[Zawgyi]

ဒါရိုက္တာခရစ္စတီးနားခီ ကိုမ်က္ရည္က်ေအာင္ဘယ္သူလုပ္လိုက္တာလဲ

အြန္လိုင္းမွာ ဥပါယ္တံမ်ဥ္ဇာတ္ကားပ်ံ ႔ေနတာနဲ႔ပတ္သက္လို႔ ဒါရိုက္တာခရစ္စတီးနားခီ နဲ႔ ဇဏ္ခီ တို႔ က သူတို႔ရဲ ႔ အျမင္ေတြကိုေဖာ္ျပထားၿပီး   အနုပညာသမားတစ္ေယာက္အေနနဲ႔ မ်က္ရည္ေတာင္က်ရတယ္ဆိုတာကိုလည္း ဒါရိုက္တာျဖစ္သူကေျပာထားတာေတြ႔ရပါတယ္။

“Share က် download ဆဲြၾကတာဟာ အႏုပညာသမားတေယာက္ကို သတ္တာမဟုတ္ဘူး…အႏုပညာကိုသတ္တာဆိုတာသိရင္ေၾကနပ္ပါၿပီ။
အႏုပညာသမားဟာ ဘယ္လိုနည္းနဲ႕ ပရိတ္သတ္က ၾကည့္ၾကည့္ သူ႕ပရိတ္သတ္တိုးမွာမို႕ေပ်ာ္တာေပါ့…
ျဖစ္ႏိုင္ရင္တႏိုင္ငံလံုးကို ျပခ်င္တဲ့သူ(ရံုတိုင္းျပခ်င္ေပမယ့္မျပရတဲ့အတြက္)ဆိုေတာ့ပိုလို႕ေတာင္
ၾကည့္ေစခ်င္ပါေသးတယ္…
ဒါေပမယ့္ က်မမ်က္ရည္က်ရျပန္တယ္”… လို႔ ခရစ္စတီးနားခီ က သူမရဲ ႔ လူမႈကြန္ရက္မွာေဖာ္ျပထားတာျဖစ္ပါတယ္။

“ဥပါယ္တံမ်ဥ္ ဇာတ္ကား HD (အၾကည္) လိုင္းေပၚမွာပ်ံ႕ေနပါၿပီ။ ေစ်းတစ္ခ်ိဳ႕မွာလဲ အေခြအေနနဲ႔ေတာင္ေရာင္းေနၾကၿပီလို႔လဲ ၾကားရပါတယ္။ ခ်စ္ခင္ေလးစားရေသာမိတ္ေဆြမ်ား ေျပာင္းလဲမႈကိုတကယ္လိုလားရင္ မရွယ္ၾကပါနဲ႔။ မၾကည့္ၾကပါနဲ႔။
က်ေနာ္တို႔အေနနဲ႔ေတာ့ လုပ္စရာရွိတာဆက္လုပ္သြားမွာပါ။ ဥပေဒ တစ္ခု အစစ္အမွန္ေပၚလာဖို႔ အေၾကာင္းေတြ ဖန္တီးလာၿပီထင္တယ္။” မင္းသားဇဏ္ခီကလည္း သူ႔ရဲ ႔လူမႈကြန္ရက္ေပၚမွာအခုလိုေရးထားတာျဖစ္ပါတယ္။

Photo Credit: ဥပါယ္တံမ်ဥ္Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

ဒါရိုက်တာခရစ်စတီးနားခီ ကိုမျက်ရည်ကျအောင်ဘယ်သူလုပ်လိုက်တာလဲ

အွန်လိုင်းမှာ ဥပါယ်တံမျဉ်ဇာတ်ကားပျံ့နေတာနဲ့ပတ်သက်လို့ ဒါရိုက်တာခရစ်စတီးနားခီ နဲ့ ဇဏ်ခီ တို့ က သူတို့ရဲ့ အမြင်တွေကိုဖော်ပြထားပြီး အနုပညာသမားတစ်ယောက်အနေနဲ့ မျက်ရည်တောင်ကျရတယ်ဆိုတာကိုလည်း ဒါရိုက်တာဖြစ်သူကပြောထားတာတွေ့ရပါတယ်။

“Share ကျ download ဆွဲကြတာဟာ အနုပညာသမားတယောက်ကို သတ်တာမဟုတ်ဘူး…အနုပညာကိုသတ်တာဆိုတာသိရင်ကြေနပ်ပါပြီ။
အနုပညာသမားဟာ ဘယ်လိုနည်းနဲ့ ပရိတ်သတ်က ကြည့်ကြည့် သူ့ပရိတ်သတ်တိုးမှာမို့ပျော်တာပေါ့…
ဖြစ်နိုင်ရင်တနိုင်ငံလုံးကို ပြချင်တဲ့သူ(ရုံတိုင်းပြချင်ပေမယ့်မပြရတဲ့အတွက်)ဆိုတော့ပိုလို့တောင်
ကြည့်စေချင်ပါသေးတယ်…
ဒါပေမယ့် ကျမမျက်ရည်ကျရပြန်တယ်”… လို့ ခရစ်စတီးနားခီ က သူမရဲ့ လူမှုကွန်ရက်မှာဖော်ပြထားတာဖြစ်ပါတယ်။

“ဥပါယ်တံမျဉ် ဇာတ်ကား HD (အကြည်) လိုင်းပေါ်မှာပျံ့နေပါပြီ။ ဈေးတစ်ချို့မှာလဲ အခွေအနေနဲ့တောင်ရောင်းနေကြပြီလို့လဲ ကြားရပါတယ်။ ချစ်ခင်လေးစားရသောမိတ်ဆွေများ ပြောင်းလဲမှုကိုတကယ်လိုလားရင် မရှယ်ကြပါနဲ့။ မကြည့်ကြပါနဲ့။
ကျနော်တို့အနေနဲ့တော့ လုပ်စရာရှိတာဆက်လုပ်သွားမှာပါ။ ဥပဒေ တစ်ခု အစစ်အမှန်ပေါ်လာဖို့ အကြောင်းတွေ ဖန်တီးလာပြီထင်တယ်။” မင်းသားဇဏ်ခီကလည်း သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာအခုလိုရေးထားတာဖြစ်ပါတယ်။

Photo Credit: ဥပါယ်တံမျဉ်Facebook Page

ကြည်သာ (Akhayar)

www.akhayar.com