သမိုင်းတစ်လျှောက်လုံးက လူတွေပြောခဲ့တာကတော့ ယောက်ျားလေးတွေက မိန်းကလေးထက်ပိုပြီးတော့ ဥာဏ်ရည်ပိုထက်ပါတယ်တဲ့။ ဒါဟာတကယ်မှန်ပါသလား။ယောက်ျားလေးက ဥာဏ်ပိုကောင်းတယ်။ မိန်းကလေးက ဥာဏ်ပိုကောင်းတယ်ဆိုပြီးတော့ ငယ်ငယ်ကတည်းက ငြင်းခုန်ဖူးမှာပါ။

ရှေးယခင်က လေ့လာမှုတွေကတော့ ယောက်ျားလေးတွေက မိန်းကလေးတွေထက် ဥာဏ်ပိုကောင်းပါတယ်တဲ့။နောက်ပြီးတော့ ယောက်ျားလေးတွေရဲ့ ဦးနှောက်က မိန်းကလေးတွေရဲ့ ဦးနှောက်ထက် ထုထည်အားဖြင့် ၈ ရာခိုင်နှုန်း ကနေ ၁၃ ရာခိုင်နှုန်းအထိ ပိုကြီးပါတယ်။ ဒါပေမယ့် ဦးနှောက်ရဲ့ အရွယ်အစားဆိုတာက ခန္ဓာကိုယ်အရွယ်အစားနဲ့ အချိုးကျတာဆိုတော့ တစ်ထစ်ချကြီးပြောလို့မရပါဘူး။

ဦးနှောက်ကြီးတိုင်း ဥာဏ်ပိုကောင်းလား

နောက်ပြီးတော့ မိန်းမတွေရဲ့ဦးနှောက်က တစ်ပြိုင်နက် သုံးလေးမျိုးလုပ်နိုင်တယ်လို့လည်း တွေ့ရှိထားပါတယ်။ ဘာလို့လဲဆိုတဲ့ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ဦးနှောက်အပြင်လွှာ (Cortical Surface) ပိုထူလို့ပါ။ နောက်ပြီးတော့ ဦးနှောက်ကြီးတိုင်းလည်း ဥာဏ်ပိုကောင်းတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဝေလငါး၊ လင်းပိုင် နဲ့ ဆင်တို့ရဲ့ ဦးနှောက်က ကျွန်တော်တို့လူသားတွေထက်အများကြီးပိုကြီးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သိမြင်တတ်ကျွမ်းမှုစွမ်းရည် (Cognitive Ability) ကတော့ ကျွန်တော်တို့ လူသားတွေထက် အများကြီးပိုနည်းတယ်လေ။

ဦးနှောက်မှာက ဘယ်ခြမ်းနဲ့ညာခြမ်းဆိုပြီးတော့ ခွဲထားလိုက်ရင် ယောက်ျားလေးတွေက တစ်ခြမ်းထဲမှာပဲ ချိတ်ဆက်လုပ်ကိုင်မှုအများအပြားလုပ်ဆောင်နိုင်ပေမယ့် မိန်းကလေးတွေရဲ့ ဦးနှောက်ကတော့ ဘယ်၊ ညာချိတ်ဆက်လုပ်ကိုင်နိုင်ပါတယ်။  MRI Imaging နည်းပညာနဲ့ ယောက်ျား၊ မိန်းမ လူပေါင်း ၁၄၀၀ ရဲ့ ဦးနှောက်ခြင်းကိုယှဉ်ကြည့်တဲ့အခါမှာတော့ ဖွဲ့စည်းတည်ဆောက်ပုံမှာတော့ ယောက်ျားနဲ့ မိန်းမက ထူးထူးခြားခြားကွာခြားမှု မရှိပါဘူး။

ဥာဏ်ရည်ဆိုတာ အပြုအမူနဲ့မဆိုင်ပါ

ပုံမှန်အပြုအမူ (Stereotypical behaviours) မှာဆိုရင် တီဗီဂိမ်ဆော့တာတို့၊ ခုန်ပျံကျော်လွှားတာတွေကိုယောက်ျားတွေရဲ့ကစားနည်းတွေလို့ သတ်မှတ်လေ့ရှိပြီတော့ အိုးပုတ်၊ ချိုးရုပ်တို့၊ စက္ကူအရုပ်လေးတွေကို အင်္ကျီဝတ်ပေးတာမျိုးက မိန်းကလေးတွေရဲ့ ကစားနည်းလို့သတ်မှတ်လေ့ရှိပေယ့် ဒါတွေကဥာဏ်ရည်အပေါ်ကို ထူးထူးခြားခြားသက်ရောက်မှုမရှိပါဘူး။

ယောက်ျားနဲ့မိန်းမဟာ ပုံမှန်ဥာဏ်ရည်ဥာဏ်သွေး (General Intelligence) မှာ ကွာခြားမှုမရှိပေမယ့် မိန်းကလေးတွေက အပြော၊ အရေး (Verbal Ability) စွမ်းရည်ပိုသာပြီးတော့ အမြင်နဲ့ပုံဖော်မှုစွမ်းရည် (Visual Spatial Ability) မှာပိုမိုကောင်းမွန်ပါတယ်။

ယောကျာ်လေးကအတက်အကျကြမ်းတယ်

နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက  ယောက်ျားလေးတွေက Test တွေဖြေဆိုတဲ့နေရာမှာ အမှတ်တွေကကောင်းရင်ကောင်းမကောင်းရင်လည်း ဆိုးဆိုးဝါးဝါးတွေဖြစ်နေတတ်တာပါ။ အခြေအမြစ်ကျကျလေ့လာမှု ၂၂ ခုလုပ်ပြီးတဲ့အချိန်မှာတော့ IQ ရမှတ်မှာ ယောက်ျားလေးတွေက မိန်းကလေးတွေထက် ၃.၃ ကနေ ၂၅.၅ အထိ ကွာခြားမှုရှိနေတာကို တွေ့ရပါတယ်။

ဒါကပေမယ့် ကျောင်းပညာရေးဖက်မှာပြန်ကြည့်မယ်ဆိုရင် ၇၀ ရာခိုင်နှုန်း မိန်းကလေးတွေက ဘာသာစကား၊ သချာင်္နဲ့ သိပ္ပံတွေမှာ ယောကျာ်းလေးတွေထက် ရမှတ်ပိုများတာကိုတွေ့ရပါတယ်။ အမေရိကန်နိုင်ငံက SAT Test လိုစာမေးပွဲတွေမှာတော့ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ပျမ်းမျှအားဖြင့် ၃၃ မှတ်လောက်ပိုများပါတယ်။ တစ်ကမ္ဘာလုံးက ကျောင်းသားတွေကို ခြုံပြီးကြည့်မယ်ဆိုရင်လည်း ယောက်ျားနဲ့ မိန်းမကြားမှာသိသိသာသာ ကွာဟမှုမရှိပါဘူး။ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုပိုမူတည်ပြီး မိန်းကလေးတွေက ပိုတော်နေတာမျိုးဖြစ်နေတဲ့ အိုက်စလန် (Iceland) လိုနိုင်ငံမျိုးကတော့ ခြွင်းချက်ပါ။

ခြုံပြီးပြောရရင်

သုတေသနပြုလုပ်သူတွေပြောကြားထားတာတော့ သချာင်္စွမ်းရည်လိုပြိုင်ပွဲမျိုးတွေမှာကတော့ ယောကျာ်းတွေကမိန်းမတွေကို ပိုတော်တယ်လို့ပြောနေကြပေမယ့် တကယ်တော့ သိသိသာသာကွာခြားမှုမရှိပါဘူး။ ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုကြောင့်သာ မိန်းကလေးတွေက သူတို့ကိုသူတို့ယောက်ျားလေးတွေလောက် မတော်ဘူးလို့ထင်သွားတာပါ။ ဒါကို စိတ်ပညာအရ Stereotype Threat လို့ခေါ်ပါတယ်။

ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို ရာထူးတစ်ခုကို အတူတူလျှောက်ဖို့လျှောက်လွှာ တင်ခိုင်းပြီးသုတေ သနလုပ်ခိုင်းတဲ့အခါမှာတော့ ယောက်ျားလေးတွေရဲ့အလုပ်လျှောက်လွှာဟာ မိန်းကလေးတွေထက် ပိုမိုတိကျ ပြီးပြည့်စုံမှုရှိတဲ့အပြင် အလုပ်ခန့်ချင်ဖွယ်ကောင်းပါတယ်။ ဒါပေမယ့် ယောက်ျားလေးတွေက မိန်းကလေးတွေ ထက်လစာတောင်းဆိုတဲ့နေရာမှာ ပိုများပါတယ်။ (အမေရိကန်မှာ သုသေသနလုပ်တာပါ။)

သမိုင်းကြောင်းတစ်လျှောက် သိပ္ပံနဲ့နည်းပညာ၊ စာပေနဲ့ဂီတ၊ နိုင်ငံရေးအကုန်လုံးလိုလိုမှာ ယောက်ျားတွေ ဦးဆောင်ခဲ့ပေမယ့် ဒါဟာမိန်းကလေးတွေကို အခွင့်အရေးမပေးခဲ့လို့လည်းဖြစ်နိုင်ပါတယ်။ တကယ်တော့ဥာဏ်ရည်ဆိုတာက ပတ်ဝန်းကျင်နဲ့ လေ့ကျင့်သင်ကြားမှုကြောင့်သာ ကွာခြားသွားတတ်ကြတာပါ။ ယောက်ျား၊မိန်းမ လိင်ပေါ်မူတည်ပြီးကွာခြားတယ်လို့တစ်ထစ်ချပြောလို့မရပါဘူး။

Ref: Psychologytoday, AscapSCIENCE

မင်းသုခ (အခရာ)

(www.akhayar.com)