[Zawgyi]

ၿပီးခဲ့တဲ့ေႏြမွာစံခ်ိန္တင္ခဲ့တဲ့ ေပါ့ဘ္ဘာရဲ႕ေျပာင္းေရႊ႕ေၾကးဟာ တစ္ႏွစ္အၾကာမွာပဲ ေနမာရဲ႕ေက်ာ္လြန္ခ်ိဳးဖ်က္ျခင္းခံလိုက္ရပါတယ္။ ဒီလိုေျပာင္းေရႊ႕ေၾကးေတြ ေပါင္ သန္း ၂၀၀ နီးပါးအထိ ခုန္တက္ခဲ့တာဟာ တစ္ႏွစ္အေတာအတြင္းေလးပဲျဖစ္ပါတယ္။ ေနမာရဲ႕အေျပာင္းအေရႊ႕က ေစ်းကြက္အေပၚ တခ်ိဳ႕ေသာသူေတြရဲ႕အျမင္နဲ႔ ခ်ဥ္းကပ္မႈပံုစံေတြကုိ ေျပာင္းလဲသြားေစမယ္လို႔ ျမင္မိပါတယ္။

ဒီလိုအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေနမာရဲ႕ေျပာင္းေရႊ႕ေၾကးစံခ်ိန္ကုိ ဘယ္သူကမ်ား  ခ်ိဳးဖ်က္သြားႏုိင္အံုးမလဲဆိုတာ ေမးခ်င္စရာပါ။ Mirror Football ကေတာ့ မၾကာေတာ့တဲ့အခ်ိန္အတြင္းမွာ ေနမာရဲ႕ေျခရာကုိနင္းၿပီး ေျပာင္းေရႊ႕ေၾကးစံခ်ိန္ ခ်ိဳးဖ်က္ႏုိင္ဖို႔ အလားအလာရွိတဲ့ လူငယ္ကစားသမား  ၅ ေယာကုိ ခုလိုေဖာ္ျပခဲ့ပါတယ္။

၁။ ကိုင္လီယံ ဘတ္ဖ္ေပ (Kylian Mbappe)

ၿပီးခဲ့တဲ့တစ္ႏွစ္ေလာက္မွာ ဒီျပင္သစ္လူငယ္ကုိ သိသူခပ္ရွားရွားပါပဲ။ ခုခ်ိန္မွာေတာ့ ဥေရာပရဲ႕ အလိုခ်င္ဆံုးကစားသမားတစ္ေယာက္ျဖစ္ေနပါၿပီ။ မိုနာကုိက ဒီလူငယ္အတြက္ သတ္မွတ္လိုက္တဲ့ေျပာင္းေရႊ႕ေၾကးကုိလည္း ၾကည့္လိုက္ပါအံုး။ ေပါင္ သန္း ၁၀၀ တဲ့ဗ်ာ။ ၁၈ ႏွစ္အရြယ္သာရွိေသးသူအတြက္ အလြန္မ်ားေနတဲ့ ေျပာင္းေရႊ႕ေၾကးလို႔ဆိုရင္ ဆိုႏုိင္ပါတယ္။ ဒါေပမယ့္ ဒါက ေဘာလံုးေလာကေလ။ ရူးသြပ္မႈေတြနဲ႔အတူ လိုခ်င္လာရင္ ဘယ္ေလာက္ကုန္ကုန္ ရင္းၾကမယ့္သူေတြပါပဲ။ ဒီကစားသမားဟာ မုိနာကိုနဲ႔အတူ ၿပီးခဲ့တဲ့ရာသီက ၄၄ ပြဲကစား ၂၆ ဂိုးသြင္းယူထားၿပီး လိဂ္ဝမ္းဖလားနဲ႔ ခ်န္ပီယံလိဂ္ စီမီးဖိုင္နယ္ကုိ ေရာက္ရွိခဲ့သူပါ။

Monacos-Kylian-Mbappe-Lottin

 

၂။ ဟယ္ရီကိန္း (Harry Kane)

ကလပ္တစ္အသင္းအေနနဲ႔ ကိန္းကုိလိုခ်င္ရင္ ေပါင္ သန္း ၂၀၀ ကေန ေစ်းစကားစေျပာရလိမ့္မယ္လို႔ ဒန္နီယယ္လ္ ေလဗီက ဆိုေနေလရဲ႕။ သမုိုင္းကုိၾကည့္မယ္ဆိုရင္လည္း အဂၤလိပ္စတားပေလယာေတြဟာ အျခားကစားသမားေတြထက္ ေစ်းပိုျမင့္တတ္တာကုိ ေတြ႔ရႏုိင္ပါတယ္။ ဒါေၾကာင့္ ၿပီးခဲ့တဲ့ရာသီက ဂိုးေပါင္း ၂၀ ေက်ာ္နဲ႔ ပရီးမီးယာလိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့သူကိန္းဟာ မၾကာေတာ့တဲ့အခ်ိန္မွာ ေနမာရဲ႕ ေျပာင္းေရႊ႕ေၾကးစံခ်ိန္ကုိ ခ်ိဳးဖ်က္ႏုိင္မယ္လို႔ဆိုရင္ လြန္မယ္မထင္ပါဘူး။

harry-kane

၃။ ဒယ္လီ အလီ (Dele Alli)

အသက္ ၂၁ ႏွစ္အရြယ္ရွိၿပီး အဂၤလန္ရဲ႕ ေစာင့္ၾကည့္ခ်င္စရာအေကာင္းဆံုး ကစားသမားတစ္ေယာက္ျဖစ္တယ္ဆိုတာ ေသခ်ာပါတယ္။ ရီးရဲလ္မက္ဒရစ္ဆိုရင္လည္း ဒယ္လီ အလီကုိ လိုခ်င္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကစားသမားကုိ ဘယ္အသင္းမဆို စပါးအသင္းဆီကေန ေစ်းေပါေပါနဲ႔ ရႏုိင္မွာေတာ့မဟုတ္ပါဘူး။ ဒန္နီယယ္လ္ ေလဗီဟာ သူ႔ရဲ႕ကစားသမားေတြရဲ႕ တန္ေၾကးျဖတ္ရာမွာ အလြန္ေတာ္တဲ႔ သူတစ္ေယာက္ပါ။ ၂၀၁၃ ခုႏွစ္တုန္းက ဂါရတ္ေဘးလ္ဟာ ေပါင္ သန္း ၈၀ ျဖစ္ခဲ့ၿပီး ဒယ္လီ အလီဆိုရင္ ၂၀၁၈ ခုႏွစ္က်ရင္ ေပါင္ သန္း ၂၀၀ ေက်ာ္သြားႏုိင္ပါတယ္။

Dele-Alli

၄။ အန္တိုနီ ဂရက္ဇ္မန္း (Antoine Griezmann)

ဂရက္ဇ္မန္းကုိ မန္ယူက ဒီေႏြမွာေခၚယူဖို႔ပါပဲ။ ဒါေပမယ့္ အက္သလက္တီကုိအသင္းရဲ႕ အေျပာင္းအေရႊ႕ကန္႔သတ္ထားခံရမႈက အရာရာကုိ ပ်က္ဆီးသြားေစခဲ့တာပါ။ ပါရမီရွိတဲ့တိုက္စစ္မွဴးလို႔ ဆိုစမွတ္ျပဳျခင္းခံရတဲ့ ဂရက္ဇ္မန္းဟာ မန္ယူကုိ ေပါင္ သန္း ၇၀ နဲ႔ ေရာက္ဖို႔နီးစပ္ခဲ့တာပါ။ ဒါေၾကာင့္ ဒီရာသီမွာ ေနာက္ထပ္အသင္းနဲ႔ ၅ ႏွစ္စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုထားလို႔ စာခ်ဳပ္ေလ်ာ္ေၾကးအျပင္ တိုးတက္လာအံုးမယ့္ ကစားသမားရဲ႕စြမ္းေဆာင္ရည္ေတြေၾကာင့္ လာမယ့္ႏွစ္ေတြမွာ ဂရက္ဇ္မန္းရဲ႕ တန္ေၾကးက မတန္တဆျမွင့္တက္လာဖို႔ ရွိေနပါတယ္။

Atletico-Madrids-French-forward-Antoine

၅။ ဗင္နီရွားစ္ ဂ်ဴနီယာ (Vinicious Junior)

အနာဂတ္ရဲ႕ကစားသမားလို႔ ဆိုႏိုင္ပါတယ္။ ဒီေႏြမွာ ေပါင္ သန္း ၃၀ နဲ႔ ရီးရဲလ္ကုိ ေရာက္ရွိခဲ့ၿပီး  ဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ တန္ေၾကးအျမင့္ဆံုး လူငယ္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ဖလာမင္ဂိုအသင္းမွာ ၂၀၁၈ ခုႏွစ္အထိ ဒီဘရာဇီးလ္လူငယ္ဆက္ရွိေနဖို႔ျဖစ္ေပမယ့္ ရီးရဲလ္ကင္းေထာက္ေတြရဲ႕ မ်က္စိက်မႈကုိ ခံခဲ့ရပါတယ္။ ကနဦးေစ်းေခၚမႈ ေပါင္ သန္း ၄၀ ျဖစ္ေပမယ့္ သန္း ၃၀ နဲ႔ အၿပီးသတ္ႏုိင္ခဲ့တာပါ။ အသက္ ၁၆ ႏွစ္သာရွိေသးတဲ့ ဂ်ဴနီယာအေနနဲ႔ ကစားသမားတစ္ဦးရဲ႕အရည္အေသြးကုိ အေကာင္းဆံုးထုတ္ေဖာ္အသံုးျပဳႏုိင္တဲ့ ရီးရဲလ္မက္ဒရစ္မွာ ေနာက္ ၅ ႏွစ္ကေန ၁၀ ႏွစ္အတြင္း ဆက္ရွိေနရင္ ကမၻာ့အျမင့္ဆံုးေျပာင္းေရႊ႕ေၾကးနဲ႔ ကစားသမားျဖစ္လာဖို႔အတြက္ အလားအလာရွိေနသူပါပဲ။

 

vinicius-junior-2017-brasil-sub-17_11uzl16bkpz0c1i6v9yl1i90g0HGID_KV_Ads_Square

www.akhayar.com

[Unicode]

ပြီးခဲ့တဲ့နွေမှာစံချိန်တင်ခဲ့တဲ့ ပေါ့ဘ်ဘာရဲ့ပြောင်းရွှေ့ကြေးက တစ်နှစ်အကြာမှာပဲ နေမာရဲ့အပြောင်းအရွှေ့မှာ ပေါင် သန်း ၁၀၀ နီးပါးကျော်လွန်ပြီး ချိုးဖျက်ခြင်းခံလိုက်ရပါတယ်။ ဒီလိုပြောင်းရွှေ့ကြေးတွေ ပေါင် သန်း ၂၀၀ နီးပါးအထိ ခုန်တက်ခဲ့တာဟာ တစ်နှစ်အတောအတွင်းလေးပဲဖြစ်ပါတယ်။ နေမာရဲ့အပြောင်းအရွှေ့က ဈေးကွက်အပေါ် တချို့သောသူတွေရဲ့အမြင်တွေ၊ ချဉ်းကပ်မှုပုံစံတွေကို ပြောင်းလဲသွားစေမယ်လို့ မြင်မိပါတယ်။ ပြီးခဲ့တဲ့နွေမှာစံချိန်တင်ခဲ့တဲ့ ပေါ့ဘ်ဘာရဲ့ပြောင်းရွှေ့ကြေးက တစ်နှစ်အကြာမှာပဲ နေမာရဲ့အပြောင်းအရွှေ့မှာ ပေါင် သန်း ၁၀၀ နီးပါးကျော်လွန်ပြီး ချိုးဖျက်ခြင်းခံလိုက်ရပါတယ်။ ဒီလိုပြောင်းရွှေ့ကြေးတွေ ပေါင် သန်း ၂၀၀ နီးပါးအထိ ခုန်တက်ခဲ့တာဟာ တစ်နှစ်အတောအတွင်းလေးပဲဖြစ်ပါတယ်။ နေမာရဲ့အပြောင်းအရွှေ့က ဈေးကွက်အပေါ် တချို့သောသူတွေရဲ့အမြင်တွေ၊ ချဉ်းကပ်မှုပုံစံတွေကို ပြောင်းလဲသွားစေမယ်လို့ မြင်မိပါတယ်။

ဒီလိုအပြောင်းအရွှေ့ဈေးကွက်မှာ နေမာရဲ့ပြောင်းရွှေ့ကြေးစံချိန်ကို ဘယ်သူကများ  ချိုးဖျက်သွားနိုင်အုံးမလဲဆိုတာ မေးချင်စရာပါ။ Mirror Football ကတော့ မကြာတော့တဲ့အချိန်အတွင်းမှာ နေမာရဲ့ခြေရာကိုနင်းပြီး ပြောင်းရွှေ့ကြေးစံချိန် ချိုးဖျက်နိုင်ဖို့ အလားအလာရှိတဲ့ လူငယ်ကစားသမား  ၅ ယောကို ခုလိုဖော်ပြခဲ့ပါတယ်။

၁။ ကိုင်လီယံ ဘတ်ဖ်ပေ (Kylian Mbappe)

ပြီးခဲ့တဲ့တစ်နှစ်လောက်မှာ ဒီပြင်သစ်လူငယ်ကို သိသူခပ်ရှားရှားပါပဲ။ ခုချိန်မှာတော့ ဥရောပရဲ့ အလိုချင်ဆုံးကစားသမားတစ်ယောက်ဖြစ်နေပါပြီ။ မိုနာကိုက ဒီလူငယ်အတွက် သတ်မှတ်လိုက်တဲ့ပြောင်းရွှေ့ကြေးကိုလည်း ကြည့်လိုက်ပါအုံး။ ပေါင် သန်း ၁၀၀ တဲ့ဗျာ။ ၁၈ နှစ်အရွယ်သာရှိသေးသူအတွက် အလွန်များနေတဲ့ ပြောင်းရွှေ့ကြေးလို့ဆိုရင် ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးလောကလေ။ ရူးသွပ်မှုတွေနဲ့အတူ လိုချင်လာရင် ဘယ်လောက်ကုန်ကုန် ရင်းကြမယ့်သူတွေပါပဲ။ ဒီကစားသမားဟာ မိုနာကိုနဲ့အတူ ပြီးခဲ့တဲ့ရာသီက ၄၄ ပွဲကစား ၂၆ ဂိုးသွင်းယူထားပြီး လိဂ်ဝမ်းဖလားနဲ့ ချန်ပီယံလိဂ် စီမီးဖိုင်နယ်ကို ရောက်ရှိခဲ့သူပါ။

Monacos-Kylian-Mbappe-Lottin

 

၂။ ဟယ်ရီကိန်း (Harry Kane)

ကလပ်တစ်အသင်းအနေနဲ့ ကိန်းကိုလိုချင်ရင် ပေါင် သန်း ၂၀၀ ကနေ ဈေးစကားစပြောရလိမ့်မယ်လို့ ဒန်နီယယ်လ် လေဗီက ဆိုနေလေရဲ့။ သမိုင်းကိုကြည့်မယ်ဆိုရင်လည်း အင်္ဂလိပ်စတားပလေယာတွေဟာ အခြားကစားသမားတွေထက် ဈေးပိုမြင့်တတ်တာကို တွေ့ရနိုင်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီက ဂိုးပေါင်း ၂၀ ကျော်နဲ့ ပရီးမီးယာလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့သူကိန်းဟာ မကြာတော့တဲ့အချိန်မှာ နေမာရဲ့ ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်နိုင်မယ်လို့ဆိုရင် လွန်မယ်မထင်ပါဘူး။

harry-kane

၃။ ဒယ်လီ အလီ (Dele Alli)

အသက် ၂၁ နှစ်အရွယ်ရှိပြီး အင်္ဂလန်ရဲ့ စောင့်ကြည့်ချင်စရာအကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ သေချာပါတယ်။ ရီးရဲလ်မက်ဒရစ်ဆိုရင်လည်း ဒယ်လီ အလီကို လိုချင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားကို ဘယ်အသင်းမဆို စပါးအသင်းဆီကနေ ဈေးပေါပေါနဲ့ ရနိုင်မှာတော့မဟုတ်ပါဘူး။ ဒန်နီယယ်လ် လေဗီဟာ သူ့ရဲ့ကစားသမားတွေရဲ့ တန်ကြေးဖြတ်ရာမှာ အလွန်တော်တဲ့ သူတစ်ယောက်ပါ။ ၂၀၁၃ ခုနှစ်တုန်းက ဂါရတ်ဘေးလ်ဟာ ပေါင် သန်း ၈၀ ဖြစ်ခဲ့ပြီး ဒယ်လီ အလီဆိုရင် ၂၀၁၈ ခုနှစ်ကျရင် ပေါင် သန်း ၂၀၀ ကျော်သွားနိုင်ပါတယ်။

Dele-Alli

၄။ အန်တိုနီ ဂရက်ဇ်မန်း (Antoine Griezmann)

ဂရက်ဇ်မန်းကို မန်ယူက ဒီနွေမှာခေါ်ယူဖို့ပါပဲ။ ဒါပေမယ့် အက်သလက်တီကိုအသင်းရဲ့ အပြောင်းအရွှေ့ကန့်သတ်ထားခံရမှုက အရာရာကို ပျက်ဆီးသွားစေခဲ့တာပါ။ ပါရမီရှိတဲ့တိုက်စစ်မှူးလို့ ဆိုစမှတ်ပြုခြင်းခံရတဲ့ ဂရက်ဇ်မန်းဟာ မန်ယူကို ပေါင် သန်း ၇၀ နဲ့ ရောက်ဖို့နီးစပ်ခဲ့တာပါ။ ဒါကြောင့် ဒီရာသီမှာ နောက်ထပ်အသင်းနဲ့ ၅ နှစ်စာချုပ်သစ် ထပ်မံချုပ်ဆိုထားလို့ စာချုပ်လျော်ကြေးအပြင် တိုးတက်လာအုံးမယ့် ကစားသမားရဲ့စွမ်းဆောင်ရည်တွေကြောင့် လာမယ့်နှစ်တွေမှာ ဂရက်ဇ်မန်းရဲ့ တန်ကြေးက မတန်တဆမြှင့်တက်လာဖို့ ရှိနေပါတယ်။

Atletico-Madrids-French-forward-Antoine

 

၅။ ဗင်နီရှားစ် ဂျူနီယာ (Vinicious Junior)

အနာဂတ်ရဲ့ကစားသမားလို့ ဆိုနိုင်ပါတယ်။ ဒီနွေမှာ ပေါင် သန်း ၃၀ နဲ့ ရီရဲလ်ကို ရောက်ရှိခဲ့ပြီး  ဆယ်ကျော်သက်ကစားသမားတွေထဲမှာ တန်ကြေးအမြှင့်ဆုံး လူငယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဖလာမင်ဂိုအသင်းမှာ ၂၀၁၈ ခုနှစ်အထိ ဒီဘရာဇီးလ်လူငယ်ဆက်ရှိနေဖို့ဖြစ်ပေမယ့် ရီးရဲလ်ကင်းထောက်တွေရဲ့ မျက်စိကျမှုကို ခံခဲ့ရပါတယ်။ ကနဦးဈေးခေါ်မှု ပေါင် သန်း ၄၀ ဖြစ်ပေမယ့် သန်း ၃၀ နဲ့ အပြီးသတ်နိုင်ခဲ့တာပါ။ အသက် ၁၆ နှစ်သာရှိသေးတဲ့ ဂျူနီယာအနေနဲ့ ကစားသမားတစ်ဦးရဲ့အရည်အသွေးကို အကောင်းဆုံးထုတ်ဖော်အသုံးပြုနိုင်တဲ့ ရီရဲလ်မက်ဒရစ်မှာ နောက် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ဆက်ရှိနေရင် ကမ္ဘာ့အမြှင့်ဆုံးပြောင်းရွှေ့ကြေးနဲ့ ကစားသမားဖြစ်လာဖို့အတွက် အလားအလာရှိနေသူပါပဲ။

vinicius-junior-2017-brasil-sub-17_11uzl16bkpz0c1i6v9yl1i90g0

HGID_KV_Ads_Square

www.akhayar.com