[Zawgyi]

၂၀၁၈-၁၉ ရာသီအဖြင့္ဖလား ကြန္ျမဴနတီဒုိင္းကုိ ဘယ္သူကုိင္ေျမႇာက္ခြင့္ရမလဲ

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမစခင္ ရာသီအဖြင့္ပဲြျဖစ္တဲ့ ကြန္ျမဴနတီဒုိင္းပဲြကေတာ့ ပရိသတ္ေတြေရွ႕ကုိ ေရာက္ရွိလာပါၿပီ။ ကြန္ျမဴနတီဒုိင္းက သိပ္ၿပီးေတာ့ အေရးပါတဲ့ဖလားတစ္ခု မဟုတ္ေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံနဲ႔ FA ဖလားခ်န္ပီယံအသင္းတို႔ ထိပ္တုိက္ေတြ႕တာျဖစ္လုိ႔ ဂုဏ္သိကၡာပုိင္းအရေတာ့ ၿပိဳင္ဆုိင္မႈျပင္းထန္ေလ့ရွိတယ္။ ဒီႏွစ္ကြန္ျမဴနတီဒုိင္းပဲြအျဖစ္ အဂၤလန္ထိပ္သီးႏွစ္သင္းျဖစ္တဲ့ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ ထိပ္တိုက္ေတြ႕ေနလုိ႔ အႀကိတ္အနယ္ရွိမွာအေသအခ်ာပါပဲ။

Man-city-vs-Chelsea

Man-city-vs-Chelsea

ဂြါဒီယုိလာ Guardiola ရဲ႕ မန္စီးတီးအသင္းက ဒီေႏြရာသီမွာ ကစားသမားအေျပာင္းအေရႊ႕ႀကီးႀကီးမားမား မလုပ္ထားေသးဘဲ မာရက္ဇ္ Mahrez ကုိ ေခၚယူခဲ့တာပဲရွိပါတယ္။ ခ်ယ္လ္ဆီးအသင္းကေတာ့ နည္းျပသစ္ ဆာရီ Sarri လက္ထက္မွာ ဘယ္လုိေျပာင္းလဲမႈေတြရွိမလဲ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး သူတို႔ကလည္း နာပုိလီက ေယာ္ဂ်င္ဟုိ Jorginho ကုိ ေခၚခဲ့တာကလြဲလုိ႔ ေနာက္ထပ္ကစားသမားသစ္ေတြ မေခၚေသးဘူး။တကယ္လုိ႔ ဆာရီသာ ကြန္ျမဴနတီဒုိင္းကုိ ကုိင္ေျမႇာက္ခြင့္ရခဲ့ရင္ ၂၀၁၃ ခုႏွစ္က ေဒးဗစ္မြိဳက္စ္ Moyes (မန္ယူ)ေနာက္ပုိင္း အသင္းသစ္နဲ႔ပထမဆုံးပဲြမွာ ကြန္ျမဴနတီဒုိင္းရခဲ့တဲ့ ပထမဆုံးနည္းျပအျဖစ္ မွတ္တမ္း၀င္ႏုိင္မွာပါ။

Sarri-and-Guardiola-Record

Sarri-and-Guardiola-Record

ခ်ယ္လ္ဆီးနဲ႔မန္စီးတီးအသင္းတို႔ဟာ ကြန္ျမဴနတီဒုိင္းမွာ ၂၀၁၂ ခုႏွစ္တုန္း ဆုံေတြ႕ခဲ့ဖူးၿပီး မန္စီးတီးအသင္းက (၃-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာေတာ့ မန္စီးတီးအသင္းက ခ်ယ္လ္ဆီးကုိ (၁-၀)ဂုိးန႔ဲ ႏွစ္ေက်ာ႔စလုံးအႏုိင္ယူခဲ့တယ္။ ထူးျခားတာက ဒီႏွစ္သငး္ၿပိဳင္ပဲြစုံ ေနာက္ဆုံး(၇)ပဲြဆုံေတြ႕ခဲ့တာမွာ သေရပဲြလုံး၀မရွိဘဲ မန္စီးတီးက (၄)ပဲြႏုိင္၊ ခ်ယ္လ္ဆီးက (၃)ပဲြႏုိင္ ရလဒ္ထြက္ေပၚခဲ့တာပါပဲ။ အခုေနာက္ပုိင္းမွာေတာ့ မန္စီးတီးက ခ်ယ္လ္ဆီးကို အသာရသလုိျဖစ္လာခဲ့ၿပီး ရလဒ္ေကာင္းေတြလည္း ရယူႏုိင္ခဲ့တယ္။ ေနာက္ၿပီး ဂြါဒီယုိလာဟာ ၂၀၁၇-၁၈ ရာသီ ခ်န္ပီယံလိဂ္အုပ္စုတုန္းက ဆာရီရဲ႕နာပုိလီနဲ႔ ဆုံေတြ႕ခဲ့ဖူးၿပီး အိမ္ကြင္းမွာ (၂-၁)ဂုိး၊ အေ၀းကြင္းမွာ (၄-၂)ဂုိးဆုိတဲ့ ရလဒ္ေတြနဲ႔ အႏုိင္ရခဲ့ဖူးတယ္။

Serri-and-Guardiola

Serri-and-Guardiola

အခုေလာေလာဆယ္ ဒီႏွစ္သငး္ရဲ႕အေနအထားကုိ ၾကည့္ရင္လည္း ကြန္တီ Conte ထားခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းကုိ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ရမယ့္ ဆာရီထက္ ဂြါဒီယုိလာရဲ႕ မန္စီးတီးအသင္းက စုစည္းမႈပုိရွိေနသလုိ Team Work အပုိင္းမွာလည္း အားသာေနတယ္။ မန္စီးတီးအသင္း ရာသီအဖြင့္ဖလားတစ္လုံး ရဖုိ႔မ်ားေနေပမယ့္ အႀကိတ္အနယ္ကစားၿပီးမွ အႏုိင္ရဖုိ႔မ်ားပါတယ္။

Photo:Football Fancast,Getty Images,dailypost
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈-၁၉ ရာသီအဖွင့်ဖလား ကွန်မြူနတီဒိုင်းကို ဘယ်သူကိုင်မြှောက်ခွင့်ရမလဲ

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမစခင် ရာသီအဖွင့်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲကတော့ ပရိသတ်တွေရှေ့ကို ရောက်ရှိလာပါပြီ။ ကွန်မြူနတီဒိုင်းက သိပ်ပြီးတော့ အရေးပါတဲ့ဖလားတစ်ခု မဟုတ်ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံနဲ့ FA ဖလားချန်ပီယံအသင်းတို့ ထိပ်တိုက်တွေ့တာဖြစ်လို့ ဂုဏ်သိက္ခာပိုင်းအရတော့ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိတယ်။ ဒီနှစ်ကွန်မြူနတီဒိုင်းပွဲအဖြစ် အင်္ဂလန်ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့နေလို့ အကြိတ်အနယ်ရှိမှာအသေအချာပါပဲ။

Man-city-vs-Chelsea

Man-city-vs-Chelsea

ဂွါဒီယိုလာ Guardiola ရဲ့ မန်စီးတီးအသင်းက ဒီနွေရာသီမှာ ကစားသမားအပြောင်းအရွှေ့ကြီးကြီးမားမား မလုပ်ထားသေးဘဲ မာရက်ဇ် Mahrez ကို ခေါ်ယူခဲ့တာပဲရှိပါတယ်။ ချယ်လ်ဆီးအသင်းကတော့ နည်းပြသစ် ဆာရီ Sarri လက်ထက်မှာ ဘယ်လိုပြောင်းလဲမှုတွေရှိမလဲ စောင့်ကြည့်ရမှာဖြစ်ပြီး သူတို့ကလည်း နာပိုလီက ယော်ဂျင်ဟို Jorginho ကို ခေါ်ခဲ့တာကလွဲလို့ နောက်ထပ်ကစားသမားသစ်တွေ မခေါ်သေးဘူး။တကယ်လို့ ဆာရီသာ ကွန်မြူနတီဒိုင်းကို ကိုင်မြှောက်ခွင့်ရခဲ့ရင် ၂၀၁၃ ခုနှစ်က ဒေးဗစ်မွိုက်စ် Moyes (မန်ယူ)နောက်ပိုင်း အသင်းသစ်နဲ့ပထမဆုံးပွဲမှာ ကွန်မြူနတီဒိုင်းရခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်နိုင်မှာပါ။

Sarri-and-Guardiola-Record

Sarri-and-Guardiola-Record

ချယ်လ်ဆီးနဲ့မန်စီးတီးအသင်းတို့ဟာ ကွန်မြူနတီဒိုင်းမှာ ၂၀၁၂ ခုနှစ်တုန်း ဆုံတွေ့ခဲ့ဖူးပြီး မန်စီးတီးအသင်းက (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာတော့ မန်စီးတီးအသင်းက ချယ်လ်ဆီးကို (၁-ဝ)ဂိုးနဲ့ နှစ်ကျော့စလုံးအနိုင်ယူခဲ့တယ်။ ထူးခြားတာက ဒီနှစ်သင်းပြိုင်ပွဲစုံ နောက်ဆုံး(၇)ပွဲဆုံတွေ့ခဲ့တာမှာ သရေပွဲလုံးဝမရှိဘဲ မန်စီးတီးက (၄)ပွဲနိုင်၊ ချယ်လ်ဆီးက (၃)ပွဲနိုင် ရလဒ်ထွက်ပေါ်ခဲ့တာပါပဲ။ အခုနောက်ပိုင်းမှာတော့ မန်စီးတီးက ချယ်လ်ဆီးကို အသာရသလိုဖြစ်လာခဲ့ပြီး ရလဒ်ကောင်းတွေလည်း ရယူနိုင်ခဲ့တယ်။ နောက်ပြီး ဂွါဒီယိုလာဟာ ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်အုပ်စုတုန်းက ဆာရီရဲ့နာပိုလီနဲ့ ဆုံတွေ့ခဲ့ဖူးပြီး အိမ်ကွင်းမှာ (၂-၁)ဂိုး၊ အဝေးကွင်းမှာ (၄-၂)ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရခဲ့ဖူးတယ်။

Serri-and-Guardiola

Serri-and-Guardiola

အခုလောလောဆယ် ဒီနှစ်သင်းရဲ့အနေအထားကို ကြည့်ရင်လည်း ကွန်တီ Conte ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ့် ဆာရီထက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက စုစည်းမှုပိုရှိနေသလို Team Work အပိုင်းမှာလည်း အားသာနေတယ်။ မန်စီးတီးအသင်း ရာသီအဖွင့်ဖလားတစ်လုံး ရဖို့များနေပေမယ့် အကြိတ်အနယ်ကစားပြီးမှ အနိုင်ရဖို့များပါတယ်။

Photo:Football Fancast,Getty Images,dailypost
Naing Linn(Akhayar)
www.akhayar.com