This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုပ္စုဗုိလ္ေနရာထက္ ဒုတိယေနရာကုိ အၿပိဳင္လုၾကဖုိ႔ရွိေနတဲ့ အဂၤလန္နဲ႔ ဘယ္လ္ဂ်ီယံ

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ အုပ္စု(G)နဲ႔ အုပ္စု(H) ေနာက္ဆုံးပဲြစဥ္ေတြကို ဆက္လက္ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး အုပ္စု(G)က အဂၤလန္နဲ႔ ဘယ္လ္ဂ်ီယံအသင္းတို႔ အုပ္စုဗုိလ္ေနရာအတြက္ အဆုံးအျဖတ္ခံယူရမွာျဖစ္ပါတယ္။ စိတ္၀င္စားစရာေကာင္းတာက အုပ္စု(H)ပဲြစဥ္ေတြျဖစ္ၿပီး ဂ်ပန္၊ ဆီနီေဂါ၊ ကုိလံဘီယာ တို႔ (၃)သင္းထဲက ဘယ္အသင္း အိမ္ျပန္ရမလဲဆုိတာ ေစာင့္ၾကည့္ရမွာပါ။

Group-H

Group-H

ဂ်ပန္ ႏွင့္ ပုိလန္ (၂၈-၆-၂၀၁၈ ည ၈း၃၀)
(၄)မွတ္ရထားတဲ့ ဂ်ပန္အသင္း ဒီပဲြမွာ သေရတစ္မွတ္ရခဲ့ရင္ အုပ္စုကတက္ပါၿပီ။ ကုိလံဘီယာနဲ႔ပဲြမွာေရာ၊ ဆီနီေဂါနဲ႔ပဲြမွာပါ ဂ်ပန္အသင္းရဲ႕ေျခစြမ္းက အားရစရာေကာင္းခဲ့ၿပီး သူတို႔ထက္ တစ္တန္းျမင့္တက္အသင္းေတြကုိ တစ္ပဲြႏုိင္၊ တစ္ပဲြသေရကစားခဲ့တယ္။ တစ္ဦးခ်င္းေကာင္းတဲ့ ကစားသမားေတြပါေပမယ့္ Individual ထက္ Team Work ကုိ ပုိဦးစားေပးကစားၿပီး ဘယ္ေတာင္ပံတိုက္စစ္ကစားသမား အီႏူအီ Inui ကလည္း ၿပိဳင္ဘက္ခံစစ္ကုိ ဒုကၡေပးႏုိင္စြမ္းရွိတယ္။ ပုိလန္အသင္းရဲ႕ေျခစြမ္းကေတာ့ စိတ္ပ်က္စရာပါ။ လီ၀န္ေဒါစကီး Lewandowski ၊ ဘလက္ဇီေကာစကီး Błaszczykowski ၊ ခရီဟုိယက္ Krychowiak ၊ ပစ္ဇ္ခ်က္ Piszczek စတဲ့ ကစားသမားေကာင္းေတြရွိေပမယ့္ ထုိက္သင့္တဲ့ေျခစြမ္းမ်ိဳး မျပသႏုိင္ခဲ့ဘူး။ အုပ္စုကထြက္ခဲ့ရၿပီျဖစ္တာေၾကာင့္ ဒီပဲြကုိ အာ႐ုံစုိက္ပ့ါမလားဆုိတာ သံသယျဖစ္စရာပါ။ ဂ်ပန္အသင္း သေရနဲ႔ အႏုိင္ပါပဲ။

ဆီနီေဂါ ႏွင့္ ကုိလံဘီယာ (၂၈-၆-၂၀၁၈ ည ၈း၃၀)
ဒီပဲြကလည္း ေသခ်ာေပါက္ အႀကိတ္အနယ္ရွိမွာပါ။ ဆီနီေဂါက (၄)မွတ္၊ ကုိလံဘီယာက (၃)မွတ္ရထားၿပီး ဆီနီေဂါအတြက္ သေရကစားလုိ႔ရေပမယ့္ ကုိလံဘီယာကေတာ့ အႏုိင္ကစားဖုိ႔ လုိပါတယ္။ ဒါေပမဲ့ တစ္ခုရွိတာက ဂ်ပန္သာ ပုိလန္ကုိ ႐ႈံးမယ္ဆုိရင္ ဒီႏွစ္သင္းသေရကစားခြင့္ရွိေနတယ္။ တကယ္လုိ႔ ဂ်ပန္က ႐ႈံး၊ ဆီနီေဂါနဲ႔ကုိလံဘီယာသေရဆုိရင္ Goal Difference အရ ကုိလံဘီယာက ဂ်ပန္ကုိ ေက်ာ္ျဖတ္ၿပီး ဆီနီေဂါနဲ႔အတူ ေနာက္တစ္ဆင့္တက္ႏုိင္မွာပါ။ သေရက်ဖုိ႔မ်ားၿပီး အႏုိင္ဆုိရင္ေတာ့ ကုိလံဘီယာကုိ ေရြးခ်ယ္ခ်င္တယ္။

Group-G

Group-G

အဂၤလန္ ႏွင့္ ဘယ္လ္ဂ်ီယံ (၂၉-၆-၂၀၁၈ နံနက္ ၁၂း၃၀)
(၆)မွတ္စီ ရထားတဲ့အျပင္ တိုက္စစ္အစြမ္းျပေနတဲ့ႏွစ္သင္း ဆုံေတြ႕မယ့္ပဲြက ဘယ္လုိရလဒ္မ်ိဳးထြက္ေပၚလာမလဲ။ ဂုဏ္သိကၡာအရ အုပ္စုပထမေနရာရဖုိ႔ ႀကိဳးစားၾကမွာျဖစ္ေပမယ့္လည္း လမ္းေၾကာင္းအရေတာ့ အုပ္စုဒုတိယေနရာအသငး္က လမ္းေၾကာင္းပုိေခ်ာင္တယ္။ အုပ္စုဒုတိယအသင္းက ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ ဂ်ပန္၊ ဆီနီေဂါ၊ ကုိလံဘီယာ တို႔ထဲက တစ္သင္းနဲ႔ ဆုံေတြ႕ရမွာျဖစ္ၿပီး ကြာတားဖုိင္နယ္က်ရင္လည္း ဆြီဒင္-ဆြစ္ဇာလန္ပဲြက အႏုိင္ရတဲ့အသင္းနဲ႔ ရင္ဆုိင္ရမွာျဖစ္သလုိ ဆီမီးဖုိင္နယ္အထိ လမ္းေၾကာင္းေခ်ာင္တယ္လုိ႔ ဆုိရမယ္။ ဒီေတာ့ အုပ္စုပထမထက္ အုပ္စုဒုတိယေနရာကုိ ဒီႏွစ္သင္းအၿပိဳင္လုရမယ့္အေနအထားျဖစ္ေနတယ္။ အခုေလာေလာဆယ္ေတာ့ အဂၤလန္နဲ႔ဘယ္လ္ဂ်ီယံအသင္း Goal Difference ၊ သြင္းဂုိး၊ ေပးဂုိးေတြ အားလုံးတူညီေနၿပီး Fair Play Points အရ အဂၤလန္က အုပ္စုပထမေနရာမွာ ရပ္တည္ေနပါတယ္။ အရန္ကစားသမားအမ်ားစုနဲ႔သာ ႏွစ္သင္းစလုံးပဲြထြက္ဖုိ႔မ်ားၿပီး သေရနဲ႔သာ အဆုံးသတ္သြားပါလိမ့္မယ္။

ပနားမား ႏွင့္ တူနီးရွား(၂၉-၆-၂၀၁၈ နံနက္ ၁၂း၃၀)
ႏွစ္သင္းစလုံး အုပ္စုက ထြက္ခဲ့ရၿပီျဖစ္တာေၾကာင့္ ဒီပဲြက စိတ္၀င္စားစရာမေကာင္းေတာ့ပါဘူး။ တူနီးရွားအသင္းမွာ ခါဇီရီ Khazri လုိ ကစားသမားေကာင္းေတြ ပါ၀င္ေနတာေၾကာင့္ တူနီးရွားအသင္းကုိ ေရြးခ်ယ္ခ်င္တယ္။

Photo:FIFA World Cup, golisports
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အုပ်စုဗိုလ်နေရာထက် ဒုတိယနေရာကို အပြိုင်လုကြဖို့ရှိနေတဲ့ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(G)နဲ့ အုပ်စု(H) နောက်ဆုံးပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အုပ်စု(G)က အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ အုပ်စုဗိုလ်နေရာအတွက် အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အုပ်စု(H)ပွဲစဉ်တွေဖြစ်ပြီး ဂျပန်၊ ဆီနီဂေါ၊ ကိုလံဘီယာ တို့ (၃)သင်းထဲက ဘယ်အသင်း အိမ်ပြန်ရမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Group-H

Group-H

ဂျပန် နှင့် ပိုလန် (၂၈-၆-၂၀၁၈ ည ၈း၃၀)
(၄)မှတ်ရထားတဲ့ ဂျပန်အသင်း ဒီပွဲမှာ သရေတစ်မှတ်ရခဲ့ရင် အုပ်စုကတက်ပါပြီ။ ကိုလံဘီယာနဲ့ပွဲမှာရော၊ ဆီနီဂေါနဲ့ပွဲမှာပါ ဂျပန်အသင်းရဲ့ခြေစွမ်းက အားရစရာကောင်းခဲ့ပြီး သူတို့ထက် တစ်တန်းမြင့်တက်အသင်းတွေကို တစ်ပွဲနိုင်၊ တစ်ပွဲသရေကစားခဲ့တယ်။ တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေပါပေမယ့် Individual ထက် Team Work ကို ပိုဦးစားပေးကစားပြီး ဘယ်တောင်ပံတိုက်စစ်ကစားသမား အီနူအီ Inui ကလည်း ပြိုင်ဘက်ခံစစ်ကို ဒုက္ခပေးနိုင်စွမ်းရှိတယ်။ ပိုလန်အသင်းရဲ့ခြေစွမ်းကတော့ စိတ်ပျက်စရာပါ။ လီဝန်ဒေါစကီး Lewandowski ၊ ဘလက်ဇီကောစကီး Błaszczykowski ၊ ခရီဟိုယက် Krychowiak ၊ ပစ်ဇ်ချက် Piszczek စတဲ့ ကစားသမားကောင်းတွေရှိပေမယ့် ထိုက်သင့်တဲ့ခြေစွမ်းမျိုး မပြသနိုင်ခဲ့ဘူး။ အုပ်စုကထွက်ခဲ့ရပြီဖြစ်တာကြောင့် ဒီပွဲကို အာရုံစိုက်ပ့ါမလားဆိုတာ သံသယဖြစ်စရာပါ။ ဂျပန်အသင်း သရေနဲ့ အနိုင်ပါပဲ။

ဆီနီဂေါ နှင့် ကိုလံဘီယာ (၂၈-၆-၂၀၁၈ ည ၈း၃၀)
ဒီပွဲကလည်း သေချာပေါက် အကြိတ်အနယ်ရှိမှာပါ။ ဆီနီဂေါက (၄)မှတ်၊ ကိုလံဘီယာက (၃)မှတ်ရထားပြီး ဆီနီဂေါအတွက် သရေကစားလို့ရပေမယ့် ကိုလံဘီယာကတော့ အနိုင်ကစားဖို့ လိုပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဂျပန်သာ ပိုလန်ကို ရှုံးမယ်ဆိုရင် ဒီနှစ်သင်းသရေကစားခွင့်ရှိနေတယ်။ တကယ်လို့ ဂျပန်က ရှုံး၊ ဆီနီဂေါနဲ့ကိုလံဘီယာသရေဆိုရင် Goal Difference အရ ကိုလံဘီယာက ဂျပန်ကို ကျော်ဖြတ်ပြီး ဆီနီဂေါနဲ့အတူ နောက်တစ်ဆင့်တက်နိုင်မှာပါ။ သရေကျဖို့များပြီး အနိုင်ဆိုရင်တော့ ကိုလံဘီယာကို ရွေးချယ်ချင်တယ်။

Group-G

Group-G

အင်္ဂလန် နှင့် ဘယ်လ်ဂျီယံ (၂၉-၆-၂၀၁၈ နံနက် ၁၂း၃၀)
(၆)မှတ်စီ ရထားတဲ့အပြင် တိုက်စစ်အစွမ်းပြနေတဲ့နှစ်သင်း ဆုံတွေ့မယ့်ပွဲက ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာမလဲ။ ဂုဏ်သိက္ခာအရ အုပ်စုပထမနေရာရဖို့ ကြိုးစားကြမှာဖြစ်ပေမယ့်လည်း လမ်းကြောင်းအရတော့ အုပ်စုဒုတိယနေရာအသင်းက လမ်းကြောင်းပိုချောင်တယ်။ အုပ်စုဒုတိယအသင်းက ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဂျပန်၊ ဆီနီဂေါ၊ ကိုလံဘီယာ တို့ထဲက တစ်သင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး ကွာတားဖိုင်နယ်ကျရင်လည်း ဆွီဒင်-ဆွစ်ဇာလန်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်သလို ဆီမီးဖိုင်နယ်အထိ လမ်းကြောင်းချောင်တယ်လို့ ဆိုရမယ်။ ဒီတော့ အုပ်စုပထမထက် အုပ်စုဒုတိယနေရာကို ဒီနှစ်သင်းအပြိုင်လုရမယ့်အနေအထားဖြစ်နေတယ်။ အခုလောလောဆယ်တော့ အင်္ဂလန်နဲ့ဘယ်လ်ဂျီယံအသင်း Goal Difference ၊ သွင်းဂိုး၊ ပေးဂိုးတွေ အားလုံးတူညီနေပြီး Fair Play Points အရ အင်္ဂလန်က အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။ အရန်ကစားသမားအများစုနဲ့သာ နှစ်သင်းစလုံးပွဲထွက်ဖို့များပြီး သရေနဲ့သာ အဆုံးသတ်သွားပါလိမ့်မယ်။

ပနားမား နှင့် တူနီးရှား(၂၉-၆-၂၀၁၈ နံနက် ၁၂း၃၀)
နှစ်သင်းစလုံး အုပ်စုက ထွက်ခဲ့ရပြီဖြစ်တာကြောင့် ဒီပွဲက စိတ်ဝင်စားစရာမကောင်းတော့ပါဘူး။ တူနီးရှားအသင်းမှာ ခါဇီရီ Khazri လို ကစားသမားကောင်းတွေ ပါဝင်နေတာကြောင့် တူနီးရှားအသင်းကို ရွေးချယ်ချင်တယ်။

Photo:FIFA World Cup, golisports
Naing Linn(Akhayar)
www.akhayar.com