[Zawgyi]

ခ်န္ပီယံလိဂ္ အုပ္စုက်ပ္ထဲက်ေရာက္ဖုိ႔ရွိေနတဲ့ မန္ယူ

ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့ မန္ယူအသင္းဟာ ၂၀၁၈-၁၉ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြ အုပ္စုက်ပ္ (Group Of Death)ထဲ က်မယ့္အေနအထား ရွိေနလုိ႔ ေမာ္ရင္ဟုိ Mourinho အတြက္ ‘ေျမြပူရာ ကင္းေမွာက္’ ဆုိသလုိျဖစ္ေနပါၿပီ။ ၂၀၁၈-၁၉ ရာသီ ခ်န္ပီယံလိဂ္ မဲခဲြပဲြအခမ္းအနားကုိ ဒီေန႔(ၾကာသပေတး) ျမန္မာစံေတာ္ခ်ိန္ ည(၁၀း၃၀)က်ရင္ မုိနာကုိမွာရွိတဲ့ Grimaldi Forum မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ မန္ယူအသင္းဟာ လာလီဂါထိပ္သီး အသင္းေတြျဖစ္တဲ့ ရီးယဲလ္ (ဒါမွမဟုတ္) ဘာစီလုိနာ၊ မိုနာကုိ၊ အင္တာမီလန္တို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္မယ့္အေနအထား ရွိေနတာပါ။

Manchester-united-Players1

Manchester-united-Players

မန္ယူအသင္းဟာ မဲအုိး(၂)မွာ ပါ၀င္ေနၿပီး မဲအုိး(၁)ကအသင္းေတြျဖစ္တဲ့ ရီးယဲလ္၊ ဘာစီလုိနာ၊ အက္သလက္တီကုိ၊ ဘုိင္ယန္၊ ဂ်ဴဗင္တပ္စ္၊ PSG ၊ လုိကုိမုိးတစ္ေမာ္စကုိတို႔ထဲက အသင္းေတြနဲ႔ ဆုံေတြ႕ရမယ့္ အေနအထားပါပဲ။ မဲအုိး(၁)ထဲမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္း ပါ၀င္ေပမယ့္ ႏုိင္ငံတူအသင္းေတြ တစ္အုပ္စုတည္း မက်ဖုိ႔ UEFA က သတ္မွတ္ထားတာလုိ႔ မန္ခ်က္စတာႏွစ္သင္း ဆုံေတြ႕စရာ မရွိပါဘူး။ ဒါေပမဲ့ မန္ယူသာမကဘဲ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ မန္စီးတီး၊ လီဗာပူးလ္၊ စပါးအသင္းတို႔ အားလုံး မထင္မွတ္ဘဲနဲ႔ အုပ္စုက်ပ္ထဲ ေရာက္ဖုိ႔ရွိေနပါတယ္။ ပရီးမီးယားလိဂ္ကလပ္ေတြ ရင္ဆုိင္ရႏုိင္တဲ့ ခ်န္ပီယံလိဂ္အုပ္စု အေနအထားနဲ႔ပတ္သက္ၿပီး ၿဗိတိန္နာမည္ေက်ာ္ သတင္းစာ Daily Mail က အခုလုိပဲ သုံးသပ္ေဖာ္ျပခဲ့တယ္ . . .

UEFA-Champions-League-group-stage-draw

UEFA-Champions-League-group-stage-draw

မန္စီးတီး
အုပ္စုေခ်ာင္ – ေပၚတုိ၊ CSKA ေမာ္စကုိ ၊ AEK ေအသင္
အုပ္စုက်ပ္ – ေဒ့ါမြန္၊ ဗလင္စီယာ၊ အင္တာမီလန္

မန္ယူ
အုပ္စုေခ်ာင္ – လုိကုိမုိးတစ္ေမာ္စကုိ၊ ေအဂ်က္စ္၊ AEK ေအသင္
အုပ္စုက်ပ္ – ရီးယဲလ္၊ ေရွာ္လ္ေကး၊ အင္တာမီလန္

စပါး
အုပ္စုေခ်ာင္ – လုိကုိမုိးတစ္ေမာ္စကုိ၊ ေအဂ်က္စ္၊ AEK ေအသင္
အုပ္စုက်ပ္ – ရီးယဲလ္၊ မုိနာကုိ၊ အင္တာမီလန္

လီဗာပူးလ္
အုပ္စုေခ်ာင္ – လုိကုိမုိးတစ္ေမာ္စကုိ၊ ေပၚတုိ၊ AEK ေအသင္
အုပ္စုက်ပ္ – ရီးယဲလ္၊ ေဒါ့မြန္၊ အင္တာမီလန္

Champions-League-Group-Drawing

Champions-League-Group-Drawing

ခ်န္ပီယံလိဂ္ မဲခဲြပုံကုိလည္း ပရိသတ္ေတြ ျပန္ၿပီး အမွတ္ရႏုိင္ေအာင္ ေဖာ္ျပေပးခ်င္ပါတယ္။ အသင္း(၃၂)သင္းကုိ အုပ္စု(၈)အုပ္စုခဲြ၊ အသင္းေတြကုိ အဆင့္လုိက္ မဲအုိး(၄)အုိးထဲမွာ ထည့္သြင္းၿပီး Random မဲႏႈိက္တာပါ။ ဒါေပမဲ့ တစ္ႏုိင္ငံတည္းအသင္းအခ်င္းခ်င္း အုပ္စုတြင္းမွာ မက်ဖုိ႔ UEFA က သတ္မွတ္ထားပါတယ္။ မဲအုိး (၁)မွာ ခ်န္ပီယံလိဂ္ ခ်န္ပီယံ၊ ယူ႐ုိပါလိဂ္ခ်န္ပီယံအသင္းတို႔ကုိ ထည့္သြင္းၿပီး က်န္တဲ့အသင္းေတြက ဥေရာပထိပ္သီးလိဂ္(၆)ခုက အမွတ္ေပးခ်န္ပီယံအသင္းေတြ ျဖစ္ပါတယ္။ မဲအုိး(၂၊ ၃၊ ၄) မွာေတာ့ အသင္း(၂၄)သင္းကုိ ၿပီးခဲ့တဲ့ရာသီတုန္းက လိဂ္ၿပိဳင္ပြဲရပ္တည္မႈအလုိက္ UEFA က Seeding သတ္မွတ္ၿပီး အဆင့္သတ္မွတ္ေပးတာျဖစ္ပါတယ္။ ကဲ .. ပရိသတ္ႀကီးေရ .. ၂၀၁၇-၁၈ ရာသီ ခ်န္ပီယံလိဂ္မဲခဲြပဲြက ဒီေန႔ ညမွာ ျပဳလုပ္ေတာ့မွာပါ၊ ဘယ္အသင္းေတြ ဘယ္လုိအုပ္စုထဲ က်ေရာက္မလဲဆုိတာ ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္လုိက္ရေအာင္လား . . . .

REF:Daily Mail,The Sun
Photo:Goal.com,Evening Standard,EPA
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ် အုပ်စုကျပ်ထဲကျရောက်ဖို့ရှိနေတဲ့ မန်ယူ

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ မန်ယူအသင်းဟာ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုကျပ် (Group Of Death)ထဲ ကျမယ့်အနေအထား ရှိနေလို့ မော်ရင်ဟို Mourinho အတွက် ‘မြွေပူရာ ကင်းမှောက်’ ဆိုသလိုဖြစ်နေပါပြီ။ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ် မဲခွဲပွဲအခမ်းအနားကို ဒီနေ့(ကြာသပတေး) မြန်မာစံတော်ချိန် ည(၁၀း၃၀)ကျရင် မိုနာကိုမှာရှိတဲ့ Grimaldi Forum မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ လာလီဂါထိပ်သီး အသင်းတွေဖြစ်တဲ့ ရီးယဲလ် (ဒါမှမဟုတ်) ဘာစီလိုနာ၊ မိုနာကို၊ အင်တာမီလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်မယ့်အနေအထား ရှိနေတာပါ။

Manchester-united-Players1

Manchester-united-Players

မန်ယူအသင်းဟာ မဲအိုး(၂)မှာ ပါဝင်နေပြီး မဲအိုး(၁)ကအသင်းတွေဖြစ်တဲ့ ရီးယဲလ်၊ ဘာစီလိုနာ၊ အက်သလက်တီကို၊ ဘိုင်ယန်၊ ဂျူဗင်တပ်စ်၊ PSG ၊ လိုကိုမိုးတစ်မော်စကိုတို့ထဲက အသင်းတွေနဲ့ ဆုံတွေ့ရမယ့် အနေအထားပါပဲ။ မဲအိုး(၁)ထဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်း ပါဝင်ပေမယ့် နိုင်ငံတူအသင်းတွေ တစ်အုပ်စုတည်း မကျဖို့ UEFA က သတ်မှတ်ထားတာလို့ မန်ချက်စတာနှစ်သင်း ဆုံတွေ့စရာ မရှိပါဘူး။ ဒါပေမဲ့ မန်ယူသာမကဘဲ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်၊ စပါးအသင်းတို့ အားလုံး မထင်မှတ်ဘဲနဲ့ အုပ်စုကျပ်ထဲ ရောက်ဖို့ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေ ရင်ဆိုင်ရနိုင်တဲ့ ချန်ပီယံလိဂ်အုပ်စု အနေအထားနဲ့ပတ်သက်ပြီး ဗြိတိန်နာမည်ကျော် သတင်းစာ Daily Mail က အခုလိုပဲ သုံးသပ်ဖော်ပြခဲ့တယ် . . .

UEFA-Champions-League-group-stage-draw

UEFA-Champions-League-group-stage-draw

မန်စီးတီး
အုပ်စုချောင် – ပေါ်တို၊ CSKA မော်စကို ၊ AEK အေသင်
အုပ်စုကျပ် – ဒေ့ါမွန်၊ ဗလင်စီယာ၊ အင်တာမီလန်

မန်ယူ
အုပ်စုချောင် – လိုကိုမိုးတစ်မော်စကို၊ အေဂျက်စ်၊ AEK အေသင်
အုပ်စုကျပ် – ရီးယဲလ်၊ ရှော်လ်ကေး၊ အင်တာမီလန်

စပါး
အုပ်စုချောင် – လိုကိုမိုးတစ်မော်စကို၊ အေဂျက်စ်၊ AEK အေသင်
အုပ်စုကျပ် – ရီးယဲလ်၊ မိုနာကို၊ အင်တာမီလန်

လီဗာပူးလ်
အုပ်စုချောင် – လိုကိုမိုးတစ်မော်စကို၊ ပေါ်တို၊ AEK အေသင်
အုပ်စုကျပ် – ရီးယဲလ်၊ ဒေါ့မွန်၊ အင်တာမီလန်

Champions-League-Group-Drawing

Champions-League-Group-Drawing

ချန်ပီယံလိဂ် မဲခွဲပုံကိုလည်း ပရိသတ်တွေ ပြန်ပြီး အမှတ်ရနိုင်အောင် ဖော်ပြပေးချင်ပါတယ်။ အသင်း(၃၂)သင်းကို အုပ်စု(၈)အုပ်စုခွဲ၊ အသင်းတွေကို အဆင့်လိုက် မဲအိုး(၄)အိုးထဲမှာ ထည့်သွင်းပြီး Random မဲနှိုက်တာပါ။ ဒါပေမဲ့ တစ်နိုင်ငံတည်းအသင်းအချင်းချင်း အုပ်စုတွင်းမှာ မကျဖို့ UEFA က သတ်မှတ်ထားပါတယ်။ မဲအိုး (၁)မှာ ချန်ပီယံလိဂ် ချန်ပီယံ၊ ယူရိုပါလိဂ်ချန်ပီယံအသင်းတို့ကို ထည့်သွင်းပြီး ကျန်တဲ့အသင်းတွေက ဥရောပထိပ်သီးလိဂ်(၆)ခုက အမှတ်ပေးချန်ပီယံအသင်းတွေ ဖြစ်ပါတယ်။ မဲအိုး(၂၊ ၃၊ ၄) မှာတော့ အသင်း(၂၄)သင်းကို ပြီးခဲ့တဲ့ရာသီတုန်းက လိဂ်ပြိုင်ပွဲရပ်တည်မှုအလိုက် UEFA က Seeding သတ်မှတ်ပြီး အဆင့်သတ်မှတ်ပေးတာဖြစ်ပါတယ်။ ကဲ .. ပရိသတ်ကြီးရေ .. ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်မဲခွဲပွဲက ဒီနေ့ ညမှာ ပြုလုပ်တော့မှာပါ၊ ဘယ်အသင်းတွေ ဘယ်လိုအုပ်စုထဲ ကျရောက်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ရအောင်လား . . . .

REF:Daily Mail,The Sun
Photo:Goal.com,Evening Standard,EPA
Naing Linn(Akhayar)
www.akhayar.com