Myanmar Idol Season 2 မှာ Billy နိုင်မှာလား၊ သားငယ်နိုင်မှာလား

Myanmar Idol Season 2 ရဲ့ပြီးဆုံးချိန်က တဖြည်းဖြည်း နီးကပ်လာပါပြီ။ Facebook ပေါ်မှာလည်း Fan တွေရဲ့တိုက်ပွဲတွေ၊ မျက်ရည်ချူတဲ့လို့ပြောကြတဲ့ပို့စ်တွေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြန်အလှန် ရေးသားဖြေရှင်း နေကြတာတွေကိုလည်း အကုန်လုံးတွေ့ကြမှာပါ။ ဒီလိုဆိုရင် မြန်မာ Idol ရဲ့ Winner ဆုရှင်ကဘယ်သူ ဖြစ်လာမှာလဲဆိုတာကို ရိုးရိုးရှင်းရှင်း သုံးသပ်ကြည့်ပါမယ်။

ပထမဆုံးဒီပွဲရဲ့ခေါင်းစီးဖြစ်တဲ့ Myanmar Idol ရဲ့ အဓိပ္ပာယ်ကိုပြောပြပါမယ်။ Idol ဆိုတာက အသည်းကျော်၊အသည်းစွဲလို့ပြောတာပါ။ Myanmar Idol ဆိုတော့ မြန်မာပြည်သူတွေရဲ့အသည်းကျော်၊ အသည်းစွဲပေါ့။ အဲ့ဒီတော့ မြန်မာပြည်သူတွေရဲ့အသည်းကျော်ဟာ Billy ဖြစ်မလား၊ သားငယ်ဖြစ်မလားဆိုတာကို စဉ်းစားကြည့်ပါမယ်။ လက်ရှိမြန်မာ Idol ပရိသတ်ရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်က သားငယ်အပေါ်နှစ်သက်မှုရှိကြပါတယ်။ ဒါပေမယ့် Billy မှာလည်း အမာခံပရိသတ်တွေ၊ ဝန်းရံချင်တဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့အပါအဝင် Facebook Page တော်တော်များများက Live poll (မဲပေး) လုပ်တဲ့အခါမှာတော့ သားငယ်က မဲအသာစီးရတာများပါတယ်။

သားငယ်ဟာ Bottom 3 မှာတစ်ခါမှမထိုင်ခဲ့ရသလို သူသီဆိုရတဲ့သီချင်းတိုင်းကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်ခဲ့ပါတယ်။ Billy ကိုကြည့်မယ်ဆိုပြန်ရင်လည်း အတိုင်းအတာတစ်ခုအထိကောင်းနေတာကို တွေ့ရပါတယ်။ အဆိုကောင်းတာတစ်ခုထဲကိုကြည့်ပြီး  Winner ဘယ်သူဖြစ်မယ်ဆိုတာ ကံသေကံမပြောလို့ မရပါဘူး။ မြန်မာ Idol က ဒီထက်ပိုပြီးနက်နဲပါတယ်။

ရုပ်ရည်တို့ ပညာအရည်အချင်းတို့မှာ Billy က သားငယ်ထက်ပိုသာတယ်လို့ပြောကြတာရှိပေမယ့် အဆိုပြိုင်ပွဲတစ်ခုမှာ ဒါတွေက ဘောင်မဝင်ပါဘူး။ အိမ်ထောင်ရှင်ဆိုရင်လည်းဖြစ်ခွင့်ရှိပါတယ်လို့ ပွဲစီစဉ်သူတွေကပြောထားပါတယ်။ American Idol မှာ လူမျိုးမခွဲခြားပဲ လူမည်းတွေ Winner ဖြစ်ခဲ့တာလည်းရှိပါတယ်။ လာမယ့် Final ပွဲက တော်တော်ကြီးကြည့်ကောင်းနေပါပြီ။

Season 2 ရဲ့နောက်ဆုံးသုံးယောက်မှာ သားငယ်၊ Billy နဲ့ ပိုးမီ တို့ပြိုင်ကြပါတယ်။ မိန်းကလေးနှစ်ယောက်၊ယောက်ျားလေးတစ်ယောက် ဘယ်သူပြုတ်သွားပါသလဲ။ ပိုးမီပြုတ်သွားပါတယ်။ Final မှာကြည့်ကောင်းဖို့ဆို မိန်းကလေးနှစ်ယောက်ပြိုင်ခိုင်းလို့ မရပါဘူး။ မိန်းကလေးနှစ်ယောက်သာတက်ခဲ့ရင် ပွဲရဲ့ Tempo လျော့ကျ သွားပါမယ်။ ပိုးမီကို အားပေးတဲ့ပရိသတ်တွေရှိပေမယ့် Billy ကိုမကျော်နိုင်ခဲ့ဘူး။ ဖိုင်နယ်ကို Billy တက်လာသလို ချေတယ်ဆိုတဲ့ ဓါတ်ပုံကလည်း ပရိသတ်တွေကြားတော်တော် ခေတ်စားခဲ့ပါတယ်။

ကျွန်တော်တို့ မမြင်နိုင်တဲ့အပိုင်းတစ်ခုရှိပါတယ်။  ဒါက ပွင့်လင်းမြင်သာမှုမရှိတဲ့ Myanmar Idol ရဲ့ Voting စနစ်ပါ။ ဘယ်အချိန်မှာ၊ ဘယ်သူက၊ ဘယ်လောက် Vote ရနေပြီဆိုတာမျိုးကို မသိနိုင်တဲ့အတွက် လှည့်ကွက်တွေရှိနိုင်မလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ Season 1 ရဲ့Winner က ယောက်ျားလေးတစ်ဦး ဖြစ်တဲ့ စောလားထော်ဝါးပါ။ အဲ့ဒီတော့ ဒီနှစ်မှာ ရုပ်ရည်လည်းရှိ၊ ပညာလည်းတတ်တဲ့ Billy ဖြစ်လာမလား။ သာမန်ရိုးကျ အကြော်သည်လေးလည်း Myanmar Idol မှာ Winner ဖြစ်နိုင်တယ်ဆိုပြီး သားငယ်နဲ့ လူတွေပိုအာရုံစိုက်လာအောင်လုပ်မလား။

Myanmar Idol ရဲ့ စည်းမျဉ်းအရ Facebook ပေါ်မှာလူကြည့်များတာ၊ Fan တွေအများကြီးရှိတာလောက်နဲ့ Winner ဖြစ်မှာမဟုတ်ပါဘူး။ SMS ပို့ပြီး Voting လုပ်မှတရားဝင်အတည် ဖြစ်မှာပါ။ ပိုက်ဆံသုံးမယ့်ပရိသတ်တွေကသာ ဒီပွဲရဲ့အလှည့်အပြောင်းဖြစ်ပါတယ်။ ဥပမာ- ငါးသောင်းဖိုး Vote ခံရတာ၊ တစ်သိန်းဖိုး Vote ခံရတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ပုံမှန် Voting တွေကြားမှာ ဒီမဲတွေဟာ အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။

အဆိုတော်တစ်ယောက်ဖြစ်ဖို့ အဓိကလိုအပ်တာက ပရိသတ်ပါ။ Myanmar Idol ရဲ့ Winner ဆုကို ဘယ်သူပဲရရ သားငယ်ရော၊ Billy ရောမှာ ပရိသတ်အခိုင်အမာရပြီးသွားပါပြီ။ ဂီတလမ်းကိုဆက်လျှောက်ဖို့ဆိုရင် စန်းကောင်းဖို့နဲ့လမ်းမပျောက်သွားဖို့ပဲလိုပါတယ်။ ပွဲစီစဉ်သူတွေဖက်ကကြည့်မယ်ဆိုရင်တော့ ဘယ်သူဆုသလဲဆိုတာထက် ဘယ်လောက် အကျိုးအမြတ်ရမလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။

မင်းသုခ (အခရာ)

(www.akhayar.com)