ပြီးခဲ့တဲ့စနေနေ့က ဖူလ်ဟမ်ကို (၂)ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး Sergio Aguero က တစ်ဂိုးသွင်းယူခဲ့တာကြောင့် အခုဆိုရင် မန်စီးတီးအသင်းအတွက် သူ့ရဲ့ပြိုင်ပွဲစုံ သွင်းဂိုးအရေအတွက်က (၂၂၈)ဂိုးအထိ ရှိလာပါပြီ။ အဂွဲရိုးဟာ ပရီးမီးယားလိဂ်မှာ (၁၆၂)ဂိုးသွင်းယူထားပြီး မန်စီးတီးအသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ဖြစ်နေသလို ပြိုင်ပွဲစုံမှာလည်း သွင်းဂိုးအများဆုံး ကစားသမားအဖ်ြစ ရပ်တည်နေသူဖ်ြစပါတယ်။

သူ့အရင်ကလည်း ကလပ်အသင်းတစ်သင်းတည်းအတွက် ပြိုင်ပွဲစုံမှာ စံချိန်တင်သွင်းဂိုးတွေ သွင်းယူခဲ့တဲ့ နာမည်ကြီးကစားသမား အများကြီးရှိခဲ့ဖူးတယ်။ အဲဒီထဲကမှ ပရိသတ်တွေ ရင်းနှီးပြီးသား ကစားသမားတွေကို ပရိသတ်တွေသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

Wayne Rooney (မန်ယူ-၂၅၃ ဂိုး)

မန်ယူအသင်းရဲ့ ဂန္ထ၀င်တိုက်စစ်မှူးလို့ တင်စားရမယ့် ရွန်နီဟာ မန်ယူအသင်းမှာ ၂၀၀၄ ကနေ ၂၀၁၇ အထိ (၁၃)နှစ်ကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ(၅၅၉)ပွဲကစား၊ (၂၅၃)ဂိုးသွင်းယူခဲ့တယ်။ သူက မန်ယူအသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမား ဆာဘော်ဘီချာလ်တန် Sir Bobby Charlton ကို ကျော်ဖြတ်ပြီး အသင်းသမိုင်းတစ်လျှောက် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်ခဲ့တာပါ။

Frank Lampard (ချယ်လ်ဆီး – ၂၁၁ ဂိုး)

လမ်းပတ်လို ကွင်းလယ်လူတစ်ဦးက ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာက အံ့အားသင့်စရာပါ။ ဒါပေမဲ့ တိုက်စစ်အားသန် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ လမ်းပတ်က တော်ရုံလူ မစွမ်းဆောင်နိုင်တဲ့ မှတ်တမ်းတစ်ခုကို စိုက်ထူထားပြီး သူ့ရဲ့မှတ်တမ်းကို ချိုးဖျက်ဖို့က သိပ်တော့ မလွယ်ကူလှပါဘူး။

Alan Shearer (နယူးကာဆယ် – ၂၀၆ ဂိုး)

တစ်ခေတ်တစ်ခါက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ Goal Machine ဖြစ်ခဲ့တဲ့ အလန်ရှီးယားအတွက် သွင်းဂိုးတစ်ဂိုးဆိုတာ မခက်ခဲ့ပါဘူး။ နယူးကာဆယ်အတွက် စံချိန်တင် (၂၀၆)ဂိုးသွင်းခဲ့သလို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာလည်း (၂၆၀)ဂိုးနဲ့ Top Scorer အဖြစ် ရပ်တည်နေသူပါ။

Thierry Henry (အာဆင်နယ် – ၂၂၈ ဂိုး)

အာဆင်နယ်ပရိသတ်တွေရဲ့ ရင်ထဲမှာ အခုအချိန်အထိ မမေ့နိုင်တဲ့ ကစားသမားတစ်ဦးပါ။ အဲဒီလို မမေ့နိုင်လောက်အောင်ပဲ အွန်နရီရဲ့ စွမ်းဆောင်ရည်၊ ခြေစွမ်း၊ Technique စတဲ့ အရည်အသွေးတွေက တသသပြောစမှတ်ဖြစ်နေဆဲပါပဲ။

ကလပ်အသင်းတစ်သင်းမှာ All Time Top Goal Scorer တစ်ဦးဖြစ်ဖို့ဆိုတာက အရမ်းခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒီလို ခက်ခဲတဲ့မှတ်တမ်းတစ်ခုကို ရရှိခဲ့ကြသူတွေ၊ စံချိန်သစ်တွေ ထပ်တင်ခဲ့ကြသူတွေက ပင်ကိုယ်အရည်အသွေး မြင့်မားသူတွေဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်လောက်ပါဘူး။ စံချိန်မှတ်တမ်းဆိုတာ ချိုးဖျက်ဖို့အတွက် ဖြစ်လာတာလို့ ဆိုတဲ့အတိုင်းပဲ ဒီကစားသမားတွေရဲ့ စံချိန်ကလည်း တစ်ချိန်ချိန်ကျရင် ကျိုးပြတ်သွားဦးမှာပါ။ ဒါပေမဲ့ အခုဖော်ပြခဲ့တဲ့ ကစားသမားတွေက ပရိသတ်ရဲ့ ရင်ထဲမှာ ထာဝရရှင်သန်နေဦးမှာဖြစ်ပါတော့တယ် . . .

REF:Daily Mail
Photo:Evening Express,Toronto Star,The Irish Sun,Getty Images,thesun,AFTV
Naing Linn(Akhayar)
www.akhayar.com