[Zawgyi]

ဂႏၳဝင္ကစားသမားေတြက Ronaldo နဲ႔ Messi ဘယ္သူပုိေကာင္းလဲလုိ႔ ေျပာလဲ

ေဘာက္ဆင္ေလာကမွာ Muhammad Ali နဲ႔ Joe Frazier ၊ တင္းနစ္ေလာကမွာ Björn Borg နဲ႔ John McEnroe ၊ ေဖာ္မ်ဴလာဝမ္း ကားေမာင္းၿပိဳင္ပြဲမွာ Ayrton Senna နဲ႔ Alain ကုိ ဂႏၳဝင္ၿပိဳင္ဘက္ေတြလုိ႔ ေျပာရရင္ Cristiano Ronaldo နဲ႔ Lionel Messi ဟာလည္း ေဘာလုံးေလာကရဲ႕ ကေဝႏွစ္ပါးပါ။

လက္ရွိအခ်ိန္မွာေတာ့ Neymar ၊ Kylian Mbappe နဲ႔ Mohamed Salah တုိ႔ဆုိတာ ထိပ္တန္းကစားသမားဆုိေပမယ့္ Cristiano Ronaldo နဲ႔ Lionel Messi တုိ႔နဲ႔ႏႈိင္းယွဥ္ရင္ သူတုိ႔ေျခစြမ္းဟာ အဆင့္တစ္ခုအထိ ကြာေနေသးတာ အမွန္ပါပဲ။ Cristiano Ronaldo ရဲ႕ ပရိသတ္ေတြက သူတုိ႔အခ်စ္ေတာ္ကုိပဲ ပုိေကာင္းတယ္လုိ႔ ေျပာၾကသလုိ Lionel Messi ပရိသတ္ေတြကလည္း ‘ကုိယ့္ငါးခ်ဥ္ ကုိယ္ခ်ဥ္’ မွာပါပဲ။

Cristiano Ronaldo ပရိသတ္ေတြက ဘာစီလုိနာကလပ္မွာပဲ ကစားေနၿပီး အရပ္ ၅ေပ၇လက္မပဲရွိတဲ့ Lionel Messi ကုိ ‘အိမ္က်ယ္ မက္ပု’ လုိ႔ ေထာပနာျပဳၾကသလုိ Lionel Messi ပရိသတ္ေတြကလည္း ပင္နယ္တီဂုိးေတြ ဒုိင္ခံသြင္းတဲ့ Cristiano Ronaldo ကုိ ‘ပင္နယ္ဒုိ’ လုိ႔ အားမနာပဆုိၾကတာပါပဲ။ ဒါေပမယ့္ တျခားေဘာလုံးသမားေတြက သူတုိ႔ႏွစ္ေယာက္ကုိ ဘယ္သူပုိေကာင္းလဲဆုိတာ ေျပာၾကလဲ။

Zlatan Ibrahimovic

ဆြီဒင္တုိက္စစ္မွဴးႀကီး Zlatan Ibrahimovic ဟာ ဘာစီလုိနာကလပ္မွာ Lionel Messi နဲ႔ ၂ဝဝ၉ခုႏွစ္ကေန ၂ဝ၁၁ခုႏွစ္အထိ တြဲဖက္ကစားဖူးသလုိ Cristiano Ronaldo နဲ႔ေတာ့ ၿပိဳင္ဘက္အျဖစ္ အႀကိမ္ႀကိမ္ရင္ဆုိင္ဖူးသူပါ။ ေမဂ်ာလိဂ္ကလပ္ LA Galaxy မွာ ကစားေနတဲ့ Zlatan Ibrahimovic ကေတာ့ ဘယ္သူပုိေကာင္းတယ္လုိ႔ ဆုိလဲ။

“Lionel Messi ကုိေတာ့ ယွဥ္လုိ႔မရပါဘူး။ သူန႔ဲတြဲကစားခြင့္ရဖူးတယ္။ ကစားေနတာ PlayStation ေဆာ့ေနသလုိပဲ။ သူ႕ဆီကုိ ေဘာလုံးေရာက္သြားရင္ ၿပိဳင္ဘက္ေတြကုိ အလြယ္တကူေက်ာ္ျဖတ္ႏုိင္စြမ္းရွိတယ္။

Ronaldo Nazario

ဘရာဇီးဂႏၳဝင္တုိက္စစ္မွဴးႀကီး Ronaldo Nazario ဟာ ကမၻာ့ဖလားခ်န္ပီယံဆုကုိ ႏွစ္ႀကိမ္တုိင္ရရွိထားတာေၾကာင့္ ေဘာလုံးေလာကရဲ႕ မီးရွဴးတန္ေဆာင္လုိ႔ေတာင္ တင္စားႏုိင္ပါတယ္။ ဘာစီလုိနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြမွာ က်င္လည္ဖူးတဲ့ အခ်စ္ေတာ္ Ronaldo Nazario ကေရာ ဘယ္သူက ပုိေကာင္းတယ္လုိ႔ေျပာလဲ။

“ႏွစ္ေယာက္စလုံးရဲ႕ ေျခစြမ္းေတြက ဆန္းၾကယ္လြန္းပါတယ္။ တစ္ေယာက္တစ္မ်ိဳးစီ ေကာင္းၾကပါတယ္။ ကြ်န္ေတာ္ကေတာ့ Lionel Messi ရဲ႕ ေျခစြမ္းကုိ သေဘာက်တယ္။ ဒါေပမယ့္ Cristiano Ronaldo ကုိလည္း ေမ့ထားလုိ႔မရျပန္ဘူး။ သူတုိ႔ႏွစ္ေယာက္ကုိ ႏႈိင္းယွဥ္တာကုိက ရက္စက္ရာက်ပါတယ္။ ႏွစ္ေယာက္စလုံး ေလးစားစရာေကာင္းပါတယ္”

Gary Lineker

အဂၤလန္အသင္းရဲ႕ ဂႏၳဝင္ကစားသမားေဟာင္းႀကီး Gary Lineker ဟာ လက္ရွိအခ်ိန္မွာေတာ့ အားကစားအစီအစဥ္သုံးသပ္သူအျဖစ္ လုပ္ေဆာင္ေနသူပါ။ သူကေရာ ဘယ္သူက ပုိေကာင္းတယ္လုိ႔ ေျပာလဲ။

“Cristiano Ronaldo လား Lionel Messi လား။ ကြ်န္ေတာ္ Cristiano Ronaldo ကုိ ေတာ္ေတာ္ႀကိဳက္ပါတယ္။ ဒါေပမယ့္ Lionel Messi က တျခားကမၻာကလာတဲ့ သူပါ”

Diego Maradona

အာဂ်င္တီးနားအသင္းကုိ ကမၻာ့ဖလားခ်န္ပီယံဆုရရွိေစခဲ့တဲ့ Diego Maradona ဟာ (၂ဝ) ရာစုေဘာလုံးေလာကရဲ႕ ဘုရင္တစ္ဆူလုိ႔ ဆုိႏုိင္ပါတယ္။ ဘာစီလုိနာနဲ႔ နာပုိလီအသင္းေတြမွာ က်င္လည္ဖူးတဲ့ ဂႏၳဝင္ကစားသမားႀကီး Diego Maradona က ဘယ္သူ႕ ကုိ ေရြးခ်ယ္လဲ။

“Lionel Messi ေျခစြမ္းက်တာ မျမင္ဖူးသေလာက္ပဲ။ ကြ်န္ေတာ္ကေတာ့ သူ႕ ကုိပဲ ပုိႀကိဳက္တယ္။ ေဘာလုံးသမုိင္းမွာ သူ႕နာမည္ပဲ က်န္ေနလိမ့္မယ္။ ေဘာလုံးဟာ သူ႕အတြက္ အရာရာပဲ။ ကမၻာ့ဖလားခ်န္ပီယံဆုကုိ ရလိမ့္ဦးမယ္”

Eden Hazard

Eden Hazard ဆုိတာ ခ်ဲလ္ဆီးအသင္းကုိ ဦးေဆာင္ကစားေနတဲ့ ထိပ္တန္းကြင္းလယ္သမားဆုိတာ အားလုံးသိၾကမယ္ထင္ပါတယ္။ Cristiano Ronaldo နဲ႔ Lionel Messi တုိ႔ကုိ ၿပိဳင္ဘက္အျဖစ္ အႀကိမ္ႀကိမ္ရင္ဆုိင္ဖူးတဲ့ Eden Hazard က ဘယ္သူ႕ ကုိ ေရြးခ်ယ္မယ္ထင္လဲ။

“ေဘာလုံးကစားမယ္ဆုိရင္ အေကာင္းဆုံးၿပိဳင္ဘက္ေတြနဲ႔ပဲ ရင္ဆုိင္ခ်င္တာေပါ့။ အေကာင္းဆုံးအသင္း၊ အေကာင္းဆုံးကစားသမားေတြနဲ႔ေပါ့ဗ်ာ။ Lionel Messi ဟာ ကမၻာ့အေကာင္းဆုံးကစားသမားပဲ”

Paul Scholes

ကြင္းလယ္သမားႀကီး Paul Scholes ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ Cristiano Ronaldo နဲ႔ ၂ဝဝ၃ခုႏွစ္ကေန ၂ဝဝ၉ခုႏွစ္အထိ တြဲဖက္ကစားဖူးသလုိ Lionel Messi နဲ႔လည္း ၿပိဳင္ဘက္အျဖစ္ အႀကိမ္ႀကိမ္ရင္ဆုိင္ဖူးသူပါ။

“ေဘာလုံးေလာကမွာ အႀကိဳက္ဆုံးကစားသမားေတြကုိ ေျပာရရင္ Eric Cantona ၊ Zinedine Zidane ၊ Pirlo ၊ Xavi နဲ႔ Cristiano Ronaldo တုိ႔ပါ။ အားလုံးထဲကမွ အေကာင္းဆုံးကစားသမားက Lionel Messi ပါ “

Carlos Tevez

Carlos Tevez ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ Cristiano Ronaldo နဲ႔ ကစားေဖာ္ေတြျဖစ္ဖူးသလုိ အာဂ်င္တီးနားအသင္းမွာလည္း Lionel Messi နဲ႔ တြဲဖက္ကစားဖူးသူပါ။ ကစားသမားႏွစ္ေယာက္ကုိ အတြင္းသိအစင္းသိျဖစ္ေနတဲ့ Carlos Tevez က ဘယ္သူ႕ကုိ ပုိေကာင္းတယ္လုိ႔ ေရြးခ်ယ္သြားလဲ။

“Cristiano Ronaldo နဲ႔ Lionel Messi က တူကုိ မတူတာ။ တယ္။ Lionel Messi ဟာ ေဘာလုံးကစားကတည္းက Gym ေဆာ့တယ္လုိ႔ မထင္ဘူး။ Cristiano Ronaldo ကေတာ့ မုိးလင္းမုိးခ်ဳပ္ Gym မွာပဲ အခ်ိန္ကုန္ေနတယ္။ Cristiano Ronaldo ဟာ အေကာင္းဆုံးကစားသမားျဖစ္ဖုိ႔ ႀကိဳးစားျပင္ဆင္ေနတုန္းမွာ Lionel Messi က သူ႕သဘာဝအတုိင္းကုိ ေကာင္းတာ။ သူဟာ တစ္ပြဲမွာ သုံးဂုိးေလာက္ဆုိရင္ အသာေလးပဲ။ အဲဒါသူတုိ႔ႏွစ္ေယာက္ရဲ႕ အဓိကျခားနားခ်က္ပဲ”

Dimitar Berbatov

Dimitar Berbatov ဆုိရင္ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ သိၾကမယ္ထင္ပါတယ္။ သူဟာ ၂ဝဝ၈ခုႏွစ္ကေန ၂ဝ၁၂ခုႏွစ္အထိ မန္ခ်က္စတာယူႏုိက္တက္မွာ ကစားခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား (၂ ႀကိမ္) နဲ႔ ဖီဖာကမၻာ့ကလပ္ဖလားေတြကုိ ရယူႏုိင္ခဲ့သူပါ။ သူကေရာ ဘယ္သူ႕ ကုိ ေရြးလဲ။

“Lionel Messi က ေစာက္ရမ္းေကာင္းတဲ့သူပါ။ Cristiano Ronaldo လည္း ေတာ္ပါတယ္။ ဒါေပမယ့္ Lionel Messi က ပုိေကာင္းတဲ့သူပါ။ သူက အေကာင္းဆုံးဖန္တီးႏုိင္တယ္၊ ဂုိးသြင္းႏုိ္င္တယ္။ ၿပီးျပည့္စုံတဲ့ ကစားသမားပါ”

Roberto Carlos

Roberto Carlos ဟာ ဘရာဇီးအသင္းနဲ႔အတူ ကမၻာ့ဖလား၊ တုိက္ႀကီးမ်ားဖလား၊ ကုိပါအေမရိကဖလား (၂ ႀကိမ္) ေတြကုိ ရရွိခဲ့ရုံမက ရီးရဲမက္ဒရစ္ကလပ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား (၃ ႀကိမ္) ၊ လာလီဂါခ်န္ပီယံ (၄ ႀကိမ္) နဲ႔ ဥေရာပစူပါဖလားေတြကုိ ရရွိဖူးသူပါ။ သူကေရာ ဘယ္သူ႕ ကုိ ေရြးခ်ယ္လဲ။

“Cristiano Ronaldo ရဲ႕ ေလ့က်င့္ပုံေတြ အလုပ္ႀကိဳးစားပုံေတြကုိ ကြ်န္ေတာ္ၾကည့္ဖူးတယ္။ သူက တစ္ေန႔ထက္တစ္ေန႔ ပုိေကာင္းေအာင္ ႀကိဳးစားေနတဲ့သူဗ်။ အဲဒီအခ်က္မွာေတာ့ Lionel Messi နဲ႔ကြာတယ္။ Messi ကေတာ့ ပုံမွန္အတုိင္းပဲေလ။ Cristiano Ronaldo ရဲ႕ ေလ့က်င့္မႈ၊ အလုပ္ႀကိဳးစားမႈ၊ စိတ္အားထက္သန္မႈနဲ႔ ေအာင္ျမင္မႈေတြဟာ တျခားသူေတြအတြက္ စိတ္အားတက္ၾကြစရာပါပဲ။ Cristiano Ronaldo က ပုိေကာင္းတယ္”

Cristiano Ronaldo ဟာ ယူရုိ (၂ဝဝ၄ခုႏွစ္၊ ၂ဝဝ၈ခုႏွစ္၊ ၂ဝ၁၂ခုႏွစ္နဲ႔ ၂ဝ၁၆ခုႏွစ္) နဲ႔ ကမၻာ့ဖလား (၂ဝဝ၆ခုႏွစ္၊ ၂ဝ၁ဝခုႏွစ္၊ ၂ဝ၁၄ခုႏွစ္နဲ႔ ၂ဝ၁၈ခုႏွစ္) ေတြမွာ (၈) ႀကိမ္ဆက္ ဂုိးသြင္းႏုိင္တဲ့ ပထမဆုံးကစားသမား၊ (၆) ရာသီဆက္ ဂုိး (၅ဝ) နဲ႔အထက္ သြင္းယူႏုိင္တဲ့ ပထမဆုံးကစားသမား၊ ျပကၡဒိန္ (၇) ႏွစ္အတြင္း ဂုိး (၅ဝ) နဲ႔အထက္ သြင္းယူႏုိင္တဲ့ ပထမဆုံးကစားသမား၊ ျပကၡဒိန္ (၄) ႏွစ္အတြင္း ဂုိး (၆ဝ) နဲ႔အထက္ သြင္းယူႏုိင္တဲ့ ပထမဆုံးကစားသမား၊ ခ်န္ပီယံလိဂ္မွာ ဂုိးအမ်ားဆုံးသြင္းထားတဲ့ ကစားသမား (၁၂၁ ဂုိး)၊ လာလီဂါၿပိဳင္ပြဲမွာ ဟက္ထရစ္အမ်ားဆုံး ကစားသမား (၃၄ ႀကိမ္) ၊ လာလီဂါသြင္းဂုိး (၁၅ဝ) ျပည့္ဖုိ႔ အျမန္ဆုံးကစားသမား (၁၄ဝ ပြဲ) ၊ လာလီဂါသမုိင္းမွာ ပင္နယ္တီဂုိးအမ်ားဆုံး ကစားသမား (၆၁ ဂုိး)၊ ရီးရဲလ္မက္ဒရစ္အသင္းမွာ လာလီဂါသြင္းဂုိး အမ်ားဆုံးကစားသမား (၃၁၁ ဂုိး) စတဲ့ စံခ်ိန္ေကာင္းေတြ ပုိင္ဆုိင္ထားပါတယ္။

Lionel Messi ဆုိရင္ ျပကၡဒိန္ႏွစ္ (၂ဝ၁၂ခုႏွစ္) အတြင္းမွာ ကလပ္နဲ႔ ႏုိင္ငံအတြက္ ဂုိးအမ်ားဆုံးသြင္းထားတဲ့ ဂင္းနစ္စံခ်ိန္တင္ကစားသမား (၉၁ ဂုိး) ၊ ျပကၡဒိန္ႏွစ္ (၂ဝ၁၂ခုႏွစ္) အတြင္းမွာ ကလပ္အတြက္ ဂုိးအမ်ားဆုံးသြင္းထားတဲ့ ကစားသမား (၇၉ ဂုိး) ၊ ကလပ္အတြက္ တစ္ရာသီအတြင္း ဂုိးအမ်ားဆုံးသြင္းထားတဲ့ ကစားသမား (၇၃ ဂုိး) ၊ ဥေရာပေရႊဖိနပ္ဆု အႀကိမ္အမ်ားဆုံးရရွိထားသူ (၅ ႀကိမ္) ၊ ခ်န္ပီယံလိဂ္မွာ ဟက္ထရစ္အမ်ားဆုံး ကစားသမား (၈ ႀကိမ္) ၊ လာလီဂါ အေကာင္းဆုံးကစားသမားဆု (၆ ႀကိမ္) ၊ လာလီဂါသမုိင္းမွာ ဂုိးအမ်ားဆုံးကစားသမား (၃၉၂ ဂုိး) စတဲ့ စံခ်ိန္ေကာင္းေတြ ပုိင္ဆုိင္ဖူးသူပါ။

“Cristiano Ronaldo နဲ႔ Lionel Messi ဘယ္သူပုိေကာင္းလဲ” ဆုိတဲ့ ေမးခြန္းဟာ အေျဖခက္တဲ့ ပုစၦာလုိပါပဲ။ ေျဖဆုိသူရဲ႕ စိတ္ခံစားခ်က္ေပၚမွာ မူတည္ၿပီး အဓိပၸာယ္ေျပာင္းသြားႏုိင္ပါတယ္။ ဒါေပမယ့္ သူတုိ႔ႏွစ္ေယာက္ဟာ မ်က္ေမွာက္ေခတ္ရဲ႕ ေဘာလုံးေလာကကုိ လႊမ္းမုိးထားႏုိင္သူေတြဆုိတာေတာ့ ျငင္းလုိ႔မရပါဘူး။ စာဖတ္သူေတြကေရာ ဘယ္သူက ပုိေကာင္းတယ္လုိ႔ ထင္လဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဂန္ထဝင်ကစားသမားတွေက Ronaldo နဲ့ Messi ဘယ်သူပိုကောင်းလဲလို့ ပြောလဲ

ဘောက်ဆင်လောကမှာ Muhammad Ali နဲ့ Joe Frazier ၊ တင်းနစ်လောကမှာ Björn Borg နဲ့ John McEnroe ၊ ဖော်မျူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ Ayrton Senna နဲ့ Alain ကို ဂန္ထဝင်ပြိုင်ဘက်တွေလို့ ပြောရရင် Cristiano Ronaldo နဲ့ Lionel Messi ဟာလည်း ဘောလုံးလောကရဲ့ ကဝေနှစ်ပါးပါ။

လက်ရှိအချိန်မှာတော့ Neymar ၊ Kylian Mbappe နဲ့ Mohamed Salah တို့ဆိုတာ ထိပ်တန်းကစားသမားဆိုပေမယ့် Cristiano Ronaldo နဲ့ Lionel Messi တို့နဲ့နှိုင်းယှဉ်ရင် သူတို့ခြေစွမ်းဟာ အဆင့်တစ်ခုအထိ ကွာနေသေးတာ အမှန်ပါပဲ။ Cristiano Ronaldo ရဲ့ ပရိသတ်တွေက သူတို့အချစ်တော်ကိုပဲ ပိုကောင်းတယ်လို့ ပြောကြသလို Lionel Messi ပရိသတ်တွေကလည်း ‘ကိုယ့်ငါးချဉ် ကိုယ်ချဉ်’ မှာပါပဲ။

Cristiano Ronaldo ပရိသတ်တွေက ဘာစီလိုနာကလပ်မှာပဲ ကစားနေပြီး အရပ် ၅ပေ၇လက်မပဲရှိတဲ့ Lionel Messi ကို ‘အိမ်ကျယ် မက်ပု’ လို့ ထောပနာပြုကြသလို Lionel Messi ပရိသတ်တွေကလည်း ပင်နယ်တီဂိုးတွေ ဒိုင်ခံသွင်းတဲ့ Cristiano Ronaldo ကို ‘ပင်နယ်ဒို’ လို့ အားမနာပဆိုကြတာပါပဲ။ ဒါပေမယ့် တခြားဘောလုံးသမားတွေက သူတို့နှစ်ယောက်ကို ဘယ်သူပိုကောင်းလဲဆိုတာ ပြောကြလဲ။

Zlatan Ibrahimovic

ဆွီဒင်တိုက်စစ်မှူးကြီး Zlatan Ibrahimovic ဟာ ဘာစီလိုနာကလပ်မှာ Lionel Messi နဲ့ ၂ဝဝ၉ခုနှစ်ကနေ ၂ဝ၁၁ခုနှစ်အထိ တွဲဖက်ကစားဖူးသလို Cristiano Ronaldo နဲ့တော့ ပြိုင်ဘက်အဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ဖူးသူပါ။ မေဂျာလိဂ်ကလပ် LA Galaxy မှာ ကစားနေတဲ့ Zlatan Ibrahimovic ကတော့ ဘယ်သူပိုကောင်းတယ်လို့ ဆိုလဲ။

“Lionel Messi ကိုတော့ ယှဉ်လို့မရပါဘူး။ သူနဲ့တွဲကစားခွင့်ရဖူးတယ်။ ကစားနေတာ PlayStation ဆော့နေသလိုပဲ။ သူ့ဆီကို ဘောလုံးရောက်သွားရင် ပြိုင်ဘက်တွေကို အလွယ်တကူကျော်ဖြတ်နိုင်စွမ်းရှိတယ်။

Ronaldo Nazario

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးကြီး Ronaldo Nazario ဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်တိုင်ရရှိထားတာကြောင့် ဘောလုံးလောကရဲ့ မီးရှူးတန်ဆောင်လို့တောင် တင်စားနိုင်ပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေမှာ ကျင်လည်ဖူးတဲ့ အချစ်တော် Ronaldo Nazario ကရော ဘယ်သူက ပိုကောင်းတယ်လို့ပြောလဲ။

“နှစ်ယောက်စလုံးရဲ့ ခြေစွမ်းတွေက ဆန်းကြယ်လွန်းပါတယ်။ တစ်ယောက်တစ်မျိုးစီ ကောင်းကြပါတယ်။ ကျွန်တော်ကတော့ Lionel Messi ရဲ့ ခြေစွမ်းကို သဘောကျတယ်။ ဒါပေမယ့် Cristiano Ronaldo ကိုလည်း မေ့ထားလို့မရပြန်ဘူး။ သူတို့နှစ်ယောက်ကို နှိုင်းယှဉ်တာကိုက ရက်စက်ရာကျပါတယ်။ နှစ်ယောက်စလုံး လေးစားစရာကောင်းပါတယ်”

Gary Lineker

အင်္ဂလန်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီး Gary Lineker ဟာ လက်ရှိအချိန်မှာတော့ အားကစားအစီအစဉ်သုံးသပ်သူအဖြစ် လုပ်ဆောင်နေသူပါ။ သူကရော ဘယ်သူက ပိုကောင်းတယ်လို့ ပြောလဲ။

“Cristiano Ronaldo လား Lionel Messi လား။ ကျွန်တော် Cristiano Ronaldo ကို တော်တော်ကြိုက်ပါတယ်။ ဒါပေမယ့် Lionel Messi က တခြားကမ္ဘာကလာတဲ့ သူပါ”

Diego Maradona

အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆုရရှိစေခဲ့တဲ့ Diego Maradona ဟာ (၂ဝ) ရာစုဘောလုံးလောကရဲ့ ဘုရင်တစ်ဆူလို့ ဆိုနိုင်ပါတယ်။ ဘာစီလိုနာနဲ့ နာပိုလီအသင်းတွေမှာ ကျင်လည်ဖူးတဲ့ ဂန္ထဝင်ကစားသမားကြီး Diego Maradona က ဘယ်သူ့ ကို ရွေးချယ်လဲ။

“Lionel Messi ခြေစွမ်းကျတာ မမြင်ဖူးသလောက်ပဲ။ ကျွန်တော်ကတော့ သူ့ ကိုပဲ ပိုကြိုက်တယ်။ ဘောလုံးသမိုင်းမှာ သူ့နာမည်ပဲ ကျန်နေလိမ့်မယ်။ ဘောလုံးဟာ သူ့အတွက် အရာရာပဲ။ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရလိမ့်ဦးမယ်”

Eden Hazard

Eden Hazard ဆိုတာ ချဲလ်ဆီးအသင်းကို ဦးဆောင်ကစားနေတဲ့ ထိပ်တန်းကွင်းလယ်သမားဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ Cristiano Ronaldo နဲ့ Lionel Messi တို့ကို ပြိုင်ဘက်အဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ဖူးတဲ့ Eden Hazard က ဘယ်သူ့ ကို ရွေးချယ်မယ်ထင်လဲ။

“ဘောလုံးကစားမယ်ဆိုရင် အကောင်းဆုံးပြိုင်ဘက်တွေနဲ့ပဲ ရင်ဆိုင်ချင်တာပေါ့။ အကောင်းဆုံးအသင်း၊ အကောင်းဆုံးကစားသမားတွေနဲ့ပေါ့ဗျာ။ Lionel Messi ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားပဲ”

Paul Scholes

ကွင်းလယ်သမားကြီး Paul Scholes ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ Cristiano Ronaldo နဲ့ ၂ဝဝ၃ခုနှစ်ကနေ ၂ဝဝ၉ခုနှစ်အထိ တွဲဖက်ကစားဖူးသလို Lionel Messi နဲ့လည်း ပြိုင်ဘက်အဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ဖူးသူပါ။

“ဘောလုံးလောကမှာ အကြိုက်ဆုံးကစားသမားတွေကို ပြောရရင် Eric Cantona ၊ Zinedine Zidane ၊ Pirlo ၊ Xavi နဲ့ Cristiano Ronaldo တို့ပါ။ အားလုံးထဲကမှ အကောင်းဆုံးကစားသမားက Lionel Messi ပါ “

Carlos Tevez

Carlos Tevez ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ Cristiano Ronaldo နဲ့ ကစားဖော်တွေဖြစ်ဖူးသလို အာဂျင်တီးနားအသင်းမှာလည်း Lionel Messi နဲ့ တွဲဖက်ကစားဖူးသူပါ။ ကစားသမားနှစ်ယောက်ကို အတွင်းသိအစင်းသိဖြစ်နေတဲ့ Carlos Tevez က ဘယ်သူ့ကို ပိုကောင်းတယ်လို့ ရွေးချယ်သွားလဲ။

“Cristiano Ronaldo နဲ့ Lionel Messi က တူကို မတူတာ။ တယ်။ Lionel Messi ဟာ ဘောလုံးကစားကတည်းက Gym ဆော့တယ်လို့ မထင်ဘူး။ Cristiano Ronaldo ကတော့ မိုးလင်းမိုးချုပ် Gym မှာပဲ အချိန်ကုန်နေတယ်။ Cristiano Ronaldo ဟာ အကောင်းဆုံးကစားသမားဖြစ်ဖို့ ကြိုးစားပြင်ဆင်နေတုန်းမှာ Lionel Messi က သူ့သဘာဝအတိုင်းကို ကောင်းတာ။ သူဟာ တစ်ပွဲမှာ သုံးဂိုးလောက်ဆိုရင် အသာလေးပဲ။ အဲဒါသူတို့နှစ်ယောက်ရဲ့ အဓိကခြားနားချက်ပဲ”

Dimitar Berbatov

Dimitar Berbatov ဆိုရင် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ သူဟာ ၂ဝဝ၈ခုနှစ်ကနေ ၂ဝ၁၂ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၂ ကြိမ်) နဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတွေကို ရယူနိုင်ခဲ့သူပါ။ သူကရော ဘယ်သူ့ ကို ရွေးလဲ။

“Lionel Messi က စောက်ရမ်းကောင်းတဲ့သူပါ။ Cristiano Ronaldo လည်း တော်ပါတယ်။ ဒါပေမယ့် Lionel Messi က ပိုကောင်းတဲ့သူပါ။ သူက အကောင်းဆုံးဖန်တီးနိုင်တယ်၊ ဂိုးသွင်းနိုင်တယ်။ ပြီးပြည့်စုံတဲ့ ကစားသမားပါ”

Roberto Carlos

Roberto Carlos ဟာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား၊ တိုက်ကြီးများဖလား၊ ကိုပါအမေရိကဖလား (၂ ကြိမ်) တွေကို ရရှိခဲ့ရုံမက ရီးရဲမက်ဒရစ်ကလပ်နဲ့အတူ ချန်ပီယံလိဂ်ဖလား (၃ ကြိမ်) ၊ လာလီဂါချန်ပီယံ (၄ ကြိမ်) နဲ့ ဥရောပစူပါဖလားတွေကို ရရှိဖူးသူပါ။ သူကရော ဘယ်သူ့ ကို ရွေးချယ်လဲ။

“Cristiano Ronaldo ရဲ့ လေ့ကျင့်ပုံတွေ အလုပ်ကြိုးစားပုံတွေကို ကျွန်တော်ကြည့်ဖူးတယ်။ သူက တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင် ကြိုးစားနေတဲ့သူဗျ။ အဲဒီအချက်မှာတော့ Lionel Messi နဲ့ကွာတယ်။ Messi ကတော့ ပုံမှန်အတိုင်းပဲလေ။ Cristiano Ronaldo ရဲ့ လေ့ကျင့်မှု၊ အလုပ်ကြိုးစားမှု၊ စိတ်အားထက်သန်မှုနဲ့ အောင်မြင်မှုတွေဟာ တခြားသူတွေအတွက် စိတ်အားတက်ကြွစရာပါပဲ။ Cristiano Ronaldo က ပိုကောင်းတယ်”

Cristiano Ronaldo ဟာ ယူရို (၂ဝဝ၄ခုနှစ်၊ ၂ဝဝ၈ခုနှစ်၊ ၂ဝ၁၂ခုနှစ်နဲ့ ၂ဝ၁၆ခုနှစ်) နဲ့ ကမ္ဘာ့ဖလား (၂ဝဝ၆ခုနှစ်၊ ၂ဝ၁ဝခုနှစ်၊ ၂ဝ၁၄ခုနှစ်နဲ့ ၂ဝ၁၈ခုနှစ်) တွေမှာ (၈) ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား၊ (၆) ရာသီဆက် ဂိုး (၅ဝ) နဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား၊ ပြက္ခဒိန် (၇) နှစ်အတွင်း ဂိုး (၅ဝ) နဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား၊ ပြက္ခဒိန် (၄) နှစ်အတွင်း ဂိုး (၆ဝ) နဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား၊ ချန်ပီယံလိဂ်မှာ ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမား (၁၂၁ ဂိုး)၊ လာလီဂါပြိုင်ပွဲမှာ ဟက်ထရစ်အများဆုံး ကစားသမား (၃၄ ကြိမ်) ၊ လာလီဂါသွင်းဂိုး (၁၅ဝ) ပြည့်ဖို့ အမြန်ဆုံးကစားသမား (၁၄ဝ ပွဲ) ၊ လာလီဂါသမိုင်းမှာ ပင်နယ်တီဂိုးအများဆုံး ကစားသမား (၆၁ ဂိုး)၊ ရီးရဲလ်မက်ဒရစ်အသင်းမှာ လာလီဂါသွင်းဂိုး အများဆုံးကစားသမား (၃၁၁ ဂိုး) စတဲ့ စံချိန်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။

Lionel Messi ဆိုရင် ပြက္ခဒိန်နှစ် (၂ဝ၁၂ခုနှစ်) အတွင်းမှာ ကလပ်နဲ့ နိုင်ငံအတွက် ဂိုးအများဆုံးသွင်းထားတဲ့ ဂင်းနစ်စံချိန်တင်ကစားသမား (၉၁ ဂိုး) ၊ ပြက္ခဒိန်နှစ် (၂ဝ၁၂ခုနှစ်) အတွင်းမှာ ကလပ်အတွက် ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမား (၇၉ ဂိုး) ၊ ကလပ်အတွက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမား (၇၃ ဂိုး) ၊ ဥရောပရွှေဖိနပ်ဆု အကြိမ်အများဆုံးရရှိထားသူ (၅ ကြိမ်) ၊ ချန်ပီယံလိဂ်မှာ ဟက်ထရစ်အများဆုံး ကစားသမား (၈ ကြိမ်) ၊ လာလီဂါ အကောင်းဆုံးကစားသမားဆု (၆ ကြိမ်) ၊ လာလီဂါသမိုင်းမှာ ဂိုးအများဆုံးကစားသမား (၃၉၂ ဂိုး) စတဲ့ စံချိန်ကောင်းတွေ ပိုင်ဆိုင်ဖူးသူပါ။

“Cristiano Ronaldo နဲ့ Lionel Messi ဘယ်သူပိုကောင်းလဲ” ဆိုတဲ့ မေးခွန်းဟာ အဖြေခက်တဲ့ ပုစ္ဆာလိုပါပဲ။ ဖြေဆိုသူရဲ့ စိတ်ခံစားချက်ပေါ်မှာ မူတည်ပြီး အဓိပ္ပာယ်ပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ မျက်မှောက်ခေတ်ရဲ့ ဘောလုံးလောကကို လွှမ်းမိုးထားနိုင်သူတွေဆိုတာတော့ ငြင်းလို့မရပါဘူး။ စာဖတ်သူတွေကရော ဘယ်သူက ပိုကောင်းတယ်လို့ ထင်လဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com