[Zawgyi]

ျပင္သစ္ေျမမွာ ေအာင္ပဲြခံမွာက မာေဆးလ္ျဖစ္မလား အက္သလက္တီကုိျဖစ္မလား

ဥေရာပၿပိဳင္ပဲြရဲ႕ ပထမဆုံးဗုိလ္လုပဲြျဖစ္တဲ့ ယူ႐ုိပါလိဂ္ဗုိလ္လုပဲြကေတာ့ အခုဗုဒၶဟူးေန႔ည (ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတး နံနက္ ၁း၁၅)မွာ လုိင္ယြန္အသင္းရဲ႕ အိမ္ကြင္းမွာ က်င္းပသြားမွာျဖစ္ပါတယ္။ ဗုိလ္လုပဲြကုိ တစ္ေခတ္တစ္ခါက ဥေရာပေဘာလုံးေလာကမွာ ေအာင္ျမင္မႈရခဲ့တဲ့ မာေဆးလ္နဲ႔ စပိန္ကလပ္ေတြထဲ မွာ ယူ႐ုိပါလိဂ္ တတိယေျမာက္ ေအာင္ျမင္မႈအမ်ားဆုံး အက္သလက္တီကုိတို႔ ထိပ္တိုက္ဆုံေတြ႕ေနတာ ေၾကာင့္ စိတ္လႈပ္ရွားဖုိ႔ေကာင္းေနတာ အမွန္ပါပဲ။ မာေဆးလ္အသင္းဟာ ခ်န္ပီယံလိဂ္အမည္ေျပာင္းလဲၿပီး ပထမဆုံးက်င္းပခဲ့တဲ့ ၁၉၉၂-၉၃ ရာသီမွာ ဦးဆုံးဗုိလ္စဲြခဲ့သလုိ ယူ႐ုိပါလိဂ္(အရင္ UEFA ဖလား) ၁၉၉၈- ၉၉၊ ၂၀၀၃-၀၄ ရာသီေတြမွာ ဗုိလ္လုပဲြတက္ခဲ့ေပမယ့္ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတယ္။ အက္သလက္တီကုိ အသင္းကေတာ့ ၂၀၀၀ ေနာက္ပုိင္းမွသာ ျပည္တြင္းနဲ႔ ဥေရာပေဘာလုံးစင္ျမင့္မွာ ျပန္လည္ ဦးေမာ့လာၿပီး ေအာင္ျမင္မႈေတြ ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။ မာေဆးလ္လုိပဲ အက္သလက္တီကုိအသင္းဟာ ယူ႐ုိပါလိဂ္ၿပိဳင္ပဲြလုိ႔ အမည္ေျပာင္းလဲက်င္းပခဲ့တဲ့ ၂၀၀၉-၁၀ ရာသီမွာပဲ ပထမဆုံးဗုိလ္စဲြခဲ့တာျဖစ္ၿပီး ေနာက္ထပ္ တစ္ရာသီအၾကာ ၂၀၁၁-၁၂ ရာသီမွာ ဒုတိယအႀကိမ္ေျမာက္ ခ်န္ပီယံဆုဖလား ကုိင္ေျမႇာက္ႏုိင္ခဲ့တယ္။ အဲဒီေနာက္ပုိင္း အက္သလက္တီကုိအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ ၂၀၁၃-၁၄၊ ၂၀၁၅-၁၆ ရာသီေတြတုန္းက ဗုိလ္လုပဲြအဆင့္ တက္ေရာက္ႏုိင္ခဲ့တဲ့အထိ ေအာင္ျမင္ခဲ့ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ ရီးယဲလ္ကုိ ႏွစ္ႀကိမ္စလုံး ႐ႈံးနိမ့္ခဲ့လုိ႔သာ ခ်န္ပီယံလိဂ္အိပ္မက္ေတြ အဆုံးသတ္ခဲ့ရတာပါ။ ၂၀၁၁-၁၂ ကတည္းက အဓိ က ဆုဖလားနဲ႔ ေ၀းကြာေနတဲ့ မာေဆးလ္နဲ႔ ၂၀၁၃-၁၄ ရာသီေနာက္ပုိင္း ဖလားလက္မဲ့ျဖစ္ေနတာကုိ အ ဆုံးသတ္ဖုိ႔ ပစ္မွတ္ထားေနတဲ့ အက္သလက္တီကိုအသင္းတို႔ ဆုံေတြ႕မႈမွာ ဘယ္အသငး္က ဖလားလက္မဲ့ျဖစ္ေနတာကုိ အဆုံးသတ္ႏုိင္မလဲဆုိတာကေတာ့ . . . .

Atletico-Madrid-Attacking-Pairs-Diego-Costa-and-Griezmann

Atletico-Madrid-Attacking-Pairs-Diego-Costa-and-Griezmann

ဒဏ္ရာနဲ႔ပဲြပယ္ျပႆနာ

ႏွစ္သငး္စလုံးမွာ ပဲြပယ္ခံရမယ့္ ကစားသမားမရွိေပမယ့္ ဒဏ္ရာျပႆနာနဲ႔ ကုိယ္စီ ရင္ဆုိင္ေနရပါတယ္။ ဗုိလ္လုပဲြနဲ႔ လဲြေခ်ာ္ဖုိ႔ရွိတယ္လုိ႔ သတင္းေတြထြက္ခဲ့တဲ့ ညာေနာက္ခံလူ ဖိလစ္ပီလူး၀စ္ Filipe Luisက ဒီပဲြအတြက္ အက္သလက္တီကုိ လူစာရင္းမွာ ပါ၀င္ႏုိင္ဖုိ႔ ရွိေပမယ့္ ပဲြထြက္ခြင့္ရဖုိ႔ေတာ့ မေသခ်ာပါဘူး။ ဗီတိုလုိ Vitolo(တံေကာက္ေၾကာ)၊ ဟီမင္နက္ဇ္ Giménez (ေနာက္ေက်ာ)တို႔က အသင္းနဲ႔အတူ ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီျဖစ္တာေၾကာင့္ အခုပဲြမွာ ပါ၀င္လာဖုိ႔ရွိတယ္။ မာေဆးလ္အသင္းမွာ ၾကြက္သားဒဏ္ရာေၾကာင့္ ဂူအင္ဂမ့္နဲ႔ပဲြကုိ လဲြေခ်ာ္ခဲ့တဲ့ ျပင္သစ္၀ါရင့္ ေတာင္ပံကစားသမား ပါယက္ Payet ပဲြထြက္က စားဖုိ႔ မ်ားေနၿပီး ညာေနာက္ခံလူ ဘူနာဆား Bouna Sarr လည္း ႀကံ့ခုိင္မႈျပည့္၀လာၿပီျဖစ္ပါတယ္။ တိုက္ စစ္ကစားသမား မီထ႐ုိဂလူး Mitroglou နဲ႔ ေနာက္ခံလူ ႐ုိလန္ဒုိ Rolando တို႔ကေတာ့ မေသခ်ာပါဘူး။

Dimitri-Payet-and-Florian-Thauvin

Dimitri-Payet-and-Florian-Thauvin

သုံးသပ္ခ်က္

ဒီႏွစ္သင္းဟာ ၂၀၀၈-၀၉ ေနာက္ပုိင္း ဥေရာပအဆင့္မွာ ျပန္လည္ဆုံေတြ႕မွာျဖစ္ပါတယ္။ ၂၀၀၈-၀၉ ရာ သီ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဆုံေတြ႕ခဲ့တုနး္က အက္သလက္တီကုိအသင္းဟာ အိမ္ကြင္းမွာ (၂-၁)ဂုိး နဲ႔ အႏုိင္ရခဲ့ၿပီး အေ၀းကြင္းမွာ ဂုိးမရွိသေရက်ခဲ့တယ္။ ဒီႏွစ္သင္းအၾကား ကစားသမားအင္အားက ႀကီးႀကီး မားမားကြာျခားခ်က္မရွိပါဘူး။ အက္သလက္တီကုိအသင္းမွာ ဒီေယဂုိေကာ္စတာ Diego Costa၊ ဂရစ္ဇ္မန္း Griezmann၊ ေကာ္ရဲယာ Correa၊ ေတာရက္စ္ Torres တို႔လုိ ကစားသမားေကာင္းေတြ ရွိေနသလုိ မာေဆးလ္အသင္းကလည္း ပါယက္ Payet၊ သာအူဗင္ Thauvin၊ အုိကမ္ပုိ႔စ္ Ocampos စတဲ့ Quality Players ေတြ ပုိင္ဆုိင္ထားတယ္။ တစ္သငး္နဲ႔တစ္သင္းကြာဟခ်က္မရွိတာေၾကာင့္ အႏုိင္အရႈံးရလဒ္ကုိ ခန္႔မွန္းဖုိ႔က နည္းနည္းေတာ့ခက္ပါတယ္။ ကံၾကမၼာရဲ႕ အဆုံးအျဖတ္ကုိ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ယူ႐ုိပါလိဂ္ဖလားနဲ႔ ဆီျမြန္နီ Simeone ကံစပ္ေလ့ရွိတဲ့အတြက္ အက္သလက္တီကုိကုိ အရဲစြန္႔ေရြးခ်ယ္ခ်င္ပါတယ္။

မာေဆးလ္-အက္သလက္တီကုိပဲြန႔ဲ ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

– ၁၉၉၅-၉၆ ရာသီ UEFA Cup Winner’s Cup ၿပိဳင္ပဲြမွာ PSG ဗုိလ္စဲြၿပီးေနာက္ပုိင္း ျပင္သစ္ကလပ္အသင္းေတြ ဥေရာပမွာ ဆုဖလားမရရွိခဲ့တဲ့ မွတ္တမ္းဆုိးကုိ မာေဆးလ္အသင္း ခ်ိဳးျဖတ္ႏုိင္ဖုိ႔ ႀကိဳးပမ္းရမွာပါ။

– ၂၀၀၃-၀၄ ရာသီ UEFA ဖလားဗုိလ္လုပဲြမွာ ဗလင္စီယာနဲ႔ မာေဆးလ္တို႔ ဆုံေတြ႕ခဲ့တဲ့ေနာက္ ဥေရာပအဆင့္ဗုိလ္လုပဲြမွာ စပိန္နဲ႔ ျပင္သစ္ကလပ္ ႏွစ္သင္း ပထမဆုံးအႀကိမ္ ျပန္ေတြ႕တာျဖစ္ပါတယ္။

– အက္သလက္တီကုိအသင္းကုိ ဆီျမြန္နီ စတင္ကုိင္ခဲ့တဲ့ ၂၀၁၁-၁၂ ရာသီက စမယ္ဆုိရင္ အခုဗုိလ္လုပဲြက ဆီျမြန္နီအတြက္ စတုတၳေျမာက္ ဥေရာပအဆင့္ဗုိလ္လုပဲြျဖစ္ၿပီး ခ်န္ပီယံလိဂ္ ႏွစ္ႀကိမ္စလုံး ႐ႈံးနိမ့္ခဲ့ေပမယ့္ ယူ႐ုိပါလိဂ္တစ္ႀကိမ္ အႏုိင္ရခဲ့ဖူးပါတယ္။

– ၿပီးခဲ့တဲ့(၆)ႀကိမ္မွာ စပိန္ကလပ္ေတြ ဗုိလ္လုပဲြတက္ေရာက္ခဲ့တဲ့ (၄)ႀကိမ္စလုံး ဗုိလ္စဲြခဲ့တယ္။

– ဒီတစ္ႀကိမ္ အက္သလက္တီကိုအသင္းဗုိလ္စဲြခဲ့မယ္ဆုိရင္ ယူ႐ုိပါလိဂ္ေခတ္မွာ အႀကိမ္အမ်ားဆုံး ဗုိလ္စဲြထားတဲ့ ဆီဗီလာ(၃ႀကိမ္)ရဲ႕ မွတ္တမ္းကုိ အမီလုိက္ႏုိင္မွာျဖစ္ပါတယ္။

– ၂၀၁၃-၁၄ ရာသီကစၿပီး ခ်န္ပီယံလိဂ္နဲ႔ ယူ႐ုိပါလိဂ္ၿပိဳင္ပဲြႏွစ္ခုစလုံးကုိ စပိန္ကလပ္ေတြပဲ လႊမ္းမုိးထားၿပီး ျဖစ္ႏုိင္ေျခရွိတဲ့ ဆုဖလား(၈)ခုမွာ (၇)ခုအထိ ရယူႏုိင္ခဲ့တယ္။

– မာေဆးလ္အသင္းဟာ စပိန္ကလပ္ေတြနဲ႔ ဥေရာပအဆင့္ ဆုံေတြ႕ခဲ့တဲ့ (၁၅)ပဲြမွာ (၄)ပဲြသာ အႏုိင္ရခဲ့ၿပီး (၃)ပဲြသေရ၊ (၈)ပဲြ႐ႈံးနိမ့္ခဲ့တယ္။

REF:Sky Sports
Photo: Sky Sports,RMC Sport
Naing Linn(Akhayar)
www.akhayar.com

 

[Unicode]

ပြင်သစ်မြေမှာ အောင်ပွဲခံမှာက မာဆေးလ်ဖြစ်မလား အက်သလက်တီကိုဖြစ်မလား

ဥရောပပြိုင်ပွဲရဲ့ ပထမဆုံးဗိုလ်လုပွဲဖြစ်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကတော့ အခုဗုဒ္ဓဟူးနေ့ည (မြန်မာစံတော်ချိန် ကြာသပတေး နံနက် ၁း၁၅)မှာ လိုင်ယွန်အသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲကို တစ်ခေတ်တစ်ခါက ဥရောပဘောလုံးလောကမှာ အောင်မြင်မှုရခဲ့တဲ့ မာဆေးလ်နဲ့ စပိန်ကလပ်တွေထဲ မှာ ယူရိုပါလိဂ် တတိယမြောက် အောင်မြင်မှုအများဆုံး အက်သလက်တီကိုတို့ ထိပ်တိုက်ဆုံတွေ့နေတာ ကြောင့် စိတ်လှုပ်ရှားဖို့ကောင်းနေတာ အမှန်ပါပဲ။ မာဆေးလ်အသင်းဟာ ချန်ပီယံလိဂ်အမည်ပြောင်းလဲပြီး ပထမဆုံးကျင်းပခဲ့တဲ့ ၁၉၉၂-၉၃ ရာသီမှာ ဦးဆုံးဗိုလ်စွဲခဲ့သလို ယူရိုပါလိဂ်(အရင် UEFA ဖလား) ၁၉၉၈- ၉၉၊ ၂၀၀၃-၀၄ ရာသီတွေမှာ ဗိုလ်လုပွဲတက်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတယ်။ အက်သလက်တီကို အသင်းကတော့ ၂၀၀၀ နောက်ပိုင်းမှသာ ပြည်တွင်းနဲ့ ဥရောပဘောလုံးစင်မြင့်မှာ ပြန်လည် ဦးမော့လာပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မာဆေးလ်လိုပဲ အက်သလက်တီကိုအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲလို့ အမည်ပြောင်းလဲကျင်းပခဲ့တဲ့ ၂၀၀၉-၁၀ ရာသီမှာပဲ ပထမဆုံးဗိုလ်စွဲခဲ့တာဖြစ်ပြီး နောက်ထပ် တစ်ရာသီအကြာ ၂၀၁၁-၁၂ ရာသီမှာ ဒုတိယအကြိမ်မြောက် ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း အက်သလက်တီကိုအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၀၁၃-၁၄၊ ၂၀၁၅-၁၆ ရာသီတွေတုန်းက ဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး မြို့ခံပြိုင်ဘက် ရီးယဲလ်ကို နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့လို့သာ ချန်ပီယံလိဂ်အိပ်မက်တွေ အဆုံးသတ်ခဲ့ရတာပါ။ ၂၀၁၁-၁၂ ကတည်းက အဓိ က ဆုဖလားနဲ့ ဝေးကွာနေတဲ့ မာဆေးလ်နဲ့ ၂၀၁၃-၁၄ ရာသီနောက်ပိုင်း ဖလားလက်မဲ့ဖြစ်နေတာကို အ ဆုံးသတ်ဖို့ ပစ်မှတ်ထားနေတဲ့ အက်သလက်တီကိုအသင်းတို့ ဆုံတွေ့မှုမှာ ဘယ်အသင်းက ဖလားလက်မဲ့ဖြစ်နေတာကို အဆုံးသတ်နိုင်မလဲဆိုတာကတော့ . . . .

Atletico-Madrid-Attacking-Pairs-Diego-Costa-and-Griezmann

Atletico-Madrid-Attacking-Pairs-Diego-Costa-and-Griezmann

ဒဏ်ရာနဲ့ပွဲပယ်ပြဿနာ

နှစ်သင်းစလုံးမှာ ပွဲပယ်ခံရမယ့် ကစားသမားမရှိပေမယ့် ဒဏ်ရာပြဿနာနဲ့ ကိုယ်စီ ရင်ဆိုင်နေရပါတယ်။ ဗိုလ်လုပွဲနဲ့ လွဲချော်ဖို့ရှိတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ညာနောက်ခံလူ ဖိလစ်ပီလူးဝစ် Filipe Luisက ဒီပွဲအတွက် အက်သလက်တီကို လူစာရင်းမှာ ပါဝင်နိုင်ဖို့ ရှိပေမယ့် ပွဲထွက်ခွင့်ရဖို့တော့ မသေချာပါဘူး။ ဗီတိုလို Vitolo(တံကောက်ကြော)၊ ဟီမင်နက်ဇ် Giménez (နောက်ကျော)တို့က အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တာကြောင့် အခုပွဲမှာ ပါဝင်လာဖို့ရှိတယ်။ မာဆေးလ်အသင်းမှာ ကြွက်သားဒဏ်ရာကြောင့် ဂူအင်ဂမ့်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ ပြင်သစ်ဝါရင့် တောင်ပံကစားသမား ပါယက် Payet ပွဲထွက်က စားဖို့ များနေပြီး ညာနောက်ခံလူ ဘူနာဆား Bouna Sarr လည်း ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်ပါတယ်။ တိုက် စစ်ကစားသမား မီထရိုဂလူး Mitroglou နဲ့ နောက်ခံလူ ရိုလန်ဒို Rolando တို့ကတော့ မသေချာပါဘူး။

Dimitri-Payet-and-Florian-Thauvin

Dimitri-Payet-and-Florian-Thauvin

သုံးသပ်ချက်

ဒီနှစ်သင်းဟာ ၂၀၀၈-၀၉ နောက်ပိုင်း ဥရောပအဆင့်မှာ ပြန်လည်ဆုံတွေ့မှာဖြစ်ပါတယ်။ ၂၀၀၈-၀၉ ရာ သီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့တုန်းက အက်သလက်တီကိုအသင်းဟာ အိမ်ကွင်းမှာ (၂-၁)ဂိုး နဲ့ အနိုင်ရခဲ့ပြီး အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့တယ်။ ဒီနှစ်သင်းအကြား ကစားသမားအင်အားက ကြီးကြီး မားမားကွာခြားချက်မရှိပါဘူး။ အက်သလက်တီကိုအသင်းမှာ ဒီယေဂိုကော်စတာ Diego Costa၊ ဂရစ်ဇ်မန်း Griezmann၊ ကော်ရဲယာ Correa၊ တောရက်စ် Torres တို့လို ကစားသမားကောင်းတွေ ရှိနေသလို မာဆေးလ်အသင်းကလည်း ပါယက် Payet၊ သာအူဗင် Thauvin၊ အိုကမ်ပို့စ် Ocampos စတဲ့ Quality Players တွေ ပိုင်ဆိုင်ထားတယ်။ တစ်သင်းနဲ့တစ်သင်းကွာဟချက်မရှိတာကြောင့် အနိုင်အရှုံးရလဒ်ကို ခန့်မှန်းဖို့က နည်းနည်းတော့ခက်ပါတယ်။ ကံကြမ္မာရဲ့ အဆုံးအဖြတ်ကို စောင့်ကြည့်ရမှာဖြစ်ပြီး ယူရိုပါလိဂ်ဖလားနဲ့ ဆီမြွန်နီ Simeone ကံစပ်လေ့ရှိတဲ့အတွက် အက်သလက်တီကိုကို အရဲစွန့်ရွေးချယ်ချင်ပါတယ်။

မာဆေးလ်-အက်သလက်တီကိုပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်များ

– ၁၉၉၅-၉၆ ရာသီ UEFA Cup Winner’s Cup ပြိုင်ပွဲမှာ PSG ဗိုလ်စွဲပြီးနောက်ပိုင်း ပြင်သစ်ကလပ်အသင်းတွေ ဥရောပမှာ ဆုဖလားမရရှိခဲ့တဲ့ မှတ်တမ်းဆိုးကို မာဆေးလ်အသင်း ချိုးဖြတ်နိုင်ဖို့ ကြိုးပမ်းရမှာပါ။

– ၂၀၀၃-၀၄ ရာသီ UEFA ဖလားဗိုလ်လုပွဲမှာ ဗလင်စီယာနဲ့ မာဆေးလ်တို့ ဆုံတွေ့ခဲ့တဲ့နောက် ဥရောပအဆင့်ဗိုလ်လုပွဲမှာ စပိန်နဲ့ ပြင်သစ်ကလပ် နှစ်သင်း ပထမဆုံးအကြိမ် ပြန်တွေ့တာဖြစ်ပါတယ်။

– အက်သလက်တီကိုအသင်းကို ဆီမြွန်နီ စတင်ကိုင်ခဲ့တဲ့ ၂၀၁၁-၁၂ ရာသီက စမယ်ဆိုရင် အခုဗိုလ်လုပွဲက ဆီမြွန်နီအတွက် စတုတ္ထမြောက် ဥရောပအဆင့်ဗိုလ်လုပွဲဖြစ်ပြီး ချန်ပီယံလိဂ် နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပေမယ့် ယူရိုပါလိဂ်တစ်ကြိမ် အနိုင်ရခဲ့ဖူးပါတယ်။

– ပြီးခဲ့တဲ့(၆)ကြိမ်မှာ စပိန်ကလပ်တွေ ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ (၄)ကြိမ်စလုံး ဗိုလ်စွဲခဲ့တယ်။

– ဒီတစ်ကြိမ် အက်သလက်တီကိုအသင်းဗိုလ်စွဲခဲ့မယ်ဆိုရင် ယူရိုပါလိဂ်ခေတ်မှာ အကြိမ်အများဆုံး ဗိုလ်စွဲထားတဲ့ ဆီဗီလာ(၃ကြိမ်)ရဲ့ မှတ်တမ်းကို အမီလိုက်နိုင်မှာဖြစ်ပါတယ်။

– ၂၀၁၃-၁၄ ရာသီကစပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲနှစ်ခုစလုံးကို စပိန်ကလပ်တွေပဲ လွှမ်းမိုးထားပြီး ဖြစ်နိုင်ခြေရှိတဲ့ ဆုဖလား(၈)ခုမှာ (၇)ခုအထိ ရယူနိုင်ခဲ့တယ်။

– မာဆေးလ်အသင်းဟာ စပိန်ကလပ်တွေနဲ့ ဥရောပအဆင့် ဆုံတွေ့ခဲ့တဲ့ (၁၅)ပွဲမှာ (၄)ပွဲသာ အနိုင်ရခဲ့ပြီး (၃)ပွဲသရေ၊ (၈)ပွဲရှုံးနိမ့်ခဲ့တယ်။

REF:Sky Sports
Photo: Sky Sports,RMC Sport
Naing Linn(Akhayar)
www.akhayar.com