Ranker ဝက္ဘ္ဆုိက္က ေရြးခ်ယ္လုိက္တဲ့ ကမၻာ့အႀကီးျမတ္ဆုံး သရုပ္ေဆာင္က ဘယ္သူလဲ

Who is the greatest actor of all time
Who is the greatest actor of all time

[Zawgyi]

Ranker ဝက္ဘ္ဆုိက္က ေရြးခ်ယ္လုိက္တဲ့ ကမၻာ့အႀကီးျမတ္ဆုံး သရုပ္ေဆာင္ (၁ဝ) ဦး

အေမရိကန္ႏုိင္ငံ ေလာ့အိန္းဂ်လီးစ္ၿမိဳ႕ (Los Angeles) မွာ အေျခစုိက္တဲ့ Ranker ဝက္ဘ္ဆုိက္ဟာ အားကစား၊ အႏုပညာနဲ႔ ေဖ်ာ္ေျဖေရးနယ္ပယ္နဲ႔ သက္ဆုိင္တဲ့အေၾကာင္းအရာေတြကုိ စစ္တမ္းေကာက္ယူပါတယ္။ အႏုပညာဇာတ္ခုံမွ ကမၻာ့အႀကီးျမတ္ဆုံးသရုပ္ေဆာင္ကုိ ဆႏၵမဲေကာက္ယူခဲ့ပါတယ္။ ေျဖဆုိသူ ၁.၁သန္းရွိခဲ့ၿပီး ပရိသတ္ေတြက ဘယ္သူ႕ကုိ ကမၻာ့အႀကီးျမတ္ဆုံး သရုပ္ေဆာင္အျဖစ္ ေရြးခ်ယ္ခဲ့တာလဲ။

HUAWEI Nova 2i
HUAWEI Nova 2i

 HUAWEI Nova 2i အေၾကာင္း အေသးစိတ္သိရွိရန္

(၁ဝ) ဒပ္စတင္ ေဟာ့ဖ္မန္း (Dustin Hoffman)

အဂၤလိပ္မင္းသားႀကီး ဒပ္စတင္ ေဟာ့ဖ္မန္း (Dustin Hoffman) ဟာ ရုပ္ရွင္ေတြသာမက ရုပ္သံဇာတ္လမ္းတြဲေတြမွာလည္း အစြမ္းျပခဲ့သူပါ။ သူဟာ ၁၉၆ဝခုႏွစ္မွာ အခုအခ်ိန္ထိ အႏုပညာေလာကမွာ ႏွစ္ေပါင္းငါးဆယ္ေက်ာ္ ရပ္တည္ခဲ့သူပါ။ ‘Kramer vs. Kramer (1979)’ ဇတ္ကားနဲ႔ ‘Rain Man (1988)’ ဇာတ္ကားေတြမွာ အေကာင္းဆုံးဇာတ္ေဆာင္ဆု (Academy Award for Best Actor) ရရွိခဲ့သူပါ။ ျမန္မာပရိသတ္ေတြကေတာ့ ‘Papillon (1973)’ ဇာတ္ကားထဲက ေထာင္ေျပး လူးဝစ္ဒီဂါ (Louis Dega) အျဖစ္ သရုပ္ေဆာင္တဲ့ ဒပ္စတင္ ေဟာ့ဖ္မန္းႀကီးကုိေတာ့ သိၾကမယ္ထင္ပါတယ္။

ဒပ္စတင္ ေဟာ့ဖ္မန္း (Dustin Hoffman)
ဒပ္စတင္ ေဟာ့ဖ္မန္း (Dustin Hoffman)

(၉) အမ္သုိနီ ေဟာ့ကင္ (Anthony Hopkins)

ၿဗိတိန္မင္းသားႀကီး အမ္သုိနီ ေဟာ့ကင္ (Anthony Hopkins) ဟာ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကုိ ‘The Silence of the Lambs’ ဇာတ္ကားနဲ႔ ရရွိထားရုံမက ၿဗိတိသ်ွအကယ္ဒမီဆု (British Academy Film Awards – BAFTA) ကုိလည္း သုံးႀကိမ္တုိင္ ရရွိထားပါတယ္။ သူ႕ရဲ႕ထင္ရွားတဲ့ ဇာတ္ကားေတြက ‘Amistad (1997)’ ၊ ‘The Remains of the Day (1993)’ ဇာတ္ကားနဲ႔ ‘Magic (1978)’ ဇာတ္ကားေတြပါပဲ။

အမ္သုိနီ ေဟာ့ကင္ (Anthony Hopkins)
အမ္သုိနီ ေဟာ့ကင္ (Anthony Hopkins)

(၈) ေမာ္ဂန္ ဖရီးမန္း (Morgan Freeman)

ေမာ္ဂန္ ဖရီးမန္း (Morgan Freeman) ဟာ တျခားမင္းသားေတြနဲ႔ မတူဘဲ သူ႕ဘဝဟာ ၾကမ္းတမ္းခဲ့ပါတယ္။ ၁၉၅၉ခုႏွစ္မွာ အႏုပညာေလာကထဲကုိ ဝင္ေရာက္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ၁၉၈၇ခုႏွစ္ေရာက္မွသာ ‘Street Smart’ ဇာတ္ကားနဲ႔ လူသိမ်ားလာတာျဖစ္ပါတယ္။ ‘Glory (1989)’ ၊ ‘Robin Hood: Prince of Thieves (1991)’ ၊ ‘The Shawshank Redemption (1991)’ ၊ ‘Seven (1995)’ ၊ ‘Deep Impact (1998)’ ၊ ‘The Sum of All Fears (2002)’ ၊ ‘Bruce Almighty (2003)’ ၊ ‘Million Dollar Baby (2004)’၊ ‘The Dark Knight Trilogy (2005)’ ၊ ‘Invictus (2009)’ နဲ႔ ‘Lucy (2014)’ ဇာတ္ကားေတြမွာ ထင္ရွားခဲ့ပါတယ္။ ၂ဝဝ၅ခုႏွစ္မွာ ‘Million Dollar Baby’ ဇာတ္ကားနဲ႔ အေကာင္းဆုံးဇာတ္ပုိ႔ဆု (Academy Award for Best Supporting Actor) ကုိ ရရွိခဲ့ပါတယ္။

ေမာ္ဂန္ ဖရီးမန္း (Morgan Freeman)
ေမာ္ဂန္ ဖရီးမန္း (Morgan Freeman)

(၇)  ဂ်က္ နစ္ကုိးလ္ဆန္ (Jack Nicholson)

မင္းသားႀကီး ဂ်က္ နစ္ကုိးလ္ဆန္ (Jack Nicholson) ကုိေတာ့ ‘The Shining’ ဇာတ္ကားနဲ႔ တြဲျမင္ၾကမယ္ထင္ပါတယ္။ သူဟာ  ေအာ္စကာဆုကုိ သုံးႀကိမ္ရဖူးပါတယ္။ ‘One Flew Over the Cuckoo’s Nest’ (1975) နဲ႔ ‘As Good as It Gets (1997)’ ဇာတ္ကားေတြမွာ အမ်ိဳးသားဇာတ္ေဆာင္ဆုကုိ ရရွိခဲ့ၿပီး ‘Terms of Endearment (1983)’ ဇာတ္ကားမွာ အမ်ိဳးသားဇာတ္ပုိ႔ဆုကုိ ရရွိခဲ့ပါတယ္။ ၁၉၃၇ခုႏွစ္ ဧၿပီလ (၂၂) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ မင္းသားႀကီး ‘ဂ်က္ နစ္ကုိးလ္ဆန္’ ဟာ အခုခ်ိန္မွာ အသက္ (၈ဝ) ရွိပါၿပီ။

ဂ်က္ နစ္ကုိးလ္ဆန္ (Jack Nicholson)
ဂ်က္ နစ္ကုိးလ္ဆန္ (Jack Nicholson)

(၆) ေရာဘတ္ ဒီနီယုိ (Robert De Niro)

၁၉၄၃ခုႏွစ္ ၾသဂုတ္လ ၁၇ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ ‘ေရာဘတ္ ဒီနီယုိ’ဟာ ၁၉၆၃ခုႏွစ္မွာ “The Wedding Party” ဇာတ္ကားနဲ႔ အႏုပညာေလာကထဲကုိ ဝင္ေရာက္လာၿပီး ‘Bang the Drum Slowly (1973)’ ၊ ‘Mean Streets (1973)’ ဇာတ္ကားေတြနဲ႔ နာမည္ေက်ာ္လာတာျဖစ္ပါတယ္။ ‘The Godfather Part II (1974)’ ဇာတ္ကားနဲ႔ အမ်ိဳးသားဇာတ္ပုိ႔ဆုနဲ႔ ‘Raging Bull (1980)’ ဇာတ္ကားနဲ႔ အမ်ိဳးသားဇာတ္ေဆာင္ဆုေတြကုိ ရရွိခဲ့ၿပီး ေရႊကမၻာလုံးဆု (Golden Globes) ကုိလည္း ႏွစ္ႀကိမ္တုိင္ရရွိထားတဲ့ ဂႏၱဝင္မင္းသားႀကီးျဖစ္ပါတယ္။

ေရာဘတ္ ဒီနီယုိ (Robert De Niro)
ေရာဘတ္ ဒီနီယုိ (Robert De Niro)

(၅) ကတ္သရင္း ဟက္ဘန္း (Katharine Hepburn)

ေဟာလီးဝုဒ္ရုပ္ရွင္သမုိင္းမွာ ေအာ္စကာဆုကုိ အမ်ားဆုံးရဖူးတဲ့ သရုပ္ေဆာင္ကုိ ေျပာပါဆုိရင္ ကတ္သရင္း ဟက္ဘန္း (Katharine Hepburn) ကုိပဲ လက္ညွိဳးထုိးရမွာပါ။ သူမဟာ ေအာ္စကာဆုကုိ ေလးႀကိမ္အထိ ရခဲ့တာပါ။ ရခဲ့တဲ့ေလးႀကိမ္စလုံးက အမ်ိဳးသမီးဇာတ္ေဆာင္ဆုေတြခ်ည္းပါပဲ။ သူမဟာ Morning Glory (1933) ၊ Guess Who’s Coming to Dinner (1967) ၊ The Lion in Winter (1968) နဲ႔ On Golden Pond (1981) ဇာတ္ကားေတြမွာ ေအာ္စကာဆုကုိ ရရွိခဲ့ပါတယ္။ ဒါေပမယ့္ အခုစစ္တမ္းမွာေတာ့ နံပါတ္ (၅) ေနရာမွာသာ ရွိခဲ့ပါတယ္။ ၁၉ဝ၇ခုႏွစ္ ေမလ (၁၂) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ ဂႏၱဝင္သရုပ္ေဆာင္ႀကီး ‘ကတ္သရင္း ဟက္ဘန္း’ ဟာ ၂ဝဝ၃ခုႏွစ္ ဇြန္လ (၂၉) ရက္ေန႔မွာ ကြယ္လြန္ခဲ့ပါတယ္။

ကတ္သရင္း ဟက္ဘန္း (Katharine Hepburn)
ကတ္သရင္း ဟက္ဘန္း (Katharine Hepburn)

(၄) ဂ်ိမ္းစ္ စတီးဝပ္တ္ (James Stewart)

အေမရိကန္ဂႏၱဝင္မင္းသားႀကီး ဂ်ိမ္းစ္ စတီးဝပ္တ္ (James Stewart) ဟာ ‘The Philadelphia Story (1940)’ ဇာတ္ကားမွာ အမ်ိဳးသားဇာတ္ေဆာင္ဆုကုိ ရရွိခဲ့ၿပီး ၁၉၈၅ခုႏွစ္မွာ တစ္သက္တာဂုဏ္ျပဳေအာ္စကာဆု (Honorary Award for Lifetime Achievement) ကုိ ရရွိခဲ့ပါတယ္။ ‘ဂ်ိမ္းစ္ စတီးဝပ္တ္’ ဟာ ေဟာလီးဝုဒ္ေလာကႀကီးကုိ ေရႊေခတ္ကုိေရာက္ေအာင္ တြန္းတင္ခဲ့ရာမွာ အခရာက်ခဲ့ပါတယ္။ ၁၉ဝ၈ခုႏွစ္ ေမလ (၂ဝ) ရက္ေန႔မွာ ေမြးဖြားတဲ့ ‘ဂ်မ္းစ္ စတီးဝပ္တ္’ ဟာ ၁၉၉၇ခုႏွစ္ ဇူလုိင္လ (၂) ရက္ေန႔မွာ ကြယ္လြန္ခဲ့ပါတယ္။

ဂ်ိမ္းစ္ စတီးဝပ္တ္ (James Stewart)
ဂ်ိမ္းစ္ စတီးဝပ္တ္ (James Stewart)

(၃) မာလြန္ ဘရန္ဒုိ (Marlon Brando)

မာလြန္ ဘရန္ဒုိ (Marlon Brando) လုိ႔ေျပာလုိက္ရင္ ‘The Godfather (1972)’ ဇာတ္ကားကုိ သတိရမယ္ထင္ပါတယ္။ မာဖီးယားဂုိဏ္းေခါင္းေဆာင္ႀကီးအျဖစ္ သ႑န္လုပ္ သရုပ္တူေအာင္ သရုပ္ေဆာင္ႏုိင္ခဲ့လုိ႔ ဒီေန႔ေခတ္တိုင္ေအာင္ ထင္ရွားေနတာျဖစ္ပါတယ္။

မာလြန္ ဘရန္ဒုိ (Marlon Brando)
မာလြန္ ဘရန္ဒုိ (Marlon Brando)

သူဟာ ‘On the Waterfront (1954)’ နဲ႔ ‘The Godfather (1972)’ ဇာတ္ကားေတြမွာ အမ်ိဳးသားဇာတ္ေဆာင္ဆုကုိ ရရွိခဲ့ပါတယ္။ ၁၉၂၄ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ မင္းသားႀကီး ‘မာလြန္ ဘရန္ဒုိ’ ဟာ ၂ဝဝ၄ခုႏွစ္ ဇူလုိင္လ (၁) ရက္ေန႔မွာ ကြယ္လြန္ခဲ့ပါတယ္။

မာလြန္ ဘရန္ဒုိ (Marlon Brando)
မာလြန္ ဘရန္ဒုိ (Marlon Brando)

(၂) ဘတ္တီ ေဒးဗစ္ (Bette Davis)

အႀကီးျမတ္ဆုံး သရုပ္ေဆာင္ (၁ဝ) ဦးစာရင္းမွာ မင္းသမီးႀကီး ဘတ္တီ ေဒးဗစ္ (Bette Davis) က နံပါတ္ (၂) ေနရာမွာ ရပ္တည္ေနပါတယ္။ ၂ဝရာစုမွာ ထင္ရွားခဲ့တဲ့ မင္းသမီးႀကီးျဖစ္တဲ့အတြက္ ဒီေန႔ေခတ္လူငယ္ေတြ သိခ်င္မွ သိၾကမွာပါ။ သူမဟာ အႏုပညာနယ္ပယ္ကုိ ၁၉၂၉ခုႏွစ္မွာ ဝင္ေရာက္လာခဲ့ၿပီး အေကာင္းဆုံးဇာတ္ေဆာင္ဆုကုိ ‘Dangerous (1935)’ နဲ႔ ‘Jezebel (1938)’ ဇာတ္ကားေတြမွာ ရရွိခဲ့ပါတယ္။ ၁၉၄ဝခုႏွစ္ဝန္းက်င္မွာ သူမအတြက္ ေရႊေရာင္လႊမ္းတဲ့အခ်ိန္ေတြျဖစ္ၿပီးေတာ့ သူမဟာ ရုပ္ရွင္သိပၸံအဖြဲ႕အစည္း (Academy of Motion Picture Arts and Sciences) ရဲ႕ ပထမဦးဆုံးအမ်ိဳးသမီးဥကၠဌျဖစ္ပါတယ္။

ဘတ္တီ ေဒးဗစ္ (Bette Davis)
ဘတ္တီ ေဒးဗစ္ (Bette Davis)

(၁) တြမ္ဟန္႔ (Tom Hanks)

တြမ္ဟန္႔ (Tom Hanks) လုိ႔ေျပာလုိက္ရင္ ျမန္မာပရိသတ္ေတြက ‘Forrest Gump’ ကုိပဲ ေျပးျမင္မိၾကပါတယ္။ ‘Run, Forrest Run’ ဆုိတဲ့ အသံစာစာေလးရဲ႕ေနာက္ကြယ္မွာ တဟုန္ထုိးေျပးလႊားေနတဲ့ တြမ္ဟန္႔ရဲ႕သရုပ္ေဆာင္ခ်က္ေတြကလည္း ေအာ္စကာဆုနဲ႔ ထုိက္တန္ပါေပတယ္။ ဂႏၱဝင္မင္းသားႀကီး တြမ္ဟန္႔ရဲ႕ဇာတ္ကားေကာင္းေတြကုိ ေျပာရရင္ Forrest Gump တစ္ခုတည္း မဟုတ္ျပန္ပါဘူး။

တြမ္ဟန္႔ (Tom Hanks)
တြမ္ဟန္႔ (Tom Hanks)

‘Big (1989)’ ၊ ‘Philadelphia (1993)’ ၊ Forrest Gump (1994)’ ၊ ‘Apollo 13 (1995)’ ၊ Toy Story 1- 2- 3 ၊ ‘Saving Private Ryan (1998)’ ၊ ‘You’ve Got A Mail (1998)’  ၊ ‘The Green Miles (1999)’  ၊ ‘Cast Away (2000)’ ၊ ‘Catch Me If U Can (2002)’  ၊ ‘Lady Killer (2004)’ ၊ ‘The Terminal (2004)’ နဲ႔ ‘The Polar Express (2004)’  ၊ ‘The Da Vin Ci Code (2006)’  ၊ ‘Angels And Demons (2009) ၊ ‘Captain Phillips (2013)’ နဲ႔ ‘The Post (2017) ‘ ဇာတ္ကားေတြဟာ ပရိသတ္ရင္ကုိ ဆြဲလႈပ္ခဲ့ပါတယ္။ သဘာဝမင္းသားႀကီးပီပီ က်ရာဇာတ္ရုပ္ကုိ ပီျပင္ေအာင္ သရုပ္ေဆာင္ႏုိင္ခဲ့တဲ့အတြက္ ‘Philadelphia’ နဲ႔ ‘Forrest Gump’ ဇာတ္ကားေတြမွာ ၂ႏွစ္ဆက္တုိက္ ေအာ္စကာဆုရခဲ့တဲ့မင္းသားျဖစ္လာခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း ကမၻာ့အႀကီးျမတ္ဆုံး သရုပ္ေဆာင္စာရင္းမွာ နံပါတ္ (၁) ျဖစ္ေနတာပါ။

အဂၤလိပ္မင္းသားႀကီး ဒန္နီယယ္ ေဒးလူးဝစ္ (Daniel Day-Lewis)
အဂၤလိပ္မင္းသားႀကီး ဒန္နီယယ္ ေဒးလူးဝစ္ (Daniel Day-Lewis)

‘Time’ မဂၢဇင္းကေတာင္ အႀကီးျမတ္ဆုံးသရုပ္ေဆာင္အျဖစ္ သတ္မွတ္ထားတဲ့ အဂၤလိပ္မင္းသားႀကီး ဒန္နီယယ္ ေဒးလူးဝစ္ (Daniel Day-Lewis) ၊ ေအာ္စကာသုံးႀကိမ္ရ ဆြီဒင္မင္းသမီးႀကီး အင္ဂရစ္ ဘာ့မန္း (Ingrid Bergman) ၊  ဂႏၱဝင္သရုပ္ေဆာင္ႀကီး ဝါတာ ဘရင္နန္ (Walter Brennan) နဲ႔ ‘Gone with the Wind (1939)’ မင္းသမီးႀကီး ဗီဗီယန္ လုိက္ဂ္ (Vivien Leigh) တုိ႔ မပါတဲ့အတြက္ ေမးခြန္းထုတ္စရာေတာ့ျဖစ္ပါတယ္။

ဗီဗီယန္ လုိက္ဂ္ (Vivien Leigh)
ဗီဗီယန္ လုိက္ဂ္ (Vivien Leigh)

Ranker ဝက္ဘ္ဆုိက္ဟာ လစဥ္အသုံးျပဳသူေပါင္း (၄၉) သန္းေက်ာ္ ရွိပါတယ္။ အဲဒီအထဲကမွ ၁.၁သန္းေက်ာ္က အခုစစ္တမ္းမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကမၻာ့အႀကီးျမတ္ဆုံး သရုပ္ေဆာင္ဟာ တျခားဝက္ဘ္ဆုိက္မွာ စစ္တမ္းေကာက္ရင္ အေျဖတစ္မ်ိဳးထြက္သြားႏုိင္တယ္လုိ႔သာ ဆုိခ်င္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Ranker ဝက်ဘ်ဆိုက်က ရွေးချယ်လိုက်တဲ့ ကမ္ဘာ့အကြီးမြတ်ဆုံး သရုပ်ဆောင် (၁ဝ) ဦး

အမေရိကန်နိုင်ငံ လော့အိန်းဂျလီးစ်မြို့ (Los Angeles) မှာ အခြေစိုက်တဲ့ Ranker ဝက်ဘ်ဆိုက်ဟာ အားကစား၊ အနုပညာနဲ့ ဖျော်ဖြေရေးနယ်ပယ်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို စစ်တမ်းကောက်ယူပါတယ်။ အနုပညာဇာတ်ခုံမှ ကမ္ဘာ့အကြီးမြတ်ဆုံးသရုပ်ဆောင်ကို ဆန္ဒမဲကောက်ယူခဲ့ပါတယ်။ ဖြေဆိုသူ ၁.၁သန်းရှိခဲ့ပြီး ပရိသတ်တွေက ဘယ်သူ့ကို ကမ္ဘာ့အကြီးမြတ်ဆုံး သရုပ်ဆောင်အဖြစ် ရွေးချယ်ခဲ့တာလဲ။

HUAWEI Nova 2i
HUAWEI Nova 2i

 HUAWEI Nova 2i အကြောင်း အသေးစိတ်သိရှိရန်

(၁ဝ) ဒပ်စတင် ဟော့ဖ်မန်း (Dustin Hoffman)

အင်္ဂလိပ်မင်းသားကြီး ဒပ်စတင် ဟော့ဖ်မန်း (Dustin Hoffman) ဟာ ရုပ်ရှင်တွေသာမက ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း အစွမ်းပြခဲ့သူပါ။ သူဟာ ၁၉၆ဝခုနှစ်မှာ အခုအချိန်ထိ အနုပညာလောကမှာ နှစ်ပေါင်းငါးဆယ်ကျော် ရပ်တည်ခဲ့သူပါ။ ‘Kramer vs. Kramer (1979)’ ဇတ်ကားနဲ့ ‘Rain Man (1988)’ ဇာတ်ကားတွေမှာ အကောင်းဆုံးဇာတ်ဆောင်ဆု (Academy Award for Best Actor) ရရှိခဲ့သူပါ။ မြန်မာပရိသတ်တွေကတော့ ‘Papillon (1973)’ ဇာတ်ကားထဲက ထောင်ပြေး လူးဝစ်ဒီဂါ (Louis Dega) အဖြစ် သရုပ်ဆောင်တဲ့ ဒပ်စတင် ဟော့ဖ်မန်းကြီးကိုတော့ သိကြမယ်ထင်ပါတယ်။

ဒပ်စတင် ဟော့ဖ်မန်း (Dustin Hoffman)
ဒပ်စတင် ဟော့ဖ်မန်း (Dustin Hoffman)

(၉) အမ်သိုနီ ဟော့ကင် (Anthony Hopkins)

ဗြိတိန်မင်းသားကြီး အမ်သိုနီ ဟော့ကင် (Anthony Hopkins) ဟာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ‘The Silence of the Lambs’ ဇာတ်ကားနဲ့ ရရှိထားရုံမက ဗြိတိသျှအကယ်ဒမီဆု (British Academy Film Awards – BAFTA) ကိုလည်း သုံးကြိမ်တိုင် ရရှိထားပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ ဇာတ်ကားတွေက ‘Amistad (1997)’ ၊ ‘The Remains of the Day (1993)’ ဇာတ်ကားနဲ့ ‘Magic (1978)’ ဇာတ်ကားတွေပါပဲ။

အမ်သိုနီ ဟော့ကင် (Anthony Hopkins)
အမ်သိုနီ ဟော့ကင် (Anthony Hopkins)

(၈) မော်ဂန် ဖရီးမန်း (Morgan Freeman)

မော်ဂန် ဖရီးမန်း (Morgan Freeman) ဟာ တခြားမင်းသားတွေနဲ့ မတူဘဲ သူ့ဘဝဟာ ကြမ်းတမ်းခဲ့ပါတယ်။ ၁၉၅၉ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ၁၉၈၇ခုနှစ်ရောက်မှသာ ‘Street Smart’ ဇာတ်ကားနဲ့ လူသိများလာတာဖြစ်ပါတယ်။ ‘Glory (1989)’ ၊ ‘Robin Hood: Prince of Thieves (1991)’ ၊ ‘The Shawshank Redemption (1991)’ ၊ ‘Seven (1995)’ ၊ ‘Deep Impact (1998)’ ၊ ‘The Sum of All Fears (2002)’ ၊ ‘Bruce Almighty (2003)’ ၊ ‘Million Dollar Baby (2004)’၊ ‘The Dark Knight Trilogy (2005)’ ၊ ‘Invictus (2009)’ နဲ့ ‘Lucy (2014)’ ဇာတ်ကားတွေမှာ ထင်ရှားခဲ့ပါတယ်။ ၂ဝဝ၅ခုနှစ်မှာ ‘Million Dollar Baby’ ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ပို့ဆု (Academy Award for Best Supporting Actor) ကို ရရှိခဲ့ပါတယ်။

မော်ဂန် ဖရီးမန်း (Morgan Freeman)
မော်ဂန် ဖရီးမန်း (Morgan Freeman)

(၇)  ဂျက် နစ်ကိုးလ်ဆန် (Jack Nicholson)

မင်းသားကြီး ဂျက် နစ်ကိုးလ်ဆန် (Jack Nicholson) ကိုတော့ ‘The Shining’ ဇာတ်ကားနဲ့ တွဲမြင်ကြမယ်ထင်ပါတယ်။ သူဟာ  အော်စကာဆုကို သုံးကြိမ်ရဖူးပါတယ်။ ‘One Flew Over the Cuckoo’s Nest’ (1975) နဲ့ ‘As Good as It Gets (1997)’ ဇာတ်ကားတွေမှာ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ‘Terms of Endearment (1983)’ ဇာတ်ကားမှာ အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ၁၉၃၇ခုနှစ် ဧပြီလ (၂၂) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မင်းသားကြီး ‘ဂျက် နစ်ကိုးလ်ဆန်’ ဟာ အခုချိန်မှာ အသက် (၈ဝ) ရှိပါပြီ။

ဂျက် နစ်ကိုးလ်ဆန် (Jack Nicholson)
ဂျက် နစ်ကိုးလ်ဆန် (Jack Nicholson)

(၆) ရောဘတ် ဒီနီယို (Robert De Niro)

၁၉၄၃ခုနှစ် သြဂုတ်လ ၁၇ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ‘ရောဘတ် ဒီနီယို’ဟာ ၁၉၆၃ခုနှစ်မှာ “The Wedding Party” ဇာတ်ကားနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာပြီး ‘Bang the Drum Slowly (1973)’ ၊ ‘Mean Streets (1973)’ ဇာတ်ကားတွေနဲ့ နာမည်ကျော်လာတာဖြစ်ပါတယ်။ ‘The Godfather Part II (1974)’ ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆုနဲ့ ‘Raging Bull (1980)’ ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆု (Golden Globes) ကိုလည်း နှစ်ကြိမ်တိုင်ရရှိထားတဲ့ ဂန္တဝင်မင်းသားကြီးဖြစ်ပါတယ်။

ရောဘတ် ဒီနီယို (Robert De Niro)
ရောဘတ် ဒီနီယို (Robert De Niro)

(၅) ကတ်သရင်း ဟက်ဘန်း (Katharine Hepburn)

ဟောလီးဝုဒ်ရုပ်ရှင်သမိုင်းမှာ အော်စကာဆုကို အများဆုံးရဖူးတဲ့ သရုပ်ဆောင်ကို ပြောပါဆိုရင် ကတ်သရင်း ဟက်ဘန်း (Katharine Hepburn) ကိုပဲ လက်ညှိုးထိုးရမှာပါ။ သူမဟာ အော်စကာဆုကို လေးကြိမ်အထိ ရခဲ့တာပါ။ ရခဲ့တဲ့လေးကြိမ်စလုံးက အမျိုးသမီးဇာတ်ဆောင်ဆုတွေချည်းပါပဲ။ သူမဟာ Morning Glory (1933) ၊ Guess Who’s Coming to Dinner (1967) ၊ The Lion in Winter (1968) နဲ့ On Golden Pond (1981) ဇာတ်ကားတွေမှာ အော်စကာဆုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုစစ်တမ်းမှာတော့ နံပါတ် (၅) နေရာမှာသာ ရှိခဲ့ပါတယ်။ ၁၉ဝ၇ခုနှစ် မေလ (၁၂) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဂန္တဝင်သရုပ်ဆောင်ကြီး ‘ကတ်သရင်း ဟက်ဘန်း’ ဟာ ၂ဝဝ၃ခုနှစ် ဇွန်လ (၂၉) ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ကတ်သရင်း ဟက်ဘန်း (Katharine Hepburn)
ကတ်သရင်း ဟက်ဘန်း (Katharine Hepburn)

(၄) ဂျိမ်းစ် စတီးဝပ်တ် (James Stewart)

အမေရိကန်ဂန္တဝင်မင်းသားကြီး ဂျိမ်းစ် စတီးဝပ်တ် (James Stewart) ဟာ ‘The Philadelphia Story (1940)’ ဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၁၉၈၅ခုနှစ်မှာ တစ်သက်တာဂုဏ်ပြုအော်စကာဆု (Honorary Award for Lifetime Achievement) ကို ရရှိခဲ့ပါတယ်။ ‘ဂျိမ်းစ် စတီးဝပ်တ်’ ဟာ ဟောလီးဝုဒ်လောကကြီးကို ရွှေခေတ်ကိုရောက်အောင် တွန်းတင်ခဲ့ရာမှာ အခရာကျခဲ့ပါတယ်။ ၁၉ဝ၈ခုနှစ် မေလ (၂ဝ) ရက်နေ့မှာ မွေးဖွားတဲ့ ‘ဂျမ်းစ် စတီးဝပ်တ်’ ဟာ ၁၉၉၇ခုနှစ် ဇူလိုင်လ (၂) ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဂျိမ်းစ် စတီးဝပ်တ် (James Stewart)
ဂျိမ်းစ် စတီးဝပ်တ် (James Stewart)

(၃) မာလွန် ဘရန်ဒို (Marlon Brando)

မာလွန် ဘရန်ဒို (Marlon Brando) လို့ပြောလိုက်ရင် ‘The Godfather (1972)’ ဇာတ်ကားကို သတိရမယ်ထင်ပါတယ်။ မာဖီးယားဂိုဏ်းခေါင်းဆောင်ကြီးအဖြစ် သဏ္ဍန်လုပ် သရုပ်တူအောင် သရုပ်ဆောင်နိုင်ခဲ့လို့ ဒီနေ့ခေတ်တိုင်အောင် ထင်ရှားနေတာဖြစ်ပါတယ်။

မာလွန် ဘရန်ဒို (Marlon Brando)
မာလွန် ဘရန်ဒို (Marlon Brando)

သူဟာ ‘On the Waterfront (1954)’ နဲ့ ‘The Godfather (1972)’ ဇာတ်ကားတွေမှာ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ၁၉၂၄ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မင်းသားကြီး ‘မာလွန် ဘရန်ဒို’ ဟာ ၂ဝဝ၄ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

မာလွန် ဘရန်ဒို (Marlon Brando)
မာလွန် ဘရန်ဒို (Marlon Brando)

(၂) ဘတ်တီ ဒေးဗစ် (Bette Davis)

အကြီးမြတ်ဆုံး သရုပ်ဆောင် (၁ဝ) ဦးစာရင်းမှာ မင်းသမီးကြီး ဘတ်တီ ဒေးဗစ် (Bette Davis) က နံပါတ် (၂) နေရာမှာ ရပ်တည်နေပါတယ်။ ၂ဝရာစုမှာ ထင်ရှားခဲ့တဲ့ မင်းသမီးကြီးဖြစ်တဲ့အတွက် ဒီနေ့ခေတ်လူငယ်တွေ သိချင်မှ သိကြမှာပါ။ သူမဟာ အနုပညာနယ်ပယ်ကို ၁၉၂၉ခုနှစ်မှာ ဝင်ရောက်လာခဲ့ပြီး အကောင်းဆုံးဇာတ်ဆောင်ဆုကို ‘Dangerous (1935)’ နဲ့ ‘Jezebel (1938)’ ဇာတ်ကားတွေမှာ ရရှိခဲ့ပါတယ်။ ၁၉၄ဝခုနှစ်ဝန်းကျင်မှာ သူမအတွက် ရွှေရောင်လွှမ်းတဲ့အချိန်တွေဖြစ်ပြီးတော့ သူမဟာ ရုပ်ရှင်သိပ္ပံအဖွဲ့အစည်း (Academy of Motion Picture Arts and Sciences) ရဲ့ ပထမဦးဆုံးအမျိုးသမီးဥက္ကဌဖြစ်ပါတယ်။

ဘတ်တီ ဒေးဗစ် (Bette Davis)
ဘတ်တီ ဒေးဗစ် (Bette Davis)

(၁) တွမ်ဟန့် (Tom Hanks)

တွမ်ဟန့် (Tom Hanks) လို့ပြောလိုက်ရင် မြန်မာပရိသတ်တွေက ‘Forrest Gump’ ကိုပဲ ပြေးမြင်မိကြပါတယ်။ ‘Run, Forrest Run’ ဆိုတဲ့ အသံစာစာလေးရဲ့နောက်ကွယ်မှာ တဟုန်ထိုးပြေးလွှားနေတဲ့ တွမ်ဟန့်ရဲ့သရုပ်ဆောင်ချက်တွေကလည်း အော်စကာဆုနဲ့ ထိုက်တန်ပါပေတယ်။ ဂန္တဝင်မင်းသားကြီး တွမ်ဟန့်ရဲ့ဇာတ်ကားကောင်းတွေကို ပြောရရင် Forrest Gump တစ်ခုတည်း မဟုတ်ပြန်ပါဘူး။

တွမ်ဟန့် (Tom Hanks)
တွမ်ဟန့် (Tom Hanks)

‘Big (1989)’ ၊ ‘Philadelphia (1993)’ ၊ Forrest Gump (1994)’ ၊ ‘Apollo 13 (1995)’ ၊ Toy Story 1- 2- 3 ၊ ‘Saving Private Ryan (1998)’ ၊ ‘You’ve Got A Mail (1998)’  ၊ ‘The Green Miles (1999)’  ၊ ‘Cast Away (2000)’ ၊ ‘Catch Me If U Can (2002)’  ၊ ‘Lady Killer (2004)’ ၊ ‘The Terminal (2004)’ နဲ့ ‘The Polar Express (2004)’  ၊ ‘The Da Vin Ci Code (2006)’  ၊ ‘Angels And Demons (2009) ၊ ‘Captain Phillips (2013)’ နဲ့ ‘The Post (2017) ‘ ဇာတ်ကားတွေဟာ ပရိသတ်ရင်ကို ဆွဲလှုပ်ခဲ့ပါတယ်။ သဘာဝမင်းသားကြီးပီပီ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ‘Philadelphia’ နဲ့ ‘Forrest Gump’ ဇာတ်ကားတွေမှာ ၂နှစ်ဆက်တိုက် အော်စကာဆုရခဲ့တဲ့မင်းသားဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာ့အကြီးမြတ်ဆုံး သရုပ်ဆောင်စာရင်းမှာ နံပါတ် (၁) ဖြစ်နေတာပါ။

အင်္ဂလိပ်မင်းသားကြီး ဒန်နီယယ် ဒေးလူးဝစ် (Daniel Day-Lewis)
အင်္ဂလိပ်မင်းသားကြီး ဒန်နီယယ် ဒေးလူးဝစ် (Daniel Day-Lewis)

‘Time’ မဂ္ဂဇင်းကတောင် အကြီးမြတ်ဆုံးသရုပ်ဆောင်အဖြစ် သတ်မှတ်ထားတဲ့ အင်္ဂလိပ်မင်းသားကြီး ဒန်နီယယ် ဒေးလူးဝစ် (Daniel Day-Lewis) ၊ အော်စကာသုံးကြိမ်ရ ဆွီဒင်မင်းသမီးကြီး အင်ဂရစ် ဘာ့မန်း (Ingrid Bergman) ၊  ဂန္တဝင်သရုပ်ဆောင်ကြီး ဝါတာ ဘရင်နန် (Walter Brennan) နဲ့ ‘Gone with the Wind (1939)’ မင်းသမီးကြီး ဗီဗီယန် လိုက်ဂ် (Vivien Leigh) တို့ မပါတဲ့အတွက် မေးခွန်းထုတ်စရာတော့ဖြစ်ပါတယ်။

ဗီဗီယန် လိုက်ဂ် (Vivien Leigh)
ဗီဗီယန် လိုက်ဂ် (Vivien Leigh)

Ranker ဝက်ဘ်ဆိုက်ဟာ လစဉ်အသုံးပြုသူပေါင်း (၄၉) သန်းကျော် ရှိပါတယ်။ အဲဒီအထဲကမှ ၁.၁သန်းကျော်က အခုစစ်တမ်းမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့အကြီးမြတ်ဆုံး သရုပ်ဆောင်ဟာ တခြားဝက်ဘ်ဆိုက်မှာ စစ်တမ်းကောက်ရင် အဖြေတစ်မျိုးထွက်သွားနိုင်တယ်လို့သာ ဆိုချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။