[Zawgyi] 

iPad သမိုင္းတစ္ေလွ်ာက္မွာ Apple က iPad Pro ဆိုတာေတြကို လြန္ခဲ့တဲ့ ၂၀၁၅ မွာ စၿပီးမိတ္ဆက္ေပးခဲ့ပါတယ္။ ပထမဦးဆံုး iPad Pro ကေတာ့ 12.9 Inch Display နဲ႔ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ 9.7 Inch iPad Pro နဲ႔ 10.5 Inch iPad Pro ေတြကို မိတ္ဆက္ေပးလာခဲ့ပါတယ္။ ဒါေပမယ့္ iPad ေတြရဲ႕ Design ေတြကို သိသိသာသာေျပာင္းသြားတာ မရွိခဲ့ပါဘူး။ 

All New iPad Pro

၂၀၁၈ ကေတာ့ iPad Pro ေတြအတြက္ ေျပာင္းလဲမႈအရွိဆံုး ႏွစ္ျဖစ္သြားပါၿပီ။ Apple က iPad Pro အသစ္ေတြကို 12.9 Inch နဲ႔ 11 Inch ဆိုၿပီး Version ႏွစ္မ်ိဳးနဲ႔ မိတ္ဆက္ေပးလိုက္တာပါ။ 11 Inch ကေတာ့ iPad ေတြထဲမွာ Display Size အသစ္ျဖစ္လာပါတယ္။ Design ပိုင္းမွာေတာ့ လံုးဝအသစ္ျဖစ္ေနတာေၾကာင့္ အရင္က iPad Pro ေတြနဲ႔ လံုဝ မတူေတာ့ပါဘူး။ Diaplay ေတြမွာ အရင္ကလို ေဘးေဘာင္ ထူထူႀကီးေတြမပါေတာ့တာေၾကာင့္ iPad Pro အသစ္ေတြက အျမင္ပိုင္းမွာပိုလွသြားသလို Size အရလည္း က်စ္က်စ္လစ္လစ္ျဖစ္သြားပါတယ္။ 

11 Inch and 12.9 Inch

iPad Pro အသစ္ေတြကို ဝယ္ေတာ့မယ္ဆိုရင္ Size ကို အရင္စဥ္းစားရပါမယ္။ 11 Inch နဲ႔ 12.9 Inch က အမ်ားႀကီး အ႐ြယ္အစားအရ အမ်ားႀကီး ကြာျခားေနတာမဟုတ္ေပမယ့္ တကယ္သံုးရတဲ့အေတြ႕အႀကံဳပိုင္းမွာေတာ့ 12.9 Inch Model က သိသိသာသာပိုႀကီးလာတယ္လို႔ ခံစားရေစပါတယ္။ 11 Inch ကေတာ့ ပိုၿပီး က်စ္က်စ္လစ္လစ္ရွိလို႔ သယ္သြားတဲ့အခါ အိတ္သိပ္မေ႐ြးသလို လက္ထဲမွာကိုင္ထားရင္လည္း 12.9 Inch ထက္ ပိုေပါ့လို႔ သက္ေသာင့္သက္သာရွိပါတယ္။ 

Speaker Grills on iPad Pro 11 Inch

ပိုႀကီးတဲ့ iPad Pro က Speaker အတြက္ အေပါက္ေတြအမ်ားႀကီးပုိပါတယ္ဆိုေပမယ့္ တကယ္တမ္းေတာ့ အသံထြက္က သိသိသာသာႀကီးကြာမေနပါဘူး။ Battery Life မွာလည္း တစ္ေနကုန္အသံုးခံလို႔ ဒီေနရာမွာ 11 Inch နဲ႔ 12.9 Inch ေတြကို ထည့္စဥ္းစားစရာ မလုိပါဘူး။ Storage ေတြကေတာ့ ကိုယ္လိုသလို 64GB ၊ 256GB ၊ 512GB နဲ႔ 1TB ဆိုၿပီး အဆင္ေျပရာကို ေ႐ြးဝယ္ႏိုင္မွာပါ။ ေစ်းေတြကေတာ့ ၁၅ သိန္းဝန္းက်င္ကေန စပါတယ္။ 256GB Version ကေတာ့ ေ႐ြးခ်ယ္ဖို႔ အသင့္ဆံုး ျဖစ္ၿပီး 64GB ကေတာ့ App နည္းနည္းသံုးၿပီး ပံုဆြဲဖို႔နဲ႔ Photoshop သံုးဖို႔ေလာက္ပဲ ဆိုသူေတြအတြက္ အဆင္ေျပပါလိမ့္မယ္။ 

12.9 Inch is too big

ဒီ iPad Pro အသစ္ေတြကေတာ့ ဖန္တီးရွင္ေတြ၊ ေက်ာင္းသားေတြနဲ႔ ပန္းခ်ီသမားေတြအတြက္ အေကာင္းဆံုးပါပဲ။ Apple Pencil နဲ႔ Smart Keyboard ေတြက လိုအပ္ခ်က္အေပၚမူတည္းၿပီး သီးသန္႔ဝယ္လို႔ရတာကလည္း အဆင္ေျပေစတဲ့အခ်က္ပါ။ Apple Pencil ကိုေတာ့ ပံုဆြဲဖို႔လိုအပ္သလို ဆရာဝန္ေတြ၊ Engineer ေတြအတြက္လည္း သက္ဆိုင္ရာ App ေတြမွာ သံုးဖို႔ လိုအပ္ပါတယ္။ Smart Keyboard ေတြကေတာ့ စာရင္းဇယားနဲ႔ အလုပ္မ်ားသူေတြ၊ Content Writer ေတြနဲ႔ ႐ံုးအလုပ္လုပ္ရသူေတြအတြက္ လိုအပ္ႏိုင္ပါတယ္။ 

Smart Keyboard Folio

အခ်ဳပ္ေျပာရရင္ေတာ့ ေသးတာ၊ ေပါ့တာ၊ က်စ္လစ္တာကို လိုခ်င္ရင္ေတာ့ 11 Inch iPad Pro က ပိုအဆင္ေျပၿပီး ပံုဆြဲဖို႔၊ Photoshop လို App ေတြသံုးဖို႔နဲ႔ စားပြဲေပၚမွာ တင္သံုးဖို႔ပိုမ်ားတယ္ဆိုရင္ေတာ့ 12.9 Inch ကို ဝယ္တာက ပိုေကာင္းပါလိမ့္မယ္။ ေပါ့ေပါ့ပါးပါး Video ၾကည့္တာ၊ Game ေဆာ့တာ၊ စာဖတ္တာနဲ႔ အေပ်ာ္တမ္း ပံုဆြဲတာေလာက္ဆိုရင္ေတာ့ 1st Generation Apple Pencil နဲ႔တြဲသံုးလို႔ရတဲ့ 9.7 Inch iPad 2018 က ပိုၿပီး အဆင္ေျပပါတယ္။ ေစ်းကလည္း ၈ သိန္းဝန္းက်င္ကစလို႔ iPad Pro ေတြထက္ အမ်ားႀကီး ေစ်းသက္သာေနပါေသးတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

iPad Pro အသစ်တွေက ဘယ်သူတွေအတွက်ဖြစ်မလဲ

iPad သမိုင်းတစ်လျှောက်မှာ Apple က iPad Pro ဆိုတာတွေကို လွန်ခဲ့တဲ့ ၂၀၁၅ မှာ စပြီးမိတ်ဆက်ပေးခဲ့ပါတယ်။ ပထမဦးဆုံး iPad Pro ကတော့ 12.9 Inch Display နဲ့ဖြစ်ပြီး နောက်ပိုင်းမှာတော့ 9.7 Inch iPad Pro နဲ့ 10.5 Inch iPad Pro တွေကို မိတ်ဆက်ပေးလာခဲ့ပါတယ်။ ဒါပေမယ့် iPad တွေရဲ့ Design တွေကို သိသိသာသာပြောင်းသွားတာ မရှိခဲ့ပါဘူး။

All New iPad Pro

၂၀၁၈ ကတော့ iPad Pro တွေအတွက် ပြောင်းလဲမှုအရှိဆုံး နှစ်ဖြစ်သွားပါပြီ။ Apple က iPad Pro အသစ်တွေကို 12.9 Inch နဲ့ 11 Inch ဆိုပြီး Version နှစ်မျိုးနဲ့ မိတ်ဆက်ပေးလိုက်တာပါ။ 11 Inch ကတော့ iPad တွေထဲမှာ Display Size အသစ်ဖြစ်လာပါတယ်။ Design ပိုင်းမှာတော့ လုံးဝအသစ်ဖြစ်နေတာကြောင့် အရင်က iPad Pro တွေနဲ့ လုံဝ မတူတော့ပါဘူး။ Diaplay တွေမှာ အရင်ကလို ဘေးဘောင် ထူထူကြီးတွေမပါတော့တာကြောင့် iPad Pro အသစ်တွေက အမြင်ပိုင်းမှာပိုလှသွားသလို Size အရလည်း ကျစ်ကျစ်လစ်လစ်ဖြစ်သွားပါတယ်။ 

11 Inch and 12.9 Inch

iPad Pro အသစ်တွေကို ဝယ်တော့မယ်ဆိုရင် Size ကို အရင်စဉ်းစားရပါမယ်။ 11 Inch နဲ့ 12.9 Inch က အများကြီး အရွယ်အစားအရ အများကြီး ကွာခြားနေတာမဟုတ်ပေမယ့် တကယ်သုံးရတဲ့အတွေ့အကြုံပိုင်းမှာတော့ 12.9 Inch Model က သိသိသာသာပိုကြီးလာတယ်လို့ ခံစားရစေပါတယ်။ 11 Inch ကတော့ ပိုပြီး ကျစ်ကျစ်လစ်လစ်ရှိလို့ သယ်သွားတဲ့အခါ အိတ်သိပ်မရွေးသလို လက်ထဲမှာကိုင်ထားရင်လည်း 12.9 Inch ထက် ပိုပေါ့လို့ သက်သောင့်သက်သာရှိပါတယ်။ 

Speaker Grills on iPad Pro 11 Inch

ပိုကြီးတဲ့ iPad Pro က Speaker အတွက် အပေါက်တွေအများကြီးပိုပါတယ်ဆိုပေမယ့် တကယ်တမ်းတော့ အသံထွက်က သိသိသာသာကြီးကွာမနေပါဘူး။ Battery Life မှာလည်း တစ်နေကုန်အသုံးခံလို့ ဒီနေရာမှာ 11 Inch နဲ့ 12.9 Inch တွေကို ထည့်စဉ်းစားစရာ မလိုပါဘူး။ Storage တွေကတော့ ကိုယ်လိုသလို 64GB ၊ 256GB ၊ 512GB နဲ့ 1TB ဆိုပြီး အဆင်ပြေရာကို ရွေးဝယ်နိုင်မှာပါ။ ဈေးတွေကတော့ ၁၅ သိန်းဝန်းကျင်ကနေ စပါတယ်။ 256GB Version ကတော့ ရွေးချယ်ဖို့ အသင့်ဆုံး ဖြစ်ပြီး 64GB ကတော့ App နည်းနည်းသုံးပြီး ပုံဆွဲဖို့နဲ့ Photoshop သုံးဖို့လောက်ပဲ ဆိုသူတွေအတွက် အဆင်ပြေပါလိမ့်မယ်။ 

12.9 Inch is too big

ဒီ iPad Pro အသစ်တွေကတော့ ဖန်တီးရှင်တွေ၊ ကျောင်းသားတွေနဲ့ ပန်းချီသမားတွေအတွက် အကောင်းဆုံးပါပဲ။ Apple Pencil နဲ့ Smart Keyboard တွေက လိုအပ်ချက်အပေါ်မူတည်းပြီး သီးသန့်ဝယ်လို့ရတာကလည်း အဆင်ပြေစေတဲ့အချက်ပါ။ Apple Pencil ကိုတော့ ပုံဆွဲဖို့လိုအပ်သလို ဆရာဝန်တွေ၊ Engineer တွေအတွက်လည်း သက်ဆိုင်ရာ App တွေမှာ သုံးဖို့ လိုအပ်ပါတယ်။ Smart Keyboard တွေကတော့ စာရင်းဇယားနဲ့ အလုပ်များသူတွေ၊ Content Writer တွေနဲ့ ရုံးအလုပ်လုပ်ရသူတွေအတွက် လိုအပ်နိုင်ပါတယ်။ 

Smart Keyboard Folio

အချုပ်ပြောရရင်တော့ သေးတာ၊ ပေါ့တာ၊ ကျစ်လစ်တာကို လိုချင်ရင်တော့ 11 Inch iPad Pro က ပိုအဆင်ပြေပြီး ပုံဆွဲဖို့၊ Photoshop လို App တွေသုံးဖို့နဲ့ စားပွဲပေါ်မှာ တင်သုံးဖို့ပိုများတယ်ဆိုရင်တော့ 12.9 Inch ကို ဝယ်တာက ပိုကောင်းပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါး Video ကြည့်တာ၊ Game ဆော့တာ၊ စာဖတ်တာနဲ့ အပျော်တမ်း ပုံဆွဲတာလောက်ဆိုရင်တော့ 1st Generation Apple Pencil နဲ့တွဲသုံးလို့ရတဲ့ 9.7 Inch iPad 2018 က ပိုပြီး အဆင်ပြေပါတယ်။ ဈေးကလည်း ၈ သိန်းဝန်းကျင်ကစလို့ iPad Pro တွေထက် အများကြီး ဈေးသက်သာနေပါသေးတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။