[Zawgyi]

ရန္ကုန္ရဲ႕ အလွဆံုးျဖစ္လာမယ့္ ႐ူးခါေနေအာင္လွတဲ့ အင္းလ်ားကန္ေစာင္းက ေကာ္ဖီဆိုင္ျဖဴျဖဴေလး

ေကာင္မေလးေတြ မျပန္ခ်င္ေအာင္ကို ေႂကြရတဲ့ ဒီရက္ပိုင္း ရန္ကုန္ၿမိဳ႕ရဲ႕ နာမည္ႀကီးေကာ္ဖီဆိုင္ျဖဴျဖဴေလးဆီ ေရာက္ၿပီးသြားၾကၿပီလား?

ဖြင့္တာ ၆ရက္ပဲရွိေသးတဲ့ ဒီေကာ္ဖီဆိုင္ကေတာ့ ရန္ကုန္ၿမိဳ႕ထဲမွာေနရင္းကို ႏိုင္ငံျခားကဆိုင္ေလးေရာက္ေနရသလား ထင္မွတ္မွားရေစမယ့္ ခံစားခ်က္ကို ရေစတာ တကယ္ႀကီးပါပဲ။

ဒီဆိုင္ေလးကိုေရာက္သြားရင္ေတာ့ တစ္ဆိုင္လံုးအနံ႔ ျဖဴဆြတ္ေနတဲ့ အလွတရားေတြ၊ စိမ္းစိုေနတဲ့ပန္းျခံႀကီးေတြ၊ ျမက္ခင္းစိမ္းႀကီးေတြ၊ ကန္ဖ်ားအလွေတြ၊ ေရပန္းေတြနဲ႔ ဝန္းရံထားတဲ့ အလွေတြထဲ မေမ်ာသြားမယ့္လူရွိရင္ ျပတိုက္မွာသိမ္းထားရေတာ့မယ္။

အဲ့ေလာက္ထိေအာင္လွလားေမးရင္ ဟုတ္ကဲ့ အဲ့ေလာက္ထိေတာင္လွပါတယ္လို႔ပဲ ေျပာရမွာပဲ။ ဘယ္ေလာက္ေတာင္လွလဲ ဘာေတြရလဲဆိုရင္ေတာ့ ဒီမွာ လာပါၿပီရွင့္….

အျပင္အဆင္
အာက္ထပ္ေရာ၊ အေပၚထပ္ေရာ တစ္ဆိုင္လံုးကို ျဖဴေဖြးဆြတ္ေနေအာင္ အလွဆင္ထားပါတယ္။ မီးလံုး အလွေလးေတြ တပ္ထားတယ္။

အျပင္အဆင္က ခမ္းနားတယ္။ ႐ိုးရွင္းေနေအာင္ တည္ၿငိမ္တယ္။ ေအာက္ထပ္မွာေရာ အေပၚမွာေရာ အခန္းေတြ က ဘယ္ညာ ၂ခန္း ခြဲထားတယ္။

ခ်စ္သူေလးေတြ ၂ေယာက္တည္း ဒိတ္လို႔လွမယ့္ Private ခန္းလွလွေလးေတြလည္း ၄ခန္းပါတယ္။

Charge လံုးဝမယူပါဘူး။

အစားအစာ
ဒီဆိုင္မွာရတဲ့ အစားအစာကိုေတာ့ (၃) မ်ိဳးခြဲၿပီး ကိုယ့္အႀကိဳက္အလိုက္ မွာခ်င္သူေတြအတြက္ ေစ်းေလးေတြ ခြဲေပးပါ့မယ္။

ဆိုင္မွာအဓိကရတာက European Food ေတြနဲ႔ ကိတ္ေတြပါ။ အဲ့ဒီမွာမွ-

(၁)ေပါ့ေပါ့ပါးပါးစားလိုသူေတြအတြက္ Croissant

ဒါက်ေတာ့ ဒီဆိုင္ရဲ႕ ခမ္းနားမႈနဲ႔မွမလိုက္ အတန္႔အတန္ဆံုး မုန္႔ေတြပါ။ ေစ်းႏႈန္း ၁၀၀၀ ကေန ၁၅၀၀, ၂၀၀၀ ဝန္းက်င္ရွိပါတယ္။ Croissant ေတြ ေတာ္ေတာ္ေကာင္းပါတယ္။


အရမ္းႀကိဳက္ခဲ့ရတာကေတာ့ Chicken Cheese Danish ပါ။ ၾကက္သားအလႊာလိုက္ႀကီးေတြ၊ Cheese ေတြထက္ကို Daish ရဲ႕ ေထာပတ္နံ့ေမႊးၿပီး ဆိမ့္လြန္းေနတဲ့ ဂ်ံဳသားလတ္လတ္ဆတ္ဆတ္အရသာက ၁၅၀၀ ပဲေပးရေတာ့ ဗိုက္မဝမခ်င္း ဝယ္စားခ်င္မိတဲ့ထိပါပဲ။

(၂) ကိတ္နဲ႔ ေကာ္ဖီေကာင္းေကာင္းေလးစားၿပီးၿငိမ့္ခ်င္သူေတြအတြက္

ဒါကေတာ့ ဒုတိယတန္းစားေစ်းပါ။ ေစ်းအရမ္းမႀကီးမေသးအေနအထားပါ။ ကိတ္ေတြက တစ္စိတ္ကို ၅၀၀၀ ပါ။

ဒါေပမယ့္ အရသာေတာ္ေတာ္ေကာင္းမယ့္အထဲပါပါတယ္။ အရသာစံုအေရာင္စံု၊ ပံုစံစံနဲ႔ ခ်စ္စရာေလးေတြပါ။ ေကာ္ဖီေတြကေတာ့ ေစ်းႏႈန္း ၃၀၀၀ ကစရွိပါတယ္တဲ့။ ခုထိေတာ့ Drinks Menu မဆြဲရေသးပါဘူး။ မွာေသာက္လို႔ေတာ့ ရပါတယ္။ Fruit Juice ေတြကေတာ့ ပံုမွန္ပါပဲ။ ၫႊန္းရေလာက္ေအာင္ မဟုတ္ပါဘူး။

(၃) High Living Luxurious people ေတြ အတြက္ European Food

သာမန္လူေတြအတြက္ေတာ့ ဒီဆိုင္လာဖို႔ စြန္႔စားရမယ့္ေစ်းလို႔ေျပာရေအာင္ကို ေစ်းနည္းနည္းျမင့္ပါတယ္။ ၆၀၀၀ ကစပါတယ္။ ၄၀၀၀၀ ဝန္းက်င္ထိရွိပါတယ္။ ဒီအစားအစာေတြကေတာ့ ႏိုင္ငံျခားသားေတြပိုအႀကိဳက္ေတြ႕မွာပါ။

အရသာသိဖို႔ European Food ထဲက Carbonara ကို မွာခဲ့တာ ေတာ္ေတာ္ႀကီးတဲ့ ပြဲႀကီးတစ္ပြဲရပါတယ္။ Cream ေရာ Cheese ေရာ၊ Bacon နဲ႔ မိႈေတြပါ အကုန္အပိုအလိုမရွိ ေကာင္းမွေကာင္း ဆိုတဲ့ထဲပါပါတယ္။ စားခဲ့ဖူးသမွ် Hotel ေတြက Carbonara ေတြထက္ကို ပိုေကာင္းတဲ့အရသာပါ။ ၉၀၀၀ ေပးရပါတယ္။

ေပါင္မုန္႔အႀကီးေတြလည္း အမ်ိဳးစံုရွိၿပီး တစ္လံုးကိုမွ ၄၈၀၀ ဝန္းက်င္ပဲရွိပါတယ္။

ကဲ…ကိုယ္အဆင္ေျပတဲ့ ေစ်းႏႈန္းအေနအထားနဲ႔ ကိုယ့္အႀကိဳက္အလိုက္ ေရြးခ်ယ္စားႏိုင္ပါၿပီ။

ဝန္ေဆာင္မႈ
မအူမလည္ျဖစ္ေနေသးတဲ့ ဝန္ထမ္းေတြရွိသလို အျပံဳးတခ်က္မပ်က္ဘဲ ေဖာ္ေရြလြန္းတဲ့ ဝန္ထမ္းေတြလည္း ရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ စိတ္ခ်မ္းသာခဲ့ရပါတယ္။

လက္ေဆာင္
ဒါကေတာ့ Grand Opening မလုပ္ခင္ထိ ဆိုင္မွာလာစားတဲ့သူတိုင္းကို သစ္ရြက္ပံု Cookieေလးေတြပါတဲ့ Cookie Box ေလးေတြ လက္ေဆာင္ေပးေနတယ္ဆိုေတာ့ ေပ်ာ္ၿပီပဲေပါ့….ေနာ့။ ဘယ္ခ်ိန္ထိ ေပးမေပးေတာ့ ေသခ်ာမေျပာခဲ့ပါဘူး။

ေနရာ
လူတိုင္းသိခ်င္ေနတဲ့ဆိုင္နာမည္ကေတာ့ “White Swan” Tea House and Bakery Restaurant ပါ။

ရန္ကုန္ၿမိဳ႕ရဲ႕ အလွဆံုးေတြထဲက တစ္ေနရာျဖစ္တဲ့ အင္းလ်ားကန္ေနာက္မွာ အေျခတည္ထားပါတယ္။

လိပ္စာေလးက အမွတ္ (၅) ဦးထြန္းၿငိမ္းလမ္း၊ ၁၀ ရပ္ကြက္၊ မရမ္းကုန္းၿမိဳ႕နယ္ထဲမွာပါ။

ဖြင့္ခ်ိန္
မနက္ ၁၀ နာရီကေန ည ၁၁ နာရီထိဖြင့္ပါတယ္။ သြားလို႔ အဆင္ေျပဆံုးအခ်ိန္ေတြကေတာ့ မနက္ ၁၁ နာရီေလာက္နဲ႔ ညေန ၄နာရီေလာက္ေတြဆိုရင္ ေနေအးခ်ိန္ေလးမို႔ အလွဆံုးပါပဲ။

မိုးရြာတဲ့ေန႔ေတြဆိုရင္ေတာ့ မိုးရြာၿပီးစခ်ိန္မွ သြားပါေနာ္။ အဲ့အခ်ိန္က အရာရာပိုစိမ္းစိုၿပီး လွလို႔ပါ။

တကယ္ လွလြန္းတဲ့အျပင္ ဖြင့္ထားတာ ၆ရက္ပဲရွိေသးလို႔ လူမသိေသးတဲ့ ေကာ္ဖီဆိုင္ပါ။

ဆိုင္ရဲ႕ေနရာတစ္ေနရာမက်န္ ဓါတ္ပံု႐ိုက္လို႔ အရမ္းလွတဲ့ေနရာပါ။ စိတ္ညစ္သူေတြ ဝရန္တာကေန ျမင္ရတဲ့ အင္းလ်ားကန္ေစာင္းမွာ ခုန္ေပါက္ျမဴးတူးလို႔ ေကာင္းတဲ့ေနရာပါ။

အပင္ေတြစိမ္းစိုေနတဲ့ ျခံဝန္းထဲက စံအိမ္ေလးေတြထဲ ၾကည္ႏူးလို႔အေကာင္းဆံုးေနရာပါ။ Croissant ေတြ သိပ္ေကာင္းတဲ့ေနရာပါ။

ေကာင္မေလးလက္ကိုဆြဲၿပီး ေခၚသြားဖို႔ ျပင္ပါ။ ဓါတ္ပံုဆရာေတြ Photo Model လွလွေလးရွာထားဖို႔ျပင္ပါ။ ေကာင္မေလးေတြ အဖြဲ႕လိုက္ Friendship Goal ဖို႔ ခ်ိန္ပါ။ ၿပီးရင္ “White Swan” Tea House and Bakery Restaurant ကို ေနသာတဲ့တစ္ေန႔ လာဖူးေအာင္ လာပါ။ ရန္ကုန္ၿမိဳ႕ရဲ႕ ပုန္းကြယ္ေနတဲ့ အလွဆံုးကမ႓ာေလးကို ေတြ႕ရမွာပါ။

(ဒီလို ဆိုင္ေနရာသစ္ေလးေတြ ဆိုင္ေကာင္းေလးေတြကို ကိုယ္တိုင္ဝယ္စား ကိုယ္တိုင္အဆိုးအေကာင္း ဘက္မလိုက္ဘဲ သတင္းစံုလင္ေအာင္ေဝမွ်ၿပီး အစားခ်စ္သူေတြထံသတင္းပါးဖို႔ ကိုယ့္ပရိသတ္အားေတြလိုတာမို႔ Akhayar-Food ကို like ေလးလုပ္ထားၿပီး ျပန္အားေပးပါဦးရွင့္

FoodieEi (Akhayar)

[Unicode]

ရန်ကုန်ရဲ့ အလှဆုံးဖြစ်လာမယ့် ရူးခါနေအောင်လှတဲ့ အင်းလျားကန်စောင်းက ကော်ဖီဆိုင်ဖြူဖြူလေး

ကောင်မလေးတွေ မပြန်ချင်အောင်ကို ကြွေရတဲ့ ဒီရက်ပိုင်း ရန်ကုန်မြို့ရဲ့ နာမည်ကြီးကော်ဖီဆိုင်ဖြူဖြူလေးဆီ ရောက်ပြီးသွားကြပြီလား?

ဖွင့်တာ ၆ရက်ပဲရှိသေးတဲ့ ဒီကော်ဖီဆိုင်ကတော့ ရန်ကုန်မြို့ထဲမှာနေရင်းကို နိုင်ငံခြားကဆိုင်လေးရောက်နေရသလား ထင်မှတ်မှားရစေမယ့် ခံစားချက်ကို ရစေတာ တကယ်ကြီးပါပဲ။

ဒီဆိုင်လေးကိုရောက်သွားရင်တော့ တစ်ဆိုင်လုံးအနံ့ ဖြူဆွတ်နေတဲ့ အလှတရားတွေ၊ စိမ်းစိုနေတဲ့ပန်းခြံကြီးတွေ၊ မြက်ခင်းစိမ်းကြီးတွေ၊ ကန်ဖျားအလှတွေ၊ ရေပန်းတွေနဲ့ ဝန်းရံထားတဲ့ အလှတွေထဲ မမျောသွားမယ့်လူရှိရင် ပြတိုက်မှာသိမ်းထားရတော့မယ်။

အဲ့လောက်ထိအောင်လှလားမေးရင် ဟုတ်ကဲ့ အဲ့လောက်ထိတောင်လှပါတယ်လို့ပဲ ပြောရမှာပဲ။ ဘယ်လောက်တောင်လှလဲ ဘာတွေရလဲဆိုရင်တော့ ဒီမှာ လာပါပြီရှင့်….

အပြင်အဆင်
အာက်ထပ်ရော၊ အပေါ်ထပ်ရော တစ်ဆိုင်လုံးကို ဖြူဖွေးဆွတ်နေအောင် အလှဆင်ထားပါတယ်။ မီးလုံး အလှလေးတွေ တပ်ထားတယ်။

အပြင်အဆင်က ခမ်းနားတယ်။ ရိုးရှင်းနေအောင် တည်ငြိမ်တယ်။ အောက်ထပ်မှာရော အပေါ်မှာရော အခန်းတွေ က ဘယ်ညာ ၂ခန်း ခွဲထားတယ်။

ချစ်သူလေးတွေ ၂ယောက်တည်း ဒိတ်လို့လှမယ့် Private ခန်းလှလှလေးတွေလည်း ၄ခန်းပါတယ်။

Charge လုံးဝမယူပါဘူး။

အစားအစာ
ဒီဆိုင်မှာရတဲ့ အစားအစာကိုတော့ (၃) မျိုးခွဲပြီး ကိုယ့်အကြိုက်အလိုက် မှာချင်သူတွေအတွက် ဈေးလေးတွေ ခွဲပေးပါ့မယ်။

ဆိုင်မှာအဓိကရတာက European Food တွေနဲ့ ကိတ်တွေပါ။ အဲ့ဒီမှာမှ-

(၁)ပေါ့ပေါ့ပါးပါးစားလိုသူတွေအတွက် Croissant

ဒါကျတော့ ဒီဆိုင်ရဲ့ ခမ်းနားမှုနဲ့မှမလိုက် အတန့်အတန်ဆုံး မုန့်တွေပါ။ ဈေးနှုန်း ၁၀၀၀ ကနေ ၁၅၀၀, ၂၀၀၀ ဝန်းကျင်ရှိပါတယ်။ Croissant တွေ တော်တော်ကောင်းပါတယ်။


အရမ်းကြိုက်ခဲ့ရတာကတော့ Chicken Cheese Danish ပါ။ ကြက်သားအလွှာလိုက်ကြီးတွေ၊ Cheese တွေထက်ကို Daish ရဲ့ ထောပတ်နံ့မွှေးပြီး ဆိမ့်လွန်းနေတဲ့ ဂျုံသားလတ်လတ်ဆတ်ဆတ်အရသာက ၁၅၀၀ ပဲပေးရတော့ ဗိုက်မဝမချင်း ဝယ်စားချင်မိတဲ့ထိပါပဲ။

(၂) ကိတ်နဲ့ ကော်ဖီကောင်းကောင်းလေးစားပြီးငြိမ့်ချင်သူတွေအတွက်

ဒါကတော့ ဒုတိယတန်းစားဈေးပါ။ ဈေးအရမ်းမကြီးမသေးအနေအထားပါ။ ကိတ်တွေက တစ်စိတ်ကို ၅၀၀၀ ပါ။

ဒါပေမယ့် အရသာတော်တော်ကောင်းမယ့်အထဲပါပါတယ်။ အရသာစုံအရောင်စုံ၊ ပုံစံစံနဲ့ ချစ်စရာလေးတွေပါ။ ကော်ဖီတွေကတော့ ဈေးနှုန်း ၃၀၀၀ ကစရှိပါတယ်တဲ့။ ခုထိတော့ Drinks Menu မဆွဲရသေးပါဘူး။ မှာသောက်လို့တော့ ရပါတယ်။ Fruit Juice တွေကတော့ ပုံမှန်ပါပဲ။ ညွှန်းရလောက်အောင် မဟုတ်ပါဘူး။

(၃) High Living Luxurious people တွေ အတွက် European Food

သာမန်လူတွေအတွက်တော့ ဒီဆိုင်လာဖို့ စွန့်စားရမယ့်ဈေးလို့ပြောရအောင်ကို ဈေးနည်းနည်းမြင့်ပါတယ်။ ၆၀၀၀ ကစပါတယ်။ ၄၀၀၀၀ ဝန်းကျင်ထိရှိပါတယ်။ ဒီအစားအစာတွေကတော့ နိုင်ငံခြားသားတွေပိုအကြိုက်တွေ့မှာပါ။

အရသာသိဖို့ European Food ထဲက Carbonara ကို မှာခဲ့တာ တော်တော်ကြီးတဲ့ ပွဲကြီးတစ်ပွဲရပါတယ်။ Cream ရော Cheese ရော၊ Bacon နဲ့ မှိုတွေပါ အကုန်အပိုအလိုမရှိ ကောင်းမှကောင်း ဆိုတဲ့ထဲပါပါတယ်။ စားခဲ့ဖူးသမျှ Hotel တွေက Carbonara တွေထက်ကို ပိုကောင်းတဲ့အရသာပါ။ ၉၀၀၀ ပေးရပါတယ်။

ပေါင်မုန့်အကြီးတွေလည်း အမျိုးစုံရှိပြီး တစ်လုံးကိုမှ ၄၈၀၀ ဝန်းကျင်ပဲရှိပါတယ်။

ကဲ…ကိုယ်အဆင်ပြေတဲ့ ဈေးနှုန်းအနေအထားနဲ့ ကိုယ့်အကြိုက်အလိုက် ရွေးချယ်စားနိုင်ပါပြီ။

ဝန်ဆောင်မှု
မအူမလည်ဖြစ်နေသေးတဲ့ ဝန်ထမ်းတွေရှိသလို အပြုံးတချက်မပျက်ဘဲ ဖော်ရွေလွန်းတဲ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာခဲ့ရပါတယ်။

လက်ဆောင်
ဒါကတော့ Grand Opening မလုပ်ခင်ထိ ဆိုင်မှာလာစားတဲ့သူတိုင်းကို သစ်ရွက်ပုံ Cookieလေးတွေပါတဲ့ Cookie Box လေးတွေ လက်ဆောင်ပေးနေတယ်ဆိုတော့ ပျော်ပြီပဲပေါ့….နော့။ ဘယ်ချိန်ထိ ပေးမပေးတော့ သေချာမပြောခဲ့ပါဘူး။

နေရာ
လူတိုင်းသိချင်နေတဲ့ဆိုင်နာမည်ကတော့ “White Swan” Tea House and Bakery Restaurant ပါ။

ရန်ကုန်မြို့ရဲ့ အလှဆုံးတွေထဲက တစ်နေရာဖြစ်တဲ့ အင်းလျားကန်နောက်မှာ အခြေတည်ထားပါတယ်။

လိပ်စာလေးက အမှတ် (၅) ဦးထွန်းငြိမ်းလမ်း၊ ၁၀ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်ထဲမှာပါ။

ဖွင့်ချိန်
မနက် ၁၀ နာရီကနေ ည ၁၁ နာရီထိဖွင့်ပါတယ်။ သွားလို့ အဆင်ပြေဆုံးအချိန်တွေကတော့ မနက် ၁၁ နာရီလောက်နဲ့ ညနေ ၄နာရီလောက်တွေဆိုရင် နေအေးချိန်လေးမို့ အလှဆုံးပါပဲ။

မိုးရွာတဲ့နေ့တွေဆိုရင်တော့ မိုးရွာပြီးစချိန်မှ သွားပါနော်။ အဲ့အချိန်က အရာရာပိုစိမ်းစိုပြီး လှလို့ပါ။

တကယ် လှလွန်းတဲ့အပြင် ဖွင့်ထားတာ ၆ရက်ပဲရှိသေးလို့ လူမသိသေးတဲ့ ကော်ဖီဆိုင်ပါ။

ဆိုင်ရဲ့နေရာတစ်နေရာမကျန် ဓါတ်ပုံရိုက်လို့ အရမ်းလှတဲ့နေရာပါ။ စိတ်ညစ်သူတွေ ဝရန်တာကနေ မြင်ရတဲ့ အင်းလျားကန်စောင်းမှာ ခုန်ပေါက်မြူးတူးလို့ ကောင်းတဲ့နေရာပါ။

အပင်တွေစိမ်းစိုနေတဲ့ ခြံဝန်းထဲက စံအိမ်လေးတွေထဲ ကြည်နူးလို့အကောင်းဆုံးနေရာပါ။ Croissant တွေ သိပ်ကောင်းတဲ့နေရာပါ။

ကောင်မလေးလက်ကိုဆွဲပြီး ခေါ်သွားဖို့ ပြင်ပါ။ ဓါတ်ပုံဆရာတွေ Photo Model လှလှလေးရှာထားဖို့ပြင်ပါ။ ကောင်မလေးတွေ အဖွဲ့လိုက် Friendship Goal ဖို့ ချိန်ပါ။ ပြီးရင် “White Swan” Tea House and Bakery Restaurant ကို နေသာတဲ့တစ်နေ့ လာဖူးအောင် လာပါ။ ရန်ကုန်မြို့ရဲ့ ပုန်းကွယ်နေတဲ့ အလှဆုံးကမ္ဘာလေးကို တွေ့ရမှာပါ။

(ဒီလို ဆိုင်နေရာသစ်လေးတွေ ဆိုင်ကောင်းလေးတွေကို ကိုယ်တိုင်ဝယ်စား ကိုယ်တိုင်အဆိုးအကောင်း ဘက်မလိုက်ဘဲ သတင်းစုံလင်အောင်ဝေမျှပြီး အစားချစ်သူတွေထံသတင်းပါးဖို့ ကိုယ့်ပရိသတ်အားတွေလိုတာမို့ Akhayar-Food ကို like လေးလုပ်ထားပြီး ပြန်အားပေးပါဦးရှင့်

FoodieEi (Akhayar)