[Zawgyi]

ဒီရာသီ ပဲြဦးထြက္ဖလားျဖစ္တဲ့ ဥေရာပစူပါဖလားကုိ ဘယ္အသင္းဆြတ္ခူးသြားမလဲ

ဥေရာပစူပါဖလား – ရီးယဲလ္ ႏွင့္ အက္သလက္တီကုိ (ၾကာသပေတးေန႔ နံနက္ ၁း၃၀)

၂၀၁၈ ဥေရာပစူပါဖလားပဲြကေတာ့ ပရိသတ္ေတြေရွ႕ ျပန္လည္ေရာက္ရွိလာပါၿပီ။ ဒီႏွစ္မွာေတာ့ ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႏွစ္ဆက္ရယူခဲ့တဲ့ ရီးယဲလ္အသင္းနဲ႔ ယူ႐ုိပါလိဂ္ခ်န္ပီယံ အက္သလက္တီကုိအသင္းတို႔ရဲ႕ မက္ဒရစ္ဒါဘီပဲြကုိ ပရိသတ္ေတြ ႐ႈစားရမွာပါ။ မက္ဒရစ္ဒါဘီပဲြျဖစ္တာနဲ႔အညီ ပဲြက အႀကိတ္အနယ္ရွိမွာ အေသအခ်ာျဖစ္ၿပီး နည္းျပသစ္ လုိပယ္တက္ဂီ Lopetegui လက္ထက္မွာ ရီးယဲလ္အသင္း ဘာေတြ ေျပာငး္လဲသြားမလဲဆုိတာ စိတ္၀င္စားစရာပါ။ ေနာက္ၿပီး စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မရွိေတာ့တဲ့ ရီးယဲလ္တိုက္စစ္ပုိင္းက အားနည္းသြားမလား၊ လူငယ္ေသြးသစ္ေတြနဲ႔ ပုိေကာင္းလာမလားဆုိတာကုိလည္း ေစာင့္ၾကည့္ရမယ္ . . . . .

Real-Madrid-VS-Atlético-de-madrid

Real-Madrid-VS-Atlético-de-madrid

ႏွစ္သင္းစလုံးရဲ႕ ဒဏ္ရာျပႆနာ

Real-Madrid-2017-UEFA-Super-Cup

Real-Madrid-2017-UEFA-Super-Cup

ရီးယဲလ္အသင္းမွာ ဗယ္ေလဟုိ Vallejo ၊ အုိဒရီအုိဇုိလာ Odriozola တို႔ကုိ ဒီပဲြအတြက္ လူစာရင္းမွာ ထည့္သြင္းထားေပမယ့္ ဒဏ္ရာျပႆနာေတြေၾကာင့္ ပါ၀င္ႏုိင္ဖုိ႔ေတာ့ မရွိပါဘူး။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ တုနး္က ျပင္သစ္အသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ ေနာက္ခံလူ လူးကပ္စ္ဟာနန္ဒက္ဇ္ Lucas Hernández လည္း ဒီပဲြကုိ လဲြေခ်ာ္ဖုိ႔မ်ားပါတယ္။ ရီးယဲလ္အသင္းရဲ႕ ဂုိးသမားသစ္ ေကာ္တုိအာ Courtois ကုိလည္း ရီးယဲလ္အသင္းက ဒီပဲြအတြက္ UEFA ဆီ စာရင္းမသြင္းရေသးတာေၾကာင့္ ပါ၀င္ဖုိ႔ မေသခ်ာျဖစ္ေနတယ္။

သုံးသပ္ခ်က္
ရီးယဲလ္နဲ႔ အက္သလက္တီကုိအသင္းတို႔ဟာ ၿပိဳင္ပဲြစုံမွာ (၂၁၉)ႀကိမ္ ဆုံေတြ႕ခဲ့ၿပီး ရီးယဲလ္အသင္းက (၁၁၀)ပဲြႏုိင္၊ အက္သလက္တီကုိက (၅၅)ပဲြႏုိင္၊ (၅၄)ပဲြသေရက်ခဲ့တယ္။ ရီးယဲလ္အသင္းဟာ ဥေရာပစူပါဖလားကုိ ေနာက္ဆုံး(၂)ႏွစ္ဆက္တိုက္ရယူခဲ့ၿပီး ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္မွာဆုိရင္ေတာ့ စုစုေပါင္း(၄)ႀကိမ္ (၂၀၀၂, ၂၀၁၄, ၂၀၁၆, ၂၀၁၇)ဗုိလ္စြဲခဲ့ပါတယ္။ ၁၉၉၈၊ ၂၀၀၀ ခုႏွစ္ေတြမွာေတာ့ ဒုတိယေနရာသာ ရရွိခဲ့တယ္။ အက္သလက္တီကုိအသင္းရဲ႕ ဥေရာပစူပါဖလား မွတ္တမ္းက အားရစရာပါပဲ။ ၂၀၁၀၊ ၂၀၁၂ ၿပိဳင္ပဲြႏွစ္ႀကိမ္ ကစားတာမွာ ႏွစ္ႀကိမ္စလုံး အႏုိင္ရခဲ့တယ္။ ၂၀၀၀ ခုႏွစ္ေက်ာ္နဲ႔ အဲဒီမတိုင္ခင္ ႏွစ္ေတြမွာ အက္သလက္တီကုိအသငး္ဆုိတာက ရီးယဲလ္ရဲ႕ ၿပိဳင္ဘက္မဟုတ္ခဲ့ေပမယ့္ အက္သလက္တီကုိအသငး္ကုိ ဆီျမြန္နီ Simeone ေရာက္ရွိခဲ့တဲ့ ၂၀၁၁ ခုႏွစ္က စလုိ႔ ရီးယဲလ္ကုိ ဒုကၡေပးႏုိင္တဲ့အသင္းထဲမွာ ပါ၀င္လာခဲ့တယ္။ ၿပိဳင္ပဲြစုံ ေနာက္ဆုံး(၁၇)ပဲြကုိ ျပန္ၾကည့္ရင္ အက္သလက္တီကုိက (၆)ပဲြႏုိင္၊ (၇)ပဲြသေရ၊ ရီးယဲလ္က (၄)ပဲြသာ အႏုိင္ရခဲ့တာကုိ ေတြ႕ရမယ္။

atletico-madrid-wins-europa-league

atletico-madrid-wins-europa-league

လက္ရွိလူစာရင္းကုိ ၾကည့္ရင္လည္း အက္သလက္တီကုိရဲ႕ ကစားသမားစုဖဲြ႕မႈက အားရစရာေကာင္းၿပီး ဒီေယဂုိေကာ္စတာ Diego Costa ၊ ကာလီနစ္ Kalinić ၊ ဂရစ္ဇ္မန္း Griezmann တို႔ရဲ႕ တိုက္စစ္စုဖဲြ႕မႈက ရီးယဲလ္ကုိ ၿခိမ္းေျခာက္ႏုိင္စြမ္းရွိတယ္။ ရီးယဲလ္အသင္းမွာ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မရွိေတာ့ေပမယ့္လည္း ဂါရတ္ေဘးလ္ Bale ၊ ဘန္ဇီမာ Benzema တို႔အျပင္ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ ဗီနီစီယက္စ္ Vinícius လည္း ရွိေနလုိ႔ အရင္လုိ မာေက်ာေနဆဲလုိ႔ ဆုိရမွာပါ။ ဒီရာသီမွာ ရီးယဲလ္အသင္းက ႀကီးႀကီးမားမား ကစားသမားသစ္ ေခၚယူထားမ်ိဳး မရွိဘဲ လူငယ္ကစားသမားေတြနဲ႔သာ ရာသီသစ္ကုိ စတင္မယ့္အေနအထားျဖစ္ေနတယ္။ နည္းျပသစ္ လုိပယ္တက္ဂီရဲ႕ လက္ထက္မွာ ရီးယဲလ္ အရင္လုိ တည္ၿငိမ္မႈရွိႏုိင္မလားဆုိတာ စဥ္းစားစရာပဲ။ အသြင္သစ္လုိျဖစ္ေနတဲ့ ရီးယဲလ္အသင္းထက္ Team Work ပုိေကာင္းတဲ့ အက္သလက္တီကုိကုိ ပုိႀကိဳက္မိတယ္။ အႀကိတ္အနယ္ကစားၿပီးမွ အက္သလက္တီကုိ (၂-၁)ဂုိးေလာက္နဲ႔ ႏုိင္ဖုိ႔မ်ားတယ္။

ဥေရာပစူပါဖလားကုိ အႀကိမ္အမ်ားဆုံးရရွိခဲ့တ့ဲအသင္းမ်ား

Barcelona – 5
AC Milan – 5
Real Madrid – 4
Liverpool – 3
Ajax – 2
Anderlecht -2
Valencia -2
Juventus -2
Atlético Madrid – 2

Photo:DeviantArt,Evening Standard,The Telegraph,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီ ပွဲဦးထွက်ဖလားဖြစ်တဲ့ ဥရောပစူပါဖလားကို ဘယ်အသင်းဆွတ်ခူးသွားမလဲ

ဥရောပစူပါဖလား – ရီးယဲလ် နှင့် အက်သလက်တီကို (ကြာသပတေးနေ့ နံနက် ၁း၃၀)

၂၀၁၈ ဥရောပစူပါဖလားပွဲကတော့ ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာပါပြီ။ ဒီနှစ်မှာတော့ ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်ရယူခဲ့တဲ့ ရီးယဲလ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ အက်သလက်တီကိုအသင်းတို့ရဲ့ မက်ဒရစ်ဒါဘီပွဲကို ပရိသတ်တွေ ရှုစားရမှာပါ။ မက်ဒရစ်ဒါဘီပွဲဖြစ်တာနဲ့အညီ ပွဲက အကြိတ်အနယ်ရှိမှာ အသေအချာဖြစ်ပြီး နည်းပြသစ် လိုပယ်တက်ဂီ Lopetegui လက်ထက်မှာ ရီးယဲလ်အသင်း ဘာတွေ ပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ပြီး စီရော်နယ်လ်ဒို Cristiano Ronaldo မရှိတော့တဲ့ ရီးယဲလ်တိုက်စစ်ပိုင်းက အားနည်းသွားမလား၊ လူငယ်သွေးသစ်တွေနဲ့ ပိုကောင်းလာမလားဆိုတာကိုလည်း စောင့်ကြည့်ရမယ် . . . . .

Real-Madrid-VS-Atlético-de-madrid

Real-Madrid-VS-Atlético-de-madrid

နှစ်သင်းစလုံးရဲ့ ဒဏ်ရာပြဿနာ

Real-Madrid-2017-UEFA-Super-Cup

Real-Madrid-2017-UEFA-Super-Cup

ရီးယဲလ်အသင်းမှာ ဗယ်လေဟို Vallejo ၊ အိုဒရီအိုဇိုလာ Odriozola တို့ကို ဒီပွဲအတွက် လူစာရင်းမှာ ထည့်သွင်းထားပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်နိုင်ဖို့တော့ မရှိပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ တုန်းက ပြင်သစ်အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ် Lucas Hernández လည်း ဒီပွဲကို လွဲချော်ဖို့များပါတယ်။ ရီးယဲလ်အသင်းရဲ့ ဂိုးသမားသစ် ကော်တိုအာ Courtois ကိုလည်း ရီးယဲလ်အသင်းက ဒီပွဲအတွက် UEFA ဆီ စာရင်းမသွင်းရသေးတာကြောင့် ပါဝင်ဖို့ မသေချာဖြစ်နေတယ်။

သုံးသပ်ချက်
ရီးယဲလ်နဲ့ အက်သလက်တီကိုအသင်းတို့ဟာ ပြိုင်ပွဲစုံမှာ (၂၁၉)ကြိမ် ဆုံတွေ့ခဲ့ပြီး ရီးယဲလ်အသင်းက (၁၁၀)ပွဲနိုင်၊ အက်သလက်တီကိုက (၅၅)ပွဲနိုင်၊ (၅၄)ပွဲသရေကျခဲ့တယ်။ ရီးယဲလ်အသင်းဟာ ဥရောပစူပါဖလားကို နောက်ဆုံး(၂)နှစ်ဆက်တိုက်ရယူခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာဆိုရင်တော့ စုစုပေါင်း(၄)ကြိမ် (၂၀၀၂, ၂၀၁၄, ၂၀၁၆, ၂၀၁၇)ဗိုလ်စွဲခဲ့ပါတယ်။ ၁၉၉၈၊ ၂၀၀၀ ခုနှစ်တွေမှာတော့ ဒုတိယနေရာသာ ရရှိခဲ့တယ်။ အက်သလက်တီကိုအသင်းရဲ့ ဥရောပစူပါဖလား မှတ်တမ်းက အားရစရာပါပဲ။ ၂၀၁၀၊ ၂၀၁၂ ပြိုင်ပွဲနှစ်ကြိမ် ကစားတာမှာ နှစ်ကြိမ်စလုံး အနိုင်ရခဲ့တယ်။ ၂၀၀၀ ခုနှစ်ကျော်နဲ့ အဲဒီမတိုင်ခင် နှစ်တွေမှာ အက်သလက်တီကိုအသင်းဆိုတာက ရီးယဲလ်ရဲ့ ပြိုင်ဘက်မဟုတ်ခဲ့ပေမယ့် အက်သလက်တီကိုအသင်းကို ဆီမြွန်နီ Simeone ရောက်ရှိခဲ့တဲ့ ၂၀၁၁ ခုနှစ်က စလို့ ရီးယဲလ်ကို ဒုက္ခပေးနိုင်တဲ့အသင်းထဲမှာ ပါဝင်လာခဲ့တယ်။ ပြိုင်ပွဲစုံ နောက်ဆုံး(၁၇)ပွဲကို ပြန်ကြည့်ရင် အက်သလက်တီကိုက (၆)ပွဲနိုင်၊ (၇)ပွဲသရေ၊ ရီးယဲလ်က (၄)ပွဲသာ အနိုင်ရခဲ့တာကို တွေ့ရမယ်။

atletico-madrid-wins-europa-league

atletico-madrid-wins-europa-league

လက်ရှိလူစာရင်းကို ကြည့်ရင်လည်း အက်သလက်တီကိုရဲ့ ကစားသမားစုဖွဲ့မှုက အားရစရာကောင်းပြီး ဒီယေဂိုကော်စတာ Diego Costa ၊ ကာလီနစ် Kalinić ၊ ဂရစ်ဇ်မန်း Griezmann တို့ရဲ့ တိုက်စစ်စုဖွဲ့မှုက ရီးယဲလ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ ရီးယဲလ်အသင်းမှာ စီရော်နယ်လ်ဒို Cristiano Ronaldo မရှိတော့ပေမယ့်လည်း ဂါရတ်ဘေးလ် Bale ၊ ဘန်ဇီမာ Benzema တို့အပြင် ဘရာဇီးလ်လူငယ်ကြယ်ပွင့် ဗီနီစီယက်စ် Vinícius လည်း ရှိနေလို့ အရင်လို မာကျောနေဆဲလို့ ဆိုရမှာပါ။ ဒီရာသီမှာ ရီးယဲလ်အသင်းက ကြီးကြီးမားမား ကစားသမားသစ် ခေါ်ယူထားမျိုး မရှိဘဲ လူငယ်ကစားသမားတွေနဲ့သာ ရာသီသစ်ကို စတင်မယ့်အနေအထားဖြစ်နေတယ်။ နည်းပြသစ် လိုပယ်တက်ဂီရဲ့ လက်ထက်မှာ ရီးယဲလ် အရင်လို တည်ငြိမ်မှုရှိနိုင်မလားဆိုတာ စဉ်းစားစရာပဲ။ အသွင်သစ်လိုဖြစ်နေတဲ့ ရီးယဲလ်အသင်းထက် Team Work ပိုကောင်းတဲ့ အက်သလက်တီကိုကို ပိုကြိုက်မိတယ်။ အကြိတ်အနယ်ကစားပြီးမှ အက်သလက်တီကို (၂-၁)ဂိုးလောက်နဲ့ နိုင်ဖို့များတယ်။

ဥရောပစူပါဖလားကို အကြိမ်အများဆုံးရရှိခဲ့တဲ့အသင်းများ

Barcelona – 5
AC Milan – 5
Real Madrid – 4
Liverpool – 3
Ajax – 2
Anderlecht -2
Valencia -2
Juventus -2
Atlético Madrid – 2

Photo:DeviantArt,Evening Standard,The Telegraph,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com