[Zawgyi]

ေဘာလီးဝုဒ္စူပါမင္းသားႀကီး ေအမာခန္း (Aamir Khan) ဟာဆုိရင္ တရုတ္ႏုိင္ငံရဲ႕ လူမႈကြန္ရက္ဝက္ဘ္ဆုိက္တစ္ခုျဖစ္တဲ့ Weibo မွာ အိႏၵိယဝန္ႀကီးခ်ဳပ္ နရမ္ဒရာ မုိဒီ (Narendra Modi) ကုိေက်ာ္လြန္ၿပီးေတာ့ ပရိသတ္အမ်ားဆုံးအိႏၵိယႏုိင္ငံသား ျဖစ္လာခဲ့ပါၿပီ။ ဝန္ႀကီးခ်ဳပ္ မုိဒီဟာ Fans ၁၆ဝ,ဝဝဝ ရွိေပမယ့္ ေအမာခန္းဟာ ၆၅ဝ,ဝဝဝ Fans အထိ ရွိလာတာျဖစ္ပါတယ္။ ကဲ . . ေအမာခန္းကုိ တရုတ္ႏုိင္ငံက ႏႈတ္ခမ္းနီမေလးေတြသာမက ေယာက္်ားရင့္မာႀကီးေတြေတာင္ သည္းသည္းလႈပ္ျဖစ္ေနပါၿပီ။ ဘာျဖစ္လုိ႔ လူႀကိဳက္မ်ားလာတာလဲ။

Dangal-Quad

၂ဝ၁၆ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး “Let’s wrestle, Dad” လုိ႔အဓိပၸာယ္ရတဲ့ “Dangal” ဇာတ္ကားဟာ တရုတ္ႏုိင္ငံမွာ ဝင္ေငြအေကာင္းဆုံးေဘာလီးဝုဒ္ဇာတ္လမ္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ေအမာခန္းဟာ သမီးငယ္ႏွစ္ေယာက္ကုိ ကမၻာ့အဆင့္နပန္းသမားျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ နပန္းသမားေဟာင္းႀကီး မဟာဗီးရ္ ဆင္းပုိဂတ္ (Mahavir Singh Phogat) အျဖစ္ သရုပ္ေဆာင္ခ်က္ေတြဟာ လူႀကိဳက္မ်ားခဲ့ပါတယ္။ ၂ဝ၁၄မွာ က်င္းပတဲ့ Commonwealth Games မွာ သမီးႀကီး ဂီတာဖုိးဂတ္ (Geeta Phogat) ကုိ ေရႊတံဆိပ္ရေအာင္ လမ္းညႊန္ျပသေနတဲ့ မဟာဗီးရ္ ဆင္းပုိဂတ္ရဲ႕ ဖခင္တစ္ေယာက္ရဲ႕ေမတၱာကုိသာမက ဆရာတစ္ေယာက္ရဲ႕ ကရုဏာေဒါသေတြကုိပါ ေအမာခန္းဟာ “Dangal” ဇာတ္ကားမွာ ေပၚလြင္ေအာင္သရုပ္ေဆာင္ႏုိင္ခဲ့တဲ့အတြက္ တရုတ္ျပည္မွာ ေရပန္းစားေနတာျဖစ္ပါတယ္။

You May Like : ကမၻာေက်ာ္မင္းသားတစ္ေယာက္ရဲ႕ ဘဝခရီးၾကမ္း

တရုတ္ႏုိင္ငံမွာ Dangal ရုပ္ရွင္ဇာတ္ကားဟာ အေမရိကန္ေဒၚလာ သန္း၁ဝဝအထိ ရခဲ့ၿပီး Weibo ေပၚမွာလည္း ေအမာခန္းကုိ ခ်ီးက်ဴးတာေတြ ျပဳလုပ္ၾကပါတယ္။ #LetsWrestleDad” Hashtag ဟာ ေရပန္းစားရုံမက ၂၅.၈သန္းအထိ ရွိလာပါတယ္။ “ Dangal ဇာတ္ကားကုိ ၾကည့္ၿပီး ရုပ္ရွင္ရုံထဲမွာ ငုိေၾကြးရပါတယ္။ ေအမာခန္းရဲ႕ သရုပ္ေဆာင္ခ်က္ေတြက အရမ္းေပၚလြင္ပါတယ္” လုိ႔ Weibo အသုံးျပဳသူတစ္ေယာက္က ပုိ႔စ္တင္ထားသလုိ “ေအမာခန္းဟာ ၁၉ႏွစ္ဇာတ္ရုပ္၊ ၂၉ႏွစ္ဇာတ္ရုပ္နဲ႔ ၅၅ႏွစ္အရြယ္အထိေတာင္ ပီျပင္ေအာင္ သရုပ္ေဆာင္ႏုိင္တယ္။ ခႏၵာကုိယ္ကုိလည္း ၁၉၄ေပါင္ကေန ၁၄၄ေပါင္အထိ ကုိယ္အေလးခ်ိန္ အတင္အခ်လုပ္ႏုိင္ေတာ့ ဇာတ္ကြက္မ်ိဳးစုံနဲ႔ လုိက္ဖက္တာေပါ့” လုိ႔ ပုိ႔စ္တင္ထားပါေသးတယ္။

Dangal-

အမ်ိဳးသမီးေတြကုိ ဖိႏွိပ္ခ်ဳပ္ခ်ယ္ထားတဲ့သရုပ္နဲ႔ သားသမီးေတြအတြက္ ဖခင္တစ္ေယာက္ရဲ႕ေမတၱာသရုပ္ေတြဟာ တရုတ္ျပည္မွာ လူႀကိဳက္မ်ားရျခင္းအေၾကာင္းေတြျဖစ္ပါတယ္။ ေအမာခန္းရဲ႕တရုတ္ႏုိင္ငံမွာ ေအာင္ျမင္ျခင္းနဲ႔အတူ ေဘာလီးဝုဒ္ဇာတ္လမ္းေတြလည္း လႊမ္းမုိးလာႏုိင္တယ္လုိ႔ သုံးသပ္မိပါတယ္။ ဓာတ္ပုံမူရင္း – www.glamsham.com

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘောလီးဝုဒ်စူပါမင်းသားကြီး အေမာခန်း (Aamir Khan) ဟာဆိုရင် တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Weibo မှာ အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာ မိုဒီ (Narendra Modi) ကိုကျော်လွန်ပြီးတော့ ပရိသတ်အများဆုံးအိန္ဒိယနိုင်ငံသား ဖြစ်လာခဲ့ပါပြီ။ ဝန်ကြီးချုပ် မိုဒီဟာ Fans ၁၆ဝ,ဝဝဝ ရှိပေမယ့် အေမာခန်းဟာ ၆၅ဝ,ဝဝဝ Fans အထိ ရှိလာတာဖြစ်ပါတယ်။ ကဲ . . အေမာခန်းကို တရုတ်နိုင်ငံက နှုတ်ခမ်းနီမလေးတွေသာမက ယောက်ျားရင့်မာကြီးတွေတောင် သည်းသည်းလှုပ်ဖြစ်နေပါပြီ။ ဘာဖြစ်လို့ လူကြိုက်များလာတာလဲ။

Dangal-Quad၂ဝ၁၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီး “Let’s wrestle, Dad” လို့အဓိပ္ပာယ်ရတဲ့ “Dangal” ဇာတ်ကားဟာ တရုတ်နိုင်ငံမှာ ဝင်ငွေအကောင်းဆုံးဘောလီးဝုဒ်ဇာတ်လမ်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အေမာခန်းဟာ သမီးငယ်နှစ်ယောက်ကို ကမ္ဘာ့အဆင့်နပန်းသမားဖြစ်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ နပန်းသမားဟောင်းကြီး မဟာဗီးရ် ဆင်းပိုဂတ် (Mahavir Singh Phogat) အဖြစ် သရုပ်ဆောင်ချက်တွေဟာ လူကြိုက်များခဲ့ပါတယ်။ ၂ဝ၁၄မှာ ကျင်းပတဲ့ Commonwealth Games မှာ သမီးကြီး ဂီတာဖိုးဂတ် (Geeta Phogat) ကို ရွှေတံဆိပ်ရအောင် လမ်းညွှန်ပြသနေတဲ့ မဟာဗီးရ် ဆင်းပိုဂတ်ရဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုသာမက ဆရာတစ်ယောက်ရဲ့ ကရုဏာဒေါသတွေကိုပါ အေမာခန်းဟာ “Dangal” ဇာတ်ကားမှာ ပေါ်လွင်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် တရုတ်ပြည်မှာ ရေပန်းစားနေတာဖြစ်ပါတယ်။

You May Like : ကမ္ဘာကျော်မင်းသားတစ်ယောက်ရဲ့ ဘဝခရီးကြမ်း

တရုတ်နိုင်ငံမှာ Dangal ရုပ်ရှင်ဇာတ်ကားဟာ အမေရိကန်ဒေါ်လာ သန်း၁ဝဝအထိ ရခဲ့ပြီး Weibo ပေါ်မှာလည်း အေမာခန်းကို ချီးကျူးတာတွေ ပြုလုပ်ကြပါတယ်။ #LetsWrestleDad” Hashtag ဟာ ရေပန်းစားရုံမက ၂၅.၈သန်းအထိ ရှိလာပါတယ်။ “ Dangal ဇာတ်ကားကို ကြည့်ပြီး ရုပ်ရှင်ရုံထဲမှာ ငိုကြွေးရပါတယ်။ အေမာခန်းရဲ့ သရုပ်ဆောင်ချက်တွေက အရမ်းပေါ်လွင်ပါတယ်” လို့ Weibo အသုံးပြုသူတစ်ယောက်က ပို့စ်တင်ထားသလို “အေမာခန်းဟာ ၁၉နှစ်ဇာတ်ရုပ်၊ ၂၉နှစ်ဇာတ်ရုပ်နဲ့ ၅၅နှစ်အရွယ်အထိတောင် ပီပြင်အောင် သရုပ်ဆောင်နိုင်တယ်။ ခန္ဒာကိုယ်ကိုလည်း ၁၉၄ပေါင်ကနေ ၁၄၄ပေါင်အထိ ကိုယ်အလေးချိန် အတင်အချလုပ်နိုင်တော့ ဇာတ်ကွက်မျိုးစုံနဲ့ လိုက်ဖက်တာပေါ့” လို့ ပို့စ်တင်ထားပါသေးတယ်။

Dangal-အမျိုးသမီးတွေကို ဖိနှိပ်ချုပ်ချယ်ထားတဲ့သရုပ်နဲ့ သားသမီးတွေအတွက် ဖခင်တစ်ယောက်ရဲ့မေတ္တာသရုပ်တွေဟာ တရုတ်ပြည်မှာ လူကြိုက်များရခြင်းအကြောင်းတွေဖြစ်ပါတယ်။ အေမာခန်းရဲ့တရုတ်နိုင်ငံမှာ အောင်မြင်ခြင်းနဲ့အတူ ဘောလီးဝုဒ်ဇာတ်လမ်းတွေလည်း လွှမ်းမိုးလာနိုင်တယ်လို့ သုံးသပ်မိပါတယ်။  ဓာတ်ပုံမူရင်း – www.glamsham.com

ကျော်စိုးအောင် (အခရာ)

www.akhayar.com