[Zawgyi]

Huawei ရဲ႕ အေကာင္းဆံုး Flagship ဖုန္းေတြအျဖစ္ Mate 20 Series အသစ္ေတြကို ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ မိတ္ဆက္ေပးခဲ့ပါတယ္။ အဲ့ဒီအထဲမွာ ေစ်းအႀကီးဆံုး Model ျဖစ္လာတဲ့ Porsche Design Mate 20 RS ကိုလည္း ထုတ္ျပခဲ့ပါေသးတယ္။ ဒီဖုန္းကေတာ့ ေစ်းကြက္ထဲက တျခား Flagship ေတြနဲ႔ ယွဥ္ၿပိဳင္ဖို႔ဆိုတာထက္ သီးသန္႔ Editon တစ္ခုအျဖစ္ထြက္လာတာပါ။ 

Leather ၊ Polished Glass ၊ Metal

Huawei အေနနဲ႔ အရင္ကတည္းက Mate RS Series ေတြကိုထုတ္လာတာျဖစ္ၿပီး အခုဆိုရင္ေတာ့ Mate 20 RS အထိ ေရာက္လာၿပီျဖစ္ပါတယ္။ ဂ်ာမဏီအေျခစိုက္ ကားကုမၸဏီျဖစ္တဲ့ Porsche နဲ႔ ပူးေပါင္းၿပီး Special Edition ဆန္ဆန္ Mate ဖုန္းေတြကို ထုတ္ေနတာပါ။ Huawei ရဲ႕သာမန္ Mate ဖုန္းေတြနဲ႔ နီးစပ္တဲ့ Design ကိုယူၿပီး Porsche ရဲ႕ Design Team က ဖုန္းအတြက္ Design ျပန္ဆြဲေပးထားတာေၾကာင့္ အျမင္ပိုင္းအရေရာ သံုးတဲ့ Material ပိုင္းကေန Accessory ေတြအထိ ကြာျခားသြားတာေတြေတာ့ရွိပါတယ္။ အဓိကအခ်က္ကေတာ့ Porsche Design ျဖစ္တာေၾကာင့္ ေစ်းကေတာ့ ပိုမ်ားသြားပါတယ္။ 

Polished Glass On The Back

ေစ်းမ်ားသြားတဲ့အတိုင္း Design ပိုင္းက တကယ္ကို ပိုလွလာပါတယ္။ အထူးသျဖင့္ေတာ့ Porsche Fan ေတြအတြက္ေတာ့ ေ႐ြးစရာဖုန္းတစ္လံုး ထပ္တိုးလာတယ္လို႔ေျပာရမွာပါ။ ေနာက္ေက်ာဖက္မွာ Polish လုပ္ထားတဲ့ Glass နဲ႔အတူ ေဘးႏွစ္ဖက္မွာ Handmade Leather ေတြနဲ႔ အလွဆင္ေပးထားပါတယ္။ အခုလို Design အသစ္က Porsche ကားေတြရဲ႕ အျပင္ပိုင္းနဲ႔ အတြင္းခန္း Design ေတြကို ကိုးကားၿပီးဖန္တီးေပးထားတာေၾကာင့္ Porsche ရဲ႕ အေငြ႔အသက္ေတြကို ေကာင္းေကာင္းရႏိုင္မွာပါ။ အေရာင္အေနနဲ႔ေတာ့ အနီနဲ႔ အနက္ေရာင္ကို ရႏိုင္မွာပါ။ 

3D Face Unlock and In-Display Fingerprint Scanner

Feature ေတြကိုၾကည့္လိုက္မယ္ဆိုရင္ေတာ့ Huawei Mate 20 Pro နဲ႔ အတူတူပဲျဖစ္တာကိုေတြ႕ရမွာပါ။ 3D Face Unlock ၊ In-Screen Fingerprint Scanner ၊ 15W Wireless Charging ၊ Huawei Super Charge 2.0 ၊ FullView AMOLED Display နဲ႔ Stereo Speaker ေတြကို Porsche Design Mate 20 RS မွာေတြ႕ရပါတယ္။ 

Specification ေတြကိုၾကည့္မယ္ဆိုရင္ေတာ့ 6.39 Inch 19.5:9 FullView AMOLED Display ကိုသံုးေပးထားပါတယ္။ DCI-P3 Colour Gamut ၊ 3120×1440 Resolution ရွိၿပီး 538ppi အထိ ၾကည္လင္ျပတ္သားမႈကို ရႏိုင္မွာပါ။ Processor အေနနဲ႔ Huawei ရဲ႕ကိုယ္ပိုင္ Chipset ျဖစ္တဲ့ Kirin 980 ကို RAM 8GB နဲ႔တြဲၿပီး အသံုးျပဳေပးထားတာပါ။ Kirin 980 Chipset ေတြကေတာ့ Mobile Processor ေလာကထဲမွာ ပထမဦးဆံုး 7nm Chipset အေနနဲ႔ ခ်ျပထားႏုိင္ခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ Mate 20 ဖုန္းေတြမွာ ထည့္ေပးလာတာပဲျဖစ္ပါတယ္။ Storage အေနနဲ႔ေတာ့ Mate 20 RS မွာ 256GB တစ္မ်ိဳးပဲ ရႏိုင္မွာပါ။ Hauawei က အသစ္မိတ္ဆက္ေပးလိုက္တဲ့ Nano SD Card ကို 512GB အထိ ထပ္ထည့္လို႔ရဦးမွာပါ။ Android 9 Pie နဲ႔လာမွာျဖစ္ၿပီး Custimized လုပ္ထားတဲ့ EMUI ကို ေတြ႕ရမွာပါ။ 

Customised EMUI on Android Pie 9

Camera ပိုင္းကလည္း Mate 20 Pro မွာလုိပဲ Leica Triple Rear Camera ေတြကို ေတြ႕ရမွာပါ။ 40MP RGB Sensor ၊ 20MP Ultra Wide-Angle Lens နဲ႔ 8MP Telephoto Lens ဆိုၿပီး ၃ လံုး တပ္ေပးထားတာပါ။ Front Camera အေနနဲ႔ေတာ့ 24MP Camera ကို တပ္ဆင္ေပးထားပါတယ္။ Camera ေတြအတြက္ေတာ့ ဘယ္ေလာက္ေကာင္းသလဲဆိုတာ အခုအခ်ိန္မွာ ေျပာရခက္ေနဦးမွာပါ။ Huawei က ေၾကာ္ျငာသြားတဲ့အထဲမွာေတာ့ Camera Mode အသစ္ေတြ ပါလာၿပီျဖစ္သလို Video အတြက္လည္း Cinematic ဆန္ဆန္ ရိုက္ႏိုင္ေအာင္ လုပ္ေပးထားပါေသးတယ္။ P20 Pro ရဲ႕ Camera ေတြထက္ေတာ့ ပိုေကာင္းလာတယ္လို႔ေျပာသြားေပမယ့္ အခုအခ်ိန္မွာေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။ 

ေနာက္ထပ္စိတ္ဝင္စားစရာကေတာ့ Huawei Wireless Reverse Charging ဆိုတာပါ။ Qi Wireless Charging ရတဲ့ဖုန္းေတြကို Mate 20 RS ရဲ႕ေနာက္ေက်ာဖက္ကို ကပ္လိုက္မယ္ဆိုရင္ လာကပ္တဲ့ဖုန္းကို အားျပန္သြင္းေပးႏိုင္မယ့္ Feature ျဖစ္တာေၾကာင့္ သူငယ္ခ်င္းဖုန္းကို လိုအပ္တဲ့အခ်ိန္ အားျပန္သြင္းေပးႏိုင္ဦးမွာပါ။ Mate 20 RS မွာေတာ့ 4200mAh Battery ပါၿပီး USB-C ကေန Huawei SuperCharge 2.0 နဲ႔ မိနစ္ ၃၀ အတြင္းမွာ Battery 70% အထိေရာက္ေအာင္ အားျပန္သြင္းေပးႏိုင္ဦးမွာပါ။ IP Rating ကလည္း 68 ရွိပါတယ္။ ဒါေပမယ့္ ဖုန္းေနာက္ေက်ာမွာပါတဲ့ Leather ေတြကေတာ့ ေရဒဏ္ကို ဘယ္ေလာက္ခံႏိုင္မလဲဆိုတာ မေဖာ္ျပထားပါဘူး။ 

Wireless Charging

ေနာက္ဆံုး အေရးႀကီးတဲ့အခ်က္ကေတာ့ Mate 20 RS ရဲ႕ ေစ်းပါ။ သူက Special Edition လိုျဖစ္ေနတာကတစ္ပိုင္း၊ Porsche Design Team ကထုတ္ေပးတာ ျဖစ္လို႔က တစ္ခ်က္နဲ႔ Huawei ရဲ႕ အေကာင္းဆံုးဆိုတဲ့ Flagship ဖုန္းတစ္လံုးျဖစ္ေနတာေၾကာင့္ 1595 € နဲ႔စေရာင္းမွာျဖစ္ပါတယ္။ ျပည္တြင္းေစ်းကြက္ကိုေရာက္လာမယ္ဆိုရင္ေတာ့ ခန္႔မွန္းေခ် သိန္း ၃၀ ေက်ာ္ဝန္းက်င္ေလာက္ ရွိႏုိင္ပါတယ္။ Porsche ပရိသတ္အတြက္ေတာ့ Collector Item တစ္ခုျဖစ္သလို Mate RS ေတြကိုပဲ သေဘာက်တဲ့ ကားပရိသတ္အတြက္လည္း တန္ဖိုးႀကီးဖုန္းတစ္လံုးအျဖစ္ ရွိေနမွာပါ။ ေပးရတာနဲ႔ တန္တယ္ မတန္္ဘူးဆိုတာထက္ ဒီဖုန္းက Branding အရေရာ၊ Design အရပါ Status တစ္ခုျဖစ္ေနတာေၾကာင့္ Porsche ပရိသတ္ကေတာ့ သေဘာက်မယ္ဆိုတာ အမ်ားႀကီးရွင္းေနစရာမလိုေတာ့ပါဘူး။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Porsche Design Mate 20 RS က ဘယ်သူတွေအတွက်လဲ

Huawei ရဲ့ အကောင်းဆုံး Flagship ဖုန်းတွေအဖြစ် Mate 20 Series အသစ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ဈေးအကြီးဆုံး Model ဖြစ်လာတဲ့ Porsche Design Mate 20 RS ကိုလည်း ထုတ်ပြခဲ့ပါသေးတယ်။ ဒီဖုန်းကတော့ ဈေးကွက်ထဲက တခြား Flagship တွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုတာထက် သီးသန့် Editon တစ်ခုအဖြစ်ထွက်လာတာပါ။ 

Leather ၊ Polished Glass ၊ Metal

Huawei အနေနဲ့ အရင်ကတည်းက Mate RS Series တွေကိုထုတ်လာတာဖြစ်ပြီး အခုဆိုရင်တော့ Mate 20 RS အထိ ရောက်လာပြီဖြစ်ပါတယ်။ ဂျာမဏီအခြေစိုက် ကားကုမ္ပဏီဖြစ်တဲ့ Porsche နဲ့ ပူးပေါင်းပြီး Special Edition ဆန်ဆန် Mate ဖုန်းတွေကို ထုတ်နေတာပါ။ Huawei ရဲ့သာမန် Mate ဖုန်းတွေနဲ့ နီးစပ်တဲ့ Design ကိုယူပြီး Porsche ရဲ့ Design Team က ဖုန်းအတွက် Design ပြန်ဆွဲပေးထားတာကြောင့် အမြင်ပိုင်းအရရော သုံးတဲ့ Material ပိုင်းကနေ Accessory တွေအထိ ကွာခြားသွားတာတွေတော့ရှိပါတယ်။ အဓိကအချက်ကတော့ Porsche Design ဖြစ်တာကြောင့် ဈေးကတော့ ပိုများသွားပါတယ်။ 

Polished Glass On The Back

ဈေးများသွားတဲ့အတိုင်း Design ပိုင်းက တကယ်ကို ပိုလှလာပါတယ်။ အထူးသဖြင့်တော့ Porsche Fan တွေအတွက်တော့ ရွေးစရာဖုန်းတစ်လုံး ထပ်တိုးလာတယ်လို့ပြောရမှာပါ။ နောက်ကျောဖက်မှာ Polish လုပ်ထားတဲ့ Glass နဲ့အတူ ဘေးနှစ်ဖက်မှာ Handmade Leather တွေနဲ့ အလှဆင်ပေးထားပါတယ်။ အခုလို Design အသစ်က Porsche ကားတွေရဲ့ အပြင်ပိုင်းနဲ့ အတွင်းခန်း Design တွေကို ကိုးကားပြီးဖန်တီးပေးထားတာကြောင့် Porsche ရဲ့ အငွေ့အသက်တွေကို ကောင်းကောင်းရနိုင်မှာပါ။ အရောင်အနေနဲ့တော့ အနီနဲ့ အနက်ရောင်ကို ရနိုင်မှာပါ။ 

3D Face Unlock and In-Display Fingerprint Scanner

Feature တွေကိုကြည့်လိုက်မယ်ဆိုရင်တော့ Huawei Mate 20 Pro နဲ့ အတူတူပဲဖြစ်တာကိုတွေ့ရမှာပါ။ 3D Face Unlock ၊ In-Screen Fingerprint Scanner ၊ 15W Wireless Charging ၊ Huawei Super Charge 2.0 ၊ FullView AMOLED Display နဲ့ Stereo Speaker တွေကို Porsche Design Mate 20 RS မှာတွေ့ရပါတယ်။ 

Specification တွေကိုကြည့်မယ်ဆိုရင်တော့ 6.39 Inch 19.5:9 FullView AMOLED Display ကိုသုံးပေးထားပါတယ်။ DCI-P3 Colour Gamut ၊ 3120×1440 Resolution ရှိပြီး 538ppi အထိ ကြည်လင်ပြတ်သားမှုကို ရနိုင်မှာပါ။ Processor အနေနဲ့ Huawei ရဲ့ကိုယ်ပိုင် Chipset ဖြစ်တဲ့ Kirin 980 ကို RAM 8GB နဲ့တွဲပြီး အသုံးပြုပေးထားတာပါ။ Kirin 980 Chipset တွေကတော့ Mobile Processor လောကထဲမှာ ပထမဦးဆုံး 7nm Chipset အနေနဲ့ ချပြထားနိုင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Mate 20 ဖုန်းတွေမှာ ထည့်ပေးလာတာပဲဖြစ်ပါတယ်။ Storage အနေနဲ့တော့ Mate 20 RS မှာ 256GB တစ်မျိုးပဲ ရနိုင်မှာပါ။ Hauawei က အသစ်မိတ်ဆက်ပေးလိုက်တဲ့ Nano SD Card ကို 512GB အထိ ထပ်ထည့်လို့ရဦးမှာပါ။ Android 9 Pie နဲ့လာမှာဖြစ်ပြီး Custimized လုပ်ထားတဲ့ EMUI ကို တွေ့ရမှာပါ။ 

Customised EMUI on Android Pie 9

Camera ပိုင်းကလည်း Mate 20 Pro မှာလိုပဲ Leica Triple Rear Camera တွေကို တွေ့ရမှာပါ။ 40MP RGB Sensor ၊ 20MP Ultra Wide-Angle Lens နဲ့ 8MP Telephoto Lens ဆိုပြီး ၃ လုံး တပ်ပေးထားတာပါ။ Front Camera အနေနဲ့တော့ 24MP Camera ကို တပ်ဆင်ပေးထားပါတယ်။ Camera တွေအတွက်တော့ ဘယ်လောက်ကောင်းသလဲဆိုတာ အခုအချိန်မှာ ပြောရခက်နေဦးမှာပါ။ Huawei က ကြော်ငြာသွားတဲ့အထဲမှာတော့ Camera Mode အသစ်တွေ ပါလာပြီဖြစ်သလို Video အတွက်လည်း Cinematic ဆန်ဆန် ရိုက်နိုင်အောင် လုပ်ပေးထားပါသေးတယ်။ P20 Pro ရဲ့ Camera တွေထက်တော့ ပိုကောင်းလာတယ်လို့ပြောသွားပေမယ့် အခုအချိန်မှာတော့ စောင့်ကြည့်ရဦးမှာပါ။ 

နောက်ထပ်စိတ်ဝင်စားစရာကတော့ Huawei Wireless Reverse Charging ဆိုတာပါ။ Qi Wireless Charging ရတဲ့ဖုန်းတွေကို Mate 20 RS ရဲ့နောက်ကျောဖက်ကို ကပ်လိုက်မယ်ဆိုရင် လာကပ်တဲ့ဖုန်းကို အားပြန်သွင်းပေးနိုင်မယ့် Feature ဖြစ်တာကြောင့် သူငယ်ချင်းဖုန်းကို လိုအပ်တဲ့အချိန် အားပြန်သွင်းပေးနိုင်ဦးမှာပါ။ Mate 20 RS မှာတော့ 4200mAh Battery ပါပြီး USB-C ကနေ Huawei SuperCharge 2.0 နဲ့ မိနစ် ၃၀ အတွင်းမှာ Battery 70% အထိရောက်အောင် အားပြန်သွင်းပေးနိုင်ဦးမှာပါ။ IP Rating ကလည်း 68 ရှိပါတယ်။ ဒါပေမယ့် ဖုန်းနောက်ကျောမှာပါတဲ့ Leather တွေကတော့ ရေဒဏ်ကို ဘယ်လောက်ခံနိုင်မလဲဆိုတာ မဖော်ပြထားပါဘူး။ 

Wireless Charging

နောက်ဆုံး အရေးကြီးတဲ့အချက်ကတော့ Mate 20 RS ရဲ့ ဈေးပါ။ သူက Special Edition လိုဖြစ်နေတာကတစ်ပိုင်း၊ Porsche Design Team ကထုတ်ပေးတာ ဖြစ်လို့က တစ်ချက်နဲ့ Huawei ရဲ့ အကောင်းဆုံးဆိုတဲ့ Flagship ဖုန်းတစ်လုံးဖြစ်နေတာကြောင့် 1595 € နဲ့စရောင်းမှာဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်ကိုရောက်လာမယ်ဆိုရင်တော့ ခန့်မှန်းချေ သိန်း ၃၀ ကျော်ဝန်းကျင်လောက် ရှိနိုင်ပါတယ်။ Porsche ပရိသတ်အတွက်တော့ Collector Item တစ်ခုဖြစ်သလို Mate RS တွေကိုပဲ သဘောကျတဲ့ ကားပရိသတ်အတွက်လည်း တန်ဖိုးကြီးဖုန်းတစ်လုံးအဖြစ် ရှိနေမှာပါ။ ပေးရတာနဲ့ တန်တယ် မတန်ဘူးဆိုတာထက် ဒီဖုန်းက Branding အရရော၊ Design အရပါ Status တစ်ခုဖြစ်နေတာကြောင့် Porsche ပရိသတ်ကတော့ သဘောကျမယ်ဆိုတာ အများကြီးရှင်းနေစရာမလိုတော့ပါဘူး။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။