[Zawgyi]

ပရီးမီးယားလိဂ္မွာ ဘယ္အသင္းဗိုလ္စြဲမလဲ (၁)

ႏွစ္စဥ္ႏွစ္တိုင္း ပရီးမီးယားလိဂ္မွာဘယ္အသင္းဗိုလ္စြဲမလဲဆိုတာ ဘယ္ေတာ႔မွမရိုးႏိုင္တဲ႔ ေမးခြန္းတစ္ခုပါ။ ဒီတစ္ပတ္မွာဆိုရင္ေတာ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂)ပြဲစဥ္ေတြကိုဆက္လက္ယွဥ္ျပိဳင္ကစားသြားမွာပဲျဖစ္ပါတယ္။ ခုခ်ိန္မွာဘယ္အသင္းဗိုလ္စြဲမလဲဆိုတာ အေျဖထုတ္ဖို႔ေစာေသးေပမယ္႔ လက္ရိွအသင္းေတြရဲ႕အေနအထားနဲ႔ ေျခစြမ္းေတြအရ ၾကိဳတင္ခန္႔မွန္းၾကည္႔လိုက္ပါတယ္။

(၁) မန္စီးတီး

Man-City

Man-City

ပရီးမီးယားလိဂ္ရဲ႕လက္ရိွခ်န္ပီယံမန္စီးတီးအသင္းဟာ ဒီလိဂ္ကဘယ္အသင္းနဲ႔ပဲယွဥ္ယွဥ္အသာရေနတဲ႔ အေနအထားပါ။ နည္းျပ ဂြါဒီယိုလာ Guardiola ရဲ႕မန္စီးတီးအသင္းဟာ အေကာင္းဆံုးလူစာရင္းမဟုတ္ရင္ေတာင္ ေျခစြမ္းပိုင္းအေကာင္းဆံုးမွာရိွေနသလို လူငယ္ကစားသမားေတြရဲ႕ ေျခစြမ္းေတြဟာလည္းတိုးတက္လာတာေၾကာင္႔ အားရစရာေကာင္းတဲ႔အေနအထားေတြနဲ႔ျပည္႔ေနပါတယ္။ ဆာေနး Sane ၊ စတာလင္ Sterling ၊ မာရက္ဇ္ Mahrez တို႔ရဲ႕ေတာင္ပံတိုက္စစ္ေတြ ဘာနာဒိုေဆးဗားလ္ Bernardo Silva ၊ ေဒးဗစ္ေဆးဗားလ္ David Silva ၊ ဒီဘရိုင္းနား De Bruyne ၊ ဂန္ဒိုဂန္ Gündoğan ၊ ဖာနန္ဒင္ဟို Fernandinho တို႔ရဲ႕ကြင္းလယ္ စတဲ႔ေနရာေတြဟာ မန္စီးတီးအသင္းရဲ႕ခ်န္ပီယံအိမ္မက္အတြက္ အဓိကအသက္ေသြးေၾကာေတြလို႔ဆိုရမွာပါ။ တိုက္စစ္နဲ႔ခံစစ္ပိုင္းမွာလည္း အေကာင္းဆံုးအင္အားရိွေနသလို ေရွ႕ ၊ လယ္ ၊ ေနာက္ ၊ ဂိုး ေနရာစံုေကာင္းမြန္ျပည္႕စံုေနတာပါ။ ခ်န္ပီယံဆုတိုက္ပြဲအတြက္ အေတြ႕အၾကံဳေကာင္းေတြလည္းပိုင္ဆိုင္ထားတဲ႔အသင္းျဖစ္ျပီး နည္းျပဂြာဒီယိုလာ Guardiola ရဲ႕ နည္းဗ်ဴဟာပိုင္းေတြနဲ႔ ေပါင္းစပ္လိုက္တဲ႔အခ်ိန္မွာေတာ႔ မန္စီးတီးအသင္းဟာ လက္ရိွခ်န္ပီယံဘြဲ႕ကို ျပန္လည္ကာကြယ္ႏိုင္ဖို႔ ရာခိုင္ႏႈန္းမ်ားေနတယ္လို႔ ဆိုခ်င္ပါတယ္။

(၂) လီဗာပူးလ္

Liverpool

Liverpool

နည္းျပ ယာဂန္ကေလာ့ပ္ Jürgen Klopp ရဲ႕ လီဗာပူးလ္အသင္းဟာ တျဖည္းျဖည္းနဲ႔တိိုးတက္မႈေတြရိွလာတဲ႔ အသင္းျဖစ္ျပီး ဒီနွစ္မွာေတာ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ေစာင္႔ၾကည္႔ရမယ္႔အသင္းျဖစ္လာခဲ႔ပါျပီ။ ဆာလာ Salah ၊ မာေနး Mané ၊ ေဖမီႏို Firmino တို႔ရဲ႕(၃)ေယာက္တြဲတိုက္စစ္ဟာ ျပီးခဲ႔တဲ႔ေဘာလံုးရာသီကအေကာင္းဆံုးေတာက္ပခဲ႔ၾကျပီး လက္ရိွအခ်ိန္ထိအေကာင္းဆံုးပံုစံကို ဆက္ထိန္းထားႏိုင္ဆဲပါ။ လီဗာပူးလ္အသင္းရဲ႕အေျပာင္းအေရႊ႕လုပ္ေဆာင္ပံုေတြဟာလည္း မွန္ကန္ခဲ႔ျပီး ကစားသမားေကာင္းေတြေခၚယူႏိုင္ခဲ႔တာကလည္း ေက်နပ္စရာပါ။ အသင္းရဲ႕အရန္အင္အားဟာ အရင္ကထက္ပိုေတာင္႔တင္းလာတာေၾကာင္႔ ဒီအခ်က္ကလည္းအသင္းရဲ႕ခ်န္ပီယံဆုေျပးလမ္းမွာ အေထာက္အကူျဖစ္မွာကေတာ႔ ေသခ်ာေနပါတယ္။နာဘီကီတာ Naby Keïta ေရာက္ရိွလာတဲ႔အတြက္ လီဗာပူးလ္အသင္းရဲ႕ကြင္းလယ္တိုက္စစ္ကပိုမိုထက္ျမက္လာခဲ႔တာကို ျပီးခဲ႔တဲ႔ ၀က္စ္ဟမ္းနဲ႔ပြဲမွာေတြ႕ခဲ႔ရပါတယ္။ ရွာကီရီ  Shaqiri ၊ ဖာဘင္ဟို Fabinho တို႔ေၾကာင္႔လည္း လီဗာပူးလ္အသင္းဟာ ကစားကြက္ပိုင္းဆိုင္ရာအေျပာင္းအလဲလုပ္ဖို႔လည္းလြယ္ကူလာခဲ႔ပါတယ္။လီဗာပူးလ္အသင္းဟာ ျပီးခဲ႔တဲ႔ေဘာလံုးရာသီက အသင္းငယ္ေတြနဲ႔႔ပြဲမွာမထင္မွတ္ပဲရမွတ္ေတြဆံုး႐ံႈးခဲ႔သလို ဂိုးသမားေတြရဲ႕အမွားေၾကာင္႔လည္း ခက္ခဲမႈေတြၾကံဳေတြ႕ခဲ႔ရပါတယ္။ နည္းျပ ယာဂန္ကေလာ့ပ္ Jürgen Klopp ဟာ အသင္းရဲ႕လိုအပ္ေနတဲ႔ေနရာအတြက္ ဘရာဇီးလ္ဂိုးသမား အယ္လစ္ဆန္ Alisson ကိုေခၚယူခဲ႔တာေၾကာင္႔ ဂိုးသမားျပႆနာကိုေတာ႔ ေျဖရွင္းျပီးျပီးလို႔ဆိုရမွာပါ။ လီဗာပူးလ္အသင္းရဲ႕ လက္ရိွေနအထားေတြအရ လီဗာပူးလ္အသင္းဟာခ်န္ပီယံဆုကို အျပည္႔အ၀စိန္ေခၚခြင္႔ရိွေနပါတယ္။

ပရီးမီးယားလိဂ္မွာ ဘယ္အသင္းဗိုလ္စြဲမလဲအပိုင္း (၁) ကို ပရိတ္သတ္ေတြအတြက္ေဖာ္ျပေပးခဲ႔တာျဖစ္ပါတယ္။ က်န္ရိွေနတဲ႔အပိုင္းေတြကို ဆက္လက္သံုးသပ္သြားမွာျဖစ္လို႔ ပရိတ္သတ္ေတြေစာင္႔ေမွ်ာ္ဖတ္႐ႈၾကပါဦး …

Photo: Footballghana.com , skysports.com , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းဗိုလ်စွဲမလဲ (၁)

နှစ်စဉ်နှစ်တိုင်း ပရီးမီးယားလိဂ်မှာဘယ်အသင်းဗိုလ်စွဲမလဲဆိုတာ ဘယ်တော့မှမရိုးနိုင်တဲ့ မေးခွန်းတစ်ခုပါ။ ဒီတစ်ပတ်မှာဆိုရင်တော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲစဉ်တွေကိုဆက်လက်ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။ ခုချိန်မှာဘယ်အသင်းဗိုလ်စွဲမလဲဆိုတာ အဖြေထုတ်ဖို့စောသေးပေမယ့် လက်ရှိအသင်းတွေရဲ့အနေအထားနဲ့ ခြေစွမ်းတွေအရ ကြိုတင်ခန့်မှန်းကြည့်လိုက်ပါတယ်။

(၁) မန်စီးတီး

Man-City

Man-City

ပရီးမီးယားလိဂ်ရဲ့လက်ရှိချန်ပီယံမန်စီးတီးအသင်းဟာ ဒီလိဂ်ကဘယ်အသင်းနဲ့ပဲယှဉ်ယှဉ်အသာရနေတဲ့ အနေအထားပါ။ နည်းပြ ဂွါဒီယိုလာ Guardiola ရဲ့မန်စီးတီးအသင်းဟာ အကောင်းဆုံးလူစာရင်းမဟုတ်ရင်တောင် ခြေစွမ်းပိုင်းအကောင်းဆုံးမှာရှိနေသလို လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းတွေဟာလည်းတိုးတက်လာတာကြောင့် အားရစရာကောင်းတဲ့အနေအထားတွေနဲ့ပြည့်နေပါတယ်။ ဆာနေး Sane ၊ စတာလင် Sterling ၊ မာရက်ဇ် Mahrez တို့ရဲ့တောင်ပံတိုက်စစ်တွေ ဘာနာဒိုဆေးဗားလ် Bernardo Silva ၊ ဒေးဗစ်ဆေးဗားလ် David Silva ၊ ဒီဘရိုင်းနား De Bruyne ၊ ဂန်ဒိုဂန် Gündoğan ၊ ဖာနန်ဒင်ဟို Fernandinho တို့ရဲ့ကွင်းလယ် စတဲ့နေရာတွေဟာ မန်စီးတီးအသင်းရဲ့ချန်ပီယံအိမ်မက်အတွက် အဓိကအသက်သွေးကြောတွေလို့ဆိုရမှာပါ။ တိုက်စစ်နဲ့ခံစစ်ပိုင်းမှာလည်း အကောင်းဆုံးအင်အားရှိနေသလို ရှေ့ ၊ လယ် ၊ နောက် ၊ ဂိုး နေရာစုံကောင်းမွန်ပြည့်စုံနေတာပါ။ ချန်ပီယံဆုတိုက်ပွဲအတွက် အတွေ့အကြုံကောင်းတွေလည်းပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး နည်းပြဂွာဒီယိုလာ Guardiola ရဲ့ နည်းဗျူဟာပိုင်းတွေနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ မန်စီးတီးအသင်းဟာ လက်ရှိချန်ပီယံဘွဲ့ကို ပြန်လည်ကာကွယ်နိုင်ဖို့ ရာခိုင်နှုန်းများနေတယ်လို့ ဆိုချင်ပါတယ်။

(၂) လီဗာပူးလ်

Liverpool

Liverpool

နည်းပြ ယာဂန်ကလော့ပ် Jürgen Klopp ရဲ့ လီဗာပူးလ်အသင်းဟာ တဖြည်းဖြည်းနဲ့တိုးတက်မှုတွေရှိလာတဲ့ အသင်းဖြစ်ပြီး ဒီနှစ်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်စောင့်ကြည့်ရမယ့်အသင်းဖြစ်လာခဲ့ပါပြီ။ ဆာလာ Salah ၊ မာနေး Mané ၊ ဖေမီနို Firmino တို့ရဲ့(၃)ယောက်တွဲတိုက်စစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကအကောင်းဆုံးတောက်ပခဲ့ကြပြီး လက်ရှိအချိန်ထိအကောင်းဆုံးပုံစံကို ဆက်ထိန်းထားနိုင်ဆဲပါ။ လီဗာပူးလ်အသင်းရဲ့အပြောင်းအရွှေ့လုပ်ဆောင်ပုံတွေဟာလည်း မှန်ကန်ခဲ့ပြီး ကစားသမားကောင်းတွေခေါ်ယူနိုင်ခဲ့တာကလည်း ကျေနပ်စရာပါ။ အသင်းရဲ့အရန်အင်အားဟာ အရင်ကထက်ပိုတောင့်တင်းလာတာကြောင့် ဒီအချက်ကလည်းအသင်းရဲ့ချန်ပီယံဆုပြေးလမ်းမှာ အထောက်အကူဖြစ်မှာကတော့ သေချာနေပါတယ်။နာဘီကီတာ Naby Keïta ရောက်ရှိလာတဲ့အတွက် လီဗာပူးလ်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကပိုမိုထက်မြက်လာခဲ့တာကို ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာတွေ့ခဲ့ရပါတယ်။ ရှာကီရီ  Shaqiri ၊ ဖာဘင်ဟို Fabinho တို့ကြောင့်လည်း လီဗာပူးလ်အသင်းဟာ ကစားကွက်ပိုင်းဆိုင်ရာအပြောင်းအလဲလုပ်ဖို့လည်းလွယ်ကူလာခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းငယ်တွေနဲ့ပွဲမှာမထင်မှတ်ပဲရမှတ်တွေဆုံးရှုံးခဲ့သလို ဂိုးသမားတွေရဲ့အမှားကြောင့်လည်း ခက်ခဲမှုတွေကြုံတွေ့ခဲ့ရပါတယ်။ နည်းပြ ယာဂန်ကလော့ပ် Jürgen Klopp ဟာ အသင်းရဲ့လိုအပ်နေတဲ့နေရာအတွက် ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန် Alisson ကိုခေါ်ယူခဲ့တာကြောင့် ဂိုးသမားပြဿနာကိုတော့ ဖြေရှင်းပြီးပြီးလို့ဆိုရမှာပါ။ လီဗာပူးလ်အသင်းရဲ့ လက်ရှိနေအထားတွေအရ လီဗာပူးလ်အသင်းဟာချန်ပီယံဆုကို အပြည့်အဝစိန်ခေါ်ခွင့်ရှိနေပါတယ်။

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းဗိုလ်စွဲမလဲအပိုင်း (၁) ကို ပရိတ်သတ်တွေအတွက်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့အပိုင်းတွေကို ဆက်လက်သုံးသပ်သွားမှာဖြစ်လို့ ပရိတ်သတ်တွေစောင့်မျှော်ဖတ်ရှုကြပါဦး …

Photo: Footballghana.com , skysports.com , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com