔ ေမ်ွာ္လင့္ထားေပမယ့္ အခုလုိ ျမန္ျမန္ဆန္ဆန္ၿပီးဆုံးသြားတဲ့ ပြဲေတြကလည္း အမ်ားႀကီးပါ။ ေအာင္လန္အန္ဆန္း အႏုိင္ရခဲ့တဲ့အေၾကာင္းေတြကေတာ့ ၿပိဳင္ဘက္အားနည္းခ်က္ကုိ အသုံးခ်ႏုိင္မႈ၊ ပါးနပ္မႈေတြနဲ႔ ျမန္မာပရိသတ္အားေတြေၾကာင့္ပဲျဖစ္ပါတယ္။

ဓာတ္ပုံမူရင္း – One Championship

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အောင်လအန်ဆန် (Aung La N Sang) ဘာကြောင့် အနိုင်ရခဲ့တာလဲ

မြန်မာ့စပါးအုံးမြွေ (Burmese Python) လို့ တင်စားကြတဲ့ အောင်လအန်ဆန် (Aung La N Sang) ဟာ အလိန်းဂါလာနီ (Alain Ngalani) နဲ့ ပထမအချီ ၄မိနစ်၃၁စက္ကန့်မှာပဲ လည်ပင်းချုပ်ကွက်နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ကို အားပေးနေတဲ့ မြန်မာပရိသတ်တွေအနေနဲ့ တန်ဆောင်မုန်းလပြည့်ညဟာ ပျော်စရာအတိဖြစ်ခဲ့ရပါတယ်။ ပုံမှန်အခြေအနေမှာ (၁၈၅) ပေါင်သာရှိတဲ့ အောင်လအန်ဆန်ဟာ ဒီပွဲမှာ ဝိတ်တင်ပြီး ပေါင် (၂ဝဝ) ဝန်းကျင်နဲ့ ပွဲထွက်လာခဲ့သလို ၂၂၉ ပေါင် (၁ဝ၃.၈၇ ကီလိုဂရမ်) ရှိတဲ့ အလိန်းဂါလာနီကလည်း ဝိတ်အနည်းငယ်လျော့ပြီး ရင်ဆိုင်ခဲ့တာပါ။

အလိန်းဂါလာနီဟာ ကစ်ဘောင်ဆင်ပွဲပေါင်း (၃၅) ပွဲထိ ကစားခဲ့ပြီး (၂၅) ပွဲအနိုင်ယူခဲ့ပါတယ်။ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ကစ်ဘောင်ဆင်လောကမှာပဲ အချိန်ကုန်ခဲ့သူပါ။ အဲဒီနောက်မှာ မွေထိုင်းပွဲတွေ ထိုးသတ်ခဲ့တာပါ။ ၂ဝ၁၃ခုနှစ်ရောက်မှ MMA လောကထဲ ဝင်ရောက်ခဲ့တာပါ။ ဘဝတစ်လျှောက်လုံး ကစ်ဘောင်ဆင်နဲ့ မွေထိုင်းလို Stand Fight တွေကိုသာ ကစားဖူးတဲ့ အလိန်းဂါလာနီဟာ ကြမ်းပြင်ပေါ်မှာ အပူးအချုပ်ကို အဓိကထားရတဲ့ Ground Fight ကိုတော့ အားနည်းမှာပါပဲ။ ဒါ့ကြောင့်လည်း အောင်လအန်ဆန်ဟာ ခွန်အားဗလကြီးမားပြီး Stand Fight ကောင်းတဲ့ အလိန်းဂါလာနီကို အပူးအချုပ်တွေနဲ့သာ ကစားခဲ့ပါတယ်။

Stand Fight ကောင်းတဲ့ အလိန်းဂါလာနီ (Alain Ngalani)
Stand Fight ကောင်းတဲ့ အလိန်းဂါလာနီ (Alain Ngalani)

အောင်လအန်ဆန်ဟာ အမိမြေမှာ ဝိတ်တန်းမတူတဲ့ပြိုင်ဘက်နဲ့ ထိုးသတ်ရမှာဖြစ်တဲ့ အကောင်းဆုံးပြင်ဆင်လာမှန်း သိသာခဲ့ပါတယ်။ ပွဲစပြီး ၁မိနစ်လောက်မှာ အလိန်းဂါလာနီဟာ အားသုံးပြီး အပေါ်ကနေ အပိုင်အနိုင်ထိုးသတ်ဖို့ ကြိုးစားပေမယ့် အောင်လအန်ဆန်ဟာ သူကျွမ်းကျင်တဲ့ ဘရာဇီးဂျူဂျစ်ဆုနည်းကို အကောင်းဆုံးအသုံးချသွားတာပါ။ ဒီအချိန်မှာ အပေါ်ကဖြစ်တဲ့ အလိန်းဂါလာနီဟာ အောက်ကကျနေတဲ့ အောင်လအန်ဆန်ကို ဘာကြောင့်အလဲမထိုးနိုင်ရတာလဲလို့ မေးစရာရှိပါတယ်။ အားကစားမှာ လူကောင်ကြီးတိုင်း အနိုင်ယူရတာ မဟုတ်ပါဘူး။ လူကောင်သေးပေမယ့် ပွဲအတွေ့အကြုံ၊ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပေါင်းစပ်လိုက်ရင် “ကြွေတစ်လှည့် ကြက်တစ်ခုန်” ပါပဲ။

အောင်လအန်ဆန်ဟာ အရပ်အမြင့် ၁၈၅ စင်တီမီတာ (၆ပေ ၁လက်မ) ရှိပါတယ်။ အလိန်းဂါလာနီကတော့ ၁၈ဝ စင်တီမီတာ (၅ပေ ၁ဝလက်မ) သာရှိပါတယ်။ နှစ်ဦးချင်းရင်ဆိုင်ထိုးတဲ့အချိန်မှာ အလိန်းဂါလာနီရဲ့မေးဟာ အောင်လအန်ဆန်ရဲ့ပုခုံးလောက်မှာပဲ ရှိပါတယ်။ (ဒီအနေအထားမှာ အောင်လအန်ဆန်ဟာ အနည်းငယ်ယိုင်နေတဲ့အတွက် ဖြစ်ပါတယ်။) အောင်လအန်ဆန်ဟာ လည်ပင်းကို သေချာချုပ်ပြီးတာနဲ့ ကြမ်းပြင်ပေါ်ကို လျောချလိုက်တဲ့သဘောပါပဲ။ ဒါကို အားကစားမှာ Guillotine Choke လို့ ခေါ်ပါတယ်။ ဒီအချိန်မှာ အလိန်းဂါလာနီတစ်ယောက် ဘာမှမတက်နိုင်ဘဲနဲ့ အသက်ရှုကြပ်သွားပြီး အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။ ဒီအခြေအနေမှာ (၁) မိနစ်လောက်ကြာသွားမယ်ဆိုရင် အလိန်းဂါလာနီ သေဆုံးသွားနိုင်ပါတယ်။

Guillotine Choke ပွဲသိမ်းတိုက်ကွက်
Guillotine Choke ပွဲသိမ်းတိုက်ကွက်

ပထမအချီမပြီးသေးခင်မှာပဲ ပွဲအဖြေပေါ်သွားတဲ့အတွက် အောင်လအန်ဆန်ပွဲကို စောင့်မျှော်အားပေးရတဲ့ မြန်မာပရိသတ်တွေအနေနဲ့ မချင့်မရဲဖြစ်ကြပေမယ့် ကိုယ့်လူမျိုးအနိုင်ရတဲ့အတွက် ဖြေသာနိုင်ပါတယ်။ အားကစားပွဲတွေမှာ ကိုယ့်ဘက်က အချိန်အကြာကြီး ကြည့်ရမယ်လို့ မျှော်လင့်ထားပေမယ့် အခုလို မြန်မြန်ဆန်ဆန်ပြီးဆုံးသွားတဲ့ ပွဲတွေကလည်း အများကြီးပါ။ အောင်လန်အန်ဆန်း အနိုင်ရခဲ့တဲ့အကြောင်းတွေကတော့ ပြိုင်ဘက်အားနည်းချက်ကို အသုံးချနိုင်မှု၊ ပါးနပ်မှုတွေနဲ့ မြန်မာပရိသတ်အားတွေကြောင့်ပဲဖြစ်ပါတယ်။

ဓာတ်ပုံမူရင်း – One Championship

ကျော်စိုးအောင် (အခရာ)

www.akhayar.com