ေငြက်ပ္ ၂ သိန္းေက်ာ္ဝန္းက်င္တန္ စြမ္းေဆာင္ရည္ေကာင္းေကာင္းနဲ႔ စမတ္ဖုန္းတစ္ခုကို စဥ္းစားမယ္ဆိုရင္ အမ်ားစုက Xiaomi က ထုတ္လုပ္ထားတဲ့ စမတ္ဖုန္းေတြကိုပဲ စဥ္းစားမိၾကမွာပါ။ ဒါေပမယ့္ လက္ရွိေစ်းကြက္ထဲမွာရွိေနတဲ့ စမတ္ဖုန္းတစ္ခုက ၂ သိန္းခြဲဝန္းက်င္ စမတ္ဖုန္းေတြထဲ ညြန္းရေလာက္ေအာင္ေကာင္းေနပါတယ္။

ဒီစမတ္ဖုန္းကေတာ့ ASUS ကေန ထုတ္လုပ္ထားတဲ့ Zenfone Max Pro M1 ပဲျဖစ္ပါတယ္။ နာမည္အရေတာ့ ေခၚရအနည္းငယ္ေထာက္တယ္ဆိုေပမယ့္ လက္ရွိမွာ ေပးရတဲ့ေစ်းနဲ႔ အရမ္းကိုတန္တယ္လုိ႔ေတာင္ ေျပာလို႔ရတဲ့စမတ္ဖုန္းတစ္ခုဆိုရင္လည္း မမွားပါဘူး။

အခု Article မွာေတာ့ ဘာေၾကာင့္ ASUS က ထုတ္လုပ္ထားတဲ့ Zenfone Max Pro M1 က ဝယ္ယူဖုိ႔ စဥ္းစားသင့္သလဲဆုိတာကို ေျပာသြားမွာျဖစ္ပါတယ္။

Asus Zenfone Max Pro M1

အရင္ဆံုး ASUS Zenfone Max Pro M1 ဖုန္းက Qualcomm Snapdragon 636 Processor ကို အသံုးျပဳထားတဲ့ ဖုန္းတစ္ခုျဖစ္ျပီး RAM 3GB + ROM 32GB ဒါမွမဟုတ္ RAM 4GB + ROM 64GB ပါဝင္တဲ့စမတ္ဖုန္းတစ္ခုပါ။ ဒီအတြက္ စြမ္းေဆာင္ရည္ပိုင္းမွာ အားနည္းတယ္လုိ႔ ေျပာလုိ႔မရသလုိ Storage ပိုင္းမွာလည္း SIM Slot ၂ ခုအျပင္ MicroSD Card သီးသန္႔ပါဝင္တဲ့အတြက္ Storage နည္းတဲ့ Version ကို ဝယ္ရင္ေတာင္မွ MicroSD Card ကေန ထပ္တုိးလို႔ရဦးမွာပါ။

ေနာက္ျပီး Display ပိုင္းကို ၾကည့္မယ္ဆိုရင္လည္း 5.99″ Full HD+ 18:9 Display ကို အသံုးျပဳထားတာျဖစ္ပါတယ္။ Display Quality ပိုင္းအရလည္း ေတာ္ေတာ္ေလးကို အဆင္ေျပျပီးေတာ့ Display ကို ၾကည့္ေနတဲ့အခ်ိန္မွာ Screen ကို မပိတ္ေပးတဲ့ Smart Screen On လုိမ်ိဳး Feature ေတြကိုပါ ထည့္သြင္းထားတာျဖစ္ပါတယ္။

ေနာက္ထပ္ ASUS Zenfone Max Pro M1 ရဲ႕ အားသာခ်က္က Battery လုိ႔ ေျပာလုိ႔ရပါေသးတယ္။ Zenfone Max Pro M1 မွာပါတဲ့ 5000mAh Battery က တေနကုန္အသံုးျပဳတဲ့ေနရာမွာ အားျပန္သြင္းစရာမလုိဘဲ အသံုးျပဳႏုိင္မွာျဖစ္သလုိ တကယ္လို႔ ပံုမွန္အသံုးျပဳမယ္ဆိုရင္ ၂ ရက္ေလာက္ကို အားျပန္သြင္းစရာမလုိတဲ့ဖုန္းတစ္ခုလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။

Asus Zenfone Max Pro M1

ကင္မရာပိုင္းမွာေတာ့ တျခားေသာ စမတ္ဖုန္းေတြလုိမ်ိဳး Dual Camera ကိုပဲ အသံုးျပဳထားျပီး 13MP + 5MP Back Camera န႔ဲ 8MP Selfie Camera ေတြကို ထည့္သြင္းထားပါတယ္။ ကင္မရာပိုင္းမွာေတာ့ အရမ္းၾကီးေကာင္းတယ္လုိ႔ ေျပာလုိ႔ရတဲ့အဆင့္မဟုတ္ေပမယ့္လည္း ေပးရတဲ့ေစ်းနဲ႔တန္တယ္လုိ႔ ေျပာလုိ႔ရပါတယ္။ Portrait Mode ေတြမွာလည္း Background Detection က ေတာ္ေတာ္ေလးကို တိက်ပါတယ္။

အခုေျပာသြားတဲ့ Specification ေတြကို ၾကည့္မယ္ဆုိရင္ေတာင္ ASUS Zenfone Max Pro M1 ကေပးရတဲ့ေစ်းနဲ႔ယွဥ္ရင္ မညံ့တဲ့စမတ္ဖုန္းတစ္ခုဆုိတာကို သိႏုိင္မွာပါ။ ဒါေပမယ့္ တကယ့္ ASUS Zenfone Max Pro M1 ရဲ႕ အားသာခ်က္က Software ပိုင္းမွာပါ။

Asus Zenfone Max Pro M1

ASUS Zenfone Max Pro M1 ဖုန္းမွာ Asus ရဲ႕ ကိုယ္ပိုင္ ZenUI ကို အသံုးျပဳထားတာမဟုတ္ဘဲ Google ရဲ႕ Pure Android OS ကိုပဲ အသံုးျပဳထားတာျဖစ္ပါတယ္။ အခုလုိမ်ိဳး Pure Android 8.1 ကို အသံုးျပဳလုိက္တဲ့ အားသာခ်က္က တျခားေသာ စမတ္ဖုန္းေတြနဲ႔ ယွဥ္ရင္ေတာင္မွ ေတာ္ေတာ္ေလးကို သံုးရတာသြက္လာတာပဲျဖစ္ပါတယ္။

ဘာေၾကာင့္အခုလုိမ်ိဳး Zenfone Max Pro M1 က သံုးရတာသြက္ေနသလဲဆိုရင္ Pure Android ေၾကာင့္ပဲလုိ႔ ေျပာလုိ႔ရျပီးေတာ့ သံုးရတာရုိးရွင္းတဲ့အျပင္ ပါဝင္တဲ့ Feature ေတြကလည္း Google က ကိုယ္တုိင္ထုတ္ထားတဲ့ Pixel ဖုန္းေတြကို အသံုးျပဳရသလုိ ခံစားမႈကို ရရွိမွာပါ။ ဒါ့အျပင္ UI ပိုင္းမွာ Battery သိသိသာသာစားတာမ်ိဳးမရွိတဲ့အတြက္ Battery Life က ပိုေတာင္ေကာင္းတယ္လို႔ ေျပာလုိ႔ရပါေသးတယ္။

Asus Zenfone Max Pro M1

ဒီ ASUS Zenfone Max Pro M1 မွာပါတဲ့ Hardware ေတြနဲ႔ Pure Android OS ကို ေပါင္းစပ္လုိက္တာက ဒီေစ်းဝန္းက်င္မွာ Asus Zenfone Max Pro ကို ဝယ္ယူသင့္တယ္ဆုိျပီး Recommend ေပးလုိ႔ရတဲ့စမတ္ဖုန္းတစ္ခုျဖစ္လာတာပဲျဖစ္ပါတယ္။ ကုိယ္က ရုိးရွင္းျပီး သံုးရတာ သြက္လက္တဲ့ စမတ္ဖုန္းတစ္ခုကို အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ ASUS Zenfone Max Pro ဖုန္းက ေရြးခ်ယ္သင့္တဲ့ဖုန္းတစ္ခုဆိုတာ မမွားပါဘူး။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

ငွေကျပ် ၂ သိန်းကျော်ဝန်းကျင်တန် စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ စမတ်ဖုန်းတစ်ခုကို စဉ်းစားမယ်ဆိုရင် အများစုက Xiaomi က ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေကိုပဲ စဉ်းစားမိကြမှာပါ။ ဒါပေမယ့် လက်ရှိစျေးကွက်ထဲမှာရှိနေတဲ့ စမတ်ဖုန်းတစ်ခုက ၂ သိန်းခွဲဝန်းကျင် စမတ်ဖုန်းတွေထဲ ညွန်းရလောက်အောင်ကောင်းနေပါတယ်။

ဒီစမတ်ဖုန်းကတော့ ASUS ကနေ ထုတ်လုပ်ထားတဲ့ Zenfone Max Pro M1 ပဲဖြစ်ပါတယ်။ နာမည်အရတော့ ခေါ်ရအနည်းငယ်ထောက်တယ်ဆိုပေမယ့် လက်ရှိမှာ ပေးရတဲ့စျေးနဲ့ အရမ်းကိုတန်တယ်လို့တောင် ပြောလို့ရတဲ့စမတ်ဖုန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

အခု Article မှာတော့ ဘာကြောင့် ASUS က ထုတ်လုပ်ထားတဲ့ Zenfone Max Pro M1 က ဝယ်ယူဖို့ စဉ်းစားသင့်သလဲဆိုတာကို ပြောသွားမှာဖြစ်ပါတယ်။

Asus Zenfone Max Pro M1

အရင်ဆုံး ASUS Zenfone Max Pro M1 ဖုန်းက Qualcomm Snapdragon 636 Processor ကို အသုံးပြုထားတဲ့ ဖုန်းတစ်ခုဖြစ်ပြီး RAM 3GB + ROM 32GB ဒါမှမဟုတ် RAM 4GB + ROM 64GB ပါဝင်တဲ့စမတ်ဖုန်းတစ်ခုပါ။ ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းတယ်လို့ ပြောလို့မရသလို Storage ပိုင်းမှာလည်း SIM Slot ၂ ခုအပြင် MicroSD Card သီးသန့်ပါဝင်တဲ့အတွက် Storage နည်းတဲ့ Version ကို ဝယ်ရင်တောင်မှ MicroSD Card ကနေ ထပ်တိုးလို့ရဦးမှာပါ။

နောက်ပြီး Display ပိုင်းကို ကြည့်မယ်ဆိုရင်လည်း 5.99″ Full HD+ 18:9 Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ Display Quality ပိုင်းအရလည်း တော်တော်လေးကို အဆင်ပြေပြီးတော့ Display ကို ကြည့်နေတဲ့အချိန်မှာ Screen ကို မပိတ်ပေးတဲ့ Smart Screen On လိုမျိုး Feature တွေကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။

နောက်ထပ် ASUS Zenfone Max Pro M1 ရဲ့ အားသာချက်က Battery လို့ ပြောလို့ရပါသေးတယ်။ Zenfone Max Pro M1 မှာပါတဲ့ 5000mAh Battery က တနေကုန်အသုံးပြုတဲ့နေရာမှာ အားပြန်သွင်းစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်သလို တကယ်လို့ ပုံမှန်အသုံးပြုမယ်ဆိုရင် ၂ ရက်လောက်ကို အားပြန်သွင်းစရာမလိုတဲ့ဖုန်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။

Asus Zenfone Max Pro M1

ကင်မရာပိုင်းမှာတော့ တခြားသော စမတ်ဖုန်းတွေလိုမျိုး Dual Camera ကိုပဲ အသုံးပြုထားပြီး 13MP + 5MP Back Camera နဲ့ 8MP Selfie Camera တွေကို ထည့်သွင်းထားပါတယ်။ ကင်မရာပိုင်းမှာတော့ အရမ်းကြီးကောင်းတယ်လို့ ပြောလို့ရတဲ့အဆင့်မဟုတ်ပေမယ့်လည်း ပေးရတဲ့စျေးနဲ့တန်တယ်လို့ ပြောလို့ရပါတယ်။ Portrait Mode တွေမှာလည်း Background Detection က တော်တော်လေးကို တိကျပါတယ်။

အခုပြောသွားတဲ့ Specification တွေကို ကြည့်မယ်ဆိုရင်တောင် ASUS Zenfone Max Pro M1 ကပေးရတဲ့စျေးနဲ့ယှဉ်ရင် မညံ့တဲ့စမတ်ဖုန်းတစ်ခုဆိုတာကို သိနိုင်မှာပါ။ ဒါပေမယ့် တကယ့် ASUS Zenfone Max Pro M1 ရဲ့ အားသာချက်က Software ပိုင်းမှာပါ။

Asus Zenfone Max Pro M1

ASUS Zenfone Max Pro M1 ဖုန်းမှာ Asus ရဲ့ ကိုယ်ပိုင် ZenUI ကို အသုံးပြုထားတာမဟုတ်ဘဲ Google ရဲ့ Pure Android OS ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အခုလိုမျိုး Pure Android 8.1 ကို အသုံးပြုလိုက်တဲ့ အားသာချက်က တခြားသော စမတ်ဖုန်းတွေနဲ့ ယှဉ်ရင်တောင်မှ တော်တော်လေးကို သုံးရတာသွက်လာတာပဲဖြစ်ပါတယ်။

ဘာကြောင့်အခုလိုမျိုး Zenfone Max Pro M1 က သုံးရတာသွက်နေသလဲဆိုရင် Pure Android ကြောင့်ပဲလို့ ပြောလို့ရပြီးတော့ သုံးရတာရိုးရှင်းတဲ့အပြင် ပါဝင်တဲ့ Feature တွေကလည်း Google က ကိုယ်တိုင်ထုတ်ထားတဲ့ Pixel ဖုန်းတွေကို အသုံးပြုရသလို ခံစားမှုကို ရရှိမှာပါ။ ဒါ့အပြင် UI ပိုင်းမှာ Battery သိသိသာသာစားတာမျိုးမရှိတဲ့အတွက် Battery Life က ပိုတောင်ကောင်းတယ်လို့ ပြောလို့ရပါသေးတယ်။

Asus Zenfone Max Pro M1

ဒီ ASUS Zenfone Max Pro M1 မှာပါတဲ့ Hardware တွေနဲ့ Pure Android OS ကို ပေါင်းစပ်လိုက်တာက ဒီစျေးဝန်းကျင်မှာ Asus Zenfone Max Pro ကို ဝယ်ယူသင့်တယ်ဆိုပြီး Recommend ပေးလို့ရတဲ့စမတ်ဖုန်းတစ်ခုဖြစ်လာတာပဲဖြစ်ပါတယ်။ ကိုယ်က ရိုးရှင်းပြီး သုံးရတာ သွက်လက်တဲ့ စမတ်ဖုန်းတစ်ခုကို အသုံးပြုချင်တယ်ဆိုရင်တော့ ASUS Zenfone Max Pro ဖုန်းက ရွေးချယ်သင့်တဲ့ဖုန်းတစ်ခုဆိုတာ မမှားပါဘူး။

Zawyè (Akhayar) 

www.akhayar.com