[Zawgyi] 

iPhone ေတြက တစ္ႏွစ္ကို တစ္ေခါက္ထြက္သလို iOS Version အသစ္ကလည္း တစ္ႏွစ္ကို တစ္ေခါက္ထြက္ေနပါတယ္။ Upgrade လုပ္တယ္ဆိုတာက ကၽြန္ေတာ္တို႔နဲ႔ရင္းႏွီးၿပီးသား စကားလံုးပါ။ 

Apple’s iPhone 6s Plus

ဒါေပမယ့္ Upgrade လုပ္ဖို႔ေမ့ေနသူေတြ၊ သတိမထားမိၾကသူေတြကေတာ့ ဖုန္းေတြကို Upgrade လုပ္ဖို႔ ေမ့ေနၾကသလို Software ပိုင္းမွာလည္း အမ်ားႀကီးေနာက္က်က်န္ေနခဲ့သူေတြ ရွိေနပါေသးတယ္။ iPhone 6S နဲ႔ေရွ႕ကထြက္ထားတဲ့ iPhone ကို ကိုင္ေနတဲ့သူဆိုရင္ေတာ့ အခုအခ်ိန္မွာ Updrade လုပ္သင့္ပါၿပီ။ 

iPhone 7

iPhone 6 ေတြကို Design အသစ္နဲ႔စထုတ္ေပးၿပီးေနာက္ပို္င္းမွာ သိသိသာသာေျပာင္းလဲလာတာက iPhone 7 ေတြပါ။ 4.7 Inch iPhone မွာ ပထမဦးဆံုးအေနနဲ႔ Rear Camera မွာ OIS ထည့္ေပးလာသလို Stereo Speakers ၊ Home Button အသစ္နဲ႔ 7MP FaceTime Camera ေတြကို ထည့္ေပးလာပါတယ္။ Display ပိုင္းမွာလည္း တိုးတက္မႈေတြ ရွိလာပါတယ္။ iPhone 6S အထိ Full sRGB Standard ပဲရခဲ့ေပမယ့္ iPhone 7 မွာေတာ့ P3 Colour Gamut အထိရလာသလို Brightness Level လည္း ပိုမ်ားလာပါတယ္။ 

iPhone 8

iPhone 6S နဲ႔ အရင္ကထြက္ထားတဲ့ iPhone ေတြကေတာ့ အသစ္ထြက္လာမယ့္ App ေတြနဲ႔ iOS Update ေတြမွာ iPhone 7 နဲ႔ ေနာက္ထြက္တဲ့ iPhone ေတြေလာက္ သံုးရတာသိပ္ေကာင္းေနမွာေတာ့ မဟုတ္ပါဘူး။ iPhone 7 မွာပါတဲ့ A10 Fusion Chip က iPhone 6 နဲ႔ 6S ေတြမွာသံုးခဲ့တဲ့ A8 နဲ႔ A9 Chip ေတြထက္ ေတာ္ေတာ္ေလးျမန္လာတာေၾကာင့္ပါ။ iPhone 8 နဲ႔ေနာက္ပိုင္း Model ေတြကေတာ့ iPhone 6 Series ေတြထက္ အမ်ားႀကီး ပိုျမန္ေနၿပီျဖစ္လို႔ အသစ္ထြက္လာမယ့္ App ေတြ၊ Game ေတြနဲ႔ iOS Update ေတြအတြက္ေတာ့ စိတ္ေက်နပ္ဖို႔ေကာင္းေနဦးမယ့္ iPhone စာရင္းထဲမွာပါေနပါၿပီ။ တကယ္လို႔ သင္က လက္ရွိ iPhone 6 ၊ 6S နဲ႔ေရွ႕က Model ေတြကို ကိုင္ေနတယ္ဆိုရင္ေတာ့ လက္ရွိအခ်ိန္မွာ iPhone အသစ္ကို ေျပာင္းကိုင္သင့္ပါၿပီ။ ဒါေပမယ့္ Battery Life အရလည္း ေကာင္းေသးတယ္၊ App ေတြအမ်ားႀကီးလည္း သိ္ပ္မသံုးျဖစ္ဘူးဆိုရင္ေတာ့ iPhone 6S ေလာက္အထိ အဆင္ေျပေနပါဦးမွာပါ။ iPhone 6 ကေတာ့ အခုအခ်ိန္မွာ ေတာ္ေတာ္ေလးကို ေနာက္က်ေနပါၿပီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

ဒီအချိန်မှာ ဘယ်သူတွေ iPhone အသစ်ကို Upgrade လုပ်သင့်သလဲ

iPhone တွေက တစ်နှစ်ကို တစ်ခေါက်ထွက်သလို iOS Version အသစ်ကလည်း တစ်နှစ်ကို တစ်ခေါက်ထွက်နေပါတယ်။ Upgrade လုပ်တယ်ဆိုတာက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသား စကားလုံးပါ။ 

Apple’s iPhone 6s Plus

ဒါပေမယ့် Upgrade လုပ်ဖို့မေ့နေသူတွေ၊ သတိမထားမိကြသူတွေကတော့ ဖုန်းတွေကို Upgrade လုပ်ဖို့ မေ့နေကြသလို Software ပိုင်းမှာလည်း အများကြီးနောက်ကျကျန်နေခဲ့သူတွေ ရှိနေပါသေးတယ်။ iPhone 6S နဲ့ရှေ့ကထွက်ထားတဲ့ iPhone ကို ကိုင်နေတဲ့သူဆိုရင်တော့ အခုအချိန်မှာ Updrade လုပ်သင့်ပါပြီ။ 

iPhone 7

iPhone 6 တွေကို Design အသစ်နဲ့စထုတ်ပေးပြီးနောက်ပိုင်းမှာ သိသိသာသာပြောင်းလဲလာတာက iPhone 7 တွေပါ။ 4.7 Inch iPhone မှာ ပထမဦးဆုံးအနေနဲ့ Rear Camera မှာ OIS ထည့်ပေးလာသလို Stereo Speakers ၊ Home Button အသစ်နဲ့ 7MP FaceTime Camera တွေကို ထည့်ပေးလာပါတယ်။ Display ပိုင်းမှာလည်း တိုးတက်မှုတွေ ရှိလာပါတယ်။ iPhone 6S အထိ Full sRGB Standard ပဲရခဲ့ပေမယ့် iPhone 7 မှာတော့ P3 Colour Gamut အထိရလာသလို Brightness Level လည်း ပိုများလာပါတယ်။ 

iPhone 8

iPhone 6S နဲ့ အရင်ကထွက်ထားတဲ့ iPhone တွေကတော့ အသစ်ထွက်လာမယ့် App တွေနဲ့ iOS Update တွေမှာ iPhone 7 နဲ့ နောက်ထွက်တဲ့ iPhone တွေလောက် သုံးရတာသိပ်ကောင်းနေမှာတော့ မဟုတ်ပါဘူး။ iPhone 7 မှာပါတဲ့ A10 Fusion Chip က iPhone 6 နဲ့ 6S တွေမှာသုံးခဲ့တဲ့ A8 နဲ႔ A9 Chip တွေထက် တော်တော်လေးမြန်လာတာကြောင့်ပါ။ iPhone 8 နဲ့နောက်ပိုင်း Model တွေကတော့ iPhone 6 Series တွေထက် အများကြီး ပိုမြန်နေပြီဖြစ်လို့ အသစ်ထွက်လာမယ့် App တွေ၊ Game တွေနဲ့ iOS Update တွေအတွက်တော့ စိတ်ကျေနပ်ဖို့ကောင်းနေဦးမယ့် iPhone စာရင်းထဲမှာပါနေပါပြီ။ တကယ်လို့ သင်က လက်ရှိ iPhone 6 ၊ 6S နဲ့ရှေ့က Model တွေကို ကိုင်နေတယ်ဆိုရင်တော့ လက်ရှိအချိန်မှာ iPhone အသစ်ကို ပြောင်းကိုင်သင့်ပါပြီ။ ဒါပေမယ့် Battery Life အရလည်း ကောင်းသေးတယ်၊ App တွေအများကြီးလည်း သိပ်မသုံးဖြစ်ဘူးဆိုရင်တော့ iPhone 6S လောက်အထိ အဆင်ပြေနေပါဦးမှာပါ။ iPhone 6 ကတော့ အခုအချိန်မှာ တော်တော်လေးကို နောက်ကျနေပါပြီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။