[Zawgyi]

Diana ကုိ ဘယ္သူလုပ္ၾကံခဲ့တာလဲ ေသြးရုိးသားရုိး ကြယ္လြန္တာလား

Diana Frances Spencer ကုိ ၁၉၆၁ခုႏွစ္ ဇူလုိင္လ (၁)ရက္ေန႔မွာ အဂၤလန္မင္းမ်ိဳးအႏြယ္ဝင္ေတြ ပုိင္ဆုိင္တဲ့ Sandringham House မွာ ေမြးဖြားခဲ့ပါတယ္။ မိဘႏွစ္ပါးကေတာ့ John Spencer နဲ႔ Frances Ruth Roche တုိ႔ပဲျဖစ္ပါတယ္။ သူမ (၇) ႏွစ္အရြယ္မွာပဲ မိဘႏွစ္ပါးဟာ တရားဝင္ကြာရွင္းခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူမရဲ႕ငယ္ဘဝဟာ ပန္းခင္းလမ္းကုိ ေလ်ွာက္ခဲ့တယ္လုိ႔ မဆုိႏုိင္ပါဘူး။

Diana ဟာ Silfield Private School ၊ Riddlesworth Hall School နဲ႔ West Heath Girls’ School ေက်ာင္းေတြမွာ ပညာသင္ခဲ့ေပမယ့္ မထြန္းေပါက္ခဲ့ပါဘူး။ ပညာေရးမွာ စိတ္ဝင္စားလွတာ မဟုတ္ဘဲ အႏုပညာဘက္မွာသာ အားစုိက္လြန္းသူပါ။ ဘဲေလးအကကုိ ဝါသနာႀကီးေပမယ့္ အရပ္အေမာင္းရွည္လြန္းတဲ့အတြက္ မလုိက္ဖက္ဘဲ ျဖစ္ခဲ့ရပါတယ္။ ဆြဲေဆာင္မႈေကာင္းတဲ့ အလွတရားနဲ႔ (၅) ေပ (၁ဝ)လက္မဆုိတဲ့ အရပ္အျမင့္ဟာ အဲဒီေခတ္တုန္းက ကုိကုိကာလသားေတြအႀကိဳက္ေပါ့။

မင္းသားႀကီး Charles နဲ႔ စေတြ႕ခဲ့တာက ၁၉၇၇ခုႏွစ္ ႏုိဝင္ဘာလထဲမွာပါ။ ဒါေပမယ့္ တကယ္တမ္းေတာ့ သူဟာ Dianaရဲ႕အမ Lady Sarah နဲ႔ ဒိတ္လုပ္တာပါ။ အမကုိ မႀကိဳက္ဘဲ ညီမကုိပဲ စိတ္ဝင္စားသြားတဲ့သေဘာပါ။

အဲဒီအခ်ိန္တုန္းက ဒုိင္ယာနာဟာ (၁၆) ႏွစ္သာရွိေသးၿပီး ႏုနယ္တဲ့အလွတရားကုိ မင္းသားႀကီး Charles သေဘာက်သြားတယ္ထင္ပါတယ္။ ပထမရည္းစား Camilla Parker Bowles နဲ႔ အဆင္မေျပခဲ့တဲ့ မင္းသားႀကီး Charles ဟာ ၁၉၈၁ခုႏွစ္ ေဖေဖာ္ဝါရီလ ၆ရက္ေန႔မွာပဲ Diana ကုိ လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။

၁၉၈၁ခုႏွစ္ ဇူလုိင္လ ၂၉ရက္ေန႔မွာေတာ့ St Paul’s Cathedral မွာ က်င္းပတဲ့ လက္ထပ္ပြဲဟာ လူစည္ကားရုံမက ရုပ္ျမင္သံၾကားမွာလည္း ၾကည့္ရႈသူ သန္း ၇၅ဝေက်ာ္ရွိခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ Diana ဟာ ေတာ္ဝင္မိသားစုဝင္ျဖစ္သြားပါၿပီ။ လက္ထပ္တဲ့အခ်ိန္မွာ Diana ဟာ အသက္(၂ဝ) သာရွိေသးၿပီး မင္းသားႀကီး Charles ကေတာ့ (၃၃) ႏွစ္ရွိေနပါၿပီ။

သာမန္လူတစ္ေယာက္အေနနဲ႔ က်င္လည္ခဲ့တဲ့ ဒုိင္ယာနာဟာ ေတာ္ဝင္မိသားစုဝင္ေတြနဲ႔ သိပ္ၿပီးေတာ့ အစီးမကပ္လွပါဘူး။ ၁၉၈၂ခုႏွစ္မွာ မင္းသား William နဲ႔ ၁၉၈၄ခုႏွစ္မွာ မင္းသား Harry ကုိ ေမြးဖြားခဲ့တယ္။ ဒါေတာင္မွ သားငယ္ဟာ မင္းသားႀကီး Charles ရဲ႕သားအရင္း မဟုတ္ဘဲ Diana ဟာ သက္ေတာ္ေစာင့္တစ္ေယာက္နဲ႔ ရခဲ့တာပါလုိ႔ သတင္းထြက္ခဲ့ပါေသးတယ္။

မင္းသားႀကီး Charles ကလည္း ငယ္ခ်စ္ဦး Camilla Parker Bowles နဲ႔ သံေယာဇဥ္မျပတ္ဘဲ တြဲသြားတြဲလာလုပ္ေနျပန္ပါတယ္။ ဒါ့ေၾကာင့္ အိမ္ေထာင္ေရးက အဆင္မေျပလွ။ ေတာ္ဝင္မိသားစုဝင္ျဖစ္လာရင္ ႏႈတ္ခမ္းနီထင္းထင္း မဆုိးရဘူး၊ လက္သည္းရွည္ မထားရဘူး၊ လက္သည္းနီ မဆုိးရဘူး၊ လူျမင္ကြင္းမွာ အလွျပင္တာ မလုပ္ရဘူး၊ ဆံပင္ပုံစံ သပ္ရပ္ရမယ္၊ အခမ္းအနားတက္ရင္ ဦးထုပ္ ေဆာင္းရမယ္၊ Long Lasting Makeup ကုိသာ လိမ္းရမယ္ . . ဆုိတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကုိလည္း လုိက္နာရပါတယ္။

Diana ဟာ ဒီအခ်က္ေတြကုိ မလုိက္နာလုိ႔ ဘုရင္မႀကီး Elizabeth II နဲ႔လည္း မတည့္လွ။ ဒါ့ေၾကာင့္ ေယာက္်ားနဲ႔လည္း အဆင္မေျပ ေယာကၡမနဲ႔လည္း မတည့္တဲ့ သူမရဲ႕အိမ္ေထာင္သက္တမ္းဟာ (၁၅) ႏွစ္သာ ၾကာခဲ့ၿပီး ၁၉၉၆ခုႏွစ္ ၾသဂုတ္လ ၂၈ရက္မွာ တရားဝင္ကြာရွင္းခဲ့ပါတယ္။ နစ္နာေၾကးအေနနဲ႔ ေပါင္ ၁၇သန္းနဲ႔ ႏွစ္စဥ္ ေဒၚလာ ၅သိန္း ေထာက္ပံ့ေၾကးရခဲ့ပါတယ္။ (၁၅) ႏွစ္ၾကာ ေနထုိင္ခဲ့တဲ့ ေတာ္ဝင္နန္းေတာ္ႀကီးကုိ ႏႈတ္ဆက္ခဲ့ၿပီ။

Diana ဟာ အိမ္ေထာင္ေရးၿပိဳကြဲၿပီးေနာက္ပုိင္း ပရဟိတဘက္ကုိ ေျခဦးလွည့္ခဲ့ပါတယ္။ HIV ၊ ကင္ဆာနဲ႔ အနာႀကီးေရာဂါသည္ေတြကုိ တက္စြမ္းသမ်ွ ကူညီေထာက္ပ့ံခဲ့တယ္။ ပရဟိတလုပ္ရင္း Mother Teresa နဲ႔လည္း ရင္းႏွီးလာခဲ့တယ္။

အမ်ားေကာင္းက်ိဳးကုိ လုပ္ေဆာင္ရင္း အီဂ်စ္ဘီလ်ံနာ Dodi Fayed နဲ႔ ခ်စ္သူျဖစ္ခဲ့တယ္။ အဲဒီအခ်ိန္တုန္းက Dodi Fayed ဟာ ပ်ိဳတုိင္းႀကိဳက္တဲ့ ႏွင္းဆီခုိင္ျဖစ္ခဲ့ၿပီး ျပင္သစ္ႏုိင္ငံမွာ ေဟာ္တယ္ေတြအမ်ားႀကီး ပုိင္ဆုိင္ထားသူပါ။

ခ်စ္သူတုိ႔ႏွစ္ေယာက္ရဲ႕ၾကည္ႏူးေနတဲ့ ပုံရိပ္ေတြကုိ သတင္းေထာက္ေတြက မီဒီယာေပၚမွာ ဖြခဲ့ၾကတယ္။ မၾကာမီအခ်ိန္အတြင္းမွာပဲ လက္ထပ္ေတာ့မယ္ဆုိတဲ့ သတင္းက ေတာ္ဝင္မိသားစုကုိ အရွက္ရေစခဲ့တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ Dodi Fayed ဟာ ခရစ္ယာန္ဘာသာဝင္ မဟုတ္ဘဲ ဘာသာျခားျဖစ္ေနလုိ႔ပါ။

၁၉၉၇ခုႏွစ္ ၾသဂုတ္လ ၃ဝရက္ေန႔မွာ Dodi Fayed န႔ဲ Diana ဟာ Hôtel Ritz Paris ဟုိတယ္မွာ ခ်ိန္းေတြ႕ၾကတယ္။ ဟုိတယ္ေရွ႕မွာ သတင္းေထာက္ေတြ ပလူပ်ံေနတဲ့အတြက္ ၾသဂုတ္လ ၃၁ ရက္ ေဒသစံေတာ္ခ်ိန္ မနက္ ၁၂နာရီ မိနစ္ ၂ဝေလာက္မွာ ဟုိတယ္ေနာက္ေပါက္ကေန သတင္းေထာက္ေတြ မျမင္ေအာင္ ထြက္ေျပးခဲ့ပါတယ္။

ကားထဲမွာ ဒရုိက္ဘာ Henri Paul ၊ ကုိယ္ရံေတာ္ Trevor Rees-Jones ၊ Dodi Fayed နဲ႔ ဒို္င္ယာနာတုိ႔ပါ။ ေနာက္ကေန တဟုန္ထုိးလုိက္လာတဲ့ သတင္းေထာက္ေတြရဲ႕ ကားကုိ လြတ္ေအာင္ေမာင္းရင္း Pont de l’Alma ဥမင္လုိဏ္ေခါင္းထဲမွာ အရွိန္မထိန္းႏုိင္ေတာ့ဘဲ အုတ္တုိင္ေတြကုိ တုိက္ခဲ့ပါတယ္။ ကားတုိက္မႈမွာ ဒရုိင္ဘာ Henri Paul နဲ႔ ခ်စ္သူ Dodi Fayed တုိ႔ဟာ ပြဲခ်င္းပီး ေသဆုံးသြားခဲ့ၿပီး Diana ကေတာ့ ၾသဂုတ္လ ၃၁ရက္ မနက္၄နာရီအခ်ိန္ ပါရီၿမိဳ႕ေဆးရုံမွာပဲ ကြယ္လြန္ခဲ့ပါတယ္။ ၁၉၉၇ခုႏွစ္ စက္တင္လာ၆ရက္ေန႔မွာ က်င္းပခဲ့တဲ့ ဒိုင္ယာနာရဲ႕စ်ာပနပြဲဟာ ကမၻာတစ္လႊားမွာ ရုပ္သံၾကည့္ရႈသူ  ၂.၅ဘီလီယံ (၂၅ဝဝသန္း) အထိရွိခဲ့ပါတယ္။

ယာဥ္ေမာင္း Henri Paul ရဲ႕ေသြးကုိ စစ္လုိက္တဲ့အခါ အရက္ေသာက္ထားတယ္လုိ႔ ေတြ႕ရွိရၿပီး ျဖစ္သမ်ွကိစၥေတြအားလုံး ယာဥ္ေမာင္းကုိပဲ အျပစ္ပုံခ်ခဲ့ပါတယ္။ အသက္ရွင္က်န္ခဲ့တဲ့ ကုိယ္ရံေတာ္ Trevor Rees-Jones ဟာလည္း ရူးေၾကာင္ေၾကာင္ျဖစ္သြားခဲ့ၿပီး ကိစၥေတြအားလုံး မမွတ္မိေတာ့ပါဘူးလုိ႔ ဘူးခံျငင္းခဲ့ပါတယ္။

ၿဗိတိန္စစ္တပ္က လုပ္ၾကံခဲ့တယ္လုိ႔လည္း သတင္းထြက္ခဲ့သလုိ ေတာ္ဝင္မိသားစုနဲ႔ ျပင္သစ္အစုိးရ ပူးေပါင္းၿပီး လုပ္ၾကံခဲ့ၾကတယ္လုိ႔ ကြ်မ္းက်င္သူေတြက သုံးသပ္ၾကေပမယ့္ သက္ေသမရွိတဲ့အတြက္ အေျဖမထြက္တဲ့ ပုစာၦတစ္ပုဒ္လုိပါပဲ က်န္ေနရစ္ၿပီး အခုဆုိရင္ Diana ကြယ္လြန္ခဲ့တာ (၂၁) ႏွစ္တင္းတင္း ျပည့္ခဲ့ၿပီမဟုတ္ပါလား။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Diana ကို ဘယ်သူလုပ်ကြံခဲ့တာလဲ သွေးရိုးသားရိုး ကွယ်လွန်တာလား

Diana Frances Spencer ကို ၁၉၆၁ခုနှစ် ဇူလိုင်လ (၁)ရက်နေ့မှာ အင်္ဂလန်မင်းမျိုးအနွယ်ဝင်တွေ ပိုင်ဆိုင်တဲ့ Sandringham House မှာ မွေးဖွားခဲ့ပါတယ်။ မိဘနှစ်ပါးကတော့ John Spencer နဲ့ Frances Ruth Roche တို့ပဲဖြစ်ပါတယ်။ သူမ (၇) နှစ်အရွယ်မှာပဲ မိဘနှစ်ပါးဟာ တရားဝင်ကွာရှင်းခဲ့ပါတယ်။ ဒါ့ကြောင့် သူမရဲ့ငယ်ဘဝဟာ ပန်းခင်းလမ်းကို လျှောက်ခဲ့တယ်လို့ မဆိုနိုင်ပါဘူး။

Diana ဟာ Silfield Private School ၊ Riddlesworth Hall School နဲ့ West Heath Girls’ School ကျောင်းတွေမှာ ပညာသင်ခဲ့ပေမယ့် မထွန်းပေါက်ခဲ့ပါဘူး။ ပညာရေးမှာ စိတ်ဝင်စားလှတာ မဟုတ်ဘဲ အနုပညာဘက်မှာသာ အားစိုက်လွန်းသူပါ။ ဘဲလေးအကကို ဝါသနာကြီးပေမယ့် အရပ်အမောင်းရှည်လွန်းတဲ့အတွက် မလိုက်ဖက်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဆွဲဆောင်မှုကောင်းတဲ့ အလှတရားနဲ့ (၅) ပေ (၁ဝ)လက်မဆိုတဲ့ အရပ်အမြင့်ဟာ အဲဒီခေတ်တုန်းက ကိုကိုကာလသားတွေအကြိုက်ပေါ့။

မင်းသားကြီး Charles နဲ့ စတွေ့ခဲ့တာက ၁၉၇၇ခုနှစ် နိုဝင်ဘာလထဲမှာပါ။ ဒါပေမယ့် တကယ်တမ်းတော့ သူဟာ Dianaရဲ့အမ Lady Sarah နဲ့ ဒိတ်လုပ်တာပါ။ အမကို မကြိုက်ဘဲ ညီမကိုပဲ စိတ်ဝင်စားသွားတဲ့သဘောပါ။

အဲဒီအချိန်တုန်းက ဒိုင်ယာနာဟာ (၁၆) နှစ်သာရှိသေးပြီး နုနယ်တဲ့အလှတရားကို မင်းသားကြီး Charles သဘောကျသွားတယ်ထင်ပါတယ်။ ပထမရည်းစား Camilla Parker Bowles နဲ့ အဆင်မပြေခဲ့တဲ့ မင်းသားကြီး Charles ဟာ ၁၉၈၁ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့မှာပဲ Diana ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

၁၉၈၁ခုနှစ် ဇူလိုင်လ ၂၉ရက်နေ့မှာတော့ St Paul’s Cathedral မှာ ကျင်းပတဲ့ လက်ထပ်ပွဲဟာ လူစည်ကားရုံမက ရုပ်မြင်သံကြားမှာလည်း ကြည့်ရှုသူ သန်း ၇၅ဝကျော်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Diana ဟာ တော်ဝင်မိသားစုဝင်ဖြစ်သွားပါပြီ။ လက်ထပ်တဲ့အချိန်မှာ Diana ဟာ အသက်(၂ဝ) သာရှိသေးပြီး မင်းသားကြီး Charles ကတော့ (၃၃) နှစ်ရှိနေပါပြီ။

သာမန်လူတစ်ယောက်အနေနဲ့ ကျင်လည်ခဲ့တဲ့ ဒိုင်ယာနာဟာ တော်ဝင်မိသားစုဝင်တွေနဲ့ သိပ်ပြီးတော့ အစီးမကပ်လှပါဘူး။ ၁၉၈၂ခုနှစ်မှာ မင်းသား William နဲ့ ၁၉၈၄ခုနှစ်မှာ မင်းသား Harry ကို မွေးဖွားခဲ့တယ်။ ဒါတောင်မှ သားငယ်ဟာ မင်းသားကြီး Charles ရဲ့သားအရင်း မဟုတ်ဘဲ Diana ဟာ သက်တော်စောင့်တစ်ယောက်နဲ့ ရခဲ့တာပါလို့ သတင်းထွက်ခဲ့ပါသေးတယ်။

မင်းသားကြီး Charles ကလည်း ငယ်ချစ်ဦး Camilla Parker Bowles နဲ့ သံယောဇဉ်မပြတ်ဘဲ တွဲသွားတွဲလာလုပ်နေပြန်ပါတယ်။ ဒါ့ကြောင့် အိမ်ထောင်ရေးက အဆင်မပြေလှ။ တော်ဝင်မိသားစုဝင်ဖြစ်လာရင် နှုတ်ခမ်းနီထင်းထင်း မဆိုးရဘူး၊ လက်သည်းရှည် မထားရဘူး၊ လက်သည်းနီ မဆိုးရဘူး၊ လူမြင်ကွင်းမှာ အလှပြင်တာ မလုပ်ရဘူး၊ ဆံပင်ပုံစံ သပ်ရပ်ရမယ်၊ အခမ်းအနားတက်ရင် ဦးထုပ် ဆောင်းရမယ်၊ Long Lasting Makeup ကိုသာ လိမ်းရမယ် . . ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာရပါတယ်။

Diana ဟာ ဒီအချက်တွေကို မလိုက်နာလို့ ဘုရင်မကြီး Elizabeth II နဲ့လည်း မတည့်လှ။ ဒါ့ကြောင့် ယောက်ျားနဲ့လည်း အဆင်မပြေ ယောက္ခမနဲ့လည်း မတည့်တဲ့ သူမရဲ့အိမ်ထောင်သက်တမ်းဟာ (၁၅) နှစ်သာ ကြာခဲ့ပြီး ၁၉၉၆ခုနှစ် သြဂုတ်လ ၂၈ရက်မှာ တရားဝင်ကွာရှင်းခဲ့ပါတယ်။ နစ်နာကြေးအနေနဲ့ ပေါင် ၁၇သန်းနဲ့ နှစ်စဉ် ဒေါ်လာ ၅သိန်း ထောက်ပံ့ကြေးရခဲ့ပါတယ်။ (၁၅) နှစ်ကြာ နေထိုင်ခဲ့တဲ့ တော်ဝင်နန်းတော်ကြီးကို နှုတ်ဆက်ခဲ့ပြီ။

Diana ဟာ အိမ်ထောင်ရေးပြိုကွဲပြီးနောက်ပိုင်း ပရဟိတဘက်ကို ခြေဦးလှည့်ခဲ့ပါတယ်။ HIV ၊ ကင်ဆာနဲ့ အနာကြီးရောဂါသည်တွေကို တက်စွမ်းသမျှ ကူညီထောက်ပံ့ခဲ့တယ်။ ပရဟိတလုပ်ရင်း Mother Teresa နဲ့လည်း ရင်းနှီးလာခဲ့တယ်။

အများကောင်းကျိုးကို လုပ်ဆောင်ရင်း အီဂျစ်ဘီလျံနာ Dodi Fayed နဲ့ ချစ်သူဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက Dodi Fayed ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံမှာ ဟော်တယ်တွေအများကြီး ပိုင်ဆိုင်ထားသူပါ။

ချစ်သူတို့နှစ်ယောက်ရဲ့ကြည်နူးနေတဲ့ ပုံရိပ်တွေကို သတင်းထောက်တွေက မီဒီယာပေါ်မှာ ဖွခဲ့ကြတယ်။ မကြာမီအချိန်အတွင်းမှာပဲ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းက တော်ဝင်မိသားစုကို အရှက်ရစေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ Dodi Fayed ဟာ ခရစ်ယာန်ဘာသာဝင် မဟုတ်ဘဲ ဘာသာခြားဖြစ်နေလို့ပါ။

၁၉၉၇ခုနှစ် သြဂုတ်လ ၃ဝရက်နေ့မှာ Dodi Fayed နဲ့ Diana ဟာ Hôtel Ritz Paris ဟိုတယ်မှာ ချိန်းတွေ့ကြတယ်။ ဟိုတယ်ရှေ့မှာ သတင်းထောက်တွေ ပလူပျံနေတဲ့အတွက် သြဂုတ်လ ၃၁ ရက်ဒေသစံတော်ချိန် မနက် ၁၂နာရီ မိနစ် ၂ဝလောက်မှာ ဟိုတယ်နောက်ပေါက်ကနေ သတင်းထောက်တွေ မမြင်အောင် ထွက်ပြေးခဲ့ပါတယ်။

ကားထဲမှာ ဒရိုက်ဘာ Henri Paul ၊ ကိုယ်ရံတော် Trevor Rees-Jones ၊ Dodi Fayed နဲ့ ဒိုင်ယာနာတို့ပါ။ နောက်ကနေ တဟုန်ထိုးလိုက်လာတဲ့ သတင်းထောက်တွေရဲ့ ကားကို လွတ်အောင်မောင်းရင်း Pont de l’Alma ဥမင်လိုဏ်ခေါင်းထဲမှာ အရှိန်မထိန်းနိုင်တော့ဘဲ အုတ်တိုင်တွေကို တိုက်ခဲ့ပါတယ်။ ကားတိုက်မှုမှာ ဒရိုင်ဘာ Henri Paul နဲ့ ချစ်သူ Dodi Fayed တို့ဟာ ပွဲချင်းပီး သေဆုံးသွားခဲ့ပြီး Diana ကတော့ သြဂုတ်လ ၃၁ရက် မနက်၄နာရီအချိန် ပါရီမြို့ဆေးရုံမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၉၇ခုနှစ် စက်တင်လာ၆ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒိုင်ယာနာရဲ့ဈာပနပွဲဟာ ကမ္ဘာတစ်လွှားမှာ ရုပ်သံကြည့်ရှုသူ  ၂.၅ဘီလီယံ (၂၅ဝဝသန်း) အထိရှိခဲ့ပါတယ်။

ယာဉ်မောင်း Henri Paul ရဲ့သွေးကို စစ်လိုက်တဲ့အခါ အရက်သောက်ထားတယ်လို့ တွေ့ရှိရပြီး ဖြစ်သမျှကိစ္စတွေအားလုံး ယာဉ်မောင်းကိုပဲ အပြစ်ပုံချခဲ့ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ ကိုယ်ရံတော် Trevor Rees-Jones ဟာလည်း ရူးကြောင်ကြောင်ဖြစ်သွားခဲ့ပြီး ကိစ္စတွေအားလုံး မမှတ်မိတော့ပါဘူးလို့ ဘူးခံငြင်းခဲ့ပါတယ်။

ဗြိတိန်စစ်တပ်က လုပ်ကြံခဲ့တယ်လို့လည်း သတင်းထွက်ခဲ့သလို တော်ဝင်မိသားစုနဲ့ ပြင်သစ်အစိုးရ ပူးပေါင်းပြီး လုပ်ကြံခဲ့ကြတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပေမယ့် သက်သေမရှိတဲ့အတွက် အဖြေမထွက်တဲ့ ပုစ္ဆာတစ်ပုဒ်လိုပါပဲ ကျန်နေရစ်ပြီး အခုဆိုရင် Diana ကွယ်လွန်ခဲ့တာ (၂၁) နှစ်တင်းတင်း ပြည့်ခဲ့ပြီမဟုတ်ပါလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com