This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားခ်န္ပီယံဆုအတြက္ လုဇ္နီကီကြင္းမွာ တိုက္ပဲြ၀င္ၾကမယ့္ ျပင္သစ္နဲ႔ခ႐ုိေအးရွား

ကမၻာ႔ေဘာလုံးေလာကမွာ ဂုဏ္သိကၡာအျမင့္မားဆုံး ခ်န္ပီယံဆုတစ္ခုျဖစ္တဲ့ ကမၻာ႔ဖလားဆုႀကီးကုိ ကုိင္ေျမႇာက္ခြင့္ရဖုိ႔ ျပင္သစ္နဲ႔ ခ႐ုိးေအးရွားအသင္းတို႔ ဒီေန႔ ျမန္မာစံေတာ္ခ်ိန္ ည (၉း၃၀)အခ်ိန္မွာ ေမာ္စကုိၿမိဳ႕မွာရွိတဲ့ လုဇ္နီကီကြင္းႀကီးမွာ ရင္ဆုိင္တိုက္ပဲြ၀င္ၾကေတာ့မွာပါ။ ျပင္သစ္နဲ႔ခ႐ုိေအးရွားတို႔ဟာ အဆင့္အတန္းျခင္း ကြာျခားေပမယ့္ ဗုိလ္လုပဲြအဆင့္ကုိ ေရာက္ေနၿပီျဖစ္လုိ႔ ဒီအခ်ိန္မွာ ခ်န္ပီယံအခြင့္အေရးက ဆတူရွိေနတာေၾကာင့္ ဘယ္အသင္းဗုိလ္စဲြမလဲဆုိတာ လြယ္လြယ္ကူကူ ခန္႔မွန္းလုိ႔ မရပါဘူး။ ႏွစ္သင္းစလုံးရဲ႕ ဗုိလ္လုပဲြလာရာ လမ္းေၾကာင္းကုိၾကည့္ရင္ ျပင္သစ္အသင္းက အုပ္စုတြင္းမွာ ပီ႐ူး၊ ၾသစေၾတးလ်၊ ဒိန္းမတ္တို႔နဲ႔ ဆုံေတြ႕ခဲ့တာေၾကာင့္ အုပ္စုေခ်ာင္တယ္လုိ႔ ေျပာလုိ႔ရေပမယ့္ ခ႐ုိေအးရွားအသင္းကေတာ့ Group Of Death လုိ႔ တင္စားခံခဲ့ရတဲ့ ေသမန္းတမန္အုပ္စုထဲ က်ေရာက္ခဲ့တယ္။ ေတာင္အေမရိကထိပ္သီး အာဂ်င္တီးနား၊ အာဖရိက နာမည္ေက်ာ္ ႏုိက္ဂ်ီးရီးယား၊ ေနာက္ပုိင္းႏွစ္ေတြမွာ မထင္မွတ္ထာေတြကုိ လုပ္ျပခ့ဲတဲ့ အုိက္စလန္အသင္းတို႔နဲ႔အတူ ဆုံေတြ႕ခဲ့ၿပီး (၃)ပဲြစလုံး အႏုိင္ယူ အုပ္စုပထမနဲ႔ ေနာက္တစ္ဆင့္တက္ခဲ့တာကုိၾကည့္ရင္ ခ႐ိုေအးရွားအသင္းနဲ႔ ေျခစြမ္း၊ စိတ္ဓာတ္ျပင္းထန္မႈကုိ ပရိသတ္ေတြျမင္ေတြ႕ႏုိင္ပါတယ္။

France-Players1

France-Players

ဒါေပမဲ့ ႐ႈံးထြက္(၁၆)သင္း၊ ကြာတား၊ ဆီမီးဖုိင္နယ္ေတြကေတာ့ ျပင္သစ္အသင္းရဲ႕ပဲြက်ပ္ကာလျဖစ္ၿပီး အာဂ်င္တီးနား၊ ဥ႐ုေဂြး၊ ဘယ္လ္ဂ်ီယံအသင္းေတြနဲ႔ ေတာက္ေလွ်ာက္ရင္ဆုိင္ခဲ့ရတယ္။ ျပင္သစ္အသင္းဟာ ခ်န္ပီယံျဖစ္ႏုိင္တ့ဲေျခစြမ္းမ်ိဳးျပသခဲ့ၿပီး အဲဒီ(၃)သင္းစလုံးကုိ သာမန္ပဲြကစားခ်ိန္မိနစ္(၉၀)အတြင္းမွာပဲ အႏုိင္ယူကာ ဗုိလ္လုပဲြတက္ေရာက္ခဲ့တယ္။ ခ႐ုိေအးရွားအသင္းက ျပင္သစ္အသင္းထက္စာရင္ ပဲြေခ်ာင္တယ္လုိ႔ ဆုိရေပမယ့္ ေတာ္ေတာ္ေလး႐ုန္းကန္ၿပီးမွာ လုဇ္နီကီကြင္းကုိ ေျခခ်ႏုိင္ခဲ့တာပါ။ ဒိန္းမတ္၊ ႐ုရွား၊ အဂၤလန္တို႔(၃)သင္းစလုံးကုိ ခက္ခက္ခဲခဲကစားရၿပီး ႏွစ္ပဲြက ပယ္နယ္တီအဆုံးအျဖတ္၊ တစ္ပဲြက မိနစ္(၁၂၀)မွာ အႏုိင္ရခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ခ႐ုိေအးရွားအသင္းက ျပင္သစ္အသင္းထက္ ပဲြပုိပန္းေနတဲ့အေနအထားလုိ႔လည္း ဆုိရမယ္။

Croatia-Players

Croatia-Players

ႏွစ္သင္းစလုံးရဲ႕ကစားသမားစုဖဲြ႕မႈ၊ ေျခစြမ္းကုိ ၾကည့္ရင္ ႀကီးမားတဲ့ကြာဟခ်က္မရွိဘူး။ ျပင္သစ္အသင္းမွာ ဘာေပ၊ ဂရစ္ဇ္မန္း၊ ေပါ့ဘာ တို႔လုိ ကမၻာ႔အဆင့္ကစားသမားေတြရွိသလုိ ခ႐ိုေအးရွားအသင္းကလည္း ပါရီဆစ္၊ မုိဒရစ္၊ ရာကီတစ္၊ မန္ဇူကစ္ စတဲ့၀ါရင့္ကစားသမားေတြကုိ ပုိင္ဆုိင္ထားတာပါ။ ျပင္သစ္အသင္းနည္းျပ ဒက္စ္ခ်မ့္ဟာ ၂၀၁၈ ကမၻာ႔ဖလားကုိ ကုိင္ေျမႇာက္ႏုိင္ခဲ့ရင္ ကစားသမား/နည္းျပအျဖစ္ ကမၻာ႔ဖလားခ်န္ပီယံဆုရခဲ့တဲ့ ဇာဂါလုိ(ဘရာဇီးလ္)၊ ဘက္ကင္ေဘာင္၀ါ(ဂ်ာမနီ)တို႔ေနာက္ပုိင္း တတိယေျမာက္အျဖစ္ မွတ္တမ္း၀င္မွာျဖစ္ပါတယ္။ ခ႐ိုေအးရွားအသင္းနည္းျပဒါလစ္ကေတာ့ အသင္းကုိ ပထမဆုံးအႀကိမ္ ဗုိလ္လုပဲြေရာက္ေအာင္ ပုိ႔ေဆာင္ႏုိင္ခ့ဲသလုိ ပထမဆုံးကမၻာ႔ဖလားခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ခြင့္ရယူႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။ တကယ္လုိ႔ ခ႐ုိေအးရွားအသင္းသာ ကမၻာ႔ဖလားခ်န္ပီယံဆုရခဲ့မယ္ဆုိရင္ ကမၻာ႔ဖလားရခဲ့တဲ့ (၈)သင္းေျမာက္အျဖစ္ မွတ္တမ္း၀င္မွာျဖစ္ပါတယ္။ ၿဗိတိန္မီဒီယာေတာ္ေတာ္မ်ားမ်ားက ျပင္သစ္အသင္း ဗုိလ္စဲြမယ္လုိ႔ ခန္႔မွန္းေနၾကၿပီး (၂-၁)ဂုိးရလဒ္နဲ႔အႏုိင္ရမယ္လုိ႔ သုံးသပ္ေနၾကတယ္။ ကဲ .. ပရိသတ္ႀကီးေရ .ဒီႏွစ္ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ်န္ပီယံသစ္ထြက္ေပၚလာမလား၊ ခ်န္ပီယံေဟာင္းပဲ ဗုိလ္စဲြမလားဆုိတာ ရင္ခုန္စြာနဲ႔ခန္႔မွန္းလုိက္ရၾကရေအာင္ . . .

Photo:Turnt Sports,YouTube,Goli Sports
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် လုဇ်နီကီကွင်းမှာ တိုက်ပွဲဝင်ကြမယ့် ပြင်သစ်နဲ့ခရိုအေးရှား

ကမ္ဘာ့ဘောလုံးလောကမှာ ဂုဏ်သိက္ခာအမြင့်မားဆုံး ချန်ပီယံဆုတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားဆုကြီးကို ကိုင်မြှောက်ခွင့်ရဖို့ ပြင်သစ်နဲ့ ခရိုးအေးရှားအသင်းတို့ ဒီနေ့ မြန်မာစံတော်ချိန် ည (၉း၃၀)အချိန်မှာ မော်စကိုမြို့မှာရှိတဲ့ လုဇ်နီကီကွင်းကြီးမှာ ရင်ဆိုင်တိုက်ပွဲဝင်ကြတော့မှာပါ။ ပြင်သစ်နဲ့ခရိုအေးရှားတို့ဟာ အဆင့်အတန်းခြင်း ကွာခြားပေမယ့် ဗိုလ်လုပွဲအဆင့်ကို ရောက်နေပြီဖြစ်လို့ ဒီအချိန်မှာ ချန်ပီယံအခွင့်အရေးက ဆတူရှိနေတာကြောင့် ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာ လွယ်လွယ်ကူကူ ခန့်မှန်းလို့ မရပါဘူး။ နှစ်သင်းစလုံးရဲ့ ဗိုလ်လုပွဲလာရာ လမ်းကြောင်းကိုကြည့်ရင် ပြင်သစ်အသင်းက အုပ်စုတွင်းမှာ ပီရူး၊ သြစတြေးလျ၊ ဒိန်းမတ်တို့နဲ့ ဆုံတွေ့ခဲ့တာကြောင့် အုပ်စုချောင်တယ်လို့ ပြောလို့ရပေမယ့် ခရိုအေးရှားအသင်းကတော့ Group Of Death လို့ တင်စားခံခဲ့ရတဲ့ သေမန်းတမန်အုပ်စုထဲ ကျရောက်ခဲ့တယ်။ တောင်အမေရိကထိပ်သီး အာဂျင်တီးနား၊ အာဖရိက နာမည်ကျော် နိုက်ဂျီးရီးယား၊ နောက်ပိုင်းနှစ်တွေမှာ မထင်မှတ်ထာတွေကို လုပ်ပြခဲ့တဲ့ အိုက်စလန်အသင်းတို့နဲ့အတူ ဆုံတွေ့ခဲ့ပြီး (၃)ပွဲစလုံး အနိုင်ယူ အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်ခဲ့တာကိုကြည့်ရင် ခရိုအေးရှားအသင်းနဲ့ ခြေစွမ်း၊ စိတ်ဓာတ်ပြင်းထန်မှုကို ပရိသတ်တွေမြင်တွေ့နိုင်ပါတယ်။

France-Players1

France-Players

ဒါပေမဲ့ ရှုံးထွက်(၁၆)သင်း၊ ကွာတား၊ ဆီမီးဖိုင်နယ်တွေကတော့ ပြင်သစ်အသင်းရဲ့ပွဲကျပ်ကာလဖြစ်ပြီး အာဂျင်တီးနား၊ ဥရုဂွေး၊ ဘယ်လ်ဂျီယံအသင်းတွေနဲ့ တောက်လျှောက်ရင်ဆိုင်ခဲ့ရတယ်။ ပြင်သစ်အသင်းဟာ ချန်ပီယံဖြစ်နိုင်တဲ့ခြေစွမ်းမျိုးပြသခဲ့ပြီး အဲဒီ(၃)သင်းစလုံးကို သာမန်ပွဲကစားချိန်မိနစ်(၉၀)အတွင်းမှာပဲ အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်ခဲ့တယ်။ ခရိုအေးရှားအသင်းက ပြင်သစ်အသင်းထက်စာရင် ပွဲချောင်တယ်လို့ ဆိုရပေမယ့် တော်တော်လေးရုန်းကန်ပြီးမှာ လုဇ်နီကီကွင်းကို ခြေချနိုင်ခဲ့တာပါ။ ဒိန်းမတ်၊ ရုရှား၊ အင်္ဂလန်တို့(၃)သင်းစလုံးကို ခက်ခက်ခဲခဲကစားရပြီး နှစ်ပွဲက ပယ်နယ်တီအဆုံးအဖြတ်၊ တစ်ပွဲက မိနစ်(၁၂၀)မှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ခရိုအေးရှားအသင်းက ပြင်သစ်အသင်းထက် ပွဲပိုပန်းနေတဲ့အနေအထားလို့လည်း ဆိုရမယ်။

Croatia-Players

Croatia-Players

နှစ်သင်းစလုံးရဲ့ကစားသမားစုဖွဲ့မှု၊ ခြေစွမ်းကို ကြည့်ရင် ကြီးမားတဲ့ကွာဟချက်မရှိဘူး။ ပြင်သစ်အသင်းမှာ ဘာပေ၊ ဂရစ်ဇ်မန်း၊ ပေါ့ဘာ တို့လို ကမ္ဘာ့အဆင့်ကစားသမားတွေရှိသလို ခရိုအေးရှားအသင်းကလည်း ပါရီဆစ်၊ မိုဒရစ်၊ ရာကီတစ်၊ မန်ဇူကစ် စတဲ့ဝါရင့်ကစားသမားတွေကို ပိုင်ဆိုင်ထားတာပါ။ ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ရင် ကစားသမား/နည်းပြအဖြစ် ကမ္ဘာ့ဖလားချန်ပီယံဆုရခဲ့တဲ့ ဇာဂါလို(ဘရာဇီးလ်)၊ ဘက်ကင်ဘောင်ဝါ(ဂျာမနီ)တို့နောက်ပိုင်း တတိယမြောက်အဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ခရိုအေးရှားအသင်းနည်းပြဒါလစ်ကတော့ အသင်းကို ပထမဆုံးအကြိမ် ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်နိုင်ခဲ့သလို ပထမဆုံးကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ တကယ်လို့ ခရိုအေးရှားအသင်းသာ ကမ္ဘာ့ဖလားချန်ပီယံဆုရခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားရခဲ့တဲ့ (၈)သင်းမြောက်အဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ဗြိတိန်မီဒီယာတော်တော်များများက ပြင်သစ်အသင်း ဗိုလ်စွဲမယ်လို့ ခန့်မှန်းနေကြပြီး (၂-၁)ဂိုးရလဒ်နဲ့အနိုင်ရမယ်လို့ သုံးသပ်နေကြတယ်။ ကဲ .. ပရိသတ်ကြီးရေ .ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံသစ်ထွက်ပေါ်လာမလား၊ ချန်ပီယံဟောင်းပဲ ဗိုလ်စွဲမလားဆိုတာ ရင်ခုန်စွာနဲ့ခန့်မှန်းလိုက်ရကြရအောင် . . .

Photo:Turnt Sports,YouTube,Goli Sports
Naing Linn(Akhayar)
www.akhayar.com