This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုပ္စု(F)မွာ ဘယ္အသင္း ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ႏုိင္မလဲ

၂၀၁၈ ကမၻာ႔ဖလား အုပ္စုေတြထဲမွာ ပရိသတ္စိတ္၀င္စားမႈအမ်ားဆုံးျဖစ္ေနတာက လက္ရွိခ်န္ပီယံဂ်ာမနီအသင္း ပါ၀င္တဲ့ အုပ္စု(F)ပါပဲ။ အဖြင့္ပဲြမွာ ႐ႈံးနိမ့္ခဲ့တဲ့ ဂ်ာမနီအသင္းဟာ ဆြီဒင္ကုိ အႏုိင္ရခဲ့တာေၾကာင့္ မကၠဆီကုိ၊ ဂ်ာမနီ၊ ဆြီဒင္တို႔ထဲမွာ ေနာက္တစ္ဆင့္တက္ဖုိ႔ ရာႏႈန္းျပည့္ေသခ်ာတဲ့အသင္း မရွိေသးပါဘူး။ ကမၻာ႔ဖလားအုပ္စုအဆင့္မွာ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြအရ ရမွတ္ျခင္းတူရင္၊ ဂုိးကြာျခားခ်က္ Goal Difference ၾကည့္မွာျဖစ္ၿပီး Goal Difference တူေနရင္ အဲဒီအသင္းေတြရဲ႕ သြင္းဂုိးအေရအတြက္ကုိ တြက္ခ်က္မွာျဖစ္ပါတယ္။

Group-F-Standing

Group-F-Standing

အခုေလာေလာဆယ္ မကၠဆီကုိအသင္းက ရမွတ္(၆)မွတ္၊ Goal Difference (+၂)နဲ႔ ဦးေဆာင္ေနၿပီး ဂ်ာမနီက (၃)မွတ္ Goal Difference (၀ဂိုး)၊ ဆြီဒင္က (၃)မွတ္ Goal Difference(၀ဂုိး)နဲ႔ ဒုတိယ၊ တတိယေနရာေတြမွာ ရပ္တည္ေနတယ္။ မကၠဆီကုိအသငး္က ဆြီဒင္နဲ႔ ေနာက္ဆုံးပဲြစဥ္ကစားရမွာျဖစ္ၿပီး ဂ်ာမနီအသင္းကေတာ့ အုပ္စုကထြက္သြားရၿပီျဖစ္တဲ့ ေတာင္ကုိရီးယားနဲ႔ ရင္ဆုိင္ရမွာပါ။ အေနအထားအရ ျပန္ၾကည့္ရင္ေတာ့ ဂ်ာမနီနဲ႔ မကၠဆီကုိတို႔ ေနာက္တစ္ဆင့္တက္ဖုိ႔ အေျခအေနေကာင္းေနၿပီး ဆြီဒင္အတြက္ Danger ျဖစ္ေနတယ္။ တကယ္လုိ႔ ဆီြဒင္သာ ဂ်ာမနီကုိ သေရေလာက္ကစားႏုိင္မယ္ဆုိရင္ ေနာက္တစ္ဆင့္တက္ဖုိ႔ (၇၀)ရာခုိင္ႏႈန္းအထိ ေသခ်ာႏုိင္ေပမယ့္ ႐ႈံးနိမ့္ခဲ့လုိ႔ မကၠဆီကုိနဲ႔ပဲြမွာ (၂)ဂုိးျပတ္ေလာက္ႏုိင္မွ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ဖုိ႔ ေမွ်ာ္လင့္ႏုိင္မယ္။ Goal Difference အရ မကၠဆီကုိက ဆြီဒင္ထက္ (+၂)အသာရေနၿပီး ဆြီဒင္ဟာ (၂)ဂုိးျပတ္ႏုိင္မယ္ ေပးဂုိးလည္းမေပးရမွသာ ေနာက္တစ္ဆင့္တက္ႏုိင္မွာပါ။ဂ်ာမနီအသငး္ကေတာ့ ဆြီဒင္ကုိ အႏုိင္ရခ့ဲတာက ေတာ္ေတာ္ အေျခအေနေကာင္းသြားတယ္။ ေတာင္ကုိရီးယားအသင္းကုိ ဂုိးမ်ားမ်ားနဲ႔ အႏုိင္ကစားမယ္ဆုိရင္ ေနာက္တစ္ဆင့္တက္ဖုိ႔ ရာႏႈန္းမ်ားၿပီး သေရက်မယ္ဆုိရင္ေတာ့ မကၠဆီကုိ-ဆြီဒင္ပဲြရလဒ္ကုိ ေစာင့္ၾကည့္ရမယ္။ တကယ္လုိ႔ ေတာင္ကုိရီးယားနဲ႔ ဂ်ာမနီ သေရက်၊ မကၠဆီကုိနဲ႔ ဆြီဒင္လည္း သေရက်မယ္ဆုိရင္ မကၠဆီကုိ ေနာက္တစ္ဆင့္တက္မွာျဖစ္ၿပီး ဂ်ာမနီနဲ႔ ဆြီဒင္ကေတာ့ ဖီဖာရဲ႕ စည္းမ်ဥ္းေတြအရ ရမွတ္၊ Goal Difference ၊ သြင္းဂုိး ေတြ ျပန္ၾကည့္မယ္၊ အဲဒါေတြ အားလုံးတူေနရင္ Fair Play နဲ႔ ျပန္တြက္မွာပါ။

Fair-Play-Staing

Fair-Play-Standing

Fair Play နဲ႔ဆုိရင္ေတာ့ အနီကတ္တစ္ႀကိမ္၊ အ၀ါကတ္ကတ္ႏွစ္ႀကိမ္ျပခံထားရတဲ့ ဂ်ာမနီအသင္းအတြက္ စုိးရိမ္စရာပါပဲ။ ဒါက ျဖစ္ႏုိင္ေျခကုိေျပာတာျဖစ္ပါတယ္။ Reality အတိုင္းေျပာရမယ္ဆုိရင္ေတာ့ မကၠဆီကုိအသင္းကုိ (၂)ဂုိးျပတ္ႏုိင္ရမယ့္အျပင္ ဂုိးမေပးရဖုိ႔လည္း လုိေနတဲ့အျပင္ ဂုိးေပးရရင္လည္း ေနာက္ထပ္ဂုိးေတြထပ္သြင္းဖုိ႔လုိတဲ့အတြက္ ဆြီဒင္အသင္း ေနာက္တစ္ဆင့္တက္ဖုိ႔ ရာႏႈန္းနည္းေနၿပီလုိ႔ဆုိရမွာပါ။

REF:Wikipedia
Photo:Wikipedia,Goal.com,FIFA
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အုပ်စု(F)မှာ ဘယ်အသင်း ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်နိုင်မလဲ

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုတွေထဲမှာ ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်နေတာက လက်ရှိချန်ပီယံဂျာမနီအသင်း ပါဝင်တဲ့ အုပ်စု(F)ပါပဲ။ အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဂျာမနီအသင်းဟာ ဆွီဒင်ကို အနိုင်ရခဲ့တာကြောင့် မက္ကဆီကို၊ ဂျာမနီ၊ ဆွီဒင်တို့ထဲမှာ နောက်တစ်ဆင့်တက်ဖို့ ရာနှုန်းပြည့်သေချာတဲ့အသင်း မရှိသေးပါဘူး။ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ ရမှတ်ခြင်းတူရင်၊ ဂိုးကွာခြားချက် Goal Difference ကြည့်မှာဖြစ်ပြီး Goal Difference တူနေရင် အဲဒီအသင်းတွေရဲ့ သွင်းဂိုးအရေအတွက်ကို တွက်ချက်မှာဖြစ်ပါတယ်။

Group-F-Standing

Group-F-Standing

အခုလောလောဆယ် မက္ကဆီကိုအသင်းက ရမှတ်(၆)မှတ်၊ Goal Difference (+၂)နဲ့ ဦးဆောင်နေပြီး ဂျာမနီက (၃)မှတ် Goal Difference (ဝဂိုး)၊ ဆွီဒင်က (၃)မှတ် Goal Difference(ဝဂိုး)နဲ့ ဒုတိယ၊ တတိယနေရာတွေမှာ ရပ်တည်နေတယ်။ မက္ကဆီကိုအသင်းက ဆွီဒင်နဲ့ နောက်ဆုံးပွဲစဉ်ကစားရမှာဖြစ်ပြီး ဂျာမနီအသင်းကတော့ အုပ်စုကထွက်သွားရပြီဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ရင်ဆိုင်ရမှာပါ။ အနေအထားအရ ပြန်ကြည့်ရင်တော့ ဂျာမနီနဲ့ မက္ကဆီကိုတို့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပြီး ဆွီဒင်အတွက် Danger ဖြစ်နေတယ်။ တကယ်လို့ ဆွီဒင်သာ ဂျာမနီကို သရေလောက်ကစားနိုင်မယ်ဆိုရင် နောက်တစ်ဆင့်တက်ဖို့ (၇၀)ရာခိုင်နှုန်းအထိ သေချာနိုင်ပေမယ့် ရှုံးနိမ့်ခဲ့လို့ မက္ကဆီကိုနဲ့ပွဲမှာ (၂)ဂိုးပြတ်လောက်နိုင်မှ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ဖို့ မျှော်လင့်နိုင်မယ်။ Goal Difference အရ မက္ကဆီကိုက ဆွီဒင်ထက် (+၂)အသာရနေပြီး ဆွီဒင်ဟာ (၂)ဂိုးပြတ်နိုင်မယ် ပေးဂိုးလည်းမပေးရမှသာ နောက်တစ်ဆင့်တက်နိုင်မှာပါ။ဂျာမနီအသင်းကတော့ ဆွီဒင်ကို အနိုင်ရခဲ့တာက တော်တော် အခြေအနေကောင်းသွားတယ်။ တောင်ကိုရီးယားအသင်းကို ဂိုးများများနဲ့ အနိုင်ကစားမယ်ဆိုရင် နောက်တစ်ဆင့်တက်ဖို့ ရာနှုန်းများပြီး သရေကျမယ်ဆိုရင်တော့ မက္ကဆီကို-ဆွီဒင်ပွဲရလဒ်ကို စောင့်ကြည့်ရမယ်။ တကယ်လို့ တောင်ကိုရီးယားနဲ့ ဂျာမနီ သရေကျ၊ မက္ကဆီကိုနဲ့ ဆွီဒင်လည်း သရေကျမယ်ဆိုရင် မက္ကဆီကို နောက်တစ်ဆင့်တက်မှာဖြစ်ပြီး ဂျာမနီနဲ့ ဆွီဒင်ကတော့ ဖီဖာရဲ့ စည်းမျဉ်းတွေအရ ရမှတ်၊ Goal Difference ၊ သွင်းဂိုး တွေ ပြန်ကြည့်မယ်၊ အဲဒါတွေ အားလုံးတူနေရင် Fair Play နဲ့ ပြန်တွက်မှာပါ။

Fair-Play-Staing

Fair-Play-Standing

Fair Play နဲ့ဆိုရင်တော့ အနီကတ်တစ်ကြိမ်၊ အဝါကတ်ကတ်နှစ်ကြိမ်ပြခံထားရတဲ့ ဂျာမနီအသင်းအတွက် စိုးရိမ်စရာပါပဲ။ ဒါက ဖြစ်နိုင်ခြေကိုပြောတာဖြစ်ပါတယ်။ Reality အတိုင်းပြောရမယ်ဆိုရင်တော့ မက္ကဆီကိုအသင်းကို (၂)ဂိုးပြတ်နိုင်ရမယ့်အပြင် ဂိုးမပေးရဖို့လည်း လိုနေတဲ့အပြင် ဂိုးပေးရရင်လည်း နောက်ထပ်ဂိုးတွေထပ်သွင်းဖို့လိုတဲ့အတွက် ဆွီဒင်အသင်း နောက်တစ်ဆင့်တက်ဖို့ ရာနှုန်းနည်းနေပြီလို့ဆိုရမှာပါ။

REF:Wikipedia
Photo:Wikipedia,Goal.com,FIFA
Naing Linn(Akhayar)
www.akhayar.com