[Zawgyi]

ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ နည္းျပသစ္ရွာပံုေတာ္

ရလဒ္ေတြဆိုးရြားေနတဲ႔ ရီးယဲလ္အသင္းဟာ နည္းျပ လိုပယ္တက္ဂီ Lopetegui ကိုရာထူးကေနထုတ္ပယ္ခဲ႔ျပီး ရီးယဲလ္(B)အသင္းနည္းျပ ဆိုလာရီ Solari ကိုယာယီနည္းျပအျဖစ္ခန္႔အပ္ခဲ႔တာ အားလံုးအသိပါပဲ။ လက္ရိွအခ်ိန္မွာ ရီးယဲလ္အသင္းရဲ႕ နည္းျပသစ္ရာထူးအတြက္ သတင္းေတြမ်ိဳးစံုထြက္ေနျပီး ဒီအေနအထားေတြကို Akhayar Sports ပရိသတ္ၾကီးအတြက္ စုစည္းျပီးေဖာ္ျပေပးလိုက္ပါတယ္။

(၁) ကြန္တီ Conte

Conte

Conte

ရီးယဲလ္အသင္းနည္းျပသစ္ရာထူးအတြက္ ကြန္တီ Conte ဟာေရပန္းစားခဲ႔ေပမယ္႔ လက္ရိွမွာေတာ႔ အေျခအေနေတြဟာ ျငိမ္သက္ေနပါတယ္။ ရီးယဲလ္အသင္းဟာ နည္းျပသစ္ရာထူးအတြက္ ကြန္တီကိုသာ တကယ္ရည္ရြယ္ထားရင္ အခုအခ်ိန္ဟာ ကြန္တီ ရီးယဲလ္အသင္းကိုေရာက္ဖို႔ အေကာင္းဆံုးအခ်ိန္လို႔ပဲေျပာရမွာပါ။

(၂) ပိုခ်က္တီႏို Pochettino

Pochettino

Pochettino

စပါးအသင္းနည္းျပ ပိုခ်က္တီႏို Pochettino ဟာလည္း ရီးယဲလ္အသင္းရဲ႕ ပစ္မွတ္ထဲမွာ အၿမဲလိုလိုပါေနတဲ႔သူပါ။ ပိုခ်က္တီႏို ဟာ စပိန္ေျမနဲ႔မစိမ္းတဲ႔သူျဖစ္ျပီး အရည္အခ်င္းရိွတဲ႔ လူငယ္နည္းျပျဖစ္တာေၾကာင္႔ ရီးယဲလ္အသင္းက နည္းျပသစ္ရာထူးအတြက္ မ်က္စိက်ေနပါတယ္။ စပါးကစားသမားေတြကေတာ႔ အသင္းကေန ပိုခ်က္တီႏို ထြက္သြားမွာကို စိုးရိမ္ေနၾကပါတယ္။

(၃) မာတီနက္ဇ္ Martinez

Martinez

Martinez

လက္ရိွမွာေတာ႔ ရီးယဲလ္အသင္းနည္းျပသစ္ ရာထူးအတြက္ ဘယ္လ္ဂ်ီယံအသင္းနည္းျပ မာတီနက္ဇ္ Martinez ဟာလည္း ေရပန္းစားေနပါတယ္။ မာတီနက္ဇ္ လက္ထက္မွာ ဘယ္လ္ဂ်ီယံအသင္းတိုးတက္လာတာ အားလံုးအသိပဲျဖစ္ပါတယ္။ မာတီနက္ဇ္ ဟာ ၀ီဂန္လိုအသင္းမ်ိဳးကိုေတာင္ FA Cup ရရိွေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ႔သူျဖစ္ျပီး စပိန္လူမ်ိဳးလည္းျဖစ္ေနတာေၾကာင္႔ ရီးယဲလ္အသင္းနည္းျပသစ္ ျဖစ္လာမလားဆိုတာ ရင္ခုန္စရာပါ။

(၄) မိုက္ကယ္ေလာဒရပ္ Michael Laudrup

Michael-Laudrup

Michael-Laudrup

ရီးယဲလ္အသင္း ကစားသမားေဟာင္းနဲ႔ ဆြမ္ဆီးနည္းျပေဟာင္း မိုက္ကယ္ေလာဒရပ္ Michael Laudrup ကို ရီးယဲလ္အသင္းက နည္းျပသစ္ရာထူးအတြက္ ကမ္းလွမ္းခဲ႔ေပမယ္႔ မိုက္ကယ္ေလာဒရပ္ ကပယ္ခ်ခဲ႔တယ္လို႔ သိရပါတယ္။ ရီးယဲလ္လို အသင္းမ်ိဳးရဲ႕ ကမ္းလွမ္းမႈကို ရတာေတာင္ ျငင္းပယ္ခဲ႔တဲ႔ မိုက္ကယ္ေလာဒရပ္ရဲ႕ ဆံုးျဖတ္ခ်က္ကေတာ႔ အံအားသင္႔စရာပါပဲ။

Photo: Stadium Astro , FourFourTwo , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ်ရှာပုံတော်

ရလဒ်တွေဆိုးရွားနေတဲ့ ရီးယဲလ်အသင်းဟာ နည်းပြ လိုပယ်တက်ဂီ Lopetegui ကိုရာထူးကနေထုတ်ပယ်ခဲ့ပြီး ရီးယဲလ်(B)အသင်းနည်းပြ ဆိုလာရီ Solari ကိုယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့တာ အားလုံးအသိပါပဲ။ လက်ရှိအချိန်မှာ ရီးယဲလ်အသင်းရဲ့ နည်းပြသစ်ရာထူးအတွက် သတင်းတွေမျိုးစုံထွက်နေပြီး ဒီအနေအထားတွေကို Akhayar Sports ပရိသတ်ကြီးအတွက် စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။

(၁) ကွန်တီ Conte

Conte

Conte

ရီးယဲလ်အသင်းနည်းပြသစ်ရာထူးအတွက် ကွန်တီ Conte ဟာရေပန်းစားခဲ့ပေမယ့် လက်ရှိမှာတော့ အခြေအနေတွေဟာ ငြိမ်သက်နေပါတယ်။ ရီးယဲလ်အသင်းဟာ နည်းပြသစ်ရာထူးအတွက် ကွန်တီကိုသာ တကယ်ရည်ရွယ်ထားရင် အခုအချိန်ဟာ ကွန်တီ ရီးယဲလ်အသင်းကိုရောက်ဖို့ အကောင်းဆုံးအချိန်လို့ပဲပြောရမှာပါ။

(၂) ပိုချက်တီနို Pochettino

Pochettino

Pochettino

စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ဟာလည်း ရီးယဲလ်အသင်းရဲ့ ပစ်မှတ်ထဲမှာ အမြဲလိုလိုပါနေတဲ့သူပါ။ ပိုချက်တီနို ဟာ စပိန်မြေနဲ့မစိမ်းတဲ့သူဖြစ်ပြီး အရည်အချင်းရှိတဲ့ လူငယ်နည်းပြဖြစ်တာကြောင့် ရီးယဲလ်အသင်းက နည်းပြသစ်ရာထူးအတွက် မျက်စိကျနေပါတယ်။ စပါးကစားသမားတွေကတော့ အသင်းကနေ ပိုချက်တီနို ထွက်သွားမှာကို စိုးရိမ်နေကြပါတယ်။

(၃) မာတီနက်ဇ် Martinez

Martinez

Martinez

လက်ရှိမှာတော့ ရီးယဲလ်အသင်းနည်းပြသစ် ရာထူးအတွက် ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ် Martinez ဟာလည်း ရေပန်းစားနေပါတယ်။ မာတီနက်ဇ် လက်ထက်မှာ ဘယ်လ်ဂျီယံအသင်းတိုးတက်လာတာ အားလုံးအသိပဲဖြစ်ပါတယ်။ မာတီနက်ဇ် ဟာ ဝီဂန်လိုအသင်းမျိုးကိုတောင် FA Cup ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး စပိန်လူမျိုးလည်းဖြစ်နေတာကြောင့် ရီးယဲလ်အသင်းနည်းပြသစ် ဖြစ်လာမလားဆိုတာ ရင်ခုန်စရာပါ။

(၄) မိုက်ကယ်လောဒရပ် Michael Laudrup

Michael-Laudrup

Michael-Laudrup

ရီးယဲလ်အသင်း ကစားသမားဟောင်းနဲ့ ဆွမ်ဆီးနည်းပြဟောင်း မိုက်ကယ်လောဒရပ် Michael Laudrup ကို ရီးယဲလ်အသင်းက နည်းပြသစ်ရာထူးအတွက် ကမ်းလှမ်းခဲ့ပေမယ့် မိုက်ကယ်လောဒရပ် ကပယ်ချခဲ့တယ်လို့ သိရပါတယ်။ ရီးယဲလ်လို အသင်းမျိုးရဲ့ ကမ်းလှမ်းမှုကို ရတာတောင် ငြင်းပယ်ခဲ့တဲ့ မိုက်ကယ်လောဒရပ်ရဲ့ ဆုံးဖြတ်ချက်ကတော့ အံအားသင့်စရာပါပဲ။

Photo: Stadium Astro , FourFourTwo , Goal.com
Ko Kyue(Akhayar)
www.akhayar.com