[Zawgyi]

နာမည်ကျော်တွေ မရခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုတံဆိပ်ကို ရရှိခဲ့တဲ့ Low Profile ကစားသမားများ









REF:Daily Mail
Photo:Daily Mail
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

နာမည်ကော််တြေ မရခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ခ်န္ပီယံဆုတံဆိပ္ကို ရရွိခဲ့တဲ့ Low Profile ကစားသမားမ်ား

ကမ္ဘာပေါ်မှာရှိတဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲတွေထဲမှာမှ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ ကစားခွင်ရဖို့က ဘောလုံးသမား တော်တော်များများရဲ့ အိပ်မက်တစ်ခု။ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ ကစားခွင့်ရပြီဆိုရင်လည်း ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ဖို့က ကစားသမားတိုင်းရဲ့ အကောင်းဆုံးအိပ်မက်ပါပဲ။ ဒီအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် သဲထဲရေသွန်ဖြစ်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင် ကစားသမားတွေ အမြောက်အများလည်း သမိုင်းမှာ ပေါ်ထွက်ခဲ့တယ်။ လိဂ်တစ်ခု၊ အသင်းတစ်သင်းတည်းမှာသာ ကစားသမားဘဝကို ကုန်ဆုံးလိုက်ရတယ်။ အမှတ်ပေးချန်ပီယံဆု မရဘူးတဲ့ အကောင်းဆုံး အရှုံးသမားတွေရှိခဲ့တယ်။ အနီးစပ်ဆုံးပြပါဆိုရင်တော့ လီဗာပူးလ် ဂန္ထဝင်အသင်းခေါင်းဆောင် စတီဗင်ဂျရတ် Steven Gerrard ပါပဲ။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဆိုတဲ့ အသင်းမှာ ကစားခဲ့ရတယ်။ ခြေစွမ်းပိုင်းအရလည်း အကောင်းဆုံးဆိုတဲ့ တန်းတစ်ခုမှာ ရှိတယ်။ ကလပ်အသင်းအတွက် ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလားအတော်များများရယူပေးနိုင်ခဲ့တဲ့ ကစားသမား။ ဂျရတ်လို ကစားသမားမျိုး ပရီးမီးယားလိဂ်ဖလား မရခဲ့တာအတွက် အပြစ်တင်စရာက ကံတရား သာရှိတယ်။ ဂျရတ်တစ်ယောက်တည်းလားဆိုတော့ မဟုတ်။ ပရီးမီးယားလိဂ် သမိုင်းမှာ ဂျရတ်တစ်ယောက်တည်းသာမဟုတ် နာမည်ကျော် ကစားသမားတွေ အမြောက်အများထွက်ပေါ်ခဲ့ပါတယ်။

Who-Premier-Leagues-worst-title-winning-players-1

Who-Premier-Leagues-worst-title-winning-players-1

နာမည်ကျော်တွေ ပရီးမီးယားလိဂ်ဖလားကို မရခဲ့ပေမယ့် High Profile မဟုတ်တဲ့ ကစားသမားတွေကိုတော့ ကံတရားက မျက်နှာသာပေးခဲ့တယ်လို့ ပြောရမယ်။ အသင်းအတွက် ခြေစွမ်းပိုင်းလောက်လောက်လားလား ပြသနိုင်ခြင်းမရှိသလို၊ ပရိသတ်တွေတောင် သေသေချာချာ သတိမထားမလိုက်ပေမဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့တဲ့ ကစားသမားတွေပါ ရှိခဲ့တယ်။ တချို့ကစားသမားတွေ ကြတော့လည်း ပွဲထွက်ခွင့်ရပြီး လူသိများခဲ့ပေမယ့် စိတ်ပျက်ဖွယ်ခြေစွမ်းတွေ၊ ဒဏ်ရာပြဿနာတွေနဲ့ အသင်းအတွက် အထောက်အကူမပြုနိုင်ပေမယ့် အသင်းက ချန်ပီယံဖြစ်တဲ့အချိန်မှာ ချန်ပီယံဆုကို ရရှိခဲ့တယ်။ တချို့ဆို အငှားချခံထားရတာတောင်မှ အကြောင်းအမျိုးမျိုးနဲ့ အသင်းကို ပြန်ရောက်လာပြီး ချန်ပီယံဆုရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့တဲ့ High Profile မဟုတ်သော ကစားသမားများ

စလေတာ Slater – Blackburn, 1994-95
ဝါရတ် Wreh – Arsenal, 1997-98
ဝေါလ်ဝေါ့ခ် Wallwork – Manchester United, 2000-01
ချက်ဒ်ဝစ်ခ် Chadwick – Manchester United, 2000-01
စတီပါနော့ဗ်စ် Stepanovs – Arsenal, 2001-02
အလီယာဒီယေး Aliadiere – Arsenal, 2003-04
စမာတင် Smertin – Chelsea, 2004-05
ဘတ်တနာ Buttner – Manchester United, 2012-13
ဒီလတ် De Laet – Leicester, 2015-16
နာသန်ဒိုင်ယာ Nathan Dyer – Leicester, 2015-16

ပရီးမီးယားလိဂ်ချန်ပီယံဆုကို မရခဲ့တဲ့ နာမည်ကျော်ကစားသမားများ

ဂျရတ် Gerrard, ဖောင်လာ Fowler, ဇိုလာ Zola, ဆွာရက်ဇ် Suarez, ဘေးလ် Bale, ဒီဖိုး Defoe, ဂျီနိုလာ Ginola, ဂတ်စကွိုင်း Gascoigne, ဇာဗီအလွန်ဆို Xabi Alonso, ဒက်ဆယ်လီ Desailly, ဒီကာနီယို Di Canio, လက်စ်ဖာဒီနန် Les Ferdinand, လီတစ်ဆီယာ Le Tissier, လက်ဒလေကင်း Ledley King, ကာရေဂါ Carragher, တောရက်စ် Torres, ဟတ်ဆယ်ဘိန့်ခ် Hasselbaink, ရော်ဘီကင်း Robbie Keane, မက်မက်နာမန်McManaman, ဂယ်ရီစပိတ်ဒ် Gary Speed

REF:Daily Mail
Photo:Daily Mail
Aung Kyaw Wai(Akhayar)
www.akhayar.com