ဒါကတော့ ဖြေရခက်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းတာတွေ မတူကြပါဘူး။ တချို့က ဆာဆီ (Cersei) ကို မုန်းတယ်။ ဒါပေမဲ့ တချို့က ဆာဆီကို ချစ်ကြပြန်တယ်။ တချို့တော့ ဂျော့ဖရေး (Joffrey) ။ တချို့ကတော့ ရမ်ဆေးဘော်တန် (Ramsay Bolton) ၊ တချို့ကတော သီယွန်ဂရေးဂွိုင်း (Theon Greyjoy) ၊ တချို့ကတော့ တိုင်းဝင်းလက်နစ်စတာ (Tyrion Lannister) စသဖြင့်ပေါ့လေ။

ရမ်ဆေးဘော်တန် (Ramsay Bolton)

ကျွန်တော် အမုန့်ဆုံးကို ပြပါဆိုရင်တော့ ရမ်ဆေးဘော်တန်ပါပဲ။ ဒါပေမဲ့ သဘောအကျဆုံး သရုပ်ဆောင်ဟာလည်း ရမ်ဆေးဘော်တန်ပါပဲ။ သူဟာ သူများတွေထက် အခန်းနည်းပါတယ်။ ဒါပေမဲ့…..။ ရမ်ဆေးဘော်တန်ရဲ့ ရက်စက်မှုတွေနဲ့ သူ့အမူအရာတွေကတော့ လူတိုင်းမုန်းချင်စရာပါပဲ။  မိန်းကလေးတွေကို တောထဲမှာ ခွေးတွေနဲ့ အမဲလိုက်တယ်။ ပြီးရင် ခွေးစာကျွေးတယ်။ သီယွန်ဂရွေးဂျွိုင်းကို ဂွေးဖြတ်တယ်။ သူ့အဖေသူပြန်သတ်တယ်။

သူ့မိထွေးနဲ့ သူ့ညီလေးကို ခွေးစာကျွေးတယ်။ ပြီးတော့ ရစ်ကွန်းစတာ့ခ် (Rickon Stark) ကို မြားနဲ့ပစ်သတ်တာတွေ။ ဆန်ဆာ့ (Sansa) ကို ယူပြီး အနိုင်ကျင့်တာတွေဟာ ပရိတ်သတ်တွေရင်ထဲကို တော်တော်လေးနာကျင်စေခဲ့ပါတယ်။ ပြီးတော့ ရမ်ဆေးဟာ ဖမ်းမိတဲ့လူတွေကိုလည်း အရှင်လတ်လတ် အရေခွံစုတ် ဇောက်ထိုးဆွဲထားတာတွော ကြည့်ရသူတွေ အော့နှလုံးနာစေပါတယ်။

ဒါတွေဟာ ရမ်ဆေးရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်ဆိုရင်လည်း မမှားပါဘူး။ မထိတထိသရုပ်ဆောင်ချက်တွေ။ သီယွန်ကို ဂွေးဖြတ်ပြီးချိန်မှာ ၀က်အူချောင်းစားနေပုံတွေဟာ အခုထိကို အခုထိ မျက်လုံးထဲက မထွက်သေးပါဘူး။ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူမွေးထားတဲ့ခွေးတွေက သူ့ကို ပြန်စားသွားတာတော့ စိတ်မကောင်းစရာပါ။ တော်တော်များများကတော့ ရမ်ဆေးကို သူ့ခွေးတွေဝိုင်းစားတာကို ပျော်နေကြမယ်ထင်ပါတယ်။ မုန်းကြတာကိုး။

ဂျော့ဖရေး (Joffrey)

ဂျော့ဖရေးကလည်း အမုန်းဆုံးထဲပါပါတယ်။ ဒါရိုက်တာရဲ့ လူရွေးတော်မှုကြောင့်လားတော့မသိ။ ဂျော့ဖရေးဟာ ကလေးဘ၀ထဲက လူတွေ မုန်းတာခံရတော့တာပါပဲ။ နတ်စတာ့ခ် (Ned Stark) ကို ခေါင်းဖြတ်သတ်တာ။ ဆန်ဆာ့ကို နှိပ်စက်တာ။ ပြည့်တန်ဆာမလေးတွေကို အရှင်လတ်လတ် ဒူးလေးနဲ့ ပစ်သတ်တာ။ သူ့ဦးလေး လူတစ်ဝက်အပေါ် မှာ ဆက်ဆံတာတွေက လူမုန်းစရာပါပဲ။ ဂျော့ဖရေးအဆိပ်မိပြီးပြီသေတော့…..။ ကြည့်ရှုသူ ပရိသတ်တွေခမြာ ပျော်လိုက်ရတာ။ ပျော်ရုံတင်မက… အားရ၀မ်းသာဖြစ်ကြ။ ၀မ်းသာပီတိဖြစ်ကြတယ်ပေါ့လေ။ ဒါပေမဲ့လည်း အရမ်းကောင်းတဲ့ ဇာတ်ဆောင်တစ်ယောက် ဆုံးရှုံးသွားတဲ့အတွက်တော့ ၀မ်းနည်းစရာပါ။

ဟိုက်စပဲရိုး (High Sparrow)

ဒီထက် အမုန်းဆုံးကတော့ ဟိုက်စပဲရိုး (High Sparrow) ပါပဲ။ ဘာသာရေးကို အကြောင်းပြ။ လိင်တူချစ်သူတွေကို ဖမ်းနှိပ်စက်။ အရှက်ခွဲ။ ဆာဆီရယ်။ မာဂျရီ (Margaery) ရယ်ကိုဖမ်းပြီး အရှက်ခွဲတာတွေဟာဟာ ဘယ်လိုမှ ကြည့်မရပါဘူး။ ဘာသာရေးကို အသုံးချပြီး လူသားတွေကို နှိပ်စက်။

လူသားတွေကို ချုပ်ချယ်တာတွေဟာ လူ့လောကမှာလည်း ယုတ်မာလွန်းတဲ့ လုပ်ရပ်တွေပါပဲ။ ဒါကြောင့်မို့ ဟိုက်စပဲရိုးကို တော်တော်လေးကို မုန်းမိတယ်။ ဆာဆီက ဟိုက်စပဲရိုးတို့ တစ်ဖွဲ့လုံးကို မီးလောင်တိုက်သွင်းပလိုက်တော့လည်း ဂျော့ဖရေးသေသလို ၀မ်းသာမိပြန်ပါတယ်။ လူမုန်းများတဲ့ ဇာတ်ကောင်တွေအကုန်လုံးလည်း Season 1 ကနေ 7 အတွင်းမှာ သေကုန်ကြပါပြီ။

ဆာဆီ (Cersei)

ဒါပေမဲ့ အဓိက လူမုန်းအများဆုံးတစ်ယောက်တော့ ကျန်ပါသေးတယ်။ အဲ့ဒါကတော့ ဆာဆီပါ။ ရှိသမျှလူအကုန်သတ်။ သူတယောက်တည်း ‘ဘုရင်မ’လုပ်မယ်ဆိုတဲ့ တစ်ယောက်ပေါ့။ ဒါပေမဲ့ ဆာဆီဘက်က ပြန်ကြည့်တော့လည်း သူလုပ်တာတွေဟာ သူအတွက် လုပ်သင့်တာတွေချည်းပါပဲ။ မောင်နှမချင်းယူတာလည်း အခြေအနေအရ။ သူ့ယောင်္ကျားကို သတ်တာလည်း အခြေအနေအရ။

နတ်စတာ့ခ်ကိုလည်း သူသတ်တာမဟုတ်။ သူကတောင် တားသေးတယ်။ ဟိုက်စပ်တန် (High Septon) တွေကို မီးလောင်တိုက်သွင်းလိုက်တာကိုလည်း အဲ့လိုလုပ်မှ ဖြစ်မှာမို့လို့။ ဂျွန်စနိုး (Jon Snow) တို့ ဒနဲရစ် (Daenerys) တို့နဲ့အတူ အဖြူရောင်လမ်းလျှောက်သမားတွေကို မတိုက်ဘူးဆိုတာကလည်း သူ့တိုင်းပြည်ကို စိတ်မချလို့။ ဒါပေမဲ့ အဲ့လို အပြုအမူတွေတိုင်း ဆာ့ဆီကို မုန်းစရာတွေဖြစ်နေသလို….။ တချို့အတွက်တော့ ဆာဆီဟာ ချစ်စရာကောင်းနေပြန်ရော…..။

ဆာ့ဆီဖန်တော်တော်များများလည်း ရှိကြပါတယ်။ မကြာခင်ထုတ်လွှင့်ပြသမယ့် Season 8 မှာတော့ လူမုန်းမကြီး ဆာဆီဘယ်လိုဖြစ်သွားမလဲဆိုတာ…..။ ဆာဆီမုန်းသူတွေရော ဆာဆီချစ်သူတွေပါ ရင်ခုန်နေကြပါပြီနော်….။ Cookie TV ရဲ့ “ထိရှ” Plan ကို ဝယ်ယူပြီး HBO HD လိုင်းမှာ Game of Thrones နောက်ဆုံး Season 8 ကို ဧပြီလ (၁၅) ရက်နေ့ မနက် ၇း၃၀ အချိန်ကစပြီးအချိန်နဲ့တပြေးညီကြည့်နိုင်ပါတယ်။ ဒါနဲ့ Cookie TV ကို စစချင်းဒေါင်းပြီး Sign Up လုပ်တဲ့ Users တွေအတွက် Welcome Cookie 10,000 လက်ဆောင်ပေးထားတော့ အဲ့ Cookie နဲ့ တစ်ခါတည်း Plan ဝယ်ပြီး နောက်ဆုံးအပိုင်းကို ကြည့်နိုင်ကြောင်းလည်း သတင်းကောင်းပါလိုက်ပါရစေ။

Cookie TV Download

Android – Download

iOS – Download

Photo Credit – Winter is Coming ၊  Game of Thrones

အခရာ (www.akhayar.com)