[Zawgyi]

ဖီဖာကမၻာ႔အေကာင္းဆုံးဆုအတြက္ ပဏာမ (၁၀)ဦးစာရင္းမွာ ဘယ္သူေတြ ပါ၀င္လာမလဲ

ဥေရာပထိပ္သီးေဘာလုံးသမားေတြ ရင္ခုန္စိတ္လႈပ္ရွားမႈအျပည့္နဲ႔ ေမွ်ာ္လင့္ေနရတဲ့ ဖီဖာကမၻာ႔အေကာင္းဆုံးဆု (The Best)အတြက္ ပဏာမ(၁၀)ဦးစာရင္းကုိ ဒီေန႔(အဂၤါ)မွ ဖီဖာက ထုတ္ျပန္ေၾကညာသြားမွာျဖစ္ပါတယ္။ ဒီဆုဟာ ကမၻာ႔ေဘာလုံးေလာကရဲ႕ ဂုဏ္သိကၡာအရွိဆုံးဆုတစ္ခုျဖစ္တာေၾကာင့္ နာမည္ေက်ာ္ ေဘာလုံးသမားေတြကလည္း ဆုရရွိဖုိ႔ ေမွ်ာ္လင့္ခ်က္ကုိယ္စီနဲ႔ပါ။

Lothar-Matthäus

Lothar-Matthäus

The Best ဆုနဲ႔ပတ္သက္တဲ့ သမုိင္းေၾကာင္းကုိလည္း ပရိသတ္ေတြ ျပန္ေျပာင္းသတိရေအာင္ ေဖာ္ျပခ်င္ပါတယ္။ ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္(FIFA)ဟာ ကမၻာ႔အေကာင္းဆုံးကစားသမားဆုကုိ ၁၉၉၁ ခုႏွစ္ကေန စတင္ခ်ီးျမႇင့္ခဲ့ၿပီး ပထမဆုံး ဆုရရွိခဲ့သူကေတာ့ ဂ်ာမန္ဂႏၳ၀င္ကစားသမားႀကီး မာသီးယက္စ္ Matthäus ပါပဲ။ ၂၀၁၀ မွာေတာ့ ဖီဖာဟာ နာမည္ေက်ာ္ျပင္သစ္ေဘာလုံးမဂၢဇင္းနဲ႔ ပူးေပါင္းခဲ့တာေၾကာင့္ FIFA Ballon d’Or အမည္နဲ႔ ေျပာင္းလဲ ခ်ီးျမႇင့္ခဲ့တယ္။

FIFA-Ballon-dOr

FIFA-Ballon-dOr

ဒါေပမဲ့ (၅)ႏွစ္အၾကာမွာပဲ ဖီဖာနဲ႔ ျပင္သစ္ေဘာလုံးမဂၢဇင္းတို႔ ဆက္လက္ မပူးေပါင္းေတာ့တဲ့အတြက္ ၂၀၁၆ က စလုိ႔ The Best FIFA Men’s Player Award ဆုိၿပီး နာမည္သစ္၊ ဆုပုံစံအသြင္သစ္နဲ႔ ျပန္လည္ ခ်ီးျမႇင့္ခဲ့တာျဖစ္ပါတယ္။ ၁၉၉၁ ခုႏွစ္ကစၿပီး ၂၀၁၇ ခုႏွစ္အထိ ဆုအမ်ားဆုံးရရွိခဲ့သူေတြကေတာ့ ထုံးစံအတိုင္း စီေရာ္နယ္လ္ဒုိ Cristiano Ronaldo နဲ႔ မက္ဆီ Messi တို႔ပါပဲ။ တစ္ေယာက္ကုိ (၅)ႀကိမ္စီ ဆြတ္ခူးခဲ့ၿပီး ၂၀၀၈ ခုႏွစ္ကစလုိ႔ ၂၀၁၇ အထိ သူတို႔ႏွစ္ဦးပဲ အျပန္အလွန္ ရယူေနၾကတာပါ။

Messi-And-C-Ronaldo

Messi-And-C-Ronaldo

The Best FIFA Men’s Player Award လုိ႔ ေျပာင္းလဲခ်ီးျမႇင့္ခဲ့တဲ့အခ်ိန္မွာေတာ့ စီေရာ္နယ္လ္ဒုိက ေနာက္ဆုံး(၂)ႏွစ္ဆက္ (၂၀၁၆၊ ၂၀၁၇)ရယူခဲ့ၿပီး ဒီႏွစ္မွာလည္း (၃)ႀကိမ္ဆက္ ဆြတ္ခူးႏုိင္ဖုိ႔ ေရပန္းစားေနတယ္။ ဒါေပမဲ့ အရင္ႏွစ္ေတြကလုိ မဟုတ္တာက ဒီႏွစ္ The Best ဆုအတြက္ စီေရာ္နယ္လ္ဒုိ၊ မက္ဆီတို႔ကုိ စိန္ေခၚႏုိင္စြမ္းရွိတဲ့ ကစားသမားေတြ အမ်ားႀကီးရွိေနလုိ႔ပါပဲ။ ၂၀၁၈ ကမၻာ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္း ကစားသမားေတြျဖစ္တဲ့ ဂရစ္ဇ္မန္း Griezmann ၊ ဘာေပ Mbappe ၊ ခ႐ုိေအးရွားကြင္းလယ္လူ မုိဒရစ္ Modric ၊ ဘယ္လ္ဂ်ီယံေတာင္ပံကစားသမား ဟာဇက္ Hazard တို႔အေနနဲ႔လည္း အခုထုတ္ျပန္မယ့္ ပဏာမ (၁၀)ဦးစာရင္းမွာ ပါ၀င္လာဖုိ႔ ရာႏႈန္းမ်ားေနပါၿပီ။ ၿပီးခဲ့တဲ့(၂)ႏွစ္က The Best ဆုအတြက္ ပဏာမစာရင္းထုတ္ျပန္ရင္ ကစားသမား(၂၃)ဦးအထိ ေရြးခ်ယ္ခဲ့ေပမယ့္ အခုႏွစ္မွာေတာ့ (၁၀)ဦးသာ ထုတ္ျပန္မွာျဖစ္ပါတယ္။

griezmann-pogba-mbappe

griezmann-pogba-mbappe

ပဏာမ(၁၀)ဦးေရြးခ်ယ္တာမွာ ကာကာ Kaka ၊ ဒေရာ့ဘာ Drogba ၊ လမ္းပတ္ Lampard တို႔အပါအ၀င္ နာမည္ႀကီးေဘာလုံးသမားေဟာင္းေတြက ဆုံးျဖတ္သြားမွာျဖစ္ပါတယ္။ ပဏာမစာရင္းထြက္ေပၚလာၿပီးရင္ ႏုိင္ငံလက္ေရြးစင္အသင္းေခါင္းေဆာင္ေတြ၊ နည္းျပေတြ၊ ပရိသတ္ေတြနဲ႔ ဂ်ာနယ္လစ္ေတြက မဲေပးဖုိ႔ ျပင္ဆင္ရမွာျဖစ္ၿပီး လာမယ့္ ၾသဂုတ္လ(၁၀)ရက္ေန႔မတုိင္ခင္အထိ မဲေပးခြင့္ရွိပါတယ္။ အဲဒီေနာက္မွာ ဖီဖာက ဆန္ခါတင္(၃)ဦးကုိ ေရြးခ်ယ္သြားမွာျဖစ္ၿပီး ဆုေပးပဲြအခမ္းအနားကုိေတာ့ စက္တင္ဘာ(၂၄)ရက္က်ရင္ လန္ဒန္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာပါ။

List-Of-FIFA-World-Player-Award-Winners

List-Of-FIFA-World-Player-Award-Winners

ပရိသတ္ႀကီးေရ .. ဖီဖာရဲ႕ The Best ဆုကုိ ဘယ္သူရမလဲဆုိတာ မစဥ္းစားေသးခင္ ဘယ္သူေတြ ပဏာမ(၁၀)ဦးစာရင္းမွာ ပါ၀င္လာမလဲဆုိတာ ေစာင့္ၾကည့္ရင္ခုန္လုိက္ရေအာင္ . . . .

ဖီဖာအေကာင္းဆုံးဆုရရွိခဲ့တဲ့ကစားသမားစာရင္းအျပည့္အစုံ

REF:Marca
Photo:FIFA,The Independent,Youtube,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဖီဖာကမ္ဘာ့အကောင်းဆုံးဆုအတွက် ပဏာမ (၁၀)ဦးစာရင်းမှာ ဘယ်သူတွေ ပါဝင်လာမလဲ

ဥရောပထိပ်သီးဘောလုံးသမားတွေ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ မျှော်လင့်နေရတဲ့ ဖီဖာကမ္ဘာ့အကောင်းဆုံးဆု (The Best)အတွက် ပဏာမ(၁၀)ဦးစာရင်းကို ဒီနေ့(အင်္ဂါ)မှ ဖီဖာက ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။ ဒီဆုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအရှိဆုံးဆုတစ်ခုဖြစ်တာကြောင့် နာမည်ကျော် ဘောလုံးသမားတွေကလည်း ဆုရရှိဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့ပါ။

Lothar-Matthäus

Lothar-Matthäus

The Best ဆုနဲ့ပတ်သက်တဲ့ သမိုင်းကြောင်းကိုလည်း ပရိသတ်တွေ ပြန်ပြောင်းသတိရအောင် ဖော်ပြချင်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၁၉၉၁ ခုနှစ်ကနေ စတင်ချီးမြှင့်ခဲ့ပြီး ပထမဆုံး ဆုရရှိခဲ့သူကတော့ ဂျာမန်ဂန္ထဝင်ကစားသမားကြီး မာသီးယက်စ် Matthäus ပါပဲ။ ၂၀၁၀ မှာတော့ ဖီဖာဟာ နာမည်ကျော်ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ ပူးပေါင်းခဲ့တာကြောင့် FIFA Ballon d’Or အမည်နဲ့ ပြောင်းလဲ ချီးမြှင့်ခဲ့တယ်။

FIFA-Ballon-dOr

FIFA-Ballon-dOr

ဒါပေမဲ့ (၅)နှစ်အကြာမှာပဲ ဖီဖာနဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့ ဆက်လက် မပူးပေါင်းတော့တဲ့အတွက် ၂၀၁၆ က စလို့ The Best FIFA Men’s Player Award ဆိုပြီး နာမည်သစ်၊ ဆုပုံစံအသွင်သစ်နဲ့ ပြန်လည် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ်အထိ ဆုအများဆုံးရရှိခဲ့သူတွေကတော့ ထုံးစံအတိုင်း စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ပါပဲ။ တစ်ယောက်ကို (၅)ကြိမ်စီ ဆွတ်ခူးခဲ့ပြီး ၂၀၀၈ ခုနှစ်ကစလို့ ၂၀၁၇ အထိ သူတို့နှစ်ဦးပဲ အပြန်အလှန် ရယူနေကြတာပါ။

Messi-And-C-Ronaldo

Messi-And-C-Ronaldo

The Best FIFA Men’s Player Award လို့ ပြောင်းလဲချီးမြှင့်ခဲ့တဲ့အချိန်မှာတော့ စီရော်နယ်လ်ဒိုက နောက်ဆုံး(၂)နှစ်ဆက် (၂၀၁၆၊ ၂၀၁၇)ရယူခဲ့ပြီး ဒီနှစ်မှာလည်း (၃)ကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေတယ်။ ဒါပေမဲ့ အရင်နှစ်တွေကလို မဟုတ်တာက ဒီနှစ် The Best ဆုအတွက် စီရော်နယ်လ်ဒို၊ မက်ဆီတို့ကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ ကစားသမားတွေ အများကြီးရှိနေလို့ပါပဲ။ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်း ကစားသမားတွေဖြစ်တဲ့ ဂရစ်ဇ်မန်း Griezmann ၊ ဘာပေ Mbappe ၊ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ် Modric ၊ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက် Hazard တို့အနေနဲ့လည်း အခုထုတ်ပြန်မယ့် ပဏာမ (၁၀)ဦးစာရင်းမှာ ပါဝင်လာဖို့ ရာနှုန်းများနေပါပြီ။ ပြီးခဲ့တဲ့(၂)နှစ်က The Best ဆုအတွက် ပဏာမစာရင်းထုတ်ပြန်ရင် ကစားသမား(၂၃)ဦးအထိ ရွေးချယ်ခဲ့ပေမယ့် အခုနှစ်မှာတော့ (၁၀)ဦးသာ ထုတ်ပြန်မှာဖြစ်ပါတယ်။

griezmann-pogba-mbappe

griezmann-pogba-mbappe

ပဏာမ(၁၀)ဦးရွေးချယ်တာမှာ ကာကာ Kaka ၊ ဒရော့ဘာ Drogba ၊ လမ်းပတ် Lampard တို့အပါအဝင် နာမည်ကြီးဘောလုံးသမားဟောင်းတွေက ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ပဏာမစာရင်းထွက်ပေါ်လာပြီးရင် နိုင်ငံလက်ရွေးစင်အသင်းခေါင်းဆောင်တွေ၊ နည်းပြတွေ၊ ပရိသတ်တွေနဲ့ ဂျာနယ်လစ်တွေက မဲပေးဖို့ ပြင်ဆင်ရမှာဖြစ်ပြီး လာမယ့် သြဂုတ်လ(၁၀)ရက်နေ့မတိုင်ခင်အထိ မဲပေးခွင့်ရှိပါတယ်။ အဲဒီနောက်မှာ ဖီဖာက ဆန်ခါတင်(၃)ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကိုတော့ စက်တင်ဘာ(၂၄)ရက်ကျရင် လန်ဒန်မြို့မှာ ကျင်းပပြုလုပ်သွားမှာပါ။

List-Of-FIFA-World-Player-Award-Winners

List-Of-FIFA-World-Player-Award-Winners

ပရိသတ်ကြီးရေ .. ဖီဖာရဲ့ The Best ဆုကို ဘယ်သူရမလဲဆိုတာ မစဉ်းစားသေးခင် ဘယ်သူတွေ ပဏာမ(၁၀)ဦးစာရင်းမှာ ပါဝင်လာမလဲဆိုတာ စောင့်ကြည့်ရင်ခုန်လိုက်ရအောင် . . . .

ဖီဖာအကောင်းဆုံးဆုရရှိခဲ့တဲ့ကစားသမားစာရင်းအပြည့်အစုံ

REF:Marca
Photo:FIFA,The Independent,Youtube,Goal.com
Naing Linn(Akhayar)
www.akhayar.com