[Zawgyi]

ပရီးမီးယားလိဂ္မွာ ဘယ္အသင္းဗိုလ္စြဲမလဲ (၃)

ပရီးမီးယားလိဂ္မွာ ဘယ္အသင္းဗိုလ္စြဲမလဲ အပိုင္း(၂)မွာ မန္ယူနဲ႔စပါးအသင္းတို႔ရဲ႕အေနအထားေတြကိုသံုးသပ္ေဖာ္ျပေပးခဲ႔ပါတယ္။ အခုအပိုင္း(၃)မွာေတာ႔ က်န္ရိွေနတဲ႔ ခ်ယ္လ္ဆီးနဲ႔အာဆင္နယ္အသင္းတို႔ရဲ႕ အေနအထားေတြကို ဆက္လက္သံုးသပ္ေပးသြားမွာျဖစ္ပါတယ္။

(၁) ခ်ယ္လ္ဆီး

Chelsea

Chelsea

နည္းျပဆာရီ Sarri လက္ထက္ ခ်ယ္လ္ဆီးအသင္းဟာ တိုးတက္မႈေတြရိွလာတာကို ျမင္ေတြ႕ေနရပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ လက္ရိွမွာ ပရီးမီးယားလိဂ္ပြဲစဥ္(၂)ပြဲကစားထားျပီး (၂)ပြဲလံုးကို အႏိုင္ရရိွထားတာပါ။ အသင္းရဲ႕လက္ရိွလူစာရင္းဟာလည္း အရင္ထက္ေတာင္႔တင္းခိုင္မာလာတာကို ေတြ႕ေနရပါတယ္။ ေဒးဗစ္လူး၀စ္ဇ္ David Luiz ကိုေနရာျပန္ေပးခဲ႔တာ ဘာကေလ Barkley ဒဏ္ရာကေနျပန္လာျပီး အရင္ကလိုစြမ္းေဆာင္ရည္မ်ိဳးျပန္ရလာတာ ေယ္ဂ်င္ဟို Jorginho ၊ ကိုဗာခ်စ္ Kovačić တို႔လို ကြင္းလယ္ကစားသမားေတြေရာက္ရိွလာတာ ဒီအရာေတြက ခ်ယ္လ္ဆီးအသင္းအတြက္ အေပါင္းလကၡဏာေဆာင္တဲ႔ အရာေတြျဖစ္ခဲ႔ပါတယ္။ ေဘာလံုးအသင္းတစ္သင္းမွာ ဂိုးသမားေနရာဟာ အေရးၾကီးတဲ႔ေနရာမွာရိွေနတာေၾကာင္႔ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းကိုေရာက္ရိွလာတဲ႔ ဂိုးသမား ကီပါ Kepa ရဲ႕လက္စြမ္းေတြကိုေတာ႔ ဆက္လက္ေစာင္႔ၾကည္႔သြားရမွာပါ။ ခ်ယ္လ္ဆီးအသင္းဟာ လူၾကီးနဲ႔လူငယ္ အခ်ိဳးက်ပါ၀င္ေနတာကိုေတြ႕ရပါတယ္။ ေဒးဗစ္လူး၀စ္ဇ္ David Luiz ၊ ကာေဟးလ္ Cahill ၊ ဖာဖရီဂတ္စ္ Fàbregas တို႔လိုအေတြ႕အၾကံဳရိွသူေတြ နဲ႔ အလြန္ဆို Alonso ၊ အက္ဇ္ပီလီကြယ္တာ Azpilicueta ၊Kanté ကြန္ေတ ၊ ပတ္ဒရို Pedro ၊ ဟာဇက္ Hazard တို႔လိုအေကာင္းဆံုးပံုစံရိွေနသူေတြ အသင္းကိုအသစ္ေရာက္ရိွလာတဲ႔သူေတြ သူတို႔အားလံုးသာအေကာင္းဆံုးေပါင္းစပ္ႏိုင္ခဲ႔ရင္ေတာ႔ နည္းျပဆာရီ Sarri ရဲ႕အသင္းဟာ ေၾကာက္စရာေကာင္းလာမွာကေတာ႔ ေသခ်ာေနပါတယ္။ ခ်ယ္လ္ဆီးအသင္းအတြက္ စိုးရိမ္ရမယ္႔ေနရာကေတာ႔ မိုရာတာ Morata ၊ ဂ်ရူး Giroud တို႔ရဲ႕အေထာင္တိုက္စစ္မႈးေနရာပဲျဖစ္ပါတယ္။ မိုရာတာ Morata နဲ႔ ဂ်ရူး Giroud တို႔ဟာ ပံုမွန္ဂိုးသြင္းေျခမရိွၾကတာေၾကာင္႔ ေဘာလံုးရာသီအရွည္ၾကီးမွာ ဒီအခ်က္က ခက္ခဲဖို႔ရိွလာႏိုင္ပါတယ္။ သူတို႔(၂)ေယာက္အေနနဲ႔ အစဥ္အလာဆိုးေတြကေန ေဖာက္ထြက္ျပဖို႔လိုအပ္ပါတယ္။ အာဆင္နယ္ကို အႏိုင္ရရိွခဲ႔တဲ႔ပြဲမွာ တိုက္စစ္မႈး မိုရာတာ Morata ဂိုးေပါက္ျပန္ေတြ႕ခဲ႔တာကလည္း စိတ္ေက်နပ္စရာ အေျခအေနပါ။ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ခ်င္တဲ႔ အသင္းဟာ ေနရာစံုေကာင္းမြန္ဖို႔လိုအပ္ေနျပီၤး ခ်ယ္လ္ဆီးအသင္းရဲ႕အေထာင္တိုက္္စစ္မႈးေတြအေနနဲ႔ ပံုမွန္ထက္ပိုတဲ႔ စြမ္းေဆာင္ရည္ကို ျပသႏိုင္ရင္ ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ေမွ်ာ္လင္႔ခြင္႔ရိွေနပါတယ္။

(၂) အာဆင္နယ္

Arsenal

Arsenal

အာဆင္နယ္အသင္းကေတာ႔ အရိပ္ဆိုးေအာက္ကေန ႐ုန္းထြက္ႏိုင္ျခင္းမရိွေသးတာကိုေတြ႕ေနရပါတယ္။ အသင္းဟာ ၾကိဳးစားအားထုတ္မႈရိွေပမယ္႔ ၾကိဳးစားမႈက အရာမထင္ျဖစ္ေနခဲ႔တာပါ။ လက္ရိွမွာလည္း အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္(၂)ပြဲဆက္ ႐ံႈးနိမ္႔ထားျပီး တန္းဆင္းဇုန္ရဲ႕အထက္နားကို ေရာက္ေနခဲ႔ပါတယ္။ လက္ရိွ အာဆင္နယ္အသင္းရဲ႕ အေျခအေနကိုေ၀ဖန္ရရင္ အသင္းရဲ႕ခံစစ္ဟာ ညံဖ်င္းလြန္းအားၾကီးပါတယ္။ ခံစစ္ပိုင္းဟာ အေပါက္ေတြမ်ားေနျပီး ဒီအခ်က္ကို ျပီးခဲ႔တဲ႔ မန္စီးတီး ၊ ခ်ယ္လ္ဆီး တို႔နဲ႔ပြဲစဥ္ေတြမွာ ျမင္ေတြ႕ခဲ႔ရပါတယ္။ ခ်န္ပီယံျဖစ္ခ်င္ရင္ေတာ႔ နည္းျပအမ္မရီ Emery အေနနဲ႔ ဒီအရာေတြကို အရင္ျပင္ဆင္သြားရမွာပဲျဖစ္ပါတယ္။ နည္းျပအမ္မရီ Emery အေနနဲ႔ ေနာက္ထပ္ျပဳလုပ္ရမယ္႔ အရာတစ္ခုကေတာ႔ တိုက္စစ္မွာ လာကာဇက္ Lacazette နဲ႔ အူဘာမီယန္း Aubameyang ကိုတြဲျပီးသံုးရမယ္႔ အလုပ္ပါပဲ။ လာကာဇက္ Lacazette နဲ႔ အူဘာမီယန္း Aubameyang တို႔(၂)ဦးလံုးဟာ ထိပ္တန္းကစားသမားေတြပါ။ ဒါေပမယ္႔ အူဘာမီယန္း Aubameyang ကို အေထာင္တိုက္စစ္ေနရာမွာ အသံုးျပဳတာမ်ားတာေၾကာင္႔ လာကာဇက္ Lacazette ဟာအရန္ခံုကို ေရာက္ေနရပါတယ္။ နည္းျပအမ္မရီ Emery အေနနဲ႔ လာကာဇက္ Lacazette ကိုအေထာင္တိုက္စစ္ေနရာမွာထားျပီး အူဘာမီယန္း Aubameyang ကို ဘယ္ျခမ္းတိုက္စစ္ေနရာမွာထား ကစားရင္ေတာ႔ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ဟာပိုထက္ျမက္လာဖို႔ ရိွေနပါတယ္။ အဆိုးထဲက အေကာင္းတစ္ခုကို ေျပာရရင္ေတာ႔ လူငယ္ကြင္းလယ္လူ ဂြမ္ဒိုဇီ Guendouzi အေၾကာင္းေျပာရမွာပါ။ ဂြမ္ဒိုဇီ Guendouzi ရဲ႕ ေျခစြမ္းကို ၾကည္႔မယ္ဆိုရင္ အလားအလာေကာင္းေတြပိုင္ဆိုင္ထားတာကို ေတြ႕ရမွာပါ။ ဂြမ္ဒိုဇီ Guendouzi ဟာ အနာဂတ္မွာ ဒီထက္ပိုတိုးတက္လာဦးမယ္လို႔ ယူဆမိပါတယ္။ နွစ္ေပါင္းမ်ားစြာ အာဆင္နယ္ ကို ကိုင္တြယ္ခဲ႔တဲ႔ နည္းျပအာစင္၀င္းဂါး Arsène Wenger ရဲ႕လက္ထဲကေန အာဆင္နယ္ကို လႊဲေျပာင္းယူခဲ႔ရတဲ႔ နည္းျပအမ္မရီ Emery မွာအခက္အခဲေတြ အမ်ားၾကီးရိွေနမွာက ေသခ်ာေနတဲ႔အရာပါ။ နည္းျပအမ္မရီ Emery အေနနဲ႔ အခက္အခဲေတြကို ေျဖရွင္းျပီး အာဆင္နယ္အသင္းကို ေအာင္ျမင္မႈေတြရွာေဖြေပးႏိုင္မလားဆိုတာ ေစာင္႔ၾကည္႔သြားရမွာပဲျဖစ္ပါတယ္။ ေဘာလံုးမွာ မျဖစ္ႏိုင္တာ ဘာမွမရိွတာေၾကာင္႔ အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံ ေမွ်ာ္လင္႔ခ်က္ဟာလည္း ရင္ခုန္စရာေကာင္းေနတာကေတာ႔ အမွန္ပါပဲ။

ပရီးမီးယားလိဂ္မွာ ဘယ္အသင္းဗိုလ္စြဲမလဲကို အပိုင္း (၃)နဲ႔ ပရိတ္သတ္ေတြအတြက္ေဖာ္ျပေပးခဲ႔တာျဖစ္ပါတယ္။ ရာသီကုန္မွာ ဘယ္အသင္းဗိုလ္စြဲမလဲဆိုတာကိုေတာ႔ ေစာင္႔ၾကည္႔ရင္ခုန္သြားၾကရမွာပါ။

Photo:Boston Herald , 101 Great Goals , Sporting News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းဗိုလ်စွဲမလဲ (၃)

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းဗိုလ်စွဲမလဲ အပိုင်း(၂)မှာ မန်ယူနဲ့စပါးအသင်းတို့ရဲ့အနေအထားတွေကိုသုံးသပ်ဖော်ပြပေးခဲ့ပါတယ်။ အခုအပိုင်း(၃)မှာတော့ ကျန်ရှိနေတဲ့ ချယ်လ်ဆီးနဲ့အာဆင်နယ်အသင်းတို့ရဲ့ အနေအထားတွေကို ဆက်လက်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။

(၁) ချယ်လ်ဆီး

Chelsea

Chelsea

နည်းပြဆာရီ Sarri လက်ထက် ချယ်လ်ဆီးအသင်းဟာ တိုးတက်မှုတွေရှိလာတာကို မြင်တွေ့နေရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲကစားထားပြီး (၂)ပွဲလုံးကို အနိုင်ရရှိထားတာပါ။ အသင်းရဲ့လက်ရှိလူစာရင်းဟာလည်း အရင်ထက်တောင့်တင်းခိုင်မာလာတာကို တွေ့နေရပါတယ်။ ဒေးဗစ်လူးဝစ်ဇ် David Luiz ကိုနေရာပြန်ပေးခဲ့တာ ဘာကလေ Barkley ဒဏ်ရာကနေပြန်လာပြီး အရင်ကလိုစွမ်းဆောင်ရည်မျိုးပြန်ရလာတာ ယေ်ဂျင်ဟို Jorginho ၊ ကိုဗာချစ် Kovačić တို့လို ကွင်းလယ်ကစားသမားတွေရောက်ရှိလာတာ ဒီအရာတွေက ချယ်လ်ဆီးအသင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေဖြစ်ခဲ့ပါတယ်။ ဘောလုံးအသင်းတစ်သင်းမှာ ဂိုးသမားနေရာဟာ အရေးကြီးတဲ့နေရာမှာရှိနေတာကြောင့် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းကိုရောက်ရှိလာတဲ့ ဂိုးသမား ကီပါ Kepa ရဲ့လက်စွမ်းတွေကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါ။ ချယ်လ်ဆီးအသင်းဟာ လူကြီးနဲ့လူငယ် အချိုးကျပါဝင်နေတာကိုတွေ့ရပါတယ်။ ဒေးဗစ်လူးဝစ်ဇ် David Luiz ၊ ကာဟေးလ် Cahill ၊ ဖာဖရီဂတ်စ် Fàbregas တို့လိုအတွေ့အကြုံရှိသူတွေ နဲ့ အလွန်ဆို Alonso ၊ အက်ဇ်ပီလီကွယ်တာ Azpilicueta ၊Kanté ကွန်တေ ၊ ပတ်ဒရို Pedro ၊ဟာဇက် Hazard တို့လိုအကောင်းဆုံးပုံစံရှိနေသူတွေ အသင်းကိုအသစ်ရောက်ရှိလာတဲ့သူတွေ သူတို့အားလုံးသာအကောင်းဆုံးပေါင်းစပ်နိုင်ခဲ့ရင်တော့ နည်းပြဆာရီ Sarri ရဲ့အသင်းဟာ ကြောက်စရာကောင်းလာမှာကတော့ သေချာနေပါတယ်။ ချယ်လ်ဆီးအသင်းအတွက် စိုးရိမ်ရမယ့်နေရာကတော့ မိုရာတာ Morata ၊ ဂျရူး Giroud တို့ရဲ့အထောင်တိုက်စစ်မှုးနေရာပဲဖြစ်ပါတယ်။ မိုရာတာ Morata နဲ့ ဂျရူး Giroud တို့ဟာ ပုံမှန်ဂိုးသွင်းခြေမရှိကြတာကြောင့် ဘောလုံးရာသီအရှည်ကြီးမှာ ဒီအချက်က ခက်ခဲဖို့ရှိလာနိုင်ပါတယ်။ သူတို့(၂)ယောက်အနေနဲ့ အစဉ်အလာဆိုးတွေကနေ ဖောက်ထွက်ပြဖို့လိုအပ်ပါတယ်။ အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ တိုက်စစ်မှုး မိုရာတာ Morata ဂိုးပေါက်ပြန်တွေ့ခဲ့တာကလည်း စိတ်ကျေနပ်စရာ အခြေအနေပါ။ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ချင်တဲ့ အသင်းဟာ နေရာစုံကောင်းမွန်ဖို့လိုအပ်နေပြီၤး ချယ်လ်ဆီးအသင်းရဲ့အထောင်တိုက်စစ်မှုးတွေအနေနဲ့ ပုံမှန်ထက်ပိုတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ရင် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်ခွင့်ရှိနေပါတယ်။

(၂) အာဆင်နယ်

Arsenal

Arsenal

အာဆင်နယ်အသင်းကတော့ အရိပ်ဆိုးအောက်ကနေ ရုန်းထွက်နိုင်ခြင်းမရှိသေးတာကိုတွေ့နေရပါတယ်။ အသင်းဟာ ကြိုးစားအားထုတ်မှုရှိပေမယ့် ကြိုးစားမှုက အရာမထင်ဖြစ်နေခဲ့တာပါ။ လက်ရှိမှာလည်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်(၂)ပွဲဆက် ရှုံးနိမ့်ထားပြီး တန်းဆင်းဇုန်ရဲ့အထက်နားကို ရောက်နေခဲ့ပါတယ်။ လက်ရှိ အာဆင်နယ်အသင်းရဲ့ အခြေအနေကိုဝေဖန်ရရင် အသင်းရဲ့ခံစစ်ဟာ ညံဖျင်းလွန်းအားကြီးပါတယ်။ ခံစစ်ပိုင်းဟာ အပေါက်တွေများနေပြီး ဒီအချက်ကို ပြီးခဲ့တဲ့ မန်စီးတီး ၊ ချယ်လ်ဆီး တို့နဲ့ပွဲစဉ်တွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ချန်ပီယံဖြစ်ချင်ရင်တော့ နည်းပြအမ်မရီ Emery အနေနဲ့ ဒီအရာတွေကို အရင်ပြင်ဆင်သွားရမှာပဲဖြစ်ပါတယ်။ နည်းပြအမ်မရီ Emery အနေနဲ့ နောက်ထပ်ပြုလုပ်ရမယ့် အရာတစ်ခုကတော့ တိုက်စစ်မှာ လာကာဇက် Lacazette နဲ့ အူဘာမီယန်း Aubameyang ကိုတွဲပြီးသုံးရမယ့် အလုပ်ပါပဲ။ လာကာဇက် Lacazette နဲ့ အူဘာမီယန်း Aubameyang တို့(၂)ဦးလုံးဟာ ထိပ်တန်းကစားသမားတွေပါ။ ဒါပေမယ့် အူဘာမီယန်း Aubameyang ကို အထောင်တိုက်စစ်နေရာမှာ အသုံးပြုတာများတာကြောင့် လာကာဇက် Lacazette ဟာအရန်ခုံကို ရောက်နေရပါတယ်။ နည်းပြအမ်မရီ Emery အနေနဲ့ လာကာဇက် Lacazette ကိုအထောင်တိုက်စစ်နေရာမှာထားပြီး အူဘာမီယန်း Aubameyang ကို ဘယ်ခြမ်းတိုက်စစ်နေရာမှာထား ကစားရင်တော့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဟာပိုထက်မြက်လာဖို့ ရှိနေပါတယ်။ အဆိုးထဲက အကောင်းတစ်ခုကို ပြောရရင်တော့ လူငယ်ကွင်းလယ်လူ ဂွမ်ဒိုဇီ Guendouzi အကြောင်းပြောရမှာပါ။ ဂွမ်ဒိုဇီ Guendouzi ရဲ့ ခြေစွမ်းကို ကြည့်မယ်ဆိုရင် အလားအလာကောင်းတွေပိုင်ဆိုင်ထားတာကို တွေ့ရမှာပါ။ ဂွမ်ဒိုဇီ Guendouzi ဟာ အနာဂတ်မှာ ဒီထက်ပိုတိုးတက်လာဦးမယ်လို့ ယူဆမိပါတယ်။ နှစ်ပေါင်းများစွာ အာဆင်နယ် ကို ကိုင်တွယ်ခဲ့တဲ့ နည်းပြအာစင်ဝင်းဂါး Arsène Wenger ရဲ့လက်ထဲကနေ အာဆင်နယ်ကို လွှဲပြောင်းယူခဲ့ရတဲ့ နည်းပြအမ်မရီ Emery မှာအခက်အခဲတွေ အများကြီးရှိနေမှာက သေချာနေတဲ့အရာပါ။ နည်းပြအမ်မရီ Emery အနေနဲ့ အခက်အခဲတွေကို ဖြေရှင်းပြီး အာဆင်နယ်အသင်းကို အောင်မြင်မှုတွေရှာဖွေပေးနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ ဘောလုံးမှာ မဖြစ်နိုင်တာ ဘာမှမရှိတာကြောင့် အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက်ဟာလည်း ရင်ခုန်စရာကောင်းနေတာကတော့ အမှန်ပါပဲ။

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းဗိုလ်စွဲမလဲကို အပိုင်း (၃)နဲ့ ပရိတ်သတ်တွေအတွက်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ရာသီကုန်မှာ ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာကိုတော့ စောင့်ကြည့်ရင်ခုန်သွားကြရမှာပါ။

Photo:Boston Herald , 101 Great Goals , Sporting News
Ko Kyue(Akhayar)
www.akhayar.com