[Zawgyi]

ဒီရာသီ စီးရီးေအၿပိဳင္ပဲြ သြင္းဂုိးအမ်ားဆုံးဆုအတြက္ တိုက္ပဲြက ပုိျပင္းထန္လာၿပီ

၂၀၁၈-၁၉ ရာသီ စီးရီးေအ Serie A ၿပိဳင္ပဲြကေတာ့ ရာသီေတာင္ မစေသးဘူး၊ ပရိသတ္ေတြရဲ႕ စိတ္၀င္စားမႈကုိ ရရွိေနၿပီ။ အဓိက အခ်က္က ရီးယဲလ္အသငး္ကေန ဂ်ဴဗင္တပ္စ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့တဲ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ေၾကာင့္လုိ႔ ဆုိရမွာျဖစ္ၿပီး သူေရာက္လာတဲ့အတြက္ ၿပိဳင္ပဲြအေပၚ ပရိသတ္စိတ္၀င္စားမႈ ျမင့္တက္လာခဲ့သလုိ ေနာက္ထပ္စိတ္၀င္စားစရာေကာင္းတာက ၂၀၁၈-၁၉ ရာသီမွာ ဘယ္ကစားသမားက သြင္းဂုိးအမ်ားဆုံးျဖစ္မလဲဆုိတာပါပဲ။ အခုေနာက္ပုိင္းႏွစ္ေတြအတြင္း စီးရီးေအ သြင္းဂုိးအမ်ားဆုံးကစားသမားေတြကုိ ျပန္ၾကည့္ရင္ အရင့္အရင္ကလုိမ်ိဳး တစ္ေယာက္တည္းက ဂုိးေတြ အမ်ားႀကီးသြင္းၿပီး သြင္းဂုိးအမ်ားဆုံးဆု ရခဲ့တာ သိပ္မရွိေတာ့ဘူး။ ေနာက္ဆုံး(၄)ရာသီမွာ သြင္းဂုိးအမ်ားဆုံးဆုကုိ ပူးတဲြရခဲ့တာ (၂)ရာသီရွိခဲ့ၿပီး ၂၀၁၄-၁၅ မွာ လူကာတိုနီ Luca Toni ၊ အီကာဒီ Icardi (၂၂ဂုိးစီ)၊ ၿပီးခဲ့တဲ့ရာသီမွာ အီမုိဘီလီ Immobile ၊ အီကာဒီ Icardi (၂၉ဂုိးစီ)တို႔ျဖစ္ပါတယ္။

Cristiano-Ronaldo-1

Cristiano-Ronaldo-1

နဂုိတည္းကမွ သြင္းဂုိးအမ်ားဆုံးအတြက္ ၿပိဳင္ဆုိင္မႈ ျပင္းထန္ေနတဲ့ စီးရီေအၿပိဳင္ပြဲကုိ ရီးယဲလ္အသင္း သမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံးကစားသမား စီေရာ္နယ္လ္ဒုိ ေရာက္လာခ်ိန္မွာ မီးစာပုိျမႇင့္လုိက္သလုိျဖစ္သြားတယ္။ အခုအခ်ိန္မွာ ပရိသတ္ေတြအတြက္ စီးရီးေအမွာ ဘယ္သူဗုိလ္စဲြႏုိင္မလဲဆိုတာထက္ သြင္းဂုိးအမ်ားဆုံးက ဘယ္သူမ်ားျဖစ္မလဲဆုိတာကုိ ပုိစိတ္၀င္စားေနၾကၿပီ။ အဲဒီေတာ့ သြင္းဂုိးအမ်ားဆုံးဆုအတြက္ ၿပိဳင္ဘက္ေတြျဖစ္လာႏုိင္တ့ဲ ကစားသမားေတြကုိ ႀကိဳတင္ရင္ခုန္ၾကည့္ခ်င္ပါတယ္ . . . .

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo – ဂ်ဴဗင္တပ္စ္(ၿပီးခဲ့တဲ့ရာသီ လိဂ္သြင္းဂုိး-၂၆ဂုိး)

Cristiano-Ronaldo

Cristiano-Ronaldo

အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္ေပမယ့္ ကစားအားေရာ၊ ႀကံ့ခုိင္မႈအပုိင္းမွာပါ အေကာင္းဆုံးအေနထားျဖစ္ေနတာေၾကာင့္ စီေရာ္နယ္လ္ဒုိဟာ ဒီရာသီ စီးရီးေအၿပိဳင္ပဲြရဲ႕ သြင္းဂုိးအမ်ားဆုံးကစားသမားျဖစ္လာဖုိ႔ ထိပ္ဆုံးက ေရပန္းစားေနတယ္။ ရီးယဲလ္ ကစားသမားဘ၀တစ္ေလွ်ာက္လုံး တစ္ရာသီကုိ အနညး္ဆုံးဂုိး(၄၀)ေလာက္အထိ သြင္းယူခဲ့တဲ့ စီေရာ္နယ္လ္ဒုိ သူ႔ရဲ႕Goal Scoring Record ကုိ အီတလီေျမမွာလည္း ဆက္ထိန္းထားႏုိင္မလား . .။

ဟီဂြါအင္ Higuain – ေအစီမီလန္ (ၿပီးခဲ့တဲ့ရာသီ လိဂ္သြင္းဂုိး – ၁၆ဂုိး)

Higuain

Higuain

‘တစ္ဂူတည္းမွာ ျခေသၤ့ႏွစ္ေကာင္ မေအာင္းဘူး’ဆုိတဲ့အတိုင္း ဂ်ဴဗင္တပ္စ္အသင္းကုိ စီေရာ္နယ္လ္ဒုိ ေရာက္လာခ်ိန္မွာ ဟီဂြါအင္က ေအစီမီလန္ဆီ ခ်က္ခ်င္းေျပာငး္ေတာ့တာပဲ။ တစ္သင္းတည္းကစားရင္လည္း ဒီႏွစ္ေယာက္ၾကားမွာ ႀကိတ္ၿပီး Compete ျဖစ္ေနမယ့္အတူတူ ၿပိဳင္ဘက္အျဖစ္ ရင္ဆုိင္ရေတာ့ ပုိေကာင္းသြားတာေပ့ါ။ ဟီဂြါအင္ဟာ နာပုိလီကစားသမားဘ၀ ၂၀၁၅-၁၆ ရာသီတုန္းက (၃၆)ဂုိးအထိ သြင္းခဲ့ၿပီး ၁၉၂၉ ခုႏွစ္ေနာက္ပုိင္း စံခ်ိန္တင္သြင္းဂုိးပုိင္ရွင္ျဖစ္ခဲ့တယ္။

အီမုိဘီလီ Immobile – လာဇီယုိ (ၿပီးခဲ့တဲ့ရာသီ လိဂ္သြင္းဂုိး – ၂၉ဂုိး)

Immobile

Immobile

ၿပီးခဲ့တဲ့ရာသီက (၂၉)ဂုိးသြင္းၿပီး အင္တာမီလန္တိုက္စစ္မွဴး အီကာဒီနဲ႔အတူ ပူးတဲြသြင္းဂုိးအမ်ားဆုံးျဖစ္ခဲ့တဲ့ အီမုိဘီလီကုိလည္း ဒီစာရင္းထဲမွာ ထည့္သြင္းရမယ္။ လာဇီယုိအသင္းရဲ႕ Goal Machine လုိ႔ တင္စားရမယ့္ အီမုိဘီလီက စီေရာ္နယ္လ္ဒုိ၊ ဟီဂြါအင္တို႔ကုိ ေကာင္းေကာင္းစိန္ေခၚႏုိင္စြမ္းရွိသူပါ။

အီကာဒီ Icardi – အင္တာမီလန္ (ၿပီးခဲ့တဲ့ရာသီ လိဂ္သြင္းဂုိး -၂၉ဂုိး)

Icardi

Icardi

ဒီရာသီ အင္တာမီလန္အသင္း ခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့တာဟာ အီကာဒီရဲ႕ သြင္းဂုိးေတြက အဓိက က်ခဲ့တယ္။ ဒဏ္ရာျပႆနာသာမရွိရင္ အီကာဒီအတြက္ တစ္ဂုိးရဖုိ႔ဆုိတာ ခက္ခဲတဲ့အရာ မဟုတ္ပါဘူး။

ဒီလူေတြကေတာ့ ၂၀၁၈-၁၉ ရာသီ စီးရီးေအသြင္းဂုိးအမ်ားဆုံးဆုအတြက္ ထိပ္ဆုံးက ေရပန္းစားေနတဲ့သူေတြပါ။ သူတို႔နဲ႔အတူ ဂ်က္ကုိ Dzeko (႐ုိးမား)၊ ဘယ္ေလာ့တီ Belotti (တုိရီႏုိ)၊ မာတင္စ္ Mertens (နာပုိလီ)တို႔ကလည္း စီးရီးေအသြင္းဂုိးအမ်ားဆုံးဆုအတြက္ အၿပိဳင္ေရပန္းစားေနသူပါ။ ပရိသတ္ေတြအေနနဲ႔လည္း ဒီလူစာရငး္ထဲက ဘယ္ကစားသမားဟာ ၂၀၁၈-၁၉ ရာသီရဲ႕ သြင္းဂုိးအမ်ားဆုံးျဖစ္မလဲဆုိတာ ခန္႔မွန္းေပးၾကလား . . .

REF:AS
Photo:Worldfootball,clipart,Pinterest
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီ စီးရီးအေပြိုင်ပွဲ သွင်းဂိုးအများဆုံးဆုအတွက် တိုက်ပွဲက ပိုပြင်းထန်လာပြီ

၂၀၁၈-၁၉ ရာသီ စီးရီးအေ Serie A ပြိုင်ပွဲကတော့ ရာသီတောင် မစသေးဘူး၊ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီ။ အဓိက အချက်က ရီးယဲလ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ကြောင့်လို့ ဆိုရမှာဖြစ်ပြီး သူရောက်လာတဲ့အတွက် ပြိုင်ပွဲအပေါ် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာခဲ့သလို နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက ၂၀၁၈-၁၉ ရာသီမှာ ဘယ်ကစားသမားက သွင်းဂိုးအများဆုံးဖြစ်မလဲဆိုတာပါပဲ။ အခုနောက်ပိုင်းနှစ်တွေအတွင်း စီးရီးအေ သွင်းဂိုးအများဆုံးကစားသမားတွေကို ပြန်ကြည့်ရင် အရင့်အရင်ကလိုမျိုး တစ်ယောက်တည်းက ဂိုးတွေ အများကြီးသွင်းပြီး သွင်းဂိုးအများဆုံးဆု ရခဲ့တာ သိပ်မရှိတော့ဘူး။ နောက်ဆုံး(၄)ရာသီမှာ သွင်းဂိုးအများဆုံးဆုကို ပူးတွဲရခဲ့တာ (၂)ရာသီရှိခဲ့ပြီး ၂၀၁၄-၁၅ မှာ လူကာတိုနီ Luca Toni ၊ အီကာဒီ Icardi (၂၂ဂိုးစီ)၊ ပြီးခဲ့တဲ့ရာသီမှာ အီမိုဘီလီ Immobile ၊ အီကာဒီ Icardi (၂၉ဂိုးစီ)တို့ဖြစ်ပါတယ်။

Cristiano-Ronaldo-1

Cristiano-Ronaldo-1

နဂိုတည်းကမှ သွင်းဂိုးအများဆုံးအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ စီးရီအေပြိုင်ပွဲကို ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား စီရော်နယ်လ်ဒို ရောက်လာချိန်မှာ မီးစာပိုမြှင့်လိုက်သလိုဖြစ်သွားတယ်။ အခုအချိန်မှာ ပရိသတ်တွေအတွက် စီးရီးအေမှာ ဘယ်သူဗိုလ်စွဲနိုင်မလဲဆိုတာထက် သွင်းဂိုးအများဆုံးက ဘယ်သူများဖြစ်မလဲဆိုတာကို ပိုစိတ်ဝင်စားနေကြပြီ။ အဲဒီတော့ သွင်းဂိုးအများဆုံးဆုအတွက် ပြိုင်ဘက်တွေဖြစ်လာနိုင်တဲ့ ကစားသမားတွေကို ကြိုတင်ရင်ခုန်ကြည့်ချင်ပါတယ် . . . .

စီရော်နယ်လ်ဒို Cristiano Ronaldo – ဂျူဗင်တပ်စ်(ပြီးခဲ့တဲ့ရာသီ လိဂ်သွင်းဂိုး-၂၆ဂိုး)

Cristiano-Ronaldo

Cristiano-Ronaldo

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ကစားအားရော၊ ကြံ့ခိုင်မှုအပိုင်းမှာပါ အကောင်းဆုံးအနေထားဖြစ်နေတာကြောင့် စီရော်နယ်လ်ဒိုဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေတယ်။ ရီးယဲလ် ကစားသမားဘဝတစ်လျှောက်လုံး တစ်ရာသီကို အနည်းဆုံးဂိုး(၄၀)လောက်အထိ သွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒို သူ့ရဲ့Goal Scoring Record ကို အီတလီမြေမှာလည်း ဆက်ထိန်းထားနိုင်မလား . .။

ဟီဂွါအင် Higuain – အေစီမီလန် (ပြီးခဲ့တဲ့ရာသီ လိဂ်သွင်းဂိုး – ၁၆ဂိုး)

Higuain

Higuain

‘တစ်ဂူတည်းမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူး’ဆိုတဲ့အတိုင်း ဂျူဗင်တပ်စ်အသင်းကို စီရော်နယ်လ်ဒို ရောက်လာချိန်မှာ ဟီဂွါအင်က အေစီမီလန်ဆီ ချက်ချင်းပြောင်းတော့တာပဲ။ တစ်သင်းတည်းကစားရင်လည်း ဒီနှစ်ယောက်ကြားမှာ ကြိတ်ပြီး Compete ဖြစ်နေမယ့်အတူတူ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့ ပိုကောင်းသွားတာပေ့ါ။ ဟီဂွါအင်ဟာ နာပိုလီကစားသမားဘ၀ ၂၀၁၅-၁၆ ရာသီတုန်းက (၃၆)ဂိုးအထိ သွင်းခဲ့ပြီး ၁၉၂၉ ခုနှစ်နောက်ပိုင်း စံချိန်တင်သွင်းဂိုးပိုင်ရှင်ဖြစ်ခဲ့တယ်။

အီမိုဘီလီ Immobile – လာဇီယို (ပြီးခဲ့တဲ့ရာသီ လိဂ်သွင်းဂိုး – ၂၉ဂိုး)

Immobile

Immobile

ပြီးခဲ့တဲ့ရာသီက (၂၉)ဂိုးသွင်းပြီး အင်တာမီလန်တိုက်စစ်မှူး အီကာဒီနဲ့အတူ ပူးတွဲသွင်းဂိုးအများဆုံးဖြစ်ခဲ့တဲ့ အီမိုဘီလီကိုလည်း ဒီစာရင်းထဲမှာ ထည့်သွင်းရမယ်။ လာဇီယိုအသင်းရဲ့ Goal Machine လို့ တင်စားရမယ့် အီမိုဘီလီက စီရော်နယ်လ်ဒို၊ ဟီဂွါအင်တို့ကို ကောင်းကောင်းစိန်ခေါ်နိုင်စွမ်းရှိသူပါ။

အီကာဒီ Icardi – အင်တာမီလန် (ပြီးခဲ့တဲ့ရာသီ လိဂ်သွင်းဂိုး -၂၉ဂိုး)

Icardi

Icardi

ဒီရာသီ အင်တာမီလန်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တာဟာ အီကာဒီရဲ့ သွင်းဂိုးတွေက အဓိက ကျခဲ့တယ်။ ဒဏ်ရာပြဿနာသာမရှိရင် အီကာဒီအတွက် တစ်ဂိုးရဖို့ဆိုတာ ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။

ဒီလူတွေကတော့ ၂၀၁၈-၁၉ ရာသီ စီးရီးအေသွင်းဂိုးအများဆုံးဆုအတွက် ထိပ်ဆုံးက ရေပန်းစားနေတဲ့သူတွေပါ။ သူတို့နဲ့အတူ ဂျက်ကို Dzeko (ရိုးမား)၊ ဘယ်လော့တီ Belotti (တိုရီနို)၊ မာတင်စ် Mertens (နာပိုလီ)တို့ကလည်း စီးရီးအေသွင်းဂိုးအများဆုံးဆုအတွက် အပြိုင်ရေပန်းစားနေသူပါ။ ပရိသတ်တွေအနေနဲ့လည်း ဒီလူစာရင်းထဲက ဘယ်ကစားသမားဟာ ၂၀၁၈-၁၉ ရာသီရဲ့ သွင်းဂိုးအများဆုံးဖြစ်မလဲဆိုတာ ခန့်မှန်းပေးကြလား . . .

REF:AS
Photo:Worldfootball,clipart,Pinterest
Naing Linn(Akhayar)
www.akhayar.com