[Zawgyi]

ပရီးမီးယားလိဂ္မွာ ဘယ္သူက်န္ခဲ့မလဲ၊ ဘယ္သူ တန္းဆင္းရမလဲ

၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြကေတာ့ ရာသီပိတ္သိမ္းမယ့္အခ်ိန္ကုိ တျဖည္းျဖညး္နီးကပ္လာခဲ့ပါ ၿပီ။ ခ်န္ပီယံဆုအတြက္အေျဖေပၚသြားၿပီျဖစ္ေပမယ့္ ဥေရာပၿပိဳင္ပဲြ၀င္ခြင့္၊ တန္းဆင္းဇုန္တိုက္ပဲြေတြက ၿပိဳင္ဆုိင္မႈ ျပင္းထန္ေနဆဲျဖစ္ပါတယ္။ အထူးသျဖင့္ တန္းမဆင္းရေရးအတြက္ ႐ုန္းကန္ရမယ့္အသင္းေတြရဲ႕ Effort က ပုိၿပီးသိသာလာပါၿပီ။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ရာသီတိုင္းလုိလုိ ရာသီပိတ္ခါနီးၿပီဆုိရင္ တန္း ဆင္းဇုန္အသင္းေတြရဲ႕ပဲြစဥ္ေတြက စိတ္၀င္စားဖုိ႔ေကာင္းေလ့ရွိတဲ့အျပင္ အသင္းႀကီးေတြေတာင္ သူတို႔ကုိအ႐ႈံးေပးရတဲ့အျဖစ္မ်ိဳးေတြ ရွိခဲ့တာေၾကာင့္ တန္းဆင္းဇုန္တိုက္ပဲြက ဥေရာပၿပိဳင္ပဲြ၀င္ခြင့္အတြက္ ၿပိဳင္ဆုိင္မႈထက္ ပုိၿပီးျပင္းထန္ေလ့ရွိတယ္။ အခုေလာေလာဆယ္ေတာ့ ပရီးမီးယားလိဂ္တန္းဆင္းဇုန္ထဲမွာ ရွိေနတဲ့ အသင္းေတြက ၁၈. ေဆာက္သမ္တန္ (၃၅ပဲြ- ၃၂မွတ္)၊၁၉. စတုတ္စီးတီး(၃၆ပဲြ – ၃၀မွတ္)၊၂၀. ၀က္စ္ဘရြန္း (၃၆ပဲြ-၂၈မွတ္)တို႔ျဖစ္ၿပီး၀က္စ္ဘရြန္းအသင္းကေတာ့ ေမွ်ာ္လင့္ခ်က္နည္းေနပါၿပီ။ သခ်ၤာနည္းအရထက္ ျဖစ္ ႏုိင္ေျခအရေျပာရရင္ေတာ့ အဆင့္(၁၁)ေနရာမွာရပ္တည္ေနတဲ့ ခရစၥတယ္ပဲေလ့စ္အသင္းက စၿပီး အမွတ္ ေပးဇယားေအာက္ေျခအထိ တန္းဆင္းမယ့္ အႏၱရာယ္ရွိေနဆဲပါ။ အဆင့္(၁၁)အသင္းနဲ႔ (၁၈)က အသင္းတို႔ရဲ႕အၾကား အမွတ္ကြာဟခ်က္က (၆)မွတ္သာရွိပါတယ္။ ပရီးမီးယားလိဂ္မွာက ရမွတ္တူရင္ ဂုိးကြာျခားခ်က္နဲ႔ ဆုံးျဖတ္မွာျဖစ္ၿပီး ဂုိးကြာျခားခ်က္နည္းတဲ့အသင္းေတြအတြက္ အခြင့္အေရးပုိရွိမွာပါ။

Premier-League-Table

Premier-League-Table

တန္းဆင္းဇုန္ (၃)သင္းထဲမွာ ၀က္စ္ဘရြန္းအသင္းအခြင့္အေရးအနည္းဆုံးျဖစ္ေနတာက လက္က်န္ႏွစ္ပဲြမွာစပါး(အိမ္)၊ ခရစၥတယ္ပဲေလ့စ္(အေ၀း)တို႔ကုိ ကစားရမွာျဖစ္ၿပီး အဆင့္(၁၇)ေနရာက ဆြမ္ဆီးအသင္းထက္တစ္ပဲြပုိ အမွတ္ကြာဟခ်က္က (၅)မွတ္အထိရွိေနတာေၾကာင့္ျဖစ္ပါတယ္။ လက္က်န္ပဲြေတြမွာ တန္းဆင္းဇုန္အသင္းေတြနဲ႔ တန္းဆင္းဇုန္နားကပ္ေနတဲ့အသင္းေတြ ထိပ္တိုက္ေတြ႕မယ့္ပဲြစဥ္ေတြ ပါ၀င္ေနတာေၾကာင့္အႀကိတ္အနယ္ရွိမွာ အေသအခ်ာပါပဲ။

အခုေလာေလာဆယ္ ေဆာက္သမ္တန္အသင္းနဲ႔ (၅)မွတ္ကြာဟေနတဲ့ အဆင့္(၁၄)ေနရာက ဘ႐ုိက္တန္အသင္းကေတာ့ အသက္႐ွဴနည္းနည္းေခ်ာင္ေနဆဲျဖစ္ေပမယ့္ အမွားလုပ္လုိ႔ေတာ့ မရပါဘူး။ တန္းဆင္းဇုန္အႏၱရာယ္နဲ႔ အနီးစပ္ဆုံးျဖစ္ေနတဲ့အသင္းေတြထဲမွာ ဆြမ္ဆီးၿပီးရင္ ၀က္စ္ဟမ္း၊ ဟတ္ဒါဖီးလ္တို႔လည္း ပါ၀င္ေနပါေသးတယ္။ သူတို႔ႏွစ္သငး္ဟာ ေဆာက္သမ္တန္အသင္းနဲ႔(၃၅)ပဲြတူညီေနၿပီး အမွတ္ကြာဟခ်က္ကလည္း (၃)မွတ္သာရွိတာေၾကာင့္ ဘာမဆုိျဖစ္သြားႏုိင္တဲ့အေနအထားပါ။ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ၂၀၀၂-၀၃ ရာသီက ၀က္စ္ဟမ္းအသင္း (၄၂)မွတ္အထိရခဲ့တာေတာင္ တန္းဆင္းခဲ့ရတဲ့ျဖစ္ရပ္မ်ိဳးရွိခဲ့ဖူးသလုိ၊ ၂၀၀၄-၀၅ ရာသီမွာ (၃၄)မွတ္နဲ႔ ၀က္စ္ဘရြနး္ က်န္ရစ္ခဲ့တဲ့ျဖစ္ရပ္မ်ိဳးရွိခဲ့ဖူးတယ္။ ရာသီလက္က်န္ပဲြေတြမွာ ဘယ္အသင္းအမွားလုပ္ၿပီး တန္းဆင္းသြားမလဲ ဘယ္အသင္း က်န္ရစ္မလဲဆုိတာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

၀က္စ္ဟမ္းအသင္းရဲ႕ လက္က်န္ပဲြစဥ္မ်ား – လက္စတာ(အေ၀း)၊ မန္ယူ(အိမ္)၊ အဲဗာတန္(အိမ္)
ဟတ္ဒါဖီးလ္အသင္းရဲ႕လက္က်န္ပဲြစဥ္မ်ား – မန္စီးတီး(အေ၀း)၊ ခ်ယ္လ္ဆီး(အေ၀း)၊ အာဆင္နယ္(အိမ္)
ဆြမ္ဆီးအသင္းရဲ႕ လက္က်န္ပဲြစဥ္မ်ား – ဘုန္းေမာက္(အေ၀း)၊ ေဆာက္သမ္တန္ (အိမ္)၊ စတုတ္စီးတီး (အိမ္)
ေဆာက္သမ္တန္အသင္းရဲ႕ လက္က်န္ပဲြစဥ္မ်ား – အဲဗာတန္(အေ၀း)၊ ေဆာက္သမ္တန္(အိမ္)၊ မန္စီးတီး (အိမ္)
စတုတ္စီးတီးအသင္းရဲ႕ လက္က်န္ပဲြစဥ္မ်ား – ပဲေလ့စ္(အိမ္)၊ ဆြမ္ဆီး(အေ၀း)
၀က္စ္ဘရြန္းအသင္းရဲ႕ လက္က်န္ပဲြစဥ္မ်ား – စပါး(အိမ္)၊ ပဲေလ့စ္(အေ၀း)

Photo:Soccerway,Daily Mail
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ ဘယ်သူကျန်ခဲ့မလဲ၊ ဘယ်သူ တန်းဆင်းရမလဲ

၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ရာသီပိတ်သိမ်းမယ့်အချိန်ကို တဖြည်းဖြည်းနီးကပ်လာခဲ့ပါ ပြီ။ ချန်ပီယံဆုအတွက်အဖြေပေါ်သွားပြီဖြစ်ပေမယ့် ဥရောပပြိုင်ပွဲဝင်ခွင့်၊ တန်းဆင်းဇုန်တိုက်ပွဲတွေက ပြိုင်ဆိုင်မှု ပြင်းထန်နေဆဲဖြစ်ပါတယ်။ အထူးသဖြင့် တန်းမဆင်းရရေးအတွက် ရုန်းကန်ရမယ့်အသင်းတွေရဲ့ Effort က ပိုပြီးသိသာလာပါပြီ။ ဒါကြောင့် ပရီးမီးယားလိဂ်ရာသီတိုင်းလိုလို ရာသီပိတ်ခါနီးပြီဆိုရင် တန်း ဆင်းဇုန်အသင်းတွေရဲ့ပွဲစဉ်တွေက စိတ်ဝင်စားဖို့ကောင်းလေ့ရှိတဲ့အပြင် အသင်းကြီးတွေတောင် သူတို့ကိုအရှုံးပေးရတဲ့အဖြစ်မျိုးတွေ ရှိခဲ့တာကြောင့် တန်းဆင်းဇုန်တိုက်ပွဲက ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုထက် ပိုပြီးပြင်းထန်လေ့ရှိတယ်။ အခုလောလောဆယ်တော့ ပရီးမီးယားလိဂ်တန်းဆင်းဇုန်ထဲမှာ ရှိနေတဲ့ အသင်းတွေက ၁၈. ဆောက်သမ်တန် (၃၅ပွဲ- ၃၂မှတ်)၊၁၉. စတုတ်စီးတီး(၃၆ပွဲ – ၃၀မှတ်)၊၂၀. ဝက်စ်ဘရွန်း (၃၆ပွဲ-၂၈မှတ်)တို့ဖြစ်ပြီးဝက်စ်ဘရွန်းအသင်းကတော့ မျှော်လင့်ချက်နည်းနေပါပြီ။ သင်္ချာနည်းအရထက် ဖြစ် နိုင်ခြေအရပြောရရင်တော့ အဆင့်(၁၁)နေရာမှာရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက စပြီး အမှတ် ပေးဇယားအောက်ခြေအထိ တန်းဆင်းမယ့် အန္တရာယ်ရှိနေဆဲပါ။ အဆင့်(၁၁)အသင်းနဲ့ (၁၈)က အသင်းတို့ရဲ့အကြား အမှတ်ကွာဟချက်က (၆)မှတ်သာရှိပါတယ်။ ပရီးမီးယားလိဂ်မှာက ရမှတ်တူရင် ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်မှာဖြစ်ပြီး ဂိုးကွာခြားချက်နည်းတဲ့အသင်းတွေအတွက် အခွင့်အရေးပိုရှိမှာပါ။

Premier-League-Table

Premier-League-Table

တန်းဆင်းဇုန် (၃)သင်းထဲမှာ ဝက်စ်ဘရွန်းအသင်းအခွင့်အရေးအနည်းဆုံးဖြစ်နေတာက လက်ကျန်နှစ်ပွဲမှာစပါး(အိမ်)၊ ခရစ္စတယ်ပဲလေ့စ်(အဝေး)တို့ကို ကစားရမှာဖြစ်ပြီး အဆင့်(၁၇)နေရာက ဆွမ်ဆီးအသင်းထက်တစ်ပွဲပို အမှတ်ကွာဟချက်က (၅)မှတ်အထိရှိနေတာကြောင့်ဖြစ်ပါတယ်။ လက်ကျန်ပွဲတွေမှာ တန်းဆင်းဇုန်အသင်းတွေနဲ့ တန်းဆင်းဇုန်နားကပ်နေတဲ့အသင်းတွေ ထိပ်တိုက်တွေ့မယ့်ပွဲစဉ်တွေ ပါဝင်နေတာကြောင့်အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။

အခုလောလောဆယ် ဆောက်သမ်တန်အသင်းနဲ့ (၅)မှတ်ကွာဟနေတဲ့ အဆင့်(၁၄)နေရာက ဘရိုက်တန်အသင်းကတော့ အသက်ရှူနည်းနည်းချောင်နေဆဲဖြစ်ပေမယ့် အမှားလုပ်လို့တော့ မရပါဘူး။ တန်းဆင်းဇုန်အန္တရာယ်နဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့အသင်းတွေထဲမှာ ဆွမ်ဆီးပြီးရင် ဝက်စ်ဟမ်း၊ ဟတ်ဒါဖီးလ်တို့လည်း ပါဝင်နေပါသေးတယ်။ သူတို့နှစ်သင်းဟာ ဆောက်သမ်တန်အသင်းနဲ့(၃၅)ပွဲတူညီနေပြီး အမှတ်ကွာဟချက်ကလည်း (၃)မှတ်သာရှိတာကြောင့် ဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားပါ။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၂၀၀၂-၀၃ ရာသီက ဝက်စ်ဟမ်းအသင်း (၄၂)မှတ်အထိရခဲ့တာတောင် တန်းဆင်းခဲ့ရတဲ့ဖြစ်ရပ်မျိုးရှိခဲ့ဖူးသလို၊ ၂၀၀၄-၀၅ ရာသီမှာ (၃၄)မှတ်နဲ့ ဝက်စ်ဘရွန်း ကျန်ရစ်ခဲ့တဲ့ဖြစ်ရပ်မျိုးရှိခဲ့ဖူးတယ်။ ရာသီလက်ကျန်ပွဲတွေမှာ ဘယ်အသင်းအမှားလုပ်ပြီး တန်းဆင်းသွားမလဲ ဘယ်အသင်း ကျန်ရစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။
ဝက်စ်ဟမ်းအသင်းရဲ့ လက်ကျန်ပွဲစဉ်များ – လက်စတာ(အဝေး)၊ မန်ယူ(အိမ်)၊ အဲဗာတန်(အိမ်)
ဟတ်ဒါဖီးလ်အသင်းရဲ့လက်ကျန်ပွဲစဉ်များ – မန်စီးတီး(အဝေး)၊ ချယ်လ်ဆီး(အဝေး)၊ အာဆင်နယ်(အိမ်)
ဆွမ်ဆီးအသင်းရဲ့ လက်ကျန်ပွဲစဉ်များ– ဘုန်းမောက်(အဝေး)၊ ဆောက်သမ်တန် (အိမ်)၊ စတုတ်စီးတီး (အိမ်)
ဆောက်သမ်တန်အသင်းရဲ့ လက်ကျန်ပွဲစဉ်များ – အဲဗာတန်(အဝေး)၊ ဆောက်သမ်တန်(အိမ်)၊ မန်စီးတီး (အိမ်)
စတုတ်စီးတီးအသင်းရဲ့ လက်ကျန်ပွဲစဉ်များ – ပဲလေ့စ်(အိမ်)၊ ဆွမ်ဆီး(အဝေး)
ဝက်စ်ဘရွန်းအသင်းရဲ့ လက်ကျန်ပွဲစဉ်များ – စပါး(အိမ်)၊ ပဲလေ့စ်(အဝေး)

Photo:Soccerway,Daily Mail
Naing Linn(Akhayar)
www.akhayar.com