[Zawgyi]

ပရီးမီးယားလိဂ္မွာ ဘယ္အသင္းဗိုလ္စြဲမလဲ (၂)

ပရီးမီးယားလိဂ္မွာ ဘယ္အသင္းဗိုလ္စြဲမလဲ အပိုင္း(၁)မွာ မန္စီးတီးနဲ႔လီဗာပူးလ္အသင္းတို႔ရဲ႕ အေနအထားေတြကိုသံုးသပ္ေဖာ္ျပေပးခဲ႔ပါတယ္။ အခုအပိုင္း(၂)မွာေတာ႔ မန္ယူနဲ႔စပါးအသင္းတို႔ရဲ႕ အေနအထားေတြကို ဆက္လက္သံုးသပ္ေပးသြားမွာျဖစ္ပါတယ္။

(၁) မန္ယူ

Manchester-United

Manchester-United

မန္ယူအသင္းဟာ ေ၀ဖန္ေထာက္ျပစရာေတြမ်ားေနတဲ႔အသင္းပါ။ အေျပာင္းအေရႊ႕လုပ္ေဆာင္မႈေတြလည္း မေအာင္ျမင္ခဲ႔သလို မာစီယဲလ္ Martial ၊ ေပါ႔ဘာ Poga တို႔နဲ႔ပတ္သက္တဲ႔သတင္းေတြဟာလည္း ပံုစံမ်ိဳးစံုနဲ႔ထြက္ေပၚေနတာပါ။ နည္းျပေမာ္ရင္ဟို Morinho ရဲ႕ခံစစ္ကိုအသားေပးတဲ႔ ကစားဟန္ကိုလည္း မန္ယူပရိသတ္ေတြကိုယ္တိုင္က စိတ္ပ်က္ေနၾကပါတယ္။ မန္ယူအသင္းရဲ႕လက္ရိွေျခစြမ္းဟာ ျပီးခဲ႔တဲ႔ႏွစ္က အေနအထားနဲ႔ယွဥ္ရင္လည္းကြာျခားမႈသိပ္မရိွတာကိုေတြ႕ၾကရမွာပါ။ မန္ယူအသင္းရဲ႕အားနည္းေနတဲ႔ ေနရာ တစ္ေနရာကိုေထာက္ျပရရင္ ညာေတာင္ပံတိုက္စစ္လို႔ပဲဆိုရပါလိမ္႔မယ္။ မန္ယူအသင္းမွာ ဘယ္ေတာင္ပံကိုပိုအားသန္တဲ႔တိုက္စစ္ကစားသမားေတြမ်ားေနျပီး ညာေတာင္ပံမွာထြက္ကစားတဲ႔ မာတာ Mata ဟာလည္း သူအားသန္တဲ႔ကြင္းလယ္ေၾကာကိုတိုး၀င္တာေၾကာင္႔ အသင္းရဲ႕ကြင္းလယ္ဘယ္ျခမ္းမွာ လူေတြထပ္ေနတာကိုျမင္ေတြ႕ရျပီး နည္းျပေမာ္ရင္ဟို Morinho အေနနဲ႔ ဒီအခ်က္ကိုျပင္ဆင္ႏိုင္ျခင္းမရိွေသးပါဘူး။ တခ်ိဳ႕ပြဲေတြမွာဆိုရင္ ဒီဂီယာ De Gea ရဲ႕လက္စြမ္းေၾကာင္႔သာခံသာေနတာကို ရင္ေလးစရာေတြ႕ရပါလိမ္႔မယ္။ မန္ယူအသင္းရဲ႕ ေကာင္းကြက္ေတြကိုေျပာရင္ေတာ႔ ျပိဳင္ဘက္ကိုထိန္းခ်ဳပ္ကစားႏိုင္ျခင္းနဲ႔ ေျခစြမ္းမေကာင္းေတာင္  ျပိဳင္ဘက္ကိုအႏိုင္ကစားႏိုင္စြမ္းရိွျခင္းတို႔ပဲျဖစ္ပါတယ္။ မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို အၿမဲစိန္ေခၚေနရမယ္႔ အသင္းျဖစ္တာေၾကာင္႔ လိုအပ္ခ်က္ေတြကိုအျမန္ဆံုးျပင္ဆင္သြားရမွာပဲျဖစ္ပါတယ္။ မန္ယူအသင္းရဲ႕လူစာရင္းဟာ ေရွ႕ ၊ လယ္ ၊ ေနာက္ ၊ ဂိုး ေနရာစံုေတာင္႔တင္းခိုင္မာေနသလို ကစားသမားေတြနဲ႔ နည္းျပေမာ္ရင္ဟို Morinho တို႔သာ အေကာင္းဆံုးေပါင္းစပ္ႏိုင္ခဲ႔ရင္ေၾကာက္စရာ ေကာင္းတဲ႔အသင္းျဖစ္လာမွာက ေသခ်ာေနတဲ႔အရာျဖစ္ျပီး ခ်န္ပီယံဆုကိုေမွ်ာ္လင္႔ခြင္႔ရိွေနပါတယ္။

(၂) စပါး

Tottenham-Hotspur

Tottenham-Hotspur

အေျပာင္းအေရႊ႕ေစ်းကြက္မွာေျချငိမ္ခဲ႔ျပီး ျပင္ဆင္မႈအားနည္းခဲ႔ေပမယ္႔ စပါးအသင္းဟာ ေလ်ာ႔တြက္လို႔မရတဲ႔အသင္းပဲျဖစ္ပါတယ္။ အသင္းရဲ႕ ရိွရင္းစြဲလူစာရင္းကလည္းေတာင္႔တင္းခိုင္မာေနျပီၤး ဘယ္အသင္းကိုမဆိုအႏိုင္ယူႏိုင္စြမ္းရိွပါတယ္။ နည္းျပပိုခ်က္တီႏို Pochettino တည္ေဆာက္ထားတဲ႔ စပါးအသင္းရဲ႕ အဓိကအားသာခ်က္ကေတာ႔ ေကာင္းမြန္တဲ႔အစုအဖြဲ႕ရိွေနျခင္းျဖစ္ပါတယ္။ စပါးအသင္းဟာ တျခားပရီးမီးယားလိဂ္ကလပ္အသင္းၾကီးေတြလို အရိွန္အ၀ါမရိွေပမယ္႔ မထင္မွတ္တာေတြကိုအျပည္႔အ၀လုပ္ႏိုင္စြမ္းရိွပါတယ္။ ေကာင္းကြက္ေတြမ်ားေနတဲ႔ စပါးအသင္းရဲ႕အားနည္းခ်က္ကေတာ႔ ေငြေၾကးသံုးစြဲမႈနည္းပါးတာပဲျဖစ္ပါတယ္။ ေအာင္ျမင္မႈကို ေငြေၾကးနဲ႔၀ယ္လို႔မရဘူးဆိုေပမယ္႔ ေအာင္ျမင္မႈတိုင္းမွာေငြေၾကးဟာ အေရးပါတဲ႔ေနရာမွာရိွေနခဲ႔တာပါ။ စပါးအသင္းအေနနဲ႔ ေအာင္ျမင္မႈလိုခ်င္ရင္ အခုထက္ပိုျပီးေငြေၾကးသံုးစြဲဖို႔လိုပါတယ္။ လက္စတာအသင္းေတာင္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ႔တာေၾကာင္႔ လက္စတာထက္ပိုေတာင္႔တင္းတဲ႔ စပါးအသင္းအေနနဲ႔ ခ်န္ပီယံအိမ္မက္ကို အျပည္႔အ၀မက္ခြင္႔ရိွေနပါတယ္။ ေဘာလံုးမွာမထင္မွတ္တာေတြ ထပ္ျဖစ္ဦးမလားဆိုတာကို ရင္ခုန္ၾကရမွာပါ။

ပရီးမီးယားလိဂ္မွာ ဘယ္အသင္းဗိုလ္စြဲမလဲအပိုင္း (၂) ကို ပရိတ္သတ္ေတြအတြက္ေဖာ္ျပေပးခဲ႔တာျဖစ္ပါတယ္။ က်န္ရိွေနတဲ႔အပိုင္းကို ဆက္လက္သံုးသပ္သြားမွာျဖစ္လို႔ ပရိတ္သတ္ေတြကေစာင္႔ေမွ်ာ္ဖတ္႐ႈၾကပါဦး …

Photo: Brila , Manchester United Twitter , Sporting News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းဗိုလ်စွဲမလဲ (၂)

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းဗိုလ်စွဲမလဲ အပိုင်း(၁)မှာ မန်စီးတီးနဲ့လီဗာပူးလ်အသင်းတို့ရဲ့ အနေအထားတွေကိုသုံးသပ်ဖော်ပြပေးခဲ့ပါတယ်။ အခုအပိုင်း(၂)မှာတော့ မန်ယူနဲ့စပါးအသင်းတို့ရဲ့ အနေအထားတွေကို ဆက်လက်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။

(၁) မန်ယူ

Manchester-United

Manchester-United

မန်ယူအသင်းဟာ ဝေဖန်ထောက်ပြစရာတွေများနေတဲ့အသင်းပါ။ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေလည်း မအောင်မြင်ခဲ့သလို မာစီယဲလ် Martial ၊ ပေါ့ဘာ Poga တို့နဲ့ပတ်သက်တဲ့သတင်းတွေဟာလည်း ပုံစံမျိုးစုံနဲ့ထွက်ပေါ်နေတာပါ။ နည်းပြမော်ရင်ဟို Morinho ရဲ့ခံစစ်ကိုအသားပေးတဲ့ ကစားဟန်ကိုလည်း မန်ယူပရိသတ်တွေကိုယ်တိုင်က စိတ်ပျက်နေကြပါတယ်။ မန်ယူအသင်းရဲ့လက်ရှိခြေစွမ်းဟာ ပြီးခဲ့တဲ့နှစ်က အနေအထားနဲ့ယှဉ်ရင်လည်းကွာခြားမှုသိပ်မရှိတာကိုတွေ့ကြရမှာပါ။ မန်ယူအသင်းရဲ့အားနည်းနေတဲ့ နေရာ တစ်နေရာကိုထောက်ပြရရင် ညာတောင်ပံတိုက်စစ်လို့ပဲဆိုရပါလိမ့်မယ်။ မန်ယူအသင်းမှာ ဘယ်တောင်ပံကိုပိုအားသန်တဲ့တိုက်စစ်ကစားသမားတွေများနေပြီး ညာတောင်ပံမှာထွက်ကစားတဲ့ မာတာ Mata ဟာလည်း သူအားသန်တဲ့ကွင်းလယ်ကြောကိုတိုးဝင်တာကြောင့် အသင်းရဲ့ကွင်းလယ်ဘယ်ခြမ်းမှာ လူတွေထပ်နေတာကိုမြင်တွေ့ရပြီး နည်းပြမော်ရင်ဟို Morinho အနေနဲ့ ဒီအချက်ကိုပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး။ တချို့ပွဲတွေမှာဆိုရင် ဒီဂီယာ De Gea ရဲ့လက်စွမ်းကြောင့်သာခံသာနေတာကို ရင်လေးစရာတွေ့ရပါလိမ့်မယ်။ မန်ယူအသင်းရဲ့ ကောင်းကွက်တွေကိုပြောရင်တော့ ပြိုင်ဘက်ကိုထိန်းချုပ်ကစားနိုင်ခြင်းနဲ့ ခြေစွမ်းမကောင်းတောင့် ပြိုင်ဘက်ကိုအနိုင်ကစားနိုင်စွမ်းရှိခြင်းတို့ပဲဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အမြဲစိန်ခေါ်နေရမယ့် အသင်းဖြစ်တာကြောင့် လိုအပ်ချက်တွေကိုအမြန်ဆုံးပြင်ဆင်သွားရမှာပဲဖြစ်ပါတယ်။ မန်ယူအသင်းရဲ့လူစာရင်းဟာ ရှေ့ ၊ လယ် ၊ နောက် ၊ ဂိုး နေရာစုံတောင့်တင်းခိုင်မာနေသလို ကစားသမားတွေနဲ့ နည်းပြမော်ရင်ဟို Morinho တို့သာ အကောင်းဆုံးပေါင်းစပ်နိုင်ခဲ့ရင်ကြောက်စရာ ကောင်းတဲ့အသင်းဖြစ်လာမှာက သေချာနေတဲ့အရာဖြစ်ပြီး ချန်ပီယံဆုကိုမျှော်လင့်ခွင့်ရှိနေပါတယ်။

(၂) စပါး

Tottenham-Hotspur

Tottenham-Hotspur

အပြောင်းအရွှေ့ဈေးကွက်မှာခြေငြိမ်ခဲ့ပြီး ပြင်ဆင်မှုအားနည်းခဲ့ပေမယ့် စပါးအသင်းဟာ လျော့တွက်လို့မရတဲ့အသင်းပဲဖြစ်ပါတယ်။ အသင်းရဲ့ ရှိရင်းစွဲလူစာရင်းကလည်းတောင့်တင်းခိုင်မာနေပြီၤး ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်စွမ်းရှိပါတယ်။ နည်းပြပိုချက်တီနို Pochettino တည်ဆောက်ထားတဲ့ စပါးအသင်းရဲ့ အဓိကအားသာချက်ကတော့ ကောင်းမွန်တဲ့အစုအဖွဲ့ရှိနေခြင်းဖြစ်ပါတယ်။ စပါးအသင်းဟာ တခြားပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေလို အရှိန်အဝါမရှိပေမယ့် မထင်မှတ်တာတွေကိုအပြည့်အဝလုပ်နိုင်စွမ်းရှိပါတယ်။ ကောင်းကွက်တွေများနေတဲ့ စပါးအသင်းရဲ့အားနည်းချက်ကတော့ ငွေကြေးသုံးစွဲမှုနည်းပါးတာပဲဖြစ်ပါတယ်။ အောင်မြင်မှုကို ငွေကြေးနဲ့ဝယ်လို့မရဘူးဆိုပေမယ့် အောင်မြင်မှုတိုင်းမှာငွေကြေးဟာ အရေးပါတဲ့နေရာမှာရှိနေခဲ့တာပါ။ စပါးအသင်းအနေနဲ့ အောင်မြင်မှုလိုချင်ရင် အခုထက်ပိုပြီးငွေကြေးသုံးစွဲဖို့လိုပါတယ်။ လက်စတာအသင်းတောင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာကြောင့် လက်စတာထက်ပိုတောင့်တင်းတဲ့ စပါးအသင်းအနေနဲ့ ချန်ပီယံအိမ်မက်ကို အပြည့်အဝမက်ခွင့်ရှိနေပါတယ်။ ဘောလုံးမှာမထင်မှတ်တာတွေ ထပ်ဖြစ်ဦးမလားဆိုတာကို ရင်ခုန်ကြရမှာပါ။

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းဗိုလ်စွဲမလဲအပိုင်း (၂) ကို ပရိတ်သတ်တွေအတွက်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့အပိုင်းကို ဆက်လက်သုံးသပ်သွားမှာဖြစ်လို့ ပရိတ်သတ်တွေကစောင့်မျှော်ဖတ်ရှုကြပါဦး …

Photo: Brila , Manchester United Twitter , Sporting News
Ko Kyue(Akhayar)
www.akhayar.com