[ZawGyi]

မိသားစုမွာကိုယ္ကဘယ္ႏွေယာက္ေျမာက္လဲ အိမ္ေထာင္ဖက္ဘယ္လိုေရြးမလဲ

ဒီဘက္ေခတ္မွာ ကိုယ္နဲ႔သင္႔ေတာ္တဲ႔ ေရရွည္လက္တြဲဖုိ႔အတြက္အဆင္ေျပတဲ႔ ဘဝလက္တြဲေဖာ္ကိုရွာေဖြရတာက ပိုျပီးစိန္ေခၚမႈမ်ားလာပါျပီ။ အက်င္႔စရိုက္ေတြ ဝါသနာေတြ အၾကိဳက္ေတြတူတိုင္းလည္းေရရွည္မွာအဆင္ေျပလိမ္႔မယ္လုိ႔ မဆုိႏိုင္ျပန္ပါဘူး။ ဒါေပမဲ႔ လူေတြေယဘုယ်လက္ခံထားတဲ႔အခ်က္ေတြထဲမွာေတာ႔ မိသားစုတစ္ခုမွာ သားၾကီးသမီးၾကီးလား အလတ္လား အငယ္ဆံုးလားဆုိတာနဲ႔ ခ်ိန္ထိုးျပီးလက္တြဲေဖာ္ကိုေရြးတာကမွန္ကန္ဖုိ႔မ်ားတယ္ဆိုတဲ႔အခ်က္ပါဝင္ပါတယ္။ စိတ္ပညာရွင္ Kevin Leman ကလည္းဒီအခ်က္ကိုေထာက္ခံထားလို ဂ်ာမနီမွာရွိတဲ႔ University of Erlangen-Nuremberg မွာ Clinical Psychology ပေရာ္ဖက္ဆာအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ႔ Walter Toman ကလည္း မိသားစု ၃ ေသာင္း ကိုေလ႔လာမႈေတြျပဳလုပ္ျပီးမွသက္ေသျပခဲ႔တဲ႔အခ်က္ေတြလည္းရွိပါတယ္။ မိသားစုမွာ ကိုယ္ကအၾကီးဆံုးျဖစ္ေနတဲ႔အခါ အငယ္ေတြအေပၚညွာတာစိတ္ ငဲ႔ညွာသနားစိတ္ေတြ ရွိေနျပီးသားပါ။ ဒီလိုလူက အငယ္ဆံုးတစ္ေယာက္နဲ႔ေတြ႔တဲ႔အခါ ဆန္႔က်င္ဘက္ Character ေတြကအခ်င္းခ်င္းကို ဆြဲေဆာင္ႏိုင္တာေၾကာင္႔ သူတုိ႔ဟာအဆင္ေျပေျပေရွ႕ဆက္ႏိုင္ၾကတယ္လုိ႔ဆုိထားပါတယ္။ ကုိယ္ရဲ႕ Birth Order က ကိုယ္႔အိမ္ေထာင္ေရးေရရွည္အဆင္ေျပမေျပဆုိတဲ႔အေပၚကုိအမ်ားၾကီး သက္ေရာက္တာမုိ႔မိသားစုမွာကိုယ္ကဘယ္ႏွေယာက္ေျမာက္လဲ ဘယ္သူနဲ႔အိမ္ေထာင္ျပဳသင္႔လဲ ဆုိတာေလ႔လာၾကည္႔ရေအာင္ပါ။

အၾကီးဆံုးသား အၾကီးဆံုးသမီး

မိသားစုမွာကိုယ္က – အၾကီးဆံုး ဆုိရင္
သင္နဲ႔အဆင္အေျပဆံုးက – အငယ္ဆံုး
အဆင္မေျပဆံုးက – အၾကီးဆံုး

မိသားစုမွာ ကိုယ္ကအၾကီးဆံုးျဖစ္ေနတဲ႔အခါအငယ္ေတြအေပၚညွာတာစိတ္ ငဲ႔ညွာသနားစိတ္ေတြ ရွိေနျပီးသားပါ။ ဒီေတာ႔ကိုယ္႔အိမ္ေထာင္ဖက္ဟာ အငယ္ဆံုးေတြရဲ႕ဆုိးတတ္တဲ႔စရိုက္ေလးေတြပါလာခဲ႔ရင္လည္း သည္းခံျပီးခ်စ္ေပးႏိုင္မွာျဖစ္ပါတယ္။ သားၾကီးသမီးၾကီးေတြဟာ ေကာင္းသည္မေကာင္းသည္ကိုတာဝန္ယူဆံုးျဖတ္ႏိုင္တယ္။ အမ်ားထက္ရင္႔က်က္ပါတယ္။ အငယ္ဆံုးေတြကေတာ႔ ေပါ႔ေပါ႔ပါးပါးေနတတ္တယ္။ ကေလးဆန္တတ္ပါတယ္။ ဒီေတာ႔ အျမဲလုိလုိစိတ္ဖိစီးေနတတ္တဲ႔ အၾကီးဆံုးေတြကို သူကစိတ္လက္ေပါ႔ပါးေအာင္ကူညီႏိုင္တယ္။ အေကာင္းဆံုးကေတာ႔ မိသားစုတစ္စုရဲ႕ သမီးအၾကီးဆံုးနဲ႔ တျခားမိသားစုရဲ႕သားအငယ္ဆံုးလက္တြဲမယ္ဆိုရင္ ပိုမိုအဆင္ေျပႏိုင္ပါတယ္တဲ႔။

ကိုယ္ကလည္း သမီးၾကီး တစ္ဖက္ကအမ်ိဳးသားကလည္း သားၾကီးဆုိရင္ေတာ႔ ေသခ်ာပါတယ္ အာဏာျပိဳင္ေနၾကမွာပါ။ ကိုယ္သာအမွန္လို႔ယူဆထားၾကတာမို႔ အဆင္မေျပႏိုင္ပါဘူး။ ဒါေပမဲ႔တစ္ခါတေလေတာ႔လည္း နားလည္မႈေတြနဲ႔အဆင္ေျပျမဲျမံစြာတြဲေနတဲ႔ စံုတြဲေတြရွိပါတယ္။ ဒါေၾကာင္႔ ကိုယ္႔ခ်စ္သူေရာကိုယ္ေရာက အၾကီးဆံုးေတြမို႔စိတ္ညစ္သြားစရာေတာ႔မလုိပါဘူး။ Hillary နဲ႔ Bill Clinton တို႔ဆိုရင္ ႏွစ္ဦးလံုးကမိသားစုမွာ အၾကီးဆံုးေတြပါ။ သူတုိ႔ဟာ ၄၁ ႏွစ္ၾကာ ခိုင္ခိုင္ျမဲျမဲလက္တြဲခဲ႔ၾကတာျဖစ္ပါတယ္။

ဒီလုိဆုိေတာ႔ အလတ္ေတြနဲ႔ဆိုရင္ေရာ အဆင္ေျပပါ႔မလားေတြးရမွာပါ။ အလတ္ေတြဟာ အၾကီးနဲ႔အငယ္ၾကားမွာညပ္ေနခဲ႔ရသူေတြမုိ႔ ေပါင္းသင္းဆက္ဆံေရးမွာ ေတာ္လြန္းသူေတြရွိသလို ေအးတိေအးစက္နဲ႔ေရငံုႏႈတ္ပိတ္ေနသူေတြလည္း မ်ားပါတယ္။ တကယ္လုိ႔သာ ခံစားခ်က္ေတြကိုပြင္႔ပြင္႔လင္းလင္းမေျပာဘဲေနတတ္တဲ႔ သမီးလတ္ သားလတ္ေတြနဲ႔ဖူးစာဆံုမယ္ဆုိရင္ အၾကီးေတြက ေဖးေဖးမမနဲ႔ပိုေႏြးေထြးေပးဖုိ႔လုိပါတယ္။ သူဘာေတြစဥ္းစားေနလဲ၊ ဘာေတြခံစားေနရလဲဆိုတာကို ရင္ဖြင္႔တတ္လာေအာင္ ေဖးမေပးရမွာပါ။

သားလတ္ သမီးလတ္

မိသားစုမွာကိုယ္က – သားလတ္ သမီးလတ္ဆုိရင္
သင္နဲ႔အဆင္အေျပဆံုးက – အငယ္ဆံုး
အဆင္မေျပဆံုးက – သမီးလတ္ သားလတ္

အလတ္အခ်င္းခ်င္းအိမ္ေထာင္ျပဳတာက တျခားေသာအတြဲေတြထက္ အိမ္ေထာင္ေရးမွာအဆင္မေျပမႈေတြ ႏွစ္ဆပိုမ်ားတယ္လုိ႔ဆုိပါတယ္။ ဒါေပမဲ႔တစ္ခုအားသာတာက အၾကီးနဲ႔အငယ္ၾကားညွိႏႈိင္းေနထိုင္တတ္ခဲ႔သူေတြမို႔ဘယ္လုိညွိရမလဲဆုိတာေတာ႔ ေကာင္းေကာင္းသိပါတယ္။ တစ္ခုဆုိးတာက သားလတ္သမီးလတ္ေတြဟာ သူတို႔ရဲ႕စိတ္ခံစားခ်က္ကိုဖုံးဖိထားတဲ႔အတြက္ အတြင္းၾကိတ္ျပီးခံစားေနရတတ္ပါတယ္။ အလတ္ေတြနဲ႔အဆင္အေျပဆံုးအိမ္ေထာင္ဖက္ဆုိရင္ေတာ႔ အငယ္ဆံုးပါပဲ။ အလတ္နဲ႔အငယ္ဟာ နဂိုသဘာဝမွာကိုက ေျပာဆုိဆက္သြယ္မႈ ခင္မင္ရင္းႏွီးမႈ သိပ္မကြာဟဘဲ အဆင္ေျပခဲ႔ၾကပါတယ္္။ သူငယ္ခ်င္းလိုေပါင္းသင္းဆက္ဆံႏိုင္ျပီး အၾကီးတစ္ေယာက္လုိလည္း နားလည္မႈေတြေပးႏိုင္တာမုိ႔ အိမ္ေထာင္ေရးမွာအဆင္ေျပႏိုင္တာျဖစ္ပါတယ္။

ဒါေၾကာင္႔ အလတ္ခ်င္းခ်စ္မိေနရင္ နားလည္မႈေတြပိုထားၾကပါ။ ပိုညွိႏိႈင္းၾကပါေနာ္။

အငယ္ဆံုးသား အငယ္ဆံုးသမီး

မိသားစုမွာကိုယ္က – အငယ္ဆံုးသား၊ သမီး ဆုိရင္
သင္နဲ႔အဆင္အေျပဆံုးက – အလတ္
အဆင္မေျပဆံုးက – အငယ္ဆံုးသား သမီး

မိသားစုေတြထဲက အငယ္ဆံုးကေလးေတြခ်င္းခ်စ္သူျဖစ္တဲ႔အခါ စည္းကမ္းပိုင္းနဲ႔ေငြေရးေၾကးေရးပိုင္းမွာ အခက္အခဲေလးေတြရွိတတ္ၾကပါတယ္။ အိမ္မႈကိစၥလုပ္ရာမွာလည္း တြက္ကတ္ၾကေလ႔ရွိတယ္လုိ႔ေလ႔လာမႈေတြကဆုိပါတယ္။ အငယ္ေတြခ်င္းဆုိရင္ တစ္ေယာက္နဲ႔တစ္ေယာက္အျပစ္တင္ၾကမယ္။ တစ္ေယာက္ကအၾကံျပဳရင္ တစ္ေယာက္ကဆရာလုပ္တယ္လို႔ ထင္မွတ္ၾကပါတယ္။ ဒါေၾကာင္႔ အငယ္ဆံုးေတြအခ်င္းခ်င္းခ်စ္သူျဖစ္ခဲ႔ၾကရင္ နားလည္မႈေတြပိုထားၾကဖို႔လုိပါတယ္။ အိမ္ေထာင္ျပဳမယ္ဆုိရင္ေတာ႔ အထပ္ထပ္ညွိႏိုင္းၾကဖို႔လိုပါတယ္။ အေကာင္းဆံုးကေတာ႔ သားၾကီး သမီးၾကီးနဲ႔အိမ္ေထာင္ျပဳပါ။ ကိုယ္႔ကိုသည္းခံနားလည္ေပးႏိုင္ပါလိမ္႔မယ္တဲ႔။

အားလံုးပဲ ကိုယ္နဲ႔အလိုက္ဖက္ဆံုး အဆင္အေျပဆံုး အိမ္ေထာင္ဖက္ကိုေရြးခ်ယ္ႏိုင္ျပီး အဆင္ေျပသာယာတဲ႔ဘဝခရီးလမ္းကိုေလွ်ာက္လွမ္းႏိုင္ၾကပါေစ။ ဒီအခ်က္ေလးေတြဟုတ္ မဟုတ္ ကြန္းမန္႔ေပးခဲ႔ပါဦးေနာ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

မိသားစုမှာကိုယ်ကဘယ်နှယောက်မြောက်လဲ အိမ်ထောင်ဖက်ဘယ်လိုရွေးမလဲ

ဒီဘက်ခေတ်မှာ ကိုယ်နဲ့သင့်တော်တဲ့ ရေရှည်လက်တွဲဖို့အတွက်အဆင်ပြေတဲ့ ဘဝလက်တွဲဖော်ကိုရှာဖွေရတာက ပိုပြီးစိန်ခေါ်မှုများလာပါပြီ။ အကျင့်စရိုက်တွေ ဝါသနာတွေ အကြိုက်တွေတူတိုင်းလည်းရေရှည်မှာအဆင်ပြေလိမ့်မယ်လို့ မဆိုနိုင်ပြန်ပါဘူး။ ဒါပေမဲ့ လူတွေယေဘုယျလက်ခံထားတဲ့အချက်တွေထဲမှာတော့ မိသားစုတစ်ခုမှာ သားကြီးသမီးကြီးလား အလတ်လား အငယ်ဆုံးလားဆိုတာနဲ့ ချိန်ထိုးပြီးလက်တွဲဖော်ကိုရွေးတာကမှန်ကန်ဖို့များတယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။ စိတ်ပညာရှင် Kevin Leman ကလည်းဒီအချက်ကိုထောက်ခံထားလို ဂျာမနီမှာရှိတဲ့ University of Erlangen-Nuremberg မှာ Clinical Psychology ပရော်ဖက်ဆာအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Walter Toman ကလည်း မိသားစု ၃ သောင်း ကိုလေ့လာမှုတွေပြုလုပ်ပြီးမှသက်သေပြခဲ့တဲ့အချက်တွေလည်းရှိပါတယ်။ မိသားစုမှာ ကိုယ်ကအကြီးဆုံးဖြစ်နေတဲ့အခါ အငယ်တွေအပေါ်ညှာတာစိတ် ငဲ့ညှာသနားစိတ်တွေ ရှိနေပြီးသားပါ။ ဒီလိုလူက အငယ်ဆုံးတစ်ယောက်နဲ့တွေ့တဲ့အခါ ဆန့်ကျင်ဘက် Character တွေကအချင်းချင်းကို ဆွဲဆောင်နိုင်တာကြောင့် သူတို့ဟာအဆင်ပြေပြေရှေ့ဆက်နိုင်ကြတယ်လို့ဆိုထားပါတယ်။ ကိုယ်ရဲ့ Birth Order က ကိုယ့်အိမ်ထောင်ရေးရေရှည်အဆင်ပြေမပြေဆိုတဲ့အပေါ်ကိုအများကြီး သက်ရောက်တာမို့မိသားစုမှာကိုယ်ကဘယ်နှယောက်မြောက်လဲ ဘယ်သူနဲ့အိမ်ထောင်ပြုသင့်လဲ ဆိုတာလေ့လာကြည့်ရအောင်ပါ။

အကြီးဆုံးသား အကြီးဆုံးသမီး

မိသားစုမှာကိုယ်က – အကြီးဆုံး ဆိုရင်
သင်နဲ့အဆင်အပြေဆုံးက – အငယ်ဆုံး
အဆင်မပြေဆုံးက – အကြီးဆုံး

မိသားစုမှာ ကိုယ်ကအကြီးဆုံးဖြစ်နေတဲ့အခါအငယ်တွေအပေါ်ညှာတာစိတ် ငဲ့ညှာသနားစိတ်တွေ ရှိနေပြီးသားပါ။ ဒီတော့ကိုယ့်အိမ်ထောင်ဖက်ဟာ အငယ်ဆုံးတွေရဲ့ဆိုးတတ်တဲ့စရိုက်လေးတွေပါလာခဲ့ရင်လည်း သည်းခံပြီးချစ်ပေးနိုင်မှာဖြစ်ပါတယ်။ သားကြီးသမီးကြီးတွေဟာ ကောင်းသည်မကောင်းသည်ကိုတာဝန်ယူဆုံးဖြတ်နိုင်တယ်။ အများထက်ရင့်ကျက်ပါတယ်။ အငယ်ဆုံးတွေကတော့ ပေါ့ပေါ့ပါးပါးနေတတ်တယ်။ ကလေးဆန်တတ်ပါတယ်။ ဒီတော့ အမြဲလိုလိုစိတ်ဖိစီးနေတတ်တဲ့ အကြီးဆုံးတွေကို သူကစိတ်လက်ပေါ့ပါးအောင်ကူညီနိုင်တယ်။ အကောင်းဆုံးကတော့ မိသားစုတစ်စုရဲ့ သမီးအကြီးဆုံးနဲ့ တခြားမိသားစုရဲ့သားအငယ်ဆုံးလက်တွဲမယ်ဆိုရင် ပိုမိုအဆင်ပြေနိုင်ပါတယ်တဲ့။

ကိုယ်ကလည်း သမီးကြီး တစ်ဖက်ကအမျိုးသားကလည်း သားကြီးဆိုရင်တော့ သေချာပါတယ် အာဏာပြိုင်နေကြမှာပါ။ ကိုယ်သာအမှန်လို့ယူဆထားကြတာမို့ အဆင်မပြေနိုင်ပါဘူး။ ဒါပေမဲ့တစ်ခါတလေတော့လည်း နားလည်မှုတွေနဲ့အဆင်ပြေမြဲမြံစွာတွဲနေတဲ့ စုံတွဲတွေရှိပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူရောကိုယ်ရောက အကြီးဆုံးတွေမို့စိတ်ညစ်သွားစရာတော့မလိုပါဘူး။ Hillary နဲ့ Bill Clinton တို့ဆိုရင် နှစ်ဦးလုံးကမိသားစုမှာ အကြီးဆုံးတွေပါ။ သူတို့ဟာ ၄၁ နှစ်ကြာ ခိုင်ခိုင်မြဲမြဲလက်တွဲခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုဆိုတော့ အလတ်တွေနဲ့ဆိုရင်ရော အဆင်ပြေပါ့မလားတွေးရမှာပါ။ အလတ်တွေဟာ အကြီးနဲ့အငယ်ကြားမှာညပ်နေခဲ့ရသူတွေမို့ ပေါင်းသင်းဆက်ဆံရေးမှာ တော်လွန်းသူတွေရှိသလို အေးတိအေးစက်နဲ့ရေငုံနှုတ်ပိတ်နေသူတွေလည်း များပါတယ်။ တကယ်လို့သာ ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းမပြောဘဲနေတတ်တဲ့ သမီးလတ် သားလတ်တွေနဲ့ဖူးစာဆုံမယ်ဆိုရင် အကြီးတွေက ဖေးဖေးမမနဲ့ပိုနွေးထွေးပေးဖို့လိုပါတယ်။ သူဘာတွေစဉ်းစားနေလဲ၊ ဘာတွေခံစားနေရလဲဆိုတာကို ရင်ဖွင့်တတ်လာအောင် ဖေးမပေးရမှာပါ။

သားလတ် သမီးလတ်

မိသားစုမှာကိုယ်က – သားလတ် သမီးလတ်ဆိုရင်
သင်နဲ့အဆင်အပြေဆုံးက – အငယ်ဆုံး
အဆင်မပြေဆုံးက – သမီးလတ် သားလတ်

အလတ်အချင်းချင်းအိမ်ထောင်ပြုတာက တခြားသောအတွဲတွေထက် အိမ်ထောင်ရေးမှာအဆင်မပြေမှုတွေ နှစ်ဆပိုများတယ်လို့ဆိုပါတယ်။ ဒါပေမဲ့တစ်ခုအားသာတာက အကြီးနဲ့အငယ်ကြားညှိနှိုင်းနေထိုင်တတ်ခဲ့သူတွေမို့ဘယ်လိုညှိရမလဲဆိုတာတော့ ကောင်းကောင်းသိပါတယ်။ တစ်ခုဆိုးတာက သားလတ်သမီးလတ်တွေဟာ သူတို့ရဲ့စိတ်ခံစားချက်ကိုဖုံးဖိထားတဲ့အတွက် အတွင်းကြိတ်ပြီးခံစားနေရတတ်ပါတယ်။ အလတ်တွေနဲ့အဆင်အပြေဆုံးအိမ်ထောင်ဖက်ဆိုရင်တော့ အငယ်ဆုံးပါပဲ။ အလတ်နဲ့အငယ်ဟာ နဂိုသဘာဝမှာကိုက ပြောဆိုဆက်သွယ်မှု ခင်မင်ရင်းနှီးမှု သိပ်မကွာဟဘဲ အဆင်ပြေခဲ့ကြပါတယ်။ သူငယ်ချင်းလိုပေါင်းသင်းဆက်ဆံနိုင်ပြီး အကြီးတစ်ယောက်လိုလည်း နားလည်မှုတွေပေးနိုင်တာမို့ အိမ်ထောင်ရေးမှာအဆင်ပြေနိုင်တာဖြစ်ပါတယ်။

ဒါကြောင့် အလတ်ချင်းချစ်မိနေရင် နားလည်မှုတွေပိုထားကြပါ။ ပိုညှိနှိုင်းကြပါနော်။

အငယ်ဆုံးသား အငယ်ဆုံးသမီး

မိသားစုမှာကိုယ်က – အငယ်ဆုံးသား၊ သမီး ဆိုရင်
သင်နဲ့အဆင်အပြေဆုံးက – အလတ်
အဆင်မပြေဆုံးက – အငယ်ဆုံးသား သမီး

မိသားစုတွေထဲက အငယ်ဆုံးကလေးတွေချင်းချစ်သူဖြစ်တဲ့အခါ စည်းကမ်းပိုင်းနဲ့ငွေရေးကြေးရေးပိုင်းမှာ အခက်အခဲလေးတွေရှိတတ်ကြပါတယ်။ အိမ်မှုကိစ္စလုပ်ရာမှာလည်း တွက်ကတ်ကြလေ့ရှိတယ်လို့လေ့လာမှုတွေကဆိုပါတယ်။ အငယ်တွေချင်းဆိုရင် တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်ကြမယ်။ တစ်ယောက်ကအကြံပြုရင် တစ်ယောက်ကဆရာလုပ်တယ်လို့ ထင်မှတ်ကြပါတယ်။ ဒါကြောင့် အငယ်ဆုံးတွေအချင်းချင်းချစ်သူဖြစ်ခဲ့ကြရင် နားလည်မှုတွေပိုထားကြဖို့လိုပါတယ်။ အိမ်ထောင်ပြုမယ်ဆိုရင်တော့ အထပ်ထပ်ညှိနိုင်းကြဖို့လိုပါတယ်။ အကောင်းဆုံးကတော့ သားကြီး သမီးကြီးနဲ့အိမ်ထောင်ပြုပါ။ ကိုယ့်ကိုသည်းခံနားလည်ပေးနိုင်ပါလိမ့်မယ်တဲ့။

အားလုံးပဲ ကိုယ်နဲ့အလိုက်ဖက်ဆုံး အဆင်အပြေဆုံး အိမ်ထောင်ဖက်ကိုရွေးချယ်နိုင်ပြီး အဆင်ပြေသာယာတဲ့ဘဝခရီးလမ်းကိုလျှောက်လှမ်းနိုင်ကြပါစေ။ ဒီအချက်လေးတွေဟုတ် မဟုတ် ကွန်းမန့်ပေးခဲ့ပါဦးနော်။

ဂျူဂျူး(Akhayar)

www.akhayar.com