This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေရႊဖိနပ္ဆုအတြက္ တိုက္ပဲြစိန္ေခၚသံက ပုိၿပီးျပင္းထန္လာခဲ့ၿပီ

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ သြင္းဂုိးအမ်ားဆုံး ေရႊဖိနပ္ဆုအတြက္ တိုက္ပဲြကေတာ့ အႀကိတ္အနယ္ျဖစ္လာေနၿပီ။ လက္ရွိသြင္းဂုိးအမ်ားဆုံးကစားသမားစာရင္းမွာ ၿပိဳင္ပဲြမတိုင္ခင္က ေရပန္းစားခဲ့တဲ့သူေတြ ပါ၀င္ခ့ဲသလုိ နာမည္ႀကီးကစားသမားတခ်ိဳ႕ကေတာ့ ဂုိးရဖုိ႔ ႐ုန္းကန္ေနရဆဲပဲ။ အခုေလာေလာဆယ္ အဂၤလန္အသင္းနာမည္ေက်ာ္တိုက္စစ္မွဴး ဟာရီကိန္း Harry Kane က (၅)ဂုိးနဲ႔ ေရွ႕ကေျပးေနၿပီး သူ႔ေနာက္မွာ စီေရာ္နယ္လ္ဒုိ C.Ronaldo ၊ လူကာကူ Lukaku တို႔က တစ္ဂုိးအကြာနဲ႔ ထပ္ၾကပ္မကြာ လုိက္ေနတယ္။ တျခားထိပ္သီးကစားသမားေတြျဖစ္တဲ့ မက္ဆီ Messi ၊ ေနမာ Neymar ၊ လီ၀န္ေဒါစကီး Lewandowski ၊ မူလာ Muller ၊ အဂြဲ႐ုိး Aguero တို႔ကေတာ့ ဂုိးသြင္းဖုိ႔ ႐ုန္းကန္ေနရဆဲပါ။ ေနမာနဲ႔ အဂြဲ႐ုိးတို႔က တစ္ဂုိးစီသြင္းယူခဲ့ၾကေပမယ့္ မက္ဆီ၊ မူလာ၊ လီ၀န္ေဒါစကီးတို႔ဟာ မထင္မွတ္ေလာက္ေအာင္ပဲ ဂုိးေပါက္ေပ်ာက္ဆုံးေနပါတယ္။

Harry-Kane

Harry-Kane

ေရႊဖိနပ္ဆုအတြက္ ဟာရီကိန္း၊ စီေရာ္နယ္လ္ဒုိ၊ လူကာကူတို႔ (၃)ဦးပဲ အဓိက ယွဥ္ၿပိဳင္ရမယ့္အေနအထားျဖစ္ေနပါၿပီ။ ကစားသမားဘ၀ ပထမဆုံးအႀကိမ္ကမၻာ႔ဖလားၿပိဳင္ပဲြမွာ (၅)ဂုိးအထိ သြင္းယူထားတဲ့ ဟာရီကိန္းဟာ တူနီးရွားနဲ႔ပဲြမွာ (၂)ဂုိး၊ ပနားမားနဲ႔ပဲြမွာ ဟက္ထရစ္ သြင္းယူခဲ့ၿပီး ၁၉၈၆ ကမၻာ႔ဖလားတုန္းက ေရႊဖိနပ္ဆုရခဲ့တဲ့ အဂၤလန္နာမည္ေက်ာ္တိုက္စစ္မွဴးေဟာင္း ဂယ္ရီလုိင္နီကာ Gary Lineker ေနာက္ပုိင္း ဒီဆုကုိ ဆြတ္ခူးႏုိင္မယ့္ ပထမဆုံးအဂၤလန္ကစားသမားျဖစ္လာႏုိင္ဖုိ႔ ရာခုိင္ႏႈန္းမ်ားေနတယ္။ အဂၤလန္အသင္းအေနနဲ႔ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ အုပ္စု(H)က ဂ်ပန္၊ ကုိလံဘီယာ၊ ဆီနီေဂါတို႔ထဲ တစ္သင္းသင္းနဲ႔ ဆုံေတြ႕ရမွာျဖစ္လုိ႔ ဟာရီကိန္းရဲ႕သြင္းဂုိးေတြ ဆက္လက္ျမင္ေတြ႕ရဖုိ႔ရွိေနတယ္။

Cristiano-Ronaldo

Cristiano-Ronaldo

ေပၚတူဂီအသင္းရဲ႕ လက္ရွိကမၻာ႔အေကာင္းဆုံး တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိကလည္း အသက္အရြယ္နဲ႔မလုိက္ေအာင္ ေျခစြမ္းျပကစားေနၿပီး သြင္းဂုိးေတြအတြက္ အၿမဲအဆင္သင့္ရွိေနဆဲပဲ။ ေပၚတူဂီတစ္သင္းလုံးမွာလည္း စီေရာ္နယ္လ္ဒုိ ဂုိးမသြင္းရင္ ဂုိးသြင္းမယ့္သူ မရွိေတာ့ဘူးလုိ႔ ဆုိရေလာက္ေအာင္ စီေရာ္နယ္လ္ဒုိက ေပၚတူဂီအသင္းရဲ႕ဂုိးေတြအားလုံးကုိ တစ္ဦးတည္းသြင္းယူထားတယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြ(၄)ႀကိမ္စလုံးမွာ ဂုိးသြင္းခဲ့တဲ့ မွတ္တမ္းေကာင္းရယူထားသူ စီေရာ္နယ္လ္ဒုိရဲ႕ တစ္ဦးခ်င္းအေကာင္းဆံုးဆုေတြထဲမွာ ကမၻာ႔ဖလားေရႊဖိနပ္ဆုရယူဖုိ႔ က်န္ရွိေနတာေၾကာင့္ အဲဒီကြက္လပ္ကုိ ျဖည့္ႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။

Lukaku

Lukaku

ဘယ္လ္ဂ်ီယံအသင္းတိုက္စစ္မွဴး လူကာကူကလည္း ေရႊဖိနပ္ဆုအတြက္ ဟာရီကိန္း၊ စီေရာ္နယ္လ္ဒုိတို႔ကုိ ၿခိမ္းေျခာက္ႏုိင္တဲ့ေျခစြမး္မ်ိဳး ျပသေနပါတယ္။ ဟာရီကိန္း၊ စီေရာ္နယ္လ္ဒုိတို႔လုိ ဟက္ထရစ္မသြင္းႏုိင္ေသးေပမယ့္ ပနားမား၊ တူနီးရွားတို႔နဲ႔ပဲြမွာ (၂)ဂုိးစီသြင္းၿပီး သူ႔ရဲ႕Quality ကုိ ျပသထားတယ္။ အဓိက အားသာခ်က္က ဘယ္လ္ဂ်ီယံအသင္းရဲ႕ကြင္းလယ္မွာ ကမၻာ႔အဆင့္ကစားသမားေတြရွိေနတာေၾကာင့္ လူကာကူအတြက္ သြင္းဂုိးေတြရရွိဖုိ႔ဆုိတာက မခက္ခဲပါဘူး။ ဒီကစားသမား(၃)ဦးကုိ အနီးစပ္ဆုံး ဖိအားေပးေနတာက စပိန္တိုက္စစ္မွဴး ဒီေယဂုိေကာ္စတာ Diego Costa ၊ ႐ုရွားေတာင္ပံကစားသမား ခီရီရွက္ဗ္ Cheryshev တို႔ပဲရွိပါေတာ့တယ္။ Akhayar Sports ပရိသတ္ေတြေရာ ၂၀၁၈ ကမၻာ႔ဖလားေရႊဖိနပ္ဆုကုိ ဘယ္ကစားသမားက ဆြတ္ခူးမလဲဆုိတာ ကုိယ့္အျမင္ေလးေတြ ေျပာခဲ့ပါဦး။

REF: Independent
Photo:Twitter,Goal.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရွှေဖိနပ်ဆုအတွက် တိုက်ပွဲစိန်ခေါ်သံက ပိုပြီးပြင်းထန်လာခဲ့ပြီ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုအတွက် တိုက်ပွဲကတော့ အကြိတ်အနယ်ဖြစ်လာနေပြီ။ လက်ရှိသွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ပြိုင်ပွဲမတိုင်ခင်က ရေပန်းစားခဲ့တဲ့သူတွေ ပါဝင်ခဲ့သလို နာမည်ကြီးကစားသမားတချို့ကတော့ ဂိုးရဖို့ ရုန်းကန်နေရဆဲပဲ။ အခုလောလောဆယ် အင်္ဂလန်အသင်းနာမည်ကျော်တိုက်စစ်မှူး ဟာရီကိန်း Harry Kane က (၅)ဂိုးနဲ့ ရှေ့ကပြေးနေပြီး သူ့နောက်မှာ စီရော်နယ်လ်ဒို C.Ronaldo ၊ လူကာကူ Lukaku တို့က တစ်ဂိုးအကွာနဲ့ ထပ်ကြပ်မကွာ လိုက်နေတယ်။ တခြားထိပ်သီးကစားသမားတွေဖြစ်တဲ့ မက်ဆီ Messi ၊ နေမာ Neymar ၊ လီဝန်ဒေါစကီး Lewandowski ၊ မူလာ Muller ၊ အဂွဲရိုး Aguero တို့ကတော့ ဂိုးသွင်းဖို့ ရုန်းကန်နေရဆဲပါ။ နေမာနဲ့ အဂွဲရိုးတို့က တစ်ဂိုးစီသွင်းယူခဲ့ကြပေမယ့် မက်ဆီ၊ မူလာ၊ လီဝန်ဒေါစကီးတို့ဟာ မထင်မှတ်လောက်အောင်ပဲ ဂိုးပေါက်ပျောက်ဆုံးနေပါတယ်။

Harry-Kane

Harry-Kane

ရွှေဖိနပ်ဆုအတွက် ဟာရီကိန်း၊ စီရော်နယ်လ်ဒို၊ လူကာကူတို့ (၃)ဦးပဲ အဓိက ယှဉ်ပြိုင်ရမယ့်အနေအထားဖြစ်နေပါပြီ။ ကစားသမားဘ၀ ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၅)ဂိုးအထိ သွင်းယူထားတဲ့ ဟာရီကိန်းဟာ တူနီးရှားနဲ့ပွဲမှာ (၂)ဂိုး၊ ပနားမားနဲ့ပွဲမှာ ဟက်ထရစ် သွင်းယူခဲ့ပြီး ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက ရွှေဖိနပ်ဆုရခဲ့တဲ့ အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာ Gary Lineker နောက်ပိုင်း ဒီဆုကို ဆွတ်ခူးနိုင်မယ့် ပထမဆုံးအင်္ဂလန်ကစားသမားဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းများနေတယ်။ အင်္ဂလန်အသင်းအနေနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်မှာ အုပ်စု(H)က ဂျပန်၊ ကိုလံဘီယာ၊ ဆီနီဂေါတို့ထဲ တစ်သင်းသင်းနဲ့ ဆုံတွေ့ရမှာဖြစ်လို့ ဟာရီကိန်းရဲ့သွင်းဂိုးတွေ ဆက်လက်မြင်တွေ့ရဖို့ရှိနေတယ်။

Cristiano-Ronaldo

Cristiano-Ronaldo

ပေါ်တူဂီအသင်းရဲ့ လက်ရှိကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုကလည်း အသက်အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြကစားနေပြီး သွင်းဂိုးတွေအတွက် အမြဲအဆင်သင့်ရှိနေဆဲပဲ။ ပေါ်တူဂီတစ်သင်းလုံးမှာလည်း စီရော်နယ်လ်ဒို ဂိုးမသွင်းရင် ဂိုးသွင်းမယ့်သူ မရှိတော့ဘူးလို့ ဆိုရလောက်အောင် စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းရဲ့ဂိုးတွေအားလုံးကို တစ်ဦးတည်းသွင်းယူထားတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ(၄)ကြိမ်စလုံးမှာ ဂိုးသွင်းခဲ့တဲ့ မှတ်တမ်းကောင်းရယူထားသူ စီရော်နယ်လ်ဒိုရဲ့ တစ်ဦးချင်းအကောင်းဆုံးဆုတွေထဲမှာ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရယူဖို့ ကျန်ရှိနေတာကြောင့် အဲဒီကွက်လပ်ကို ဖြည့်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။

Lukaku

Lukaku

ဘယ်လ်ဂျီယံအသင်းတိုက်စစ်မှူး လူကာကူကလည်း ရွှေဖိနပ်ဆုအတွက် ဟာရီကိန်း၊ စီရော်နယ်လ်ဒိုတို့ကို ခြိမ်းခြောက်နိုင်တဲ့ခြေစွမ်းမျိုး ပြသနေပါတယ်။ ဟာရီကိန်း၊ စီရော်နယ်လ်ဒိုတို့လို ဟက်ထရစ်မသွင်းနိုင်သေးပေမယ့် ပနားမား၊ တူနီးရှားတို့နဲ့ပွဲမှာ (၂)ဂိုးစီသွင်းပြီး သူ့ရဲ့Quality ကို ပြသထားတယ်။ အဓိက အားသာချက်က ဘယ်လ်ဂျီယံအသင်းရဲ့ကွင်းလယ်မှာ ကမ္ဘာ့အဆင့်ကစားသမားတွေရှိနေတာကြောင့် လူကာကူအတွက် သွင်းဂိုးတွေရရှိဖို့ဆိုတာက မခက်ခဲပါဘူး။ ဒီကစားသမား(၃)ဦးကို အနီးစပ်ဆုံး ဖိအားပေးနေတာက စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာ Diego Costa ၊ ရုရှားတောင်ပံကစားသမား ခီရီရှက်ဗ် Cheryshev တို့ပဲရှိပါတော့တယ်။ Akhayar Sports ပရိသတ်တွေရော ၂၀၁၈ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုကို ဘယ်ကစားသမားက ဆွတ်ခူးမလဲဆိုတာ ကိုယ့်အမြင်လေးတွေ ပြောခဲ့ပါဦး။

REF: Independent
Photo:Twitter,Goal.com
Naing Linn(Akhayar)
www.akhayar.com