[Zawgyi]




မေမဒီ

ပြည့်ဖြိုး



ဇော်ကြီး

နီလန်း



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

Pantene Wild Card နဲ့ပြန်လာမယ့် ပြိုင်ပွဲဝင်က ဘယ်သူများဖြစ်မလဲ

Myanmar Idol Season 3 အတွက် Pantene Wild Card နဲ့ထွက်သွားတဲ့ သူတွေကို ပြန်ခေါ်မယ့် အစီအစဉ်ရောက်ရှိလို့လာပါပြီ။ ဒီအစီအစဉ်မှာ ထွက်သွားတဲ့ ၇ ယောက်ထဲကနေပရိသတ် Vote အများဆုံးပေးပြီးပြန်ခေါ်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဟာ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတပတ်လာမယ့် Myanmar Idol အစီအစဉ်ကိုတော့ လက်လွှတ်မခံဘဲ ကြည့်ရှုသင့်ပါတယ်။

ထွက်သွားကြတဲ့ ပြိုင်ပွဲဝင် ၇ ယောက်ကတော့ စွမ်းပြည့်အောင် ၊ နန်းရွှေရည် ၊ နော်ဂျက် ၊ ပြည့်ဖြိုး ၊ မေမဒီ ၊ နီလန်း နဲ့ ဇော်ကြီး တို့ပဲဖြစ်ပါတယ်။ ဒီထဲကမှဘယ်သူ့ကို ပြန်ခေါ်မှာလဲ ဆိုတာကတော့စိတ်ဝင်စားစရာပါ။

မေမဒီ

ပြည့်ဖြိုး

နော်ဂျက်နဲ့နန်းရွှေရည်

အခုဆိုရင်တော့ ပြိုင်ပွဲဝင် ၄ ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချို ၊ ငွေစင်လှိုင်း ၊ ဖြိုးမြတ်အောင် နဲ့ နေခန့်မင်းသစ်တို့ ကျန်ရှိနေပြီး ဒီထဲမှာတော့ ငွေစင်လှိုင်း နဲ့ ချမ်းမြေ့မောင်ချို ကတော့ ပရိသတ်ရဲ့အားပေးမှုကို ရရှိနေကြတဲ့ မိန်းကလေးပြိုင်ပွဲဝင်နှစ်ဦးဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ သူတွေထဲမှာ မိန်းကလေးနှစ်ယောက် ၊ ယောက်ကျားလေးနှစ်ယောက်ကျန်ရှိနေပြီး ပရိသတ်ပြန်ခေါ်လို့ Pantene Wild Card နဲ့ ပြန်လာမယ့် သူကတော့ ယောက်ကျားလေးများ ဖြစ်မလား ၊ မိန်းကလေး အဆိုရှင်များ ဖြစ်မလား ဆိုတာကတော့ ဒီတစ်ပတ် Myanmar Idol လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့ညမှာတော့ သိရှိရတော့မှာပါ။

ဇော်ကြီး

နီလန်း

ပရိသတ်ကြီးရော ဘယ်သူ့ကို ပြန်ခေါ်ချင်တယ်ဆိုတာကို Comment ပေးခဲ့ဦးနော်။

Photo Credit: Myanmar Idol Facebook Page

ကြည်သာ (Akhayar)

www.akhayar.com