[Zawgyi]

ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ ႏုိင္ငံအလုိက္ သြင္းဂုိးအမ်ားဆုံး ကစားသမားေတြက ဘယ္သူမ်ားလဲ

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔တုန္းက လီဗာပူးလ္ကုိ (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပဲြတုန္းက ဂုိးသြင္းခဲ့တဲ့ ေနမာ Neymar ဟာ ဘရာဇီးလ္ကစားသမားေတြထဲမွာ ခ်န္ပီယံလိဂ္သြင္းဂုိးအမ်ားဆုံး ကာကာ Kaka ရဲ႕ စံခ်ိန္ကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့ပါၿပီ။ ေနမာ (၂၆ႏွစ္)ဟာ PSG အသင္းအတြက္ ခ်န္ပီယံလိဂ္ (၁၂)ပဲြမွာ (၁၀)ဂုိး၊ ဘာစီလုိနာအတြက္ (၂၁)ဂုိးသြင္းၿပီး (၃၁)ဂုိးနဲ႔ ကာကာရဲ႕ စံခ်ိန္ကုိ ေက်ာ္ျဖတ္ခ့ဲတာပါ။

Neymar

Neymar

ေနမာအေနနဲ႔ ခ်န္ပီယံလိဂ္သြင္းဂုိးအမ်ားဆုံး စာရင္းမွာ ရြန္နီ Wayne Rooney ၊ အီတူး Samuel Eto’o တို႔ကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့ေပမယ့္ ထိပ္ဆုံးက စီေရာ္နယ္လ္ဒုိ Cristiano Ronaldo (၁၂၁ဂုိး)၊ မက္ဆီ Messi (၁၀၆ဂုိး)တို႔ကုိ မီဖုိ႔ကေတာ့ အမ်ားႀကီးလုိပါေသးတယ္။ အခုေဖာ္ျပခ်င္တာက ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံး ကစားသမားမဟုတ္ဘဲ ႏုိင္ငံအလုိက္ သြင္းဂုိးအမ်ားဆုံး ကစားသမားေတြကုိ ေဖာ္ျပခ်င္တာပါ။ သူတို႔ေတြက ဘယ္သူေတြမ်ားလဲဆုိေတာ့ . .

MOST-CHAMPIONS-LEAGUE-GOALS-BY-NATION

MOST-CHAMPIONS-LEAGUE-GOALS-BY-NATION

ဒီစာရင္းအရ ေပၚတူဂီ ကစားသမားေတြထဲမွာ စီေရာ္နယ္လ္ဒုိက သြင္းဂုိးအမ်ားဆုံး၊ အာဂ်င္တီးနား ကစားသမားထဲမွာေတာ့ မက္ဆီတို႔က အျငင္းပြားဖြယ္မရွိ ဦးေဆာင္ေနတာျဖစ္ပါတယ္။ စပိန္ႏုိင္ငံသားထဲမွာ သြင္းဂုိးအမ်ားဆုံးကေတာ့ ရီးယဲလ္ဂႏၳ၀င္တိုက္စစ္မွဴး Raul ၊ နယ္သာလန္အတြက္ နစၥတယ္႐ြိဳင္း Ruud van Nistelrooy ၊ ျပင္သစ္ကစားသမားထဲမွာေတာ့ ဘန္ဇီမာ Karim Benzema က (၅၉ဂုိး)နဲ႔ အမ်ားဆုံးျဖစ္ေနတယ္။

MOST-CHAMPIONS-LEAGUE-GOALS-BY-NATION-1

MOST-CHAMPIONS-LEAGUE-GOALS-BY-NATION-1

ႏုိင္ငံအလုိက္သြင္းဂုိး အမ်ားဆုံးစာရင္းမွာ ပါ၀င္ေနတဲ့ ကစားသမားေတြရဲ႕ သြင္းဂိုးေတြကုိ ေက်ာ္ျဖတ္ႏုိင္မယ့္ကစားသမား ေပၚထြက္လာဖုိ႔က အခ်ိန္အတိုင္းအတာတစ္ခုေတာ့ၾကာဦးမွာပါ . . .

REF:Daily Mail
Photo:Daily Mail,Rádio Jornal São Miguel AM 1400,Fox Sports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နိုင်ငံအလိုက် သွင်းဂိုးအများဆုံး ကစားသမားတွေက ဘယ်သူများလဲ

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းက လီဗာပူးလ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲတုန်းက ဂိုးသွင်းခဲ့တဲ့ နေမာ Neymar ဟာ ဘရာဇီးလ်ကစားသမားတွေထဲမှာ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ကာကာ Kaka ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ နေမာ (၂၆နှစ်)ဟာ PSG အသင်းအတွက် ချန်ပီယံလိဂ် (၁၂)ပွဲမှာ (၁၀)ဂိုး၊ ဘာစီလိုနာအတွက် (၂၁)ဂိုးသွင်းပြီး (၃၁)ဂိုးနဲ့ ကာကာရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တာပါ။

Neymar

Neymar

နေမာအနေနဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး စာရင်းမှာ ရွန်နီ Wayne Rooney ၊ အီတူး Samuel Eto’o တို့ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ထိပ်ဆုံးက စီရော်နယ်လ်ဒို Cristiano Ronaldo (၁၂၁ဂိုး)၊ မက်ဆီ Messi (၁၀၆ဂိုး)တို့ကို မီဖို့ကတော့ အများကြီးလိုပါသေးတယ်။ အခုဖော်ပြချင်တာက ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားမဟုတ်ဘဲ နိုင်ငံအလိုက် သွင်းဂိုးအများဆုံး ကစားသမားတွေကို ဖော်ပြချင်တာပါ။ သူတို့တွေက ဘယ်သူတွေများလဲဆိုတော့ . .

MOST-CHAMPIONS-LEAGUE-GOALS-BY-NATION

MOST-CHAMPIONS-LEAGUE-GOALS-BY-NATION

ဒီစာရင်းအရ ပေါ်တူဂီ ကစားသမားတွေထဲမှာ စီရော်နယ်လ်ဒိုက သွင်းဂိုးအများဆုံး၊ အာဂျင်တီးနား ကစားသမားထဲမှာတော့ မက်ဆီတို့က အငြင်းပွားဖွယ်မရှိ ဦးဆောင်နေတာဖြစ်ပါတယ်။ စပိန်နိုင်ငံသားထဲမှာ သွင်းဂိုးအများဆုံးကတော့ ရီးယဲလ်ဂန္ထဝင်တိုက်စစ်မှူး Raul ၊ နယ်သာလန်အတွက် နစ္စတယ်ရွိုင်း Ruud van Nistelrooy ၊ ပြင်သစ်ကစားသမားထဲမှာတော့ ဘန်ဇီမာ Karim Benzema က (၅၉ဂိုး)နဲ့ အများဆုံးဖြစ်နေတယ်။

MOST-CHAMPIONS-LEAGUE-GOALS-BY-NATION-1

MOST-CHAMPIONS-LEAGUE-GOALS-BY-NATION-1

နိုင်ငံအလိုက်သွင်းဂိုး အများဆုံးစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတွေရဲ့ သွင်းဂိုးတွေကို ကျော်ဖြတ်နိုင်မယ့်ကစားသမား ပေါ်ထွက်လာဖို့က အချိန်အတိုင်းအတာတစ်ခုတော့ကြာဦးမှာပါ . . .

REF:Daily Mail
Photo:Daily Mail,Rádio Jornal São Miguel AM 1400,Fox Sports
Naing Linn(Akhayar)
www.akhayar.com