[Zawgyi]

ေအာင္လအန္ဆန္ဟာ ဘာေၾကာင့္ ပထမအခ်ီမွာပဲ အႏုိင္ရခဲ့တာလဲ

‘ONE Championship : Pursuit of Greatness’ လုိ႔ နာမည္ေပးထားတဲ့ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံပြဲကုိ ေအာက္တုိဘာလ (၂၆) ရက္ေန႔ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားရုံမွာ က်င္းပခဲ့ၿပီး လုိက္ဟဲဗီးဝိတ္တန္းနဲ႔ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္ (Aung La N Sang) ဟာ လက္ဘႏြန္ႏုိင္ငံသား မုိဟာမက္ခရာကီ (Mohammad Karaki) ကုိ ဒိုင္ပြဲရပ္န႔ဲ အႏုိင္ရရွိခဲ့ပါတယ္။ ပထမအခ်ီ (၂) မိနစ္ (၂၁) စကၠန္႔မွာပဲ အလဲထုိးႏုိင္ခဲ့တာျဖစ္ၿပီး ပြဲၾကည့္သူပရိသတ္ေတြအေနနဲ႔ အားရမယ္လုိ႔ ေမ်ွာ္လင့္မိပါတယ္။

ျမန္မာပရိသတ္ေတြက ေအာင္လအန္ဆန္ပြဲ အားေပးမယ္ဆုိၿပီး ညေန (၆) နာရီေလာက္တည္းက ဖန္သားျပင္ေရွ႕မွာ ေစာင့္ေနၾကတယ္။ (တခ်ိဳ႕ကေတာ့ လက္ဖက္ရည္ဆုိင္မွာေပါ့) ေရွ႕ထြက္ပြဲက (၁ဝ) ဆုိင္းေတာင္ရွိတဲ့အတြက္ ေခါင္ပြဲ (Main Fight) ေရာက္တဲ့အခ်ိန္မွာ (၁ဝ) နာရီ (၁၂) မိနစ္ေတာင္ ရွိေနပါၿပီ။ ကုိယ့္လူမ်ိဳးကုိ ခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႔ တီဗီြဖန္သားျပင္ေရွ႕မွာ ဇြဲရွိရွိနဲ႔ ထုိင္ေစာင့္ေနရတဲ့ ျမန္မာပရိသတ္ေတြပါ။ (ကြင္းထဲအထိ သြားေပးၾကတဲ့ ပရိသတ္ေတြကလည္း ေလးစားစရာေကာင္းပါတယ္။) ေလးနာရီနီးပါး ဖင္ပူေအာင္ ထုိင္ေစာင့္ေနၿပီးမွ ေအာင္လအန္ဆန္ပြဲဟာ ပထမအခ်ီမွာပဲ အဆုံးသတ္သြားတဲ့အတြက္ အားမလုိအားမရျဖစ္သြားတဲ့ ပရိသတ္ေတြရဲ႕ ခံစားခ်က္ကုိ နားလည္ေပးလုိ႔ရပါတယ္။

တကယ္ေတာ့ မုိဟာမက္ခရာကီဆုိတာ Ground Fight မွာ ထူးခြ်န္တဲ့သူပါ။ အႏုိင္ရခဲ့တဲ့ (၉) ပြဲလုံးမွာလည္း သူအားသာတဲ့ အခ်ဳပ္အသုိင္းနဲ႔ပဲ အမွတ္ယူခဲ့တာ။ (၈) ပြဲက ပထမအခ်ီမွာပဲ အႏုိင္ယူခဲ့တာ အားလုံးသိခဲ့တဲ့အတုိင္း။ ဒါေပမယ့္ သူရင္ဆုိင္ရတာက အေရွ႕အလယ္ပုိင္းေဒသမွာ အေျခစုိက္တဲ့ Desert Force Championship (DFC) နဲ႔ Phoenix Fighting Championship မွာ ထုိးေနတဲ့ သာမန္ကစားသမား မဟုတ္ဖူး။ အခ်ဳပ္အသုိင္းေကာင္းလြန္းလုိ႔ ‘ျမန္မာ့စပါးအုံးေျမြ (Burmese Python)’ လုိ႔ တင္စားၾကတဲ့ ေအာင္လအန္ဆန္ပဲ။

ဝိတ္တန္းႏွစ္ခုရဲ႕ ကမၻာ့ခ်န္ပီယံ

မုိဟာမက္ခရာကီဟာ ပထမအခ်ီလႊတ္တာနဲ႔ တစ္မိနစ္မျပည့္ေသးခင္မွာပဲ စခ်ဳပ္ေတာ့တာပဲ။ အဲဒါက သူလုပ္ေနက် အကြက္ေလ။ ဒါေပမယ့္ သူ႕ အကြက္ကုိ ႀကိဳသိေနတဲ့ ေအာင္လအန္ဆန္က ပါးပါးနပ္နပ္ ေရွာင္တိမ္းႏုိင္တယ္။ Stand Fight နဲ႔ Ground Fight ပါ မ်ွတေအာင္ ကစားႏုိင္တဲ့ ေအာင္လအန္ဆန္ဟာ Stand Fight အားနည္းတဲ့ မုိဟာမက္ခရာကီကုိ ေကာင္းေကာင္းတုိက္စစ္ဆင္တာပဲ။ ေျဖာင့္လက္သီး၊ ဝုိက္လက္သီးေတြနဲ႔ မိတ္ဆက္ေပးတယ္။ မာဂုဏ္အားနည္းတဲ့ မုိဟာမက္ခရာကီဟာ ေအာင္လအန္ဆန္ရ႕ဲ လက္သီးခ်က္ေတြကုိ မခံႏုိင္ခဲ့ဘူး။ ေအာင္လအန္ဆန္ဟာ အခ်ဳပ္အသိုင္းေကာင္းတယ္လုိ႔သာ နာမည္ႀကီးေပမယ့္ သူ႕ မွာ ၿပိဳင္ဘက္တစ္ေယာက္ကုိ ဘုန္းခနဲလဲသြားႏုိင္တဲ့ ပါဝါလက္သီးရွိတယ္။ ဒီအားသာခ်က္နဲ႔ အႏုိင္ယူသြားတာ။ ဒုိင္လူႀကီးအေနနဲ႔ ပထမအခ်ီမွာပဲ ဘာေၾကာင့္ရပ္လုိက္သလဲလုိ႔ ေမးစရာရွိတယ္။ အခုပုံစံအတုိင္းသာ ဆက္လႊတ္ထားရင္ မုိဟာမက္ခရာကီဟာ ေဆးရုံမွာ တစ္လေလာက္ တက္ကုလုိက္ရမယ္။

မုိဟာမက္ခရာကီဆုိတာ ရႈံးပြဲမရွိေသးတဲ့ ကစားသမားဆုိေပမယ့္ ေအာင္လအန္ဆန္နဲ႔ ေတြ႕လုိက္ေတာ့ က်ားနဲ႔ေတြ႕တဲ့ ယုန္သူငယ္လုိျဖစ္သြားတယ္။ ေအာင္လအန္ဆန္ဟာ ရႈံးပြဲမရွိေသးတဲ့ ကစားသမားေတြကုိ အႏုိင္ယူဖူးတဲ့ အစဥ္အလာရွိျပန္တယ္။ ၂ဝ၁၆ခုႏွစ္ ဇူလုိင္လ (၂) ရက္ေန႔တုန္းက ရႈံးပြဲမရွိကစားသမား Alexey Butorin ကုိ အႏုိင္ယူဖူးသလုိ ၂ဝ၁၇ခုႏွစ္ ဇြန္လ (၃ဝ) ရက္ေန႔တုန္းက Vitaly Bigdash ကုိလည္း ႏုိင္ဖူးတယ္။ ဒါ့ေၾကာင့္ ရႈံးပြဲမရွိေသးတဲ့ ကစားသမားေတြနဲ႔ ရင္ဆုိင္ရတာ သူ႕အတြက္ အထူးအဆန္းေတာ့ မဟုတ္ျပန္ဘူး။ ေအာင္လအန္ဆန္ဟာ ဒီပြဲအတြက္ အခ်ိန္ (၁၂) ပတ္ေက်ာ္ ေလ့က်င့္လာခဲ့တယ္။ ျပင္ဆင္ထားမွန္း သိသာျပန္တယ္။

ပထမအခ်ီမၿပီးေသးခင္မွာပဲ ပြဲအေျဖေပၚသြားတဲ့အတြက္ ေအာင္လအန္ဆန္ပြဲကုိ ေစာင့္ေမ်ွာ္အားေပးရတဲ့ ျမန္မာပရိသတ္ေတြအေနနဲ႔ မခ်င့္မရဲျဖစ္ၾကေပမယ့္ ကုိယ့္လူမ်ိဳးအႏုိင္ရတဲ့အတြက္ ေျဖသာႏုိင္ပါတယ္။) ေအာင္လအန္ဆန္ဟာ ၿပိဳင္ဘက္ကစားသမားရဲ႕အေျခအေနကုိ အခ်ိန္တုိအတြင္း အကဲခတ္ႏုိင္တဲ့အတြက္ ပထမအခ်ီအတြင္း ပြဲသိမ္းသြားတာပါ။

အားကစားပြဲေတြမွာ ကုိယ့္ဘက္က အခ်ိန္အၾကာႀကီး ၾကည့္ရမယ္လုိ႔ ေမ်ွာ္လင့္ထားေပမယ့္ အခုလုိ ျမန္ျမန္ဆန္ဆန္ၿပီးဆုံးသြားတဲ့ ပြဲေတြကလည္း အမ်ားႀကီးပါ။ (ဒီလုိပြဲမ်ိဳးက အလိန္းဂါလာနီ (Alain Ngalani) နဲ႔ အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado) တုန္းကလည္း ၾကံဳဖူးပါတယ္။ ေအာင္လန္အန္ဆန္ အႏုိင္ရခဲ့တဲ့ အေၾကာင္းေတြကေတာ့ ၿပိဳင္ဘက္အားနည္းခ်က္ကုိ အသုံးခ်ႏုိင္မႈ၊ ေလ့က်င့္ရည္ျပည့္ဝမႈ၊ ပါးနပ္မႈေတြနဲ႔ ျမန္မာပရိသတ္အားေတြေၾကာင့္ပဲျဖစ္ပါတယ္။

Photo Credit – One Championship ၊ Phoenix Fighting Championship

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

အောင်လအန်ဆန်ဟာ ဘာကြောင့် ပထမအချီမှာပဲ အနိုင်ရခဲ့တာလဲ

‘ONE Championship : Pursuit of Greatness’ လို့ နာမည်ပေးထားတဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံပွဲကို အောက်တိုဘာလ (၂၆) ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ ကျင်းပခဲ့ပြီး လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် (Aung La N Sang) ဟာ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီ (Mohammad Karaki) ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမအချီ (၂) မိနစ် (၂၁) စက္ကန့်မှာပဲ အလဲထိုးနိုင်ခဲ့တာဖြစ်ပြီး ပွဲကြည့်သူပရိသတ်တွေအနေနဲ့ အားရမယ်လို့ မျှော်လင့်မိပါတယ်။

မြန်မာပရိသတ်တွေက အောင်လအန်ဆန်ပွဲ အားပေးမယ်ဆိုပြီး ညနေ (၆) နာရီလောက်တည်းက ဖန်သားပြင်ရှေ့မှာ စောင့်နေကြတယ်။ (တချို့ကတော့ လက်ဖက်ရည်ဆိုင်မှာပေါ့) ရှေ့ထွက်ပွဲက (၁ဝ) ဆိုင်းတောင်ရှိတဲ့အတွက် ခေါင်ပွဲ (Main Fight) ရောက်တဲ့အချိန်မှာ (၁ဝ) နာရီ (၁၂) မိနစ်တောင် ရှိနေပါပြီ။ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ တီဗွီဖန်သားပြင်ရှေ့မှာ ဇွဲရှိရှိနဲ့ ထိုင်စောင့်နေရတဲ့ မြန်မာပရိသတ်တွေပါ။ (ကွင်းထဲအထိ သွားပေးကြတဲ့ ပရိသတ်တွေကလည်း လေးစားစရာကောင်းပါတယ်။) လေးနာရီနီးပါး ဖင်ပူအောင် ထိုင်စောင့်နေပြီးမှ အောင်လအန်ဆန်ပွဲဟာ ပထမအချီမှာပဲ အဆုံးသတ်သွားတဲ့အတွက် အားမလိုအားမရဖြစ်သွားတဲ့ ပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်ပေးလို့ရပါတယ်။

တကယ်တော့ မိုဟာမက်ခရာကီဆိုတာ Ground Fight မှာ ထူးချွန်တဲ့သူပါ။ အနိုင်ရခဲ့တဲ့ (၉) ပွဲလုံးမှာလည်း သူအားသာတဲ့ အချုပ်အသိုင်းနဲ့ပဲ အမှတ်ယူခဲ့တာ။ (၈) ပွဲက ပထမအချီမှာပဲ အနိုင်ယူခဲ့တာ အားလုံးသိခဲ့တဲ့အတိုင်း။ ဒါပေမယ့် သူရင်ဆိုင်ရတာက အရှေ့အလယ်ပိုင်းဒေသမှာ အခြေစိုက်တဲ့ Desert Force Championship (DFC) နဲ့ Phoenix Fighting Championship မှာ ထိုးနေတဲ့ သာမန်ကစားသမား မဟုတ်ဖူး။ အချုပ်အသိုင်းကောင်းလွန်းလို့ ‘မြန်မာ့စပါးအုံးမြွေ (Burmese Python)’ လို့ တင်စားကြတဲ့ အောင်လအန်ဆန်ပဲ။

ဝိတ်တန်းနှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံ

မိုဟာမက်ခရာကီဟာ ပထမအချီလွှတ်တာနဲ့ တစ်မိနစ်မပြည့်သေးခင်မှာပဲ စချုပ်တော့တာပဲ။ အဲဒါက သူလုပ်နေကျ အကွက်လေ။ ဒါပေမယ့် သူ့ အကွက်ကို ကြိုသိနေတဲ့ အောင်လအန်ဆန်က ပါးပါးနပ်နပ် ရှောင်တိမ်းနိုင်တယ်။ Stand Fight နဲ့ Ground Fight ပါ မျှတအောင် ကစားနိုင်တဲ့ အောင်လအန်ဆန်ဟာ Stand Fight အားနည်းတဲ့ မိုဟာမက်ခရာကီကို ကောင်းကောင်းတိုက်စစ်ဆင်တာပဲ။ ဖြောင့်လက်သီး၊ ဝိုက်လက်သီးတွေနဲ့ မိတ်ဆက်ပေးတယ်။ မာဂုဏ်အားနည်းတဲ့ မိုဟာမက်ခရာကီဟာ အောင်လအန်ဆန်ရဲ့ လက်သီးချက်တွေကို မခံနိုင်ခဲ့ဘူး။ အောင်လအန်ဆန်ဟာ အချုပ်အသိုင်းကောင်းတယ်လို့သာ နာမည်ကြီးပေမယ့် သူ့ မှာ ပြိုင်ဘက်တစ်ယောက်ကို ဘုန်းခနဲလဲသွားနိုင်တဲ့ ပါဝါလက်သီးရှိတယ်။ ဒီအားသာချက်နဲ့ အနိုင်ယူသွားတာ။ ဒိုင်လူကြီးအနေနဲ့ ပထမအချီမှာပဲ ဘာကြောင့်ရပ်လိုက်သလဲလို့ မေးစရာရှိတယ်။ အခုပုံစံအတိုင်းသာ ဆက်လွှတ်ထားရင် မိုဟာမက်ခရာကီဟာ ဆေးရုံမှာ တစ်လလောက် တက်ကုလိုက်ရမယ်။

မိုဟာမက်ခရာကီဆိုတာ ရှုံးပွဲမရှိသေးတဲ့ ကစားသမားဆိုပေမယ့် အောင်လအန်ဆန်နဲ့ တွေ့လိုက်တော့ ကျားနဲ့တွေ့တဲ့ ယုန်သူငယ်လိုဖြစ်သွားတယ်။ အောင်လအန်ဆန်ဟာ ရှုံးပွဲမရှိသေးတဲ့ ကစားသမားတွေကို အနိုင်ယူဖူးတဲ့ အစဉ်အလာရှိပြန်တယ်။ ၂ဝ၁၆ခုနှစ် ဇူလိုင်လ (၂) ရက်နေ့တုန်းက ရှုံးပွဲမရှိကစားသမား Alexey Butorin ကို အနိုင်ယူဖူးသလို ၂ဝ၁၇ခုနှစ် ဇွန်လ (၃ဝ) ရက်နေ့တုန်းက Vitaly Bigdash ကိုလည်း နိုင်ဖူးတယ်။ ဒါ့ကြောင့် ရှုံးပွဲမရှိသေးတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ရတာ သူ့အတွက် အထူးအဆန်းတော့ မဟုတ်ပြန်ဘူး။ အောင်လအန်ဆန်ဟာ ဒီပွဲအတွက် အချိန် (၁၂) ပတ်ကျော် လေ့ကျင့်လာခဲ့တယ်။ ပြင်ဆင်ထားမှန်း သိသာပြန်တယ်။

ပထမအချီမပြီးသေးခင်မှာပဲ ပွဲအဖြေပေါ်သွားတဲ့အတွက် အောင်လအန်ဆန်ပွဲကို စောင့်မျှော်အားပေးရတဲ့ မြန်မာပရိသတ်တွေအနေနဲ့ မချင့်မရဲဖြစ်ကြပေမယ့် ကိုယ့်လူမျိုးအနိုင်ရတဲ့အတွက် ဖြေသာနိုင်ပါတယ်။) အောင်လအန်ဆန်ဟာ ပြိုင်ဘက်ကစားသမားရဲ့အခြေအနေကို အချိန်တိုအတွင်း အကဲခတ်နိုင်တဲ့အတွက် ပထမအချီအတွင်း ပွဲသိမ်းသွားတာပါ။

အားကစားပွဲတွေမှာ ကိုယ့်ဘက်က အချိန်အကြာကြီး ကြည့်ရမယ်လို့ မျှော်လင့်ထားပေမယ့် အခုလို မြန်မြန်ဆန်ဆန်ပြီးဆုံးသွားတဲ့ ပွဲတွေကလည်း အများကြီးပါ။ (ဒီလိုပွဲမျိုးက အလိန်းဂါလာနီ (Alain Ngalani) နဲ့ အလက်ဇန်းဒါး မာချာဒို (Alexandre Machado) တုန်းကလည်း ကြုံဖူးပါတယ်။ အောင်လန်အန်ဆန် အနိုင်ရခဲ့တဲ့ အကြောင်းတွေကတော့ ပြိုင်ဘက်အားနည်းချက်ကို အသုံးချနိုင်မှု၊ လေ့ကျင့်ရည်ပြည့်ဝမှု၊ ပါးနပ်မှုတွေနဲ့ မြန်မာပရိသတ်အားတွေကြောင့်ပဲဖြစ်ပါတယ်။

Photo Credit – One Championship ၊ Phoenix Fighting Championship

ကျော်စိုးအောင် (အခရာ)

www.akhayar.com