[Zawgyi]

၂ဝ၁၈ ျပကၡဒိန္ႏွစ္မွာ ဂုိးသြင္းအမ်ားဆုံးကစားသမားက ဘယ္သူျဖစ္မလဲ

ကဲ . . . ႏုိဝင္ဘာလလည္း ကုန္ၿပီဆုိေတာ့ ၂ဝ၁၈ခုႏွစ္ႀကီးကုိ ႏႈတ္ဆက္ဖုိ႔ ဒီဇင္ဘာလပဲ က်န္ပါေတာ့တယ္။ အမွတ္ေပးဖလားပြဲေတြက အရင္ကထက္ ၿပိဳင္ဆုိင္မႈျပင္းထန္လာခဲ့ၿပီး ျပင္သစ္လီဂူးနဲ႔ စီးရီးေအၿပိဳင္ပြဲေတြမွာဆုိရင္ ခ်န္ပီယံရုပ္လုံးေပၚခဲ့ၿပီျဖစ္ပါတယ္။ အခုခ်ိန္မွာ ၂ဝ၁၈ ျပကၡဒိန္ႏွစ္မွာ ဂုိးသြင္းအမ်ားဆုံးကစားသမားက ဘယ္သူျဖစ္မလဲဆုိတဲ့ ေမးခြန္းက စိတ္ဝင္စားစရာ ေကာင္းလာပါတယ္။ ၂ဝ၁၈ခုႏွစ္ ဇန္နဝါရီလ (၁) ကေန ဒီဇင္ဘာလ (၃၁) ရက္အတြင္း လက္ေရြးစင္အသင္းနဲ႔ ကလပ္အသင္းေတြအတြက္ သြင္းယူခဲ့တဲ့ ဂုိးအေရအတြက္ကုိ မူတည္ၿပီး ၂ဝ၁၈ ျပကၡဒိန္ႏွစ္မွာ ဂုိးသြင္းအမ်ားဆုံးကစားသမားကုိ ဆုံးျဖတ္တာပါ။

လက္ရွိအခ်ိန္မွာေတာ့ ဘာစီလုိနာတုိက္စစ္မွဴး Lionel Messi က (၄၅) ဂုိး သြင္းယူထားၿပီး အဓိကၿပိဳင္ဘက္ ဂ်ဴဗင္တပ္တုိက္စစ္မွဴး Cristiano Ronaldo က (၄၄) ဂုိးရွိေနပါတယ္။ သူတုိ႔ေနာက္မွာေတာ့ ဘုိင္ယန္ျမဴးနစ္တုိက္စစ္မွဴး Lewandowski က (၄၁) ဂုိးနဲ႔ လီဗားပူးတုိက္စစ္မွဴး Mohamed Salah က (၃၇) ဂုိးအထိ ရွိခဲ့ပါတယ္။ ၂ဝ၁၈ ျပကၡဒိန္ႏွစ္မွာ ဂုိးသြင္းအမ်ားဆုံးကစားသမားေနရာမွာ Lionel Messi နဲ႔ Cristiano Ronaldo တုိ႔ကပဲ ဆြတ္ခူးသြားဟန္ရွိၿပီး ဒီဇင္ဘာတစ္လလုံး က်န္ေသးတာဆုိေတာ့ ဘယ္သူအသာရမလဲဆုိတာ ဆုံးျဖတ္ဖုိ႔ ေစာပါေသးတယ္။

Lionel Messi ဟာ ဘာစီလုိနာအသင္းနဲ႔အတူ ဒီဇင္ဘာလအတြင္းမွာ Villarreal (အိမ္ကြင္း) ၊ Cultural Leonesa (အိမ္ကြင္း) ၊ Espanyol (အေဝးကြင္း) ၊ Tottenham Hotspur (အိမ္ကြင္း) ၊ Levante (အေဝးကြင္း) နဲ႔ Celta Vigo (အိမ္ကြင္း) တုိ႔နဲ႔ ကစားဖုိ႔ရွိသလုိ Cristiano Ronaldo ကလည္း ဂ်ဴဗင္တပ္အသင္းနဲ႔အတူ Fiorentina (အေဝးကြင္း) ၊ Inter Milan (အိမ္ကြင္း) ၊ Young Boys (အေဝးကြင္း) ၊ Torino (အေဝးကြင္း) ၊ Roma (အိမ္ကြင္း) ၊  Atalanta (အေဝးကြင္း) နဲ႔ Sampdoria (အိမ္ကြင္း) အသင္းေတြကုိ ဒီဇင္ဘာလမွာ ကစားဖုိ႔ရွိပါတယ္။ ၂ဝ၁၈ ျပကၡဒိန္ႏွစ္မွာ ဂုိးသြင္းအမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ဖုိ႔ဆုိရင္ လက္က်န္ပြဲစဥ္ေတြကုိ ဂုိးသြင္းဖုိ႔ လုိအပ္ေနၿပီး ၂ဝ၁၇ ျပကၡဒိန္ႏွစ္မွာ ဂုိးသြင္းအမ်ားဆုံးကစားသမားက စပါးတုိက္စစ္မွဴး Harry Kane (၅၆ ဂုိး) ျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ ပြက္ခဒိန်နှစ်မှာ ဂိုးသွင်းအများဆုံးကစားသမားက ဘယ်သူဖြစ်မလဲ

ကဲ . . . နိုဝင်ဘာလလည်း ကုန်ပြီဆိုတော့ ၂ဝ၁၈ခုနှစ်ကြီးကို နှုတ်ဆက်ဖို့ ဒီဇင်ဘာလပဲ ကျန်ပါတော့တယ်။ အမှတ်ပေးဖလားပွဲတွေက အရင်ကထက် ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ပြီး ပြင်သစ်လီဂူးနဲ့ စီးရီးအေပြိုင်ပွဲတွေမှာဆိုရင် ချန်ပီယံရုပ်လုံးပေါ်ခဲ့ပြီဖြစ်ပါတယ်။ အခုချိန်မှာ ၂ဝ၁၈ ပြက္ခဒိန်နှစ်မှာ ဂိုးသွင်းအများဆုံးကစားသမားက ဘယ်သူဖြစ်မလဲဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ၂ဝ၁၈ခုနှစ် ဇန်နဝါရီလ (၁) ကနေ ဒီဇင်ဘာလ (၃၁) ရက်အတွင်း လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းတွေအတွက် သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကို မူတည်ပြီး ၂ဝ၁၈ ပြက္ခဒိန်နှစ်မှာ ဂိုးသွင်းအများဆုံးကစားသမားကို ဆုံးဖြတ်တာပါ။

လက်ရှိအချိန်မှာတော့ ဘာစီလိုနာတိုက်စစ်မှူး Lionel Messi က (၄၅) ဂိုး သွင်းယူထားပြီး အဓိကပြိုင်ဘက် ဂျူဗင်တပ်တိုက်စစ်မှူး Cristiano Ronaldo က (၄၄) ဂိုးရှိနေပါတယ်။ သူတို့နောက်မှာတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး Lewandowski က (၄၁) ဂိုးနဲ့ လီဗားပူးတိုက်စစ်မှူး Mohamed Salah က (၃၇) ဂိုးအထိ ရှိခဲ့ပါတယ်။ ၂ဝ၁၈ ပြက္ခဒိန်နှစ်မှာ ဂိုးသွင်းအများဆုံးကစားသမားနေရာမှာ Lionel Messi နဲ့ Cristiano Ronaldo တို့ကပဲ ဆွတ်ခူးသွားဟန်ရှိပြီး ဒီဇင်ဘာတစ်လလုံး ကျန်သေးတာဆိုတော့ ဘယ်သူအသာရမလဲဆိုတာ ဆုံးဖြတ်ဖို့ စောပါသေးတယ်။

Lionel Messi ဟာ ဘာစီလိုနာအသင်းနဲ့အတူ ဒီဇင်ဘာလအတွင်းမှာ Villarreal (အိမ်ကွင်း) ၊ Cultural Leonesa (အိမ်ကွင်း) ၊ Espanyol (အဝေးကွင်း) ၊ Tottenham Hotspur (အိမ်ကွင်း) ၊ Levante (အဝေးကွင်း) နဲ့ Celta Vigo (အိမ်ကွင်း) တို့နဲ့ ကစားဖို့ရှိသလို Cristiano Ronaldo ကလည်း ဂျူဗင်တပ်အသင်းနဲ့အတူ Fiorentina (အဝေးကွင်း) ၊ Inter Milan (အိမ်ကွင်း) ၊ Young Boys (အဝေးကွင်း) ၊ Torino (အဝေးကွင်း) ၊ Roma (အိမ်ကွင်း) ၊  Atalanta (အဝေးကွင်း) နဲ့ Sampdoria (အိမ်ကွင်း) အသင်းတွေကို ဒီဇင်ဘာလမှာ ကစားဖို့ရှိပါတယ်။ ၂ဝ၁၈ ပြက္ခဒိန်နှစ်မှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ဖို့ဆိုရင် လက်ကျန်ပွဲစဉ်တွေကို ဂိုးသွင်းဖို့ လိုအပ်နေပြီး ၂ဝ၁၇ ပြက္ခဒိန်နှစ်မှာ ဂိုးသွင်းအများဆုံးကစားသမားက စပါးတိုက်စစ်မှူး Harry Kane (၅၆ ဂိုး) ဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com