[Zawgyi]

ရီးယဲလ္အသင္းရဲ႕ ေက်ာနံပါတ္ (၇)ပုိင္ရွင္သစ္က ဘယ္သူမ်ားျဖစ္မလဲ

ရီးယဲလ္အသင္းရဲ႕ ဂႏၳ၀င္နံပါတ္လုိ႔ သတ္မွတ္ရမယ့္ ေက်ာနံပါတ္(၇)ရဲ႕ ပုိင္ရွင္သစ္က ဘယ္သူမ်ားျဖစ္မလဲ။ ဒါက ရီးယဲလ္ပရိသတ္ေတြ အရမ္းစိတ္၀င္စားေနတဲ့ ေမးခြန္းတစ္ခုပါ။ ေပၚတူဂီ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo က (၉)ႏွစ္ၾကာ ၀တ္ဆင္ခဲ့ၿပီး သူ မရွိေတာ့တဲ့ေနာက္မွာ ဒီနံပါတ္နဲ႔ ထုိက္တန္တဲ့ ကစားသမားက ဘယ္သူလဲဆုိတာ အခုေလာေလာဆယ္ေတာ့ ေ၀ခဲြမရေသးပါဘူး။ ရီးယဲလ္အသင္းအေနနဲ႔လည္း ဒီလုိ ဂႏၳ၀င္နံပါတ္ကုိ ကစားသမားတစ္ဦးစီ အလ်င္စလုိ လႊဲေျပာင္းေပးဖုိ႔ မရွိဘဲ ေသေသခ်ာခ်ာ ဂ႐ုစုိက္စဥး္စားသြားမယ့္ အေနအထားပါ။

Marco-Asensio

Marco-Asensio

ရီးယဲလ္အသင္းဟာ အခုေႏြရာသီမွာ PSG အသင္းရဲ႕ ျပင္သစ္လူငယ္ၾကယ္ပြင့္ ဘာေပ Mbappe ကုိ ႀကိဳးပမ္းေနတာေၾကာင့္ ဘာေပက နံပါတ္(၇)ပုိင္ရွင္သစ္ ျဖစ္လာမလားဆုိၿပီး ပရိသတ္ေတြ စိတ္၀င္စားေနၾကတယ္။ စပိန္နာမည္ေက်ာ္ အားကစားသတင္းစာ AS က ရီးယဲလ္အသင္းရဲ႕ ေက်ာနံပါတ္(၇)ကုိ လက္ရွိ ကစားသမားထဲက ဘယ္သူ ၀တ္ခြင့္ရသင့္သလဲဆုိတာ ပရိသတ္ေတြကုိ မဲဆႏၵေကာက္ခံခဲ့ေတာ့ အံ့အားသင့္စရာ အေျဖထြက္လာပါတယ္။ အဲဒါကေတာ့ ရီးယဲလ္ပရိသတ္ေတြက နံပါတ္(၇)ကုိ စပိန္လူငယ္ၾကယ္ပြင့္ အဆန္စီယုိ Asensio ကုိ ေရြးခ်ယ္ခဲ့လုိ႔ပါပဲ။ ပရိသတ္ႀကီးေရ . . ရီးယဲလ္အသင္းရဲ႕ နံပါတ္(၇)ပုိင္ရွင္သစ္က သတင္းေတြထြက္ေနသလုိ ဘာေပ ျဖစ္ေနမလား၊ ရီးယဲလ္ပရိသတ္ေတြ ဆႏၵရွိေနတဲ့ အဆန္စီယုိ ျဖစ္မလား၊ ဒါမွမဟုတ္ ႏွစ္ေပါင္း (၃၈)ႏွစ္အတြင္း နံပါတ္(၇) ၀တ္ဆင္မယ့္သူ မရွိတဲ့ ပထမဆုံး ရာသီျဖစ္မလား ဆုိတာေတာ့ . . .

ရီးယဲလ္အသင္းမွာ ေက်ာနံပါတ္(၇)၀တ္ဆင္ကစားခဲ့သူမ်ား

Cristiano Ronaldo (10/11 – 17/18), Raúl (95/96 – 09/10), Emilio Butragueño (85/86 – 94/95), Juanito (80/81 – 85/86), Joseíto (55/56),

REF:bild
Photo:SPORTbible,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်အသင်းရဲ့ ကျောနံပါတ် (၇)ပိုင်ရှင်သစ်က ဘယ်သူများဖြစ်မလဲ

ရီးယဲလ်အသင်းရဲ့ ဂန္ထဝင်နံပါတ်လို့ သတ်မှတ်ရမယ့် ကျောနံပါတ်(၇)ရဲ့ ပိုင်ရှင်သစ်က ဘယ်သူများဖြစ်မလဲ။ ဒါက ရီးယဲလ်ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေတဲ့ မေးခွန်းတစ်ခုပါ။ ပေါ်တူဂီ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo က (၉)နှစ်ကြာ ဝတ်ဆင်ခဲ့ပြီး သူ မရှိတော့တဲ့နောက်မှာ ဒီနံပါတ်နဲ့ ထိုက်တန်တဲ့ ကစားသမားက ဘယ်သူလဲဆိုတာ အခုလောလောဆယ်တော့ ဝေခွဲမရသေးပါဘူး။ ရီးယဲလ်အသင်းအနေနဲ့လည်း ဒီလို ဂန္ထဝင်နံပါတ်ကို ကစားသမားတစ်ဦးစီ အလျင်စလို လွှဲပြောင်းပေးဖို့ မရှိဘဲ သေသေချာချာ ဂရုစိုက်စဥ်းစားသွားမယ့် အနေအထားပါ။

Marco-Asensio

Marco-Asensio

ရီးယဲလ်အသင်းဟာ အခုနွေရာသီမှာ PSG အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေ Mbappe ကို ကြိုးပမ်းနေတာကြောင့် ဘာပေက နံပါတ်(၇)ပိုင်ရှင်သစ် ဖြစ်လာမလားဆိုပြီး ပရိသတ်တွေ စိတ်ဝင်စားနေကြတယ်။ စပိန်နာမည်ကျော် အားကစားသတင်းစာ AS က ရီးယဲလ်အသင်းရဲ့ ကျောနံပါတ်(၇)ကို လက်ရှိ ကစားသမားထဲက ဘယ်သူ ဝတ်ခွင့်ရသင့်သလဲဆိုတာ ပရိသတ်တွေကို မဲဆန္ဒကောက်ခံခဲ့တော့ အံ့အားသင့်စရာ အဖြေထွက်လာပါတယ်။ အဲဒါကတော့ ရီးယဲလ်ပရိသတ်တွေက နံပါတ်(၇)ကို စပိန်လူငယ်ကြယ်ပွင့် အဆန်စီယို Asensio ကို ရွေးချယ်ခဲ့လို့ပါပဲ။ ပရိသတ်ကြီးရေ . . ရီးယဲလ်အသင်းရဲ့ နံပါတ်(၇)ပိုင်ရှင်သစ်က သတင်းတွေထွက်နေသလို ဘာပေ ဖြစ်နေမလား၊ ရီးယဲလ်ပရိသတ်တွေ ဆန္ဒရှိနေတဲ့ အဆန်စီယို ဖြစ်မလား၊ ဒါမှမဟုတ် နှစ်ပေါင်း (၃၈)နှစ်အတွင်း နံပါတ်(၇) ဝတ်ဆင်မယ့်သူ မရှိတဲ့ ပထမဆုံး ရာသီဖြစ်မလား ဆိုတာတော့ . . .

ရီးယဲလ်အသင်းမှာ ကျောနံပါတ်(၇)ဝတ်ဆင်ကစားခဲ့သူများ

Cristiano Ronaldo (10/11 – 17/18), Raúl (95/96 – 09/10), Emilio Butragueño (85/86 – 94/95), Juanito (80/81 – 85/86), Joseíto (55/56),

REF:bild
Photo:SPORTbible,Goal.com
Naing Linn(Akhayar)
www.akhayar.com