This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားမွာ ဘယ္အသင္းဗုိလ္စဲြမလဲ၊ အဂၤလန္အသင္း ဘယ္အဆင့္ထိေရာက္ႏုိင္မလဲ

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြက အခု ၾကာသပေတးည (၉း၃၀)နာရီမွာ စတင္ပါေတာ့မယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဗုိလ္စဲြဖုိ႔ေရပန္းစားေနတဲ့အသင္းစာရင္းေတြလည္း ထြက္ေပၚေနၿပီျဖစ္ၿပီး နာမည္ႀကီး ဘရာဇီးလ္အသင္းက (၆)ႀကိမ္ေျမာက္ ခ်န္ပီယံဆုကုိ ဆြတ္ခူးႏုိင္ဖုိ႔ ထိပ္ဆုံးက ေရပန္းစားေနပါတယ္။ ၿဗိတိန္နာမည္ေက်ာ္ အားကစားသတင္းစာ Daily Mail က ကေလာင္ရွင္ေတြျဖစ္တဲ့ ေဘာလုံးေလာကရဲ႕ နာမည္ေက်ာ္လူပုဂၢိဳလ္ေတြက ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဗုိလ္စဲြမယ့္အသင္းနဲ႔ အဂၤလန္အသင္း ဘယ္အဆင့္အထိေရာက္ႏုိင္မလဲဆုိတာ အခုလုိပဲ ခန္႔မွန္းေဖာ္ျပခဲ့ၾကတယ္ . . . . .

ေဂ်မီရက္နက္ပ္ Jamie Redknapp (လီဗာပူးလ္နဲ႔ အဂၤလန္ကစားသမားေဟာင္း)
(ခ်န္ပီယံ – ဘရာဇီးလ္) – ဘရာဇီးလ္အသင္းမွာ Hard Working Players ေတြျဖစ္ၾကတဲ့ ေဖမီႏုိ Firmino လုိ ကစားသမားမ်ိဳး၊ ေနမာ Neymar လုိ႔ Genius Player ေတြရွိပါတယ္။ တကယ္လုိ႔ ေနမာသာ ႀကံ့ခုိင္မႈျပည့္၀ေနမယ္ဆုိရင္ ဘရာဇီးလ္အသင္း ကမၻာ႔ဖလားခ်န္ပီယံဆုရရွိသြားမွာပါ။
(အဂၤလန္-ကြာတားဖုိင္နယ္) – အဂၤလန္ကစားသမားေတြကုိေတာ့ ကၽြန္ေတာ္ ဖိအားမေပးလုိပါဘူး။ ဒါေပမဲ့ လက္ရွိကစားသမားစုဖဲြ႕မႈက ၿပီးခဲ့တဲ့ ကမၻာ႔ဖလားႏွစ္ႀကိမ္ထက္ သာပါတယ္။

England-National-Football-Team

England-National-Football-Team

ပီတာခေရာ့ခ်္ Peter Crouch (အဂၤလန္တိုက္စစ္မွဴးေဟာင္း)
(ခ်န္ပီယံ-ဘရာဇီးလ္) -ဘရာဇီးလ္အသင္းမွာ ဂုိး၊ ေရွ႕လယ္ေနာက္ ကစားသမားေတြက ထိပ္တန္းအဆင့္မွာရွိပါတယ္။ ေနမာနဲ႔ တျခားတိုက္စစ္မွဴးေတြ အတြဲအဖက္မိမိကစားႏုိင္ရင္ ဘရာဇီးလ္အသင္းက ေၾကာက္စရာအေကာင္းဆုံးျဖစ္လာမွာပါ။
(အဂၤလန္-ကြာတားဖုိင္နယ္) – အဂၤလန္အသင္းအေနနဲ႔ ကြာတားဖုိင္နယ္အဆင့္ တက္ႏုိင္မယ္လုိ႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ၿပီး ျဖစ္ႏုိင္ရင္ ဆီမီးဖုိင္နယ္အထိ ေရာက္ရွိေစခ်င္ပါတယ္။

CoutinhoNeymar-and-Jesus

CoutinhoNeymar-and-Jesus

ခရစၥဆပ္တန္ Chris Sutton (ခ်ယ္လ္ဆီးနဲ႔ အဂၤလန္တိုက္စစ္မွဴးေဟာင္း)
(ခ်န္ပီယံ-ျပင္သစ္) – ျပင္သစ္အသင္းဟာ ၿပီးခဲ့တဲ့ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ ေအာင္ျမင္မႈ၊ က်႐ႈံးမႈေတြ အမ်ားႀကီး ႀကံဳေတြ႕ခဲ့ၿပီးပါၿပီ။ ဒါေပမဲ့ ဒီႏွစ္မွာေတာ့ ျပင္သစ္အသင္းဟာ ေအာင္ျမင္မႈရဖုိ႔အတြက္ လုံေလာက္တဲ့အေျခအေနမွာရွိၿပီးသားပါ။ ဘာေပ Mbappe က ျပင္သစ္အသင္းရဲ႕ ၾကယ္ပြင့္ျဖစ္လာမွာပါ။
(အဂၤလန္-ကြာတားဖုိင္နယ္) – ဟာရီကိန္း Harry Kane သာ ေျခစမ္ြးျပႏုိင္ရင္ အဂၤလန္အသင္း ဆီမီးဖုိင္နယ္အဆင့္အထိေတာင္ ေရာက္ႏုိင္ပါတယ္။

LemarGriezmann-and-Mbappe

LemarGriezmann-and-Mbappe

မာတင္ကီယြန္ Martin Keown (အာဆင္နယ္ဂႏၳ၀င္ေနာက္ခံလူ)
(ခ်န္ပီယံ-ဘရာဇီးလ္) – လြန္ခဲ့တဲ့(၄)ႏွစ္က ၿပိဳင္ပဲြမွာ ဘရာဇီးလ္အသင္းဟာ ကုိယ့္ပရိသတ္ေတြရဲ႕ ဖိအားေပးမႈကုိ ထိန္းခ်ဳပ္ႏုိင္စြမ္းမရွိခဲ့ပါဘူး။ ဒီတစ္ႀကိမ္မွာေတာ့ ဘာဖိအားမွ မရွိေတာ့သလုိ အသင္းကလည္း အရင္ကထက္ ပုိေကာငး္လာပါၿပီ။
(အဂၤလန္-ကြာတားဖုိင္နယ္) – အဂၤလန္အသင္းအေနနဲ႔ ကြာတားဖုိင္နယ္အဆင့္အထိေတာ့ ေရာက္သင့္ၿပီး ဘရာဇီးလ္ ဒါမွမဟုတ္ ဂ်ာမနီနဲ႔ ရင္ဆုိင္ရဖုိ႔မ်ားပါတယ္။၂၀၁၄ ကမၻာ႔ဖလားတုန္းက ကၽြန္ေတာ္တို႔အသင္း အုပ္စုက ထြက္ခဲ့ရလုိ႔ ဒီတစ္ႀကိမ္မွာ ကြာတားဖုိင္နယ္က ထြက္ခဲ့ရမယ္ဆုိရင္ တိုးတက္လာတယ္လုိ႔ ဆုိရမယ္။

Germany-National-Football-Team

Germany-National-Football-Team

ဘ႐ုိင္ယန္ေရာ့ဘ္ဆင္ Bryan Robson (မန္ယူနဲ႔ အဂၤလန္ဂႏၳ၀င္)
(ခ်န္ပီယံ- ဂ်ာမနီ) – ကမၻာ႔ဖလားကုိ (၂)ႀကိမ္ဆက္ရဖုိ႔ဆုိတာ ခက္ခဲေပမယ့္ ကၽြန္ေတာ္ကေတာ့ ဂ်ာမနီကုိပဲ ႀကိဳက္ပါတယ္။ ဆာေနး Sane လုိ ကစားသမားမ်ိဳးကုိ ခ်န္လွပ္ရေလာက္တဲ့အထိ ဂ်ာမနီအသင္းမွာ ကစားသမားေကာင္းေတြ မ်ားျပားေနပါတယ္။
(အဂၤလန္-ကြာတားဖုိင္နယ္) – အဂၤလန္အသင္း ကြာတားဖုိင္နယ္အဆင့္ကုိ ေက်ာ္ျဖတ္ႏုိင္လိမ့္မယ္လုိ႔ ကၽြန္ေတာ္ မထင္ပါဘူး။

ဒါကေတာ့ ကေလာင္ရွင္ေတြျဖစ္တဲ့ ေဘာလုံးေလာကရဲ႕ နာမည္ေက်ာ္လူပုဂၢိဳလ္ေတြက ၂ဝ၁၈ ကမၻာ့ဖလားခ်န္ပီယံဆုနဲ႔ ပတ္သက္ၿပီး ခန္႔မွန္းခ်က္ေတြ ေပးသြားတာပါ။ ၂ဝ၁၈ ကမၻာ့ဖလားမွာ ဘယ္အသင္းဗုိလ္စြဲမယ္ထင္လဲ။

REF:Daily Mail
Photo: Goal.com,Getty Images,Stadium Astro
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားမှာ ဘယ်အသင်းဗိုလ်စွဲမလဲ၊ အင်္ဂလန်အသင်း ဘယ်အဆင့်ထိရောက်နိုင်မလဲ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက အခု ကြာသပတေးည (၉း၃၀)နာရီမှာ စတင်ပါတော့မယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းစာရင်းတွေလည်း ထွက်ပေါ်နေပြီဖြစ်ပြီး နာမည်ကြီး ဘရာဇီးလ်အသင်းက (၆)ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ ဗြိတိန်နာမည်ကျော် အားကစားသတင်းစာ Daily Mail က ကလောင်ရှင်တွေဖြစ်တဲ့ ဘောလုံးလောကရဲ့ နာမည်ကျော်လူပုဂ္ဂိုလ်တွေက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းနဲ့ အင်္ဂလန်အသင်း ဘယ်အဆင့်အထိရောက်နိုင်မလဲဆိုတာ အခုလိုပဲ ခန့်မှန်းဖော်ပြခဲ့ကြတယ် . . . . .

ဂျေမီရက်နက်ပ် Jamie Redknapp (လီဗာပူးလ်နဲ့ အင်္ဂလန်ကစားသမားဟောင်း)
(ချန်ပီယံ – ဘရာဇီးလ်) – ဘရာဇီးလ်အသင်းမှာ Hard Working Players တွေဖြစ်ကြတဲ့ ဖေမီနို Firmino လို ကစားသမားမျိုး၊ နေမာ Neymar လို့ Genius Player တွေရှိပါတယ်။ တကယ်လို့ နေမာသာ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားချန်ပီယံဆုရရှိသွားမှာပါ။
(အင်္ဂလန်-ကွာတားဖိုင်နယ်) – အင်္ဂလန်ကစားသမားတွေကိုတော့ ကျွန်တော် ဖိအားမပေးလိုပါဘူး။ ဒါပေမဲ့ လက်ရှိကစားသမားစုဖွဲ့မှုက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနှစ်ကြိမ်ထက် သာပါတယ်။

England-National-Football-Team

England-National-Football-Team

ပီတာခရော့ချ် Peter Crouch (အင်္ဂလန်တိုက်စစ်မှူးဟောင်း)
(ချန်ပီယံ-ဘရာဇီးလ်) -ဘရာဇီးလ်အသင်းမှာ ဂိုး၊ ရှေ့လယ်နောက် ကစားသမားတွေက ထိပ်တန်းအဆင့်မှာရှိပါတယ်။ နေမာနဲ့ တခြားတိုက်စစ်မှူးတွေ အတွဲအဖက်မိမိကစားနိုင်ရင် ဘရာဇီးလ်အသင်းက ကြောက်စရာအကောင်းဆုံးဖြစ်လာမှာပါ။
(အင်္ဂလန်-ကွာတားဖိုင်နယ်) – အင်္ဂလန်အသင်းအနေနဲ့ ကွာတားဖိုင်နယ်အဆင့် တက်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပြီး ဖြစ်နိုင်ရင် ဆီမီးဖိုင်နယ်အထိ ရောက်ရှိစေချင်ပါတယ်။

CoutinhoNeymar-and-Jesus

CoutinhoNeymar-and-Jesus

ခရစ္စဆပ်တန် Chris Sutton (ချယ်လ်ဆီးနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း)
(ချန်ပီယံ-ပြင်သစ်) – ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှု၊ ကျရှုံးမှုတွေ အများကြီး ကြုံတွေ့ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ပြင်သစ်အသင်းဟာ အောင်မြင်မှုရဖို့အတွက် လုံလောက်တဲ့အခြေအနေမှာရှိပြီးသားပါ။ ဘာပေ Mbappe က ပြင်သစ်အသင်းရဲ့ ကြယ်ပွင့်ဖြစ်လာမှာပါ။
(အင်္ဂလန်-ကွာတားဖိုင်နယ်) – ဟာရီကိန်း Harry Kane သာ ခြေစမ်ွးပြနိုင်ရင် အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်အဆင့်အထိတောင် ရောက်နိုင်ပါတယ်။

LemarGriezmann-and-Mbappe

LemarGriezmann-and-Mbappe

မာတင်ကီယွန် Martin Keown (အာဆင်နယ်ဂန္ထဝင်နောက်ခံလူ)
(ချန်ပီယံ-ဘရာဇီးလ်) – လွန်ခဲ့တဲ့(၄)နှစ်က ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းဟာ ကိုယ့်ပရိသတ်တွေရဲ့ ဖိအားပေးမှုကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ဘာဖိအားမှ မရှိတော့သလို အသင်းကလည်း အရင်ကထက် ပိုကောင်းလာပါပြီ။
(အင်္ဂလန်-ကွာတားဖိုင်နယ်) – အင်္ဂလန်အသင်းအနေနဲ့ ကွာတားဖိုင်နယ်အဆင့်အထိတော့ ရောက်သင့်ပြီး ဘရာဇီးလ် ဒါမှမဟုတ် ဂျာမနီနဲ့ ရင်ဆိုင်ရဖို့များပါတယ်။၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ကျွန်တော်တို့အသင်း အုပ်စုက ထွက်ခဲ့ရလို့ ဒီတစ်ကြိမ်မှာ ကွာတားဖိုင်နယ်က ထွက်ခဲ့ရမယ်ဆိုရင် တိုးတက်လာတယ်လို့ ဆိုရမယ်။

Germany-National-Football-Team

Germany-National-Football-Team

ဘရိုင်ယန်ရော့ဘ်ဆင် Bryan Robson (မန်ယူနဲ့ အင်္ဂလန်ဂန္ထဝင်)
(ချန်ပီယံ- ဂျာမနီ) – ကမ္ဘာ့ဖလားကို (၂)ကြိမ်ဆက်ရဖို့ဆိုတာ ခက်ခဲပေမယ့် ကျွန်တော်ကတော့ ဂျာမနီကိုပဲ ကြိုက်ပါတယ်။ ဆာနေး Sane လို ကစားသမားမျိုးကို ချန်လှပ်ရလောက်တဲ့အထိ ဂျာမနီအသင်းမှာ ကစားသမားကောင်းတွေ များပြားနေပါတယ်။
(အင်္ဂလန်-ကွာတားဖိုင်နယ်) – အင်္ဂလန်အသင်း ကွာတားဖိုင်နယ်အဆင့်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။

ဒါကတော့ ကလောင်ရှင်တွေဖြစ်တဲ့ ဘောလုံးလောကရဲ့ နာမည်ကျော်လူပုဂ္ဂိုလ်တွေက ၂ဝ၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်တွေ ပေးသွားတာပါ။ ၂ဝ၁၈ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းဗိုလ်စွဲမယ်ထင်လဲ။

REF:Daily Mail
Photo: Goal.com,Getty Images,Stadium Astro
Naing Linn(Akhayar)
www.akhayar.com