[Zawgyi]

အက္သလက္တီကုိနဲ႔ ရီးယဲလ္ႏွစ္သင္းစလုံးမွာ ကစားခဲ့ဖူးတဲ့ ကစားသမားမ်ား

စပိန္ေဘာလုံးေလာကမွာ El Clasico ၿပီးရင္ ၿပိဳင္ဆုိင္မႈအျပင္းထန္ဆုံးက ရီးယဲလ္နဲ႔ အက္သလက္တီကုိ တို႔ရဲ႕ မက္ဒရစ္ဒါဘီပဲြပါ။ ႏွစ္သင္းစလုံးက ကြင္းတြင္းကြင္းျပင္မွာ တစ္သင္းကုိ တစ္သင္း ႏွာတစ္ဖ်ားသာေအာင္ ႀကိဳးစားေနၾကတာျဖစ္ၿပီး အဲဒီၿပိဳင္ဆုိင္မႈရဲ႕ အက်ိဳးဆက္က ဒီႏွစ္သင္းမွာ ကစားတဲ့ ကစားသမားေတြအေပၚမွာလည္း ႐ုိက္ခတ္မႈရွိေနတာျဖစ္ပါတယ္။ ရီးယဲလ္ကေန အက္သလက္တီကုိကုိ ေျပာင္းတဲ့ ကစားသမားဆုိရင္ အက္သလက္တီကုိ ပရိသတ္ေတြက ရန္သူတစ္ေယာက္လုိ သေဘာထားၿပီး ရီးယဲလ္ပရိသတ္ေတြကလည္း အဲဒီအတိုင္းပါပဲ။

courtois

courtois

အခု အက္သလက္တီကုိအသင္းရဲ႕ ဂုိးသမားေဟာင္း ေကာ္တုိအာ Courtois ရီးယဲလ္အသင္းကုိ ေရာက္ရွိခ်ိန္မွာေတာ့ အက္သလက္တီကုိ ပရိသတ္ေတြက ေကာ္တိုအာကုိ ေဒါသေပါက္ကဲြေနၾကပါၿပီ။ ဒါေပမဲ့လည္း ေဘာလုံးေလာကမွာ ဒီလုိျဖစ္ရပ္ေတြက သိပ္ေတာ့ မဆန္းပါဘူး။ အရင္တုန္းကဆုိရင္လည္း မက္ဒရစ္ၿမိဳ႕ခံႏွစ္သင္းမွာ ကစားခဲ့ဖူးတ့ဲ နာမည္ေက်ာ္ကစားသမားေတြက အဲဒီလုိ ေလွာင္ေျပာင္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရတာပါပဲ။ ဒါေၾကာင့္ မက္ဒရစ္ၿမိဳ႕ခံႏွစ္သင္းစလုံးမွာ ကစားခဲ့ဖူးတဲ့သူေတြထဲက ပရိသတ္နဲ႔ ရင္းႏွီးၿပီးသား ကစားသမားေတြကုိ အမွတ္ရႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္ . . .

လူး၀စ္အာရာဂုိးနက္စ္ Luis Aragonés

Luis-Aragonés

Luis-Aragonés

စပိန္အသင္းအတြက္ ယူ႐ုိ-၂၀၀၈ ဆုဖလားရယူခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ ကြယ္လြန္ခဲ့တဲ့ ဂႏၳ၀င္နည္းျပႀကီး အာရာဂုိးနက္စ္ကုိ ပရိသတ္ေတြ မွတ္မိဦးမွာပါ။ သူဟာ ေဘာလုံးသမားဘ၀တုန္းက ရီးယဲလ္အသင္းမွာ ၁၉၅၈ ကေန ၁၉၆၀ အထိကစားခဲ့ေပမယ့္ Official တစ္ပဲြမွ ကစားခြင့္မရခဲ့ဘဲ ၁၉၆၄ ခုႏွစ္မွာ အက္သလက္တီကုိ အသင္းဆီ ေျပာင္းေရႊ႕ခဲ့တယ္။ အက္သလက္တီကုိအသင္းမွာ (၁၀)ႏွစ္ၾကာကစားခဲ့ၿပီး ဂႏၳ၀င္ကစားသမားအျဖစ္လည္း မွတ္တမ္း၀င္ခဲ့သူျဖစ္ပါတယ္။

ဘန္႐ွဴးစတား Bernd Schuster

Bernd-Schuster

Bernd-Schuster

ရီးယဲလ္အသင္းကေန အက္သလက္တီကုိအသင္းဆီ တိုက္႐ုိက္ေျပာင္းေရႊ႕ခဲ့တဲ့ ကစားသမားေတြထဲမွာ ဘန္႐ွဴးစတားလည္း တစ္ဦးအပါအ၀င္ပါ။ ရီးယဲလ္အသင္းမွာ ၁၉၈၈ ကေန ၁၉၉၀၊ အက္သလက္တီကုိအသင္းမွာ ၁၉၉၀ ကေန ၁၉၉၃ အထိ ကစားခဲ့ၿပီး ထုိက္သင့္တဲ့ေအာင္ျမင္မႈေတြ ရယူႏုိင္ခဲ့တယ္။

ဟူဂုိဆန္းခ်က္ဇ္ Hugo Sánchez

Hugo-Sánchez

Hugo-Sánchez

မကၠဆီကုိ ဂႏၳ၀င္တိုက္စစ္မွဴးႀကီး ဟူဂုိးဆန္းခ်က္ဇ္ကေတာ့ အက္သလက္တီကုိအသင္းကေန ရီးယဲလ္အသင္းကုိ တိုက္႐ုိက္ေျပာင္းေရႊ႕ခဲ့တာပါ။ ဟူဂုိဆန္းခ်က္ဇ္ဟာ အက္သလက္တီကုိအသင္းမွာ ၁၉၈၁ ကေန ၁၉၈၅ ခုႏွစ္အထိ ကစားခဲ့သလုိ ရီးယဲလ္အသင္းအတြက္ ၁၉၈၅ ကေန ၁၉၉၂ ခုႏွစ္အထိကစားခဲ့ၿပီး ႏွစ္သင္းစလုံးမွာ ေအာင္ျမင္မႈရယူႏုိင္ခဲ့တယ္။

ရာအူးလ္ Raúl

Raul

Raul

ရီးယဲလ္အသင္းရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴးႀကီး ရာအူးလ္ကလည္း သူတို႔ရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္အသင္း လူငယ္အကယ္ဒမီကေန ထြက္ေပၚခဲ့တဲ့ ကစားသမားတစ္ဦးပါပဲ။ ၁၉၉၂ မွာ ရီးယဲလ္အသင္းအကယ္ဒမီကုိ ေရာက္ရွိခဲ့ၿပီး အဲဒီကေန စီနီယာကစားသမားျဖစ္လာခဲ့တာပါ။

ရီးယက္စ္ José Antonio Reyes

José-Antonio-Reyes

José-Antonio-Reyes

ရီးယက္စ္က ၂၀၀၆-၀၇ ရာသီမွာ အာဆင္နယ္ကေန ရီးယဲလ္အသင္းကုိ အငွားနဲ႔ ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး အဲဒီရာသီကုန္မွာပဲ အက္သလက္တီကုိအသင္းဆီ ေရာက္ခဲ့တာပါ။ အက္သလက္တီကုိ ကစားသမားဘ၀ (၄)ႏွစ္တာကာလအတြင္း ယူ႐ုိပါလိဂ္(၂)ႀကိမ္အပါအ၀င္ ဆုဖလား(၄)ခုအထိ ရယူႏုိင္ခဲ့တယ္။

မုိရာတာ Morata

Morata

Morata

မုိရာတာကလည္း ရာအူးလ္လုိပါပဲ။ အက္သလက္တီကုိ အကယ္ဒမီမွာ ၂၀၀၅ ကေန ၂၀၀၇ ခုႏွစ္အထိကစားခဲ့ၿပီး ၂၀၀၈ ခုႏွစ္မွာ ရီးယဲလ္အကယ္ဒမီကုိ ေရာက္ရွိခဲ့တယ္။ မုိရာတာရဲ႕ ရီးယဲလ္ကစားသမားဘ၀က မတည္ၿငိမ္ခဲ့ဘူး။ စီနီယာအသင္းမွာ ၂၀၁၀ က ၂၀၁၄ ၊ ၿပီးေတာ့ ဂ်ဴဗင္တပ္စ္၊ ၂၀၁၆ မွာ ရီးယဲလ္ဆီ ျပန္ေရာက္၊ တစ္ရာသီအၾကာမွာပဲ ခ်ယ္လ္ဆီးကုိ ေရာက္ရွိခဲ့သူျဖစ္ပါတယ္။

ဒီကစားသမားေတြက မက္ဒရစ္ၿမိဳ႕ခံႏွစ္သငး္စလုံးမွာ ကစားခဲ့တဲ့ ကစားသမားေတြထဲက နာမည္ေက်ာ္ေတြကုိ ေရြးထုတ္ထားတာျဖစ္ပါတယ္။ ပရိသတ္ေတြလည္း ကုိယ္သိတဲ့ ကစားသမားနာမည္ေတြကုိ ေျပာခဲ့ေပးပါလား . . . . .

REF:squawka,.uefa
Photo:Managing Madrid,squawka,Mirror
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အက်သလက်တီကိုနဲ့ ရီးယဲလ်နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ကစားသမားများ

စပိန်ဘောလုံးလောကမှာ El Clasico ပြီးရင် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးက ရီးယဲလ်နဲ့ အက်သလက်တီကို တို့ရဲ့ မက်ဒရစ်ဒါဘီပွဲပါ။ နှစ်သင်းစလုံးက ကွင်းတွင်းကွင်းပြင်မှာ တစ်သင်းကို တစ်သင်း နှာတစ်ဖျားသာအောင် ကြိုးစားနေကြတာဖြစ်ပြီး အဲဒီပြိုင်ဆိုင်မှုရဲ့ အကျိုးဆက်က ဒီနှစ်သင်းမှာ ကစားတဲ့ ကစားသမားတွေအပေါ်မှာလည်း ရိုက်ခတ်မှုရှိနေတာဖြစ်ပါတယ်။ ရီးယဲလ်ကနေ အက်သလက်တီကိုကို ပြောင်းတဲ့ ကစားသမားဆိုရင် အက်သလက်တီကို ပရိသတ်တွေက ရန်သူတစ်ယောက်လို သဘောထားပြီး ရီးယဲလ်ပရိသတ်တွေကလည်း အဲဒီအတိုင်းပါပဲ။

courtois

courtois

အခု အက်သလက်တီကိုအသင်းရဲ့ ဂိုးသမားဟောင်း ကော်တိုအာ Courtois ရီးယဲလ်အသင်းကို ရောက်ရှိချိန်မှာတော့ အက်သလက်တီကို ပရိသတ်တွေက ကော်တိုအာကို ဒေါသပေါက်ကွဲနေကြပါပြီ။ ဒါပေမဲ့လည်း ဘောလုံးလောကမှာ ဒီလိုဖြစ်ရပ်တွေက သိပ်တော့ မဆန်းပါဘူး။ အရင်တုန်းကဆိုရင်လည်း မက်ဒရစ်မြို့ခံနှစ်သင်းမှာ ကစားခဲ့ဖူးတဲ့ နာမည်ကျော်ကစားသမားတွေက အဲဒီလို လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါပဲ။ ဒါကြောင့် မက်ဒရစ်မြို့ခံနှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့သူတွေထဲက ပရိသတ်နဲ့ ရင်းနှီးပြီးသား ကစားသမားတွေကို အမှတ်ရနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် . . .

လူးဝစ်အာရာဂိုးနက်စ် Luis Aragonés

Luis-Aragonés

Luis-Aragonés

စပိန်အသင်းအတွက် ယူရို-၂၀၀၈ ဆုဖလားရယူခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဂန္ထဝင်နည်းပြကြီး အာရာဂိုးနက်စ်ကို ပရိသတ်တွေ မှတ်မိဦးမှာပါ။ သူဟာ ဘောလုံးသမားဘဝတုန်းက ရီးယဲလ်အသင်းမှာ ၁၉၅၈ ကနေ ၁၉၆၀ အထိကစားခဲ့ပေမယ့် Official တစ်ပွဲမှ ကစားခွင့်မရခဲ့ဘဲ ၁၉၆၄ ခုနှစ်မှာ အက်သလက်တီကို အသင်းဆီ ပြောင်းရွှေ့ခဲ့တယ်။ အက်သလက်တီကိုအသင်းမှာ (၁၀)နှစ်ကြာကစားခဲ့ပြီး ဂန္ထဝင်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။

ဘန်ရှူးစတား Bernd Schuster

Bernd-Schuster

Bernd-Schuster

ရီးယဲလ်အသင်းကနေ အက်သလက်တီကိုအသင်းဆီ တိုက်ရိုက်ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတွေထဲမှာ ဘန်ရှူးစတားလည်း တစ်ဦးအပါအဝင်ပါ။ ရီးယဲလ်အသင်းမှာ ၁၉၈၈ ကနေ ၁၉၉၀၊ အက်သလက်တီကိုအသင်းမှာ ၁၉၉၀ ကနေ ၁၉၉၃ အထိ ကစားခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်။

ဟူဂိုဆန်းချက်ဇ် Hugo Sánchez

Hugo-Sánchez

Hugo-Sánchez

မက္ကဆီကို ဂန္ထဝင်တိုက်စစ်မှူးကြီး ဟူဂိုးဆန်းချက်ဇ်ကတော့ အက်သလက်တီကိုအသင်းကနေ ရီးယဲလ်အသင်းကို တိုက်ရိုက်ပြောင်းရွှေ့ခဲ့တာပါ။ ဟူဂိုဆန်းချက်ဇ်ဟာ အက်သလက်တီကိုအသင်းမှာ ၁၉၈၁ ကနေ ၁၉၈၅ ခုနှစ်အထိ ကစားခဲ့သလို ရီးယဲလ်အသင်းအတွက် ၁၉၈၅ ကနေ ၁၉၉၂ ခုနှစ်အထိကစားခဲ့ပြီး နှစ်သင်းစလုံးမှာ အောင်မြင်မှုရယူနိုင်ခဲ့တယ်။

ရာအူးလ် Raúl

Raul

Raul

ရီးယဲလ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး ရာအူးလ်ကလည်း သူတို့ရဲ့မြို့ခံပြိုင်ဘက်အသင်း လူငယ်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားတစ်ဦးပါပဲ။ ၁၉၉၂ မှာ ရီးယဲလ်အသင်းအကယ်ဒမီကို ရောက်ရှိခဲ့ပြီး အဲဒီကနေ စီနီယာကစားသမားဖြစ်လာခဲ့တာပါ။

ရီးယက်စ် José Antonio Reyes

José-Antonio-Reyes

José-Antonio-Reyes

ရီးယက်စ်က ၂၀၀၆-၀၇ ရာသီမှာ အာဆင်နယ်ကနေ ရီးယဲလ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီရာသီကုန်မှာပဲ အက်သလက်တီကိုအသင်းဆီ ရောက်ခဲ့တာပါ။ အက်သလက်တီကို ကစားသမားဘ၀ (၄)နှစ်တာကာလအတွင်း ယူရိုပါလိဂ်(၂)ကြိမ်အပါအဝင် ဆုဖလား(၄)ခုအထိ ရယူနိုင်ခဲ့တယ်။

မိုရာတာ Morata

Morata

Morata

မိုရာတာကလည်း ရာအူးလ်လိုပါပဲ။ အက်သလက်တီကို အကယ်ဒမီမှာ ၂၀၀၅ ကနေ ၂၀၀၇ ခုနှစ်အထိကစားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ရီးယဲလ်အကယ်ဒမီကို ရောက်ရှိခဲ့တယ်။ မိုရာတာရဲ့ ရီးယဲလ်ကစားသမားဘဝက မတည်ငြိမ်ခဲ့ဘူး။ စီနီယာအသင်းမှာ ၂၀၁၀ က ၂၀၁၄ ၊ ပြီးတော့ ဂျူဗင်တပ်စ်၊ ၂၀၁၆ မှာ ရီးယဲလ်ဆီ ပြန်ရောက်၊ တစ်ရာသီအကြာမှာပဲ ချယ်လ်ဆီးကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။

ဒီကစားသမားတွေက မက်ဒရစ်မြို့ခံနှစ်သင်းစလုံးမှာ ကစားခဲ့တဲ့ ကစားသမားတွေထဲက နာမည်ကျော်တွေကို ရွေးထုတ်ထားတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကိုယ်သိတဲ့ ကစားသမားနာမည်တွေကို ပြောခဲ့ပေးပါလား . . . . .

REF:squawka,.uefa
Photo:Managing Madrid,squawka,Mirror
Naing Linn(Akhayar)
www.akhayar.com