[Zawgyi]

မုိဟာမက္ခရာကီ (Mohammad Karaki) ဆုိတာ ဘယ္သူလဲ

မုိဟာမက္ခရာကီ (Mohammad Karaki) ကုိေတာ့  ျမန္မာပရိသတ္ေတြ ရင္းႏွီးမွာ မဟုတ္ပါဘူး။ သူဟာ အေရွ႕အလယ္ပုိင္းေဒသမွာ အေျခစုိက္တဲ့ Desert Force Championship (DFC) နဲ႔ Phoenix Fighting Championship မွာ ထုိးသတ္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး One Championship အေနနဲ႔ အခုမွသာ စာခ်ဳပ္ခ်ဳပ္ခဲ့တာပါ။ သူဟာ ပြဲဦးထြက္မွာပဲ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံခါးပတ္လုပြဲကုိ ယွဥ္ၿပိဳင္ခြင့္ရတာျဖစ္ပါတယ္။ တကယ္လုိ႔ အႏုိင္ရခဲ့မယ္ဆုိရင္ေတာ့ တစ္ပြဲတည္းထုိးသတ္ၿပီး ကမၻာ့ခ်န္ပီယံဘြဲ႕ရတယ္ဆုိတဲ့ ရာဇဝင္က်န္သြားမွာပါ။ အခုလုိျဖစ္ေနတာေတြက ‘One Championship’ ဟာ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ထားတဲ့ ပင္တုိင္ကစားသမားနည္းပါးေနတာျဖစ္ၿပီး ၿပိဳင္ပြဲက်င္းပခါနီးမွ ေတြ႕ရာလူကုိ ဆြဲေခၚေနရတဲ့သေဘာပါ။ ဒီေနရာမွာ ခါးပတ္လုၾကမယ့္ကစားသမားေတြရဲ႕ အရည္အခ်င္းကုိ ေဝဖန္လုိတာ မဟုတ္ဘဲ One Championship ရဲ႕စီမံခန္႔ခြဲမႈအပုိင္းကုိသာ ဦးတည္လုိတာျဖစ္ပါတယ္။

ဒါေပမယ့္ အလိန္းဂါလာနီ (Alain Ngalani) ၊ အလက္ဇန္းဒါး မာခ်ာဒုိ (Alexandre Machado) နဲ႔ ကန္ဟာေဆးဂါဝါ (Ken Hasegawa) တုိ႔နဲ႔ ယွဥ္ၾကည့္မယ္ဆုိရင္ မုိဟာမက္ခရာကီက အျပတ္အသတ္သာတယ္။ သူဟာ Desert Force Championship (DFC) နဲ႔ Phoenix Fighting Championship ရဲ႕  မစ္ဒယ္ဝိတ္တန္းခ်န္ပီယံပါ။ ေၾကးစား (၉) ပြဲ ထုိးဖူးတယ္။ အကုန္လုံးႏုိင္တယ္။ ရႈံးပြဲမရွိေသးတဲ့ ကစားသမားတစ္ေယာက္ပဲ။ ထုိးဖူးတဲ့ (၉) ပြဲမွာ (၈) ပြဲက ပထမအခ်ီမွာပဲ ႏုိင္တာ။ ဆုိလုိတဲ့သေဘာက သူဟာ အခြင့္အေရးရင္ အဆုံးသတ္ႏုိင္သူပါ။

မုိဟာမက္ခရာကီကုိ ၁၉၉၁ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၈) ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး MMA ကစားသမားဘဝကုိေတာ့ ၂ဝ၁၂ခုႏွစ္မွာ စတင္ခဲ့ပါတယ္။ ကုိယ္အေလးခ်ိန္ ၁၈၅ ေပါင္ (၈၃.၉၁ ကီလုိဂရမ္) နဲ႔ အရပ္အျမင့္ ၁၈ဝ စင္တီမီတာ (၅ေပ ၁၁လက္မ) ရွိပါတယ္။ ေအာင္လအန္ဆန္ (Aung La N Sang) ထက္ တစ္လက္မေက်ာ္ေက်ာ္ေလာက္ နိမ့္တဲ့သေဘာပါ။ ဆုိလုိတဲ့သေဘာက သူဟာ ေအာင္လအန္ဆန္ထုိးခဲ့တဲ့ ကန္ဟာေဆးဂါဝါနဲ႔ ကုိယ္အေလးခ်ိန္ေရာ အလုံးအထည္ေရာ အတူတူပါပဲ။ သူဟာ Ground Fight ကုိ အသားေပးကစားတတ္သူပါ။ ၿပိဳင္ဘက္ကုိ ဆြဲလွဲမယ္။ ၿပီးေတာ့ ခ်ဳပ္မယ္၊ အေပၚကေန ခြထုိးမယ္ အဲဒါသူ႕အကြက္ပါ။

သူခ်ဳပ္လုိက္ၿပီဆုိရင္ ေတာ္ရုံကစားသမား လြတ္ေအာင္ မရုန္းႏုိင္ေတာ့ဘူး။ ဒါ့ေၾကာင့္လည္း သူအားသာတဲ့ Ground Fight နဲ႔ပဲ အႏုိင္ယူလာတာ ပြဲေပါင္းမနည္းေတာ့ဘူးေလ။ အေရွ႕အလယ္ပုိင္းေဒသရဲ႕ မစ္ဒယ္ဝိတ္တန္းမွာ ဒုတိယအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ထားတယ္။ (၂၇) ႏွစ္ပဲရွိေသးတဲ့ မုိဟာမက္ခရာကီဟာ အေစာပုိင္းအခ်ီမွာပဲ အလဲထုိးဖုိ႔ ႀကိဳးစားမွာျဖစ္ၿပီး ပြဲစဥ္ဟာ အပူးအခ်ဳပ္နဲ႔အဆုံးသတ္မယ္လုိ႔ သုံးသပ္မိတယ္။

မုိဟာမက္ခရာကီဟာ တျခားၿပိဳင္ဘက္ေတြကုိ Ground Fight နဲ႔ အႏုိင္ယူခဲ့ေပမယ့္ အခုရင္ဆုိင္ရမွာက ေအာင္လအန္ဆန္ျဖစ္ေနေတာ့ မလြယ္ဘူး။ သူရင္ဆုိင္ဖူးတဲ့သူေတြထက္ သာတယ္။ Ground Fight မွာေတာ့ ေအာင္လအန္ဆန္နဲ႔ ပညာမကြာဘူးလုိ႔ သုံးသပ္ရတယ္။ ဒါေပမယ့္ သူဟာ (၂၇) ႏွစ္ပဲရွိေသးေတာ့ (၃၃) ႏွစ္ရွိၿပီျဖစ္တဲ့ ေအာင္လအန္ဆန္နဲ႔ယွဥ္ရင္ ငယ္ဂုဏ္ရွိျပန္တယ္။ ၿပီးေတာ့ ထုိးခဲ့သမ်ွပြဲေတြမွာ ပထမအခ်ီမွာပဲ အဆုံးသတ္တတ္တဲ့ မုိဟာမက္ခရာကီဟာ လုံေလာက္တဲ့သက္လုံရွိပါ့မလားလုိ႔ သံသယျဖစ္စရာပါ။ (ခရာကီဟာ အေစာပုိင္းအခ်ီမွာပဲ အဆုံးသတ္ဖုိ႔ ႀကိဳးစားလိ့မ္မယ္။)

အားမနာတမ္းေျပာရရင္ မုိဟာမက္ခရာကီရဲ႕အားနည္းခ်က္က သက္လုံျဖစ္လာႏုိင္တယ္ ၿပီးေတာ့ Stand Fight ပဲ။ ေအာင္လအန္ဆန္ဟာ Stand Fight ေရာ Ground Fight ပါ မ်ွတေအာင္ ကစားႏုိင္တဲ့စြမ္းရည္မ်ိဳးရွိတယ္။ တစ္ခုသတိထားရမွာက ျမန္မာႏုိင္ငံမွာ ထုိးခဲ့တဲ့ပြဲတုိင္းမွာ ေအာင္လအန္ဆန္ဟာ ရာႏႈန္းျပည့္ႏုိင္ပြဲရထားတာပဲ။

ခပ္ေစာေစာသိမ္းသြားမယ္ဆုိရင္ေတာ့ အႏုိင္ရသူက မုိဟာမက္ခရာကီပဲ ျဖစ္လိမ့္မယ္။ သုံးသပ္မိတာက အေတြ႕ အၾကံဳသာတဲ့ ေအာင္လအန္ဆန္ဟာ ေနာက္အခ်ီေတြအထိ ဆြဲကစားသြားၿပီး သက္လုံက်လာတဲ့ မုိဟာမက္ခရာကီကုိ အလဲထုိးနဲ႔ အႏုိင္ယူသြားလိ့မ္မယ္။

Photo Credit – One Championship ၊ Phoenix Fighting Championship

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

မိုဟာမက်ခရာကီ (Mohammad Karaki) ဆိုတာ ဘယ်သူလဲ

မိုဟာမက်ခရာကီ (Mohammad Karaki) ကိုတော့  မြန်မာပရိသတ်တွေ ရင်းနှီးမှာ မဟုတ်ပါဘူး။ သူဟာ အရှေ့အလယ်ပိုင်းဒေသမှာ အခြေစိုက်တဲ့ Desert Force Championship (DFC) နဲ့ Phoenix Fighting Championship မှာ ထိုးသတ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး One Championship အနေနဲ့ အခုမှသာ စာချုပ်ချုပ်ခဲ့တာပါ။ သူဟာ ပွဲဦးထွက်မှာပဲ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲကို ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပါတယ်။ တကယ်လို့ အနိုင်ရခဲ့မယ်ဆိုရင်တော့ တစ်ပွဲတည်းထိုးသတ်ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ရတယ်ဆိုတဲ့ ရာဇဝင်ကျန်သွားမှာပါ။ အခုလိုဖြစ်နေတာတွေက ‘One Championship’ ဟာ နှစ်ရှည်စာချုပ်ချုပ်ထားတဲ့ ပင်တိုင်ကစားသမားနည်းပါးနေတာဖြစ်ပြီး ပြိုင်ပွဲကျင်းပခါနီးမှ တွေ့ရာလူကို ဆွဲခေါ်နေရတဲ့သဘောပါ။ ဒီနေရာမှာ ခါးပတ်လုကြမယ့်ကစားသမားတွေရဲ့ အရည်အချင်းကို ဝေဖန်လိုတာ မဟုတ်ဘဲ One Championship ရဲ့စီမံခန့်ခွဲမှုအပိုင်းကိုသာ ဦးတည်လိုတာဖြစ်ပါတယ်။

ဒါပေမယ့် အလိန်းဂါလာနီ (Alain Ngalani) ၊ အလက်ဇန်းဒါး မာချာဒို (Alexandre Machado) နဲ့ ကန်ဟာဆေးဂါဝါ (Ken Hasegawa) တို့နဲ့ ယှဉ်ကြည့်မယ်ဆိုရင် မိုဟာမက်ခရာကီက အပြတ်အသတ်သာတယ်။ သူဟာDesert Force Championship (DFC) နဲ့ Phoenix Fighting Championship ရဲ့  မစ်ဒယ်ဝိတ်တန်းချန်ပီယံပါ။ ကြေးစား (၉) ပွဲ ထိုးဖူးတယ်။ အကုန်လုံးနိုင်တယ်။ ရှုံးပွဲမရှိသေးတဲ့ ကစားသမားတစ်ယောက်ပဲ။ ထိုးဖူးတဲ့ (၉) ပွဲမှာ (၈) ပွဲက ပထမအချီမှာပဲ နိုင်တာ။ ဆိုလိုတဲ့သဘောက သူဟာ အခွင့်အရေးရင် အဆုံးသတ်နိုင်သူပါ။

မိုဟာမက်ခရာကီကို ၁၉၉၁ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ မွေးဖွားခဲ့ပြီး MMA ကစားသမားဘဝကိုတော့ ၂ဝ၁၂ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ကိုယ်အလေးချိန် ၁၈၅ ပေါင် (၈၃.၉၁ ကီလိုဂရမ်) နဲ့ အရပ်အမြင့် ၁၈ဝ စင်တီမီတာ (၅ပေ ၁၁လက်မ) ရှိပါတယ်။ အောင်လအန်ဆန် (Aung La N Sang) ထက် တစ်လက်မကျော်ကျော်လောက် နိမ့်တဲ့သဘောပါ။ ဆိုလိုတဲ့သဘောက သူဟာ အောင်လအန်ဆန်ထိုးခဲ့တဲ့ ကန်ဟာဆေးဂါဝါနဲ့ ကိုယ်အလေးချိန်ရော အလုံးအထည်ရော အတူတူပါပဲ။ သူဟာ Ground Fight ကို အသားပေးကစားတတ်သူပါ။ ပြိုင်ဘက်ကို ဆွဲလှဲမယ်။ ပြီးတော့ ချုပ်မယ်၊ အပေါ်ကနေ ခွထိုးမယ် အဲဒါသူ့အကွက်ပါ။

သူချုပ်လိုက်ပြီဆိုရင် တော်ရုံကစားသမား လွတ်အောင် မရုန်းနိုင်တော့ဘူး။ ဒါ့ကြောင့်လည်း သူအားသာတဲ့ Ground Fight နဲ့ပဲ အနိုင်ယူလာတာ ပွဲပေါင်းမနည်းတော့ဘူးလေ။ အရှေ့အလယ်ပိုင်းဒေသရဲ့ မစ်ဒယ်ဝိတ်တန်းမှာ ဒုတိယအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ထားတယ်။ (၂၇) နှစ်ပဲရှိသေးတဲ့ မိုဟာမက်ခရာကီဟာ အစောပိုင်းအချီမှာပဲ အလဲထိုးဖို့ ကြိုးစားမှာဖြစ်ပြီး ပွဲစဉ်ဟာ အပူးအချုပ်နဲ့အဆုံးသတ်မယ်လို့ သုံးသပ်မိတယ်။

မိုဟာမက်ခရာကီဟာ တခြားပြိုင်ဘက်တွေကို Ground Fight နဲ့ အနိုင်ယူခဲ့ပေမယ့် အခုရင်ဆိုင်ရမှာက အောင်လအန်ဆန်ဖြစ်နေတော့ မလွယ်ဘူး။ သူရင်ဆိုင်ဖူးတဲ့သူတွေထက် သာတယ်။ Ground Fight မှာတော့ အောင်လအန်ဆန်နဲ့ ပညာမကွာဘူးလို့ သုံးသပ်ရတယ်။ ဒါပေမယ့် သူဟာ (၂၇) နှစ်ပဲရှိသေးတော့ (၃၃) နှစ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်နဲ့ယှဉ်ရင် ငယ်ဂုဏ်ရှိပြန်တယ်။ ပြီးတော့ ထိုးခဲ့သမျှပွဲတွေမှာ ပထမအချီမှာပဲ အဆုံးသတ်တတ်တဲ့ မိုဟာမက်ခရာကီဟာ လုံလောက်တဲ့သက်လုံရှိပါ့မလားလို့ သံသယဖြစ်စရာပါ။ (ခရာကီဟာ အစောပိုင်းအချီမှာပဲ အဆုံးသတ်ဖို့ ကြိုးစားလိ့မ်မယ်။)

အားမနာတမ်းပြောရရင် မိုဟာမက်ခရာကီရဲ့အားနည်းချက်က သက်လုံဖြစ်လာနိုင်တယ် ပြီးတော့ Stand Fight ပဲ။ အောင်လအန်ဆန်ဟာ Stand Fight ရော Ground Fight ပါ မျှတအောင် ကစားနိုင်တဲ့စွမ်းရည်မျိုးရှိတယ်။ တစ်ခုသတိထားရမှာက မြန်မာနိုင်ငံမှာ ထိုးခဲ့တဲ့ပွဲတိုင်းမှာ အောင်လအန်ဆန်ဟာ ရာနှုန်းပြည့်နိုင်ပွဲရထားတာပဲ။

ခပ်စောစောသိမ်းသွားမယ်ဆိုရင်တော့ အနိုင်ရသူက မိုဟာမက်ခရာကီပဲ ဖြစ်လိမ့်မယ်။ သုံးသပ်မိတာက အတွေ့ အကြုံသာတဲ့ အောင်လအန်ဆန်ဟာ နောက်အချီတွေအထိ ဆွဲကစားသွားပြီး သက်လုံကျလာတဲ့ မိုဟာမက်ခရာကီကို အလဲထိုးနဲ့ အနိုင်ယူသွားလိ့မ်မယ်။

Photo Credit – One Championship ၊ Phoenix Fighting Championship

ကျော်စိုးအောင် (အခရာ)

www.akhayar.com