[Zawgyi]
The Dress
ဘယ်လို ပျံ့နှံ့လာသလဲ
Team Yanny
Team Laurel
Team Both
Yoe Lu (Akhayar)
www.akhayar.com
[Unicode]
Laurel နဲ့ Yanny နှစ်ခုကြား ဘယ်အရာကို ကြားမိသလဲ
အခုတလော Facebook လူမှုကွန်ရက်ပေါ်မှာ အသံဖိုင်တစ်ဖိုင်တင်ထားပြီး Laurel လို့ ကြားလား၊ Yanny လို့ ကြားလား လို့ မေးထားတာကို တွေ့ရမှာပါ။ ဒီအသံဖိုင်ကို ပြန် Share တဲ့သူများပြီး ထူးဆန်းတာက ဒီအသံဖိုင်ကို Laurel လို့ ကြားတဲ့သူက ကြား၊ Yanny လို့ ကြားတဲ့သူက ကြားပြီး နှစ်အုပ်စုကွဲခဲ့တာပါပဲ။
ဒီထက်ပိုဆန်းကြယ်တာကတော့ Laptop နဲ့ ကွန်ပျူတာတွေပေါ်မှာ နားထောင်ရင် Laurel လို့ ကြားပြီး ဖုန်းမှာ နားထောင်ရင် Yanny လို့ ပြန်ကြားတာတွေ၊ ရှေ့နှစ်ခါနားထောင်ရင် Laurel လို့ ကြားပြီး ပြန်နားထောင်ရင် Yanny လို့ ကြားတာတွေပါ ရှုပ်နေတာမျိုးတွေ ရှိပါတယ်။
ဒီကိစ္စဟာ ၂၀၁၅ ဖေဖော်ဝါရီလောက်က ကြုံခဲ့တဲ့ အကျီ်ကိစ္စလိုပါပဲ။ အဖြူနဲ့ ရွှေရောင်လို မြင်တဲ့သူရှိသလို အပြာနဲ့ အနက်လို့ မြင်တဲ့သူတွေလည်း ရှိတဲ့ အကျီၤကိစ္စလေ၊ မှတ်မိတယ်ဟုတ်။
The Dress
ဒီကိစ္စကို ခြေရာကောက်ကြည့်တဲ့အခါ
ဘယ်ကစတာလဲ နဲ့ စကားလုံးအမှန်ကဘာလဲ
Reddit ဆိုတဲ့ Social News Website မှာ တင်နေကြ Redditor တစ်ယောက်ဖြစ်တဲ့ RolandCamry က ဒီ Video ကို မေလ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ အောက်က Comment မှာတော့ Post ပိုင်ရှင်ဖြစ်တဲ့ RolandCamry ကပဲ မူလ အသံဖိုင်ဖြစ်တဲ့ Vocabulary.com က “Laurel” ဆိုတဲ့ အသံဖိုင်ကို တင်ပေးခဲ့ပါတယ်။
ဒီတော့ ဒီ စက်ရုပ်သံလို ပြောတဲ့ အသံဟာ Vocabulary.com က “Laurel” ဆိုတဲ့ စကားလုံးရဲ့ အသံထွက်ကို ပါးပါးလေးပြောင်းလဲထားတာပဲ ဖြစ်ပါတယ်။ ဒီအသံကို Professional အော်ပရာအဆိုတော်တစ်ယောက်က အသံသွင်းထားတာပါတဲ့။ အသံထွက်ဆိုင်ရာ ပညာရှင်တွေကတော့ ဒီ အသံဖိုင်ဟာ ဦးနှောက်ရဲ့ သရနဲ့ ဗျည်းတွေကို ခွဲခြားဖော်ထုတ်တဲ့ လုပ်ဆောင်ချက်ကို လှည့်စားလုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဘယ်လို ပျံ့နှံ့လာသလဲ
မေ ၁၄ ရက်နေ့အရောက်မှာတော Twitter အသုံးပြုနဲ့ Social Media Influencer တစ်ယောက်ဖြစ်တဲ့ Cloe Feldman က ကျွန်တော်တို့ ကြားနေရတဲ့ အခုအသံဖိုင်ကို တင်လိုက်တာ ဖြစ်ပါတယ်။ အဲဒီမှာတင် Twitter မှာ Laurel နဲ့ Yanny ဆိုပြီး နှစ်ခြမ်းခွဲပြီး စကားစစ်ထိုးပွဲတွေ ဖြစ်ကုန်တော့တာပါပဲ။
ဒီတော့ သက်သေပြတဲ့သူတွေကလည်း အသံဖိုင်ကို Pitch တွေ ခွဲပြီး ပြတဲ့သူက ပြ၊
Yanny လို့ ကြားတဲ့သူတွေကလည်း High Frequencies ကို ကြားနိုင်ရင် Yanny လို့ ကြားရနိုင်တယ်လို့ ခွဲခြမ်းပြခဲ့ပါတယ်။
ဘယ်သူတွေ Yanny လို့ ကြားပြီး ဘယ်သူတွေ Laurel လို့ ကြားလဲ
Team Yanny
ဂရိတေးရေးဆရာ Yanni ကတော့ သူ့နာမည်အသံထွက်နဲ့ ဆင်တဲ့ Yanny လို့ ကြားပါတယ်တဲ့။
အမေရိကန်မင်းသမီး Mindy Kaling ကလည်း Yanny ပါပဲတဲ့။
Bebe Rexha ကလည်း Team Yanny ပါ။
စာရေးဆရာ Stephen King ကလည်း Yanny လို့ပဲ ကြားပါတယ်။
Team Laurel
အဆိုတော် John Legend ကတော် အမေရိကန်လူမျိုး မော်ဒယ်လ် Christine Teigen ကတော့ ရှင်းရှင်းလင်းလင်းပဲ Laurel လို့ပဲ ကြားပါသတဲ့။
မင်းသား Nick Lachey ကလည်း  ဘာလို့ Yanny လို့ ကြားရမှာလဲ၊ Laurel ပါပဲလို့ ဆိုပါတယ်။
Ellen Show စီစဉ်တင်ဆက်သူ Ellen DeGeneres က သူ Laurel လို့ ကြားပါတယ်လို့ တင်ထားပါတယ်။
အဆိုတော် Lily Allen ကလည်း Laurel ဂိုဏ်းဝင်ပါပဲတဲ့။
မင်းသမီး Ana Gasteyer ကလည်း Laurel လို့ပဲ ကြားတယ်ဆိုပါတယ်။
Carpool Karaoke တင်ဆက်သူ James Corden ကလည်း Laurel ပဲ ကြားသူပါ။
Team Both
ခုန အပေါ်မှာ ပြောခဲ့သလို Laurel ရော၊ Yanny ပါကြားတဲ့သူတွေ ရှိသလို ဘာမှ မကြားတဲ့သူတွေလည်း ရှိပါတယ်။ ကြားနေတွေအနေနဲ့ Ruby Rose ကတော့ နှစ်ခုလုံး သေချာမကြားဘဲ Yeah Me လို့ပဲ ကြားနေတယ်လို့ ဆိုပါတယ်။
အမေရိကန်မင်းသမီး Emmy Rossum ကတော့ Yanny လို့ ကြားပြီး ပြန်နားထောင်တော့ Laurel ပါတဲ့။
Comedian တစ်ယောက်ဖြစ်တဲ့ Stephen Colbert ကတော့ ၅နာရီခွဲမှာ နားထောင်တုန်းက Yanny လို့ ကြားပြီး ၉နာရီခွဲမှာ နားထောင်တော့ Laurel လို့ ကြားပါတယ်တဲ့။
ကဲ! အခရာ ပရိသတ်ကြီးရော.. ဘယ်လိုကြားပါသလဲ.. Team Yanny လား ၊ Team Laurel လားပြောသွားပေးပါဦး။
Yoe Lu (Akhayar)
www.akhayar.com
Ref : Business Insider, fashionmagazine.com, usatoday.com