[Zawgyi]

ဂူထဲက ကေလးေတြကုိ ပထမဆံုးစေတြ႔ခဲ့ၾကတဲ့ ျဗိတိန္ႏုိင္ငံသားႏွစ္ေယာက္က ဘယ္သူေတြလဲ

ဂူထဲမွာ ေပ်ာက္ဆံုးေနတဲ့ ထုိင္းကေလး ၁၂ ေယာက္နဲ႔ သူတို႔ရဲ႕ နည္းျပဆရာကို ပထမဆံုး ရွာေဖြေတြ႔ရွိခဲ့တဲ့ ေရငုပ္သမားႏွစ္ေယာက္ဟာ စစ္တပ္နဲ႔ ပက္သက္ဆက္ႏြယ္ေနတဲ့သူေတြ မဟုတ္သလို ေၾကးစားေရငုပ္သမားေတြလည္း မဟုတ္ဘဲ ျဗိတိန္ႏုိင္ငံက ေစတနာ့ဝန္ထမ္းေတြပဲ ျဖစ္ပါတယ္။

ျဗိတိန္ေရငုပ္သမားအဖြဲ႔

ျဗိတိန္ေရငုပ္သမားအဖြဲ႔

ဒါေၾကာင့္လည္း ပထမဆံုးစထြက္လာတဲ့ ဗီဒီယုိဖုိင္မွာ အဂၤလိပ္စကားနဲ႔ ကေလးေတြကို ေမးျမန္းေနလို႔ ကေလးေတြက “Where you come from?” ဆိုျပီး ျပန္ေမးခဲ့တာပါ။ သူတို႔က “England, UK” လို႔ ျပန္ေျဖခဲ့ပါတယ္။

Rick Stanton and John Volanthen

Rick Stanton and John Volanthen

ကေလးေတြကို ေတြ႔ရွိခဲ့တဲ့ ျဗိတိန္ ေရငုပ္သမားႏွစ္ေယာက္ဟာ British Cave Rescue Council (BCRC) ကျဖစ္ျပီး နာမည္ေတြကေတာ့ John Volanthen (အသက္ ၄၇ႏွစ္) နဲ႔ Rick Stanton (အသက္ ၅၆ ႏွစ္) ပဲ ျဖစ္ပါတယ္။

Rick Stanton and John Volanthen

Rick Stanton and John Volanthen

Mr Volanthen ဟာ ဘရစၥတိုးျမိဳ႕က  အင္တာနက္အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ျပီး ဂူတြင္းကယ္ဆယ္ေရးလုပ္ငန္းလုပ္ေဆာင္သူေတြထဲမွာ ကၽြမ္းက်င္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ လူငယ္ကင္းေထာက္တစ္ဦးအေနနဲ႔ လုပ္ခဲ့ဖူးျပီး ေရမငုပ္တဲ့ အခ်ိန္ေတြမ်ိဳးမွာ မာရသြန္အေျပးသမားတစ္ေယာက္ျဖစ္ပါတယ္။

Mr. Stanton ကေတာ့ Coventry က မီးသတ္သမားတစ္ေယာက္ျဖစ္ျပီး အသက္ ၁၈ႏွစ္တည္းက ေရငုပ္တဲ့ အလုပ္ကို လုပ္ေနတဲ့သူပါ။ သူဟာ အရင္ကလည္း ကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္ရြက္ခဲ့တဲ့အတြက္ MBE ဆုေတာင္ ခ်ီးျမွင့္ခံရဖူးပါတယ္။ သူ႔ရဲ႕ အၾကီးမားဆံုး ကူညီကယ္ဆယ္မႈၾကီးကေတာ့ မကၠဆီကိုက ဂူေတြထဲမွာ ပိတ္မိေနတဲ့ ျဗိတိန္စစ္သား ၆ ေယာက္ကို ကူညီကယ္ဆယ္ႏုိ္င္ခဲ့တာ ျဖစ္ပါတယ္။

သူတို႔ႏွစ္ေယာက္ေပါင္း ကူညီကယ္ဆယ္မႈကေတာ့ ၂၀၁၀ ခုႏွစ္မွာ Eric Establie ကို ရွာေဖြကယ္ဆယ္ခဲ့မႈျဖစ္ျပီး ျပင္သစ္လူမ်ိဳး Eric Establie ဟာ ေက်ာက္ဂူေတြကို စူးစမ္းေလ့လာသူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ျပင္သစ္ေတာင္ပိုင္း Ardeche အရပ္မွာရွိတဲ့ ေျမေအာက္မွာ ပိတ္မိေနျပီး ၈ရက္ေျမာက္အၾကာမွာ ျပန္ေတြ႔ခဲ့တာ ျဖစ္ပါတယ္။

ထိုင္းအာဏာပိုင္ေတြက BCRC ကို အကူညီေတာင္းတဲ့အခ်ိန္မွာ ဒီလို အတြဲညီလွတဲ့ သူတို႔ ႏွစ္ေယာက္အပါအဝင္ အေတြ႔အၾကံဳရွိတဲ့ ဂူတြင္းေရငုပ္သမား ၃ ေယာက္ကို လႊတ္ခဲ့ပါတယ္။

Tham Luang ဂူထဲမွာ သူတို႔ ၾကံဳရတဲ့ အခက္အခဲေတြကလည္း မ်ားျပားလွပါတယ္။ ဂူအတြင္းမွာ ေရဆန္ကို ဆန္ျပီး ေရငုပ္ရတာ ျဖစ္ျပီးေတာ့  စုစုေပါင္း ေရငုပ္ရတဲ့ အခ်ိန္ဟာ ၃နာရီေလာက္ၾကာျမင့္ခဲ့ပါတယ္။ သူတို႔ ေရငုပ္ရတဲ့ အကြာအေဝးဟာ ၁.၅ ကီလိုမီတာ (၀.၉၃မုိင္ေလာက္) ရွိေပမယ့္အဲဒီ အကြာအေဝးရဲ႕ တစ္ဝက္္ေလာက္က လံုးဝေရလႊမ္းမိုးနစ္ျမဳပ္ေနတဲ့ အေနအထားပါ။ ငုပ္ခ်င္တိုင္းလည္း ငုပ္လုိ႔ရတာမဟုတ္ဘဲ ေနာက္က လူေတြ လိုက္လာႏုိင္ေအာင္ လမ္းေၾကာင္းရွာရတာလည္း ရွိပါေသးတယ္။

ကေလးေတြကို ကယ္ဆယ္ဖို႔ လုပ္ေဆာင္ခဲ့တဲ့ အဖြဲ႔ေတြမွာ ထုိင္းဘက္က ရဲနဲ႔ စစ္သားေတြ၊ Navy  SEAL ေတြ၊ အေမရိကန္ႏုိင္ငံသားေတြ၊ ၾသစေၾတးလ် ရဲတပ္သားေတြနဲ႔ ဂ်ပန္၊ တရုတ္၊ ျမန္မာနဲ႔ လာအုိက ကၽြမ္းက်င္ပညာရွင္ေတြပါ ပါဝင္ပါတယ္။

အခုေနာက္ဆံုး ကယ္ဆယ္္ေရးသမားေတြ ရင္ဆုိင္ရမယ့့္ စိန္ေခၚမႈကေတာ့ ကေလးေတြကို အႏၱရာယ္ကင္းကင္းနဲ႔ ဂူထဲကေန ဘယ္လို ျပန္ထုတ္မလဲဆိုတာပါပဲ။ ထုိင္းအာဏာပိုင္ေတြကေတာ့ ကေလးေတြကို စြန္႔စားရမႈအနည္းဆံုးနည္းနဲ႔ ကယ္ဆယ္ဖို႔ ရွိေနျပီး ခန္႔မွန္းေျခ ၁၀ ရက္ေလာက္ ၾကာျမင့္မယ္လို႔ ေနာက္ဆံုးသတင္းေတြအရ ေျပာဆုိေနၾကပါတယ္္။ ဒီေန႔တက္လာတဲ့ Dailymail သတင္းအရေတာ့ ကေလးေတြကို ေရငုပ္သင္ေပးဖို႔  ဒီေန႔စသင္ေနျပီလို႔ သိရပါတယ္။

Yoe Lu  (Akhayar)

www.akhayar.com

Ref : channelnewasia.com
[Unicode]

ဂူထဲက ကလေးတွေကို ပထမဆုံးစတွေ့ခဲ့ကြတဲ့ ဗြိတိန်နိုင်ငံသားနှစ်ယောက်က ဘယ်သူတွေလဲ

ဂူထဲမှာ ပျောက်ဆုံးနေတဲ့ ထိုင်းကလေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ရေငုပ်သမားနှစ်ယောက်ဟာ စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့သူတွေ မဟုတ်သလို ကြေးစားရေငုပ်သမားတွေလည်း မဟုတ်ဘဲ ဗြိတိန်နိုင်ငံက စေတနာ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

ဗြိတိန်ရေငုပ်သမားအဖွဲ့

ဗြိတိန်ရေငုပ်သမားအဖွဲ့

ဒါကြောင့်လည်း ပထမဆုံးစထွက်လာတဲ့ ဗီဒီယိုဖိုင်မှာ အင်္ဂလိပ်စကားနဲ့ ကလေးတွေကို မေးမြန်းနေလို့ ကလေးတွေက “Where you come from?” ဆိုပြီး ပြန်မေးခဲ့တာပါ။ သူတို့က “England, UK” လို့ ပြန်ဖြေခဲ့ပါတယ်။

Rick Stanton and John Volanthen

Rick Stanton and John Volanthen

ကလေးတွေကို တွေ့ရှိခဲ့တဲ့ ဗြိတိန် ရေငုပ်သမားနှစ်ယောက်ဟာ British Cave Rescue Council (BCRC) ကဖြစ်ပြီး နာမည်တွေကတော့ John Volanthen (အသက် ၄၇နှစ်) နဲ့ Rick Stanton (အသက် ၅၆ နှစ်) ပဲ ဖြစ်ပါတယ်။

Rick Stanton and John Volanthen

Rick Stanton and John Volanthen

Mr Volanthen ဟာ ဘရစ္စတိုးမြို့က  အင်တာနက်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ဂူတွင်းကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်သူတွေထဲမှာ ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ လူငယ်ကင်းထောက်တစ်ဦးအနေနဲ့ လုပ်ခဲ့ဖူးပြီး ရေမငုပ်တဲ့ အချိန်တွေမျိုးမှာ မာရသွန်အပြေးသမားတစ်ယောက်ဖြစ်ပါတယ်။

Mr. Stanton ကတော့ Coventry က မီးသတ်သမားတစ်ယောက်ဖြစ်ပြီး အသက် ၁၈နှစ်တည်းက ရေငုပ်တဲ့ အလုပ်ကို လုပ်နေတဲ့သူပါ။ သူဟာ အရင်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့အတွက် MBE ဆုတောင် ချီးမြှင့်ခံရဖူးပါတယ်။ သူ့ရဲ့ အကြီးမားဆုံး ကူညီကယ်ဆယ်မှုကြီးကတော့ မက္ကဆီကိုက ဂူတွေထဲမှာ ပိတ်မိနေတဲ့ ဗြိတိန်စစ်သား ၆ ယောက်ကို ကူညီကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ပေါင်း ကူညီကယ်ဆယ်မှုကတော့ ၂၀၁၀ ခုနှစ်မှာ Eric Establie ကို ရှာဖွေကယ်ဆယ်ခဲ့မှုဖြစ်ပြီး ပြင်သစ်လူမျိုး Eric Establie ဟာ ကျောက်ဂူတွေကို စူးစမ်းလေ့လာသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပြင်သစ်တောင်ပိုင်း Ardeche အရပ်မှာရှိတဲ့ မြေအောက်မှာ ပိတ်မိနေပြီး ၈ရက်မြောက်အကြာမှာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေက BCRC ကို အကူညီတောင်းတဲ့အချိန်မှာ ဒီလို အတွဲညီလှတဲ့ သူတို့ နှစ်ယောက်အပါအဝင် အတွေ့အကြုံရှိတဲ့ ဂူတွင်းရေငုပ်သမား ၃ ယောက်ကို လွှတ်ခဲ့ပါတယ်။

Tham Luang ဂူထဲမှာ သူတို့ ကြုံရတဲ့ အခက်အခဲတွေကလည်း များပြားလှပါတယ်။ ဂူအတွင်းမှာ ရေဆန်ကို ဆန်ပြီး ရေငုပ်ရတာ ဖြစ်ပြီးတော့  စုစုပေါင်း ရေငုပ်ရတဲ့ အချိန်ဟာ ၃နာရီလောက်ကြာမြင့်ခဲ့ပါတယ်။ သူတို့ ရေငုပ်ရတဲ့ အကွာအဝေးဟာ ၁.၅ ကီလိုမီတာ (ဝ.၉၃မိုင်လောက်) ရှိပေမယ့်အဲဒီ အကွာအဝေးရဲ့ တစ်ဝက်လောက်က လုံးဝရေလွှမ်းမိုးနစ်မြုပ်နေတဲ့ အနေအထားပါ။ ငုပ်ချင်တိုင်းလည်း ငုပ်လို့ရတာမဟုတ်ဘဲ နောက်က လူတွေ လိုက်လာနိုင်အောင် လမ်းကြောင်းရှာရတာလည်း ရှိပါသေးတယ်။

ကလေးတွေကို ကယ်ဆယ်ဖို့ လုပ်ဆောင်ခဲ့တဲ့ အဖွဲ့တွေမှာ ထိုင်းဘက်က ရဲနဲ့ စစ်သားတွေ၊ Navy  SEAL တွေ၊ အမေရိကန်နိုင်ငံသားတွေ၊ သြစတြေးလျ ရဲတပ်သားတွေနဲ့ ဂျပန်၊ တရုတ်၊ မြန်မာနဲ့ လာအိုက ကျွမ်းကျင်ပညာရှင်တွေပါ ပါဝင်ပါတယ်။

အခုနောက်ဆုံး ကယ်ဆယ်ရေးသမားတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကတော့ ကလေးတွေကို အန္တရာယ်ကင်းကင်းနဲ့ ဂူထဲကနေ ဘယ်လို ပြန်ထုတ်မလဲဆိုတာပါပဲ။ ထိုင်းအာဏာပိုင်တွေကတော့ ကလေးတွေကို စွန့်စားရမှုအနည်းဆုံးနည်းနဲ့ ကယ်ဆယ်ဖို့ ရှိနေပြီး ခန့်မှန်းခြေ ၁၀ ရက်လောက် ကြာမြင့်မယ်လို့ နောက်ဆုံးသတင်းတွေအရ ပြောဆိုနေကြပါတယ်။ ဒီနေ့တက်လာတဲ့ Dailymail သတင်းအရတော့ ကလေးတွေကို ရေငုပ်သင်ပေးဖို့  ဒီနေ့စသင်နေပြီလို့ သိရပါတယ်။

Yoe Lu  (Akhayar)

www.akhayar.com

Ref : channelnewasia.com